ရွာသားသစ်မိတ်ဆက်

ဒီဆိုဒ်လေးထဲက ကိုကို၊ မမ၊ ဘိုးဘိုး၊ ဘွားဘွား၊ ဦးဦး၊ ဒေါ်ဒေါ်၊ ညီလေး၊ ညီမလေးများအားလုံး ကျွန်တော်က မန်ဘာအသစ်လေးပါ…… အားလုံး ခင်မင်စွာဖြင့် ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါတယ်…… ကျွန်တော်ပင်လယ်ပျော်လေးပါ……. ပို့စ်တင်ခဲ့ရင် အမှားပါခဲ့ရင် အားလုံးသည်းခံခွင့်လွှတ်ပေးဖို့ အားလုံးကို လေးစားစွာ အကြောင်းကြားအပ်ပါတယ်ခင်ဗျာ…. သူကြီးပွိုင့်ဖြုန်းတီးခြင်း မဟုတ်ပါကြောင်း…….

38 comments

  • Khaing Khaing

    June 8, 2012 at 4:52 pm

    ရွာသားသစ်လေးကိုကြိုဆိုပါတယ် ……… ပင်လယ်ပျော်ဆိုတော့ သင်္ဘောသီးများဖြစ်နေမလားလို့ကွယ် …. မှားသွားရင်တော့ခွင့်လွှတ်ပါ ……… နောက်ထပ်တင်မယ့် ပို့စ်အသစ်လေးတွေ ကော်မန့်လေးတွေကို မျှော်နေရင်း မမခိုင် ……….

    ခင်မင်လေးစားစွာဖြင့်
    Khaing Khaing

    • ပင်လယ် ပျော်

      June 9, 2012 at 9:48 am

      သားဦး၊ မြေးဦး ကျွန်တော်ကလူသစ်ပါ နံမည်တူနေလားဗျ

  • water-melon

    June 8, 2012 at 5:23 pm

    ကြိုဆိုပါတယ်ချင့်
    မီးမီးနာမည် ဖရဲမပါချင့်

  • ညလေး

    June 8, 2012 at 5:52 pm

    မန်းဂေဇက်ရွှာမှ လှိက်လှဲနွေးထွေးစွာ ကြိုဆိုပါတယ်………
    ပင်လယ်ပျော်ရယ်…..

  • အလင်းဆက်

    June 8, 2012 at 5:55 pm

    ပင်လယ်ထဲမှာတင် မဟုတ်ပဲ..
    ဂေဇက်ရွာထဲမှာပါ..ပျော်နိုင်ပါစေ.။
    နွေးထွေး လှိုက်လှဲ စွာ…ကြိုဆိုပါတယ်..ပင်လယ်ပျော် ။

    ခင်မင်သော…

  • Gipsy

    June 8, 2012 at 6:59 pm

    ပင်လယ်မှာ မပျော်တော့လို့ ကုန်းပေါ်တက်လာရင် .. အဟမ်း…
    နဲနဲတော့ သတိလေးတော့ထားပါကွယ်…
    ခုရက်ပိုင်း မုန်တိုင်းထန်နေလို့…..။

  • ရွှေထီး

    June 8, 2012 at 7:12 pm

    ကိုပင်လယ်ပျော်ရေ… ကြိုဆိုပါတယ်…အခုချိန်က ရွာထဲမှာ ရှုပ်ရှက်ခတ်နေတာဗျ….
    ရွာသားတွေ သိပ်မအားကြဘူး…

  • ကိုရင်စည်သူ

    June 8, 2012 at 7:15 pm

    ကိုပင်လယ်ပျော်ရေ.. ရွာထဲက နွေးထွေးစွာ ကြိုဆိုပါတယ်ခင်ဗျာ…
    ပို့စ်တွေအများကြီးရေးနေနိုင်ပါစေ…
    သားသားလည်း ပင်လယ်ပျော့ပါ။…
    ပင်လယ်ထဲရောက်ရင် ပျော့ပျော့သွားလိုပါ။။ 😳 😳

    • Gipsy

      June 8, 2012 at 7:22 pm

      တော်သေးတာပေါ့… ပင်လယ်မျှော့ မဟုတ်ပေလို့….

  • Crystalline

    June 8, 2012 at 7:20 pm

    you are warmly wlcmd pa…

  • ahnyartamar

    June 8, 2012 at 7:31 pm

    ပင်လယ်ပျော်ရေ…ကြိုဆိုပါတယ် နောက်တခါဆို ငါးမန်း တကောင်လောက်ဖမ်းခဲ့ပေးပါ။

  • ko win

    June 8, 2012 at 7:51 pm

    မင်္ဂလာပါ ကိုပင်လယ်ပျော်ရေ။ ကျွန်တော်လည်း ရွာသားအသစ်စက်စက်ပါခင်ဗျာ။ ကျွန်တော်ကတော့ ဘယ် သူနဲ့မှမိတ်မဆက်ရသေးပါဘူး။ ဒါပေမယ့် ဒီရွာထဲက ရွာသားတစ်ချို့ကိုတော့ ကျွန်တော့်ဘက်က ရင်းနှီးနေပါ ပြီ။ ကျွန်တော်လည်းတစ်ဆက်တည်း သည်နေရာကနေ မိတ်ဆက်ပါရစေခင်ဗျာ။ သူကြီးနှင့် တကွ ရွာသူ၊ရွာသားအားလုံး မင်္ဂလာပါခင်ဗျာ။ ကိုယ်ရောစိတ်ပါ နှစ်ဖြာသောသုခတို့နှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

  • အရီး Khin Latt

    June 8, 2012 at 7:59 pm

    ကြိုဆိုပါတယ် ပင်လယ်ပျော် နဲ့ ကိုဝင်း ရေ။
    သူကြီး စိတ်ညစ်ပြီး မန်ဘာအသစ်တွေ မပိတ်ခင် မြန်မြန် လာကြကွဲ့နော်။
    အခု တောင် သူ့ကြည့်ရတာ ဓာတ်ကျ နေပုံဘဲ။
    အရီး တို့ စည်းကမ်းတကျ မန့် နေ ပါရက်နဲ့။ ဟိဟိ။ 😛

    • ကိုလတ်
      သူကြီးတရားရသွားပြီ

      အနိစ္စ ဒုက္ခ အနတ္တတဲ့
      ကျုပ်သားလေး ခြောက်မျက်နှာဆော်ထဲ့လိုက်တာ သူကြီး ငွေအိတ်ပိန်သွားလို့ စိတ်တွေညစ်နေရှာတယ်။
      နောက် အနုတ်တစ်ကျပ်ခက်လို့ ငါးကျပ်ဘဲပေးမယ် အသံကြားတယ်နော်။
      မအမ်းနိုင်လို့တဲ့

      • mayjuly

        June 9, 2012 at 11:17 am

        လေးပေါက်ကလည်း သူကြီး တရားရသွားပီလဲဆိုသေးတယ် ..
        တရားရပီး အလှူတွေ လုပ်မှာပေါ့ဗျ ..
        ဦးလေးသူကြီး များများလှူနိုင်ပါစေ .. 😛

  • Thel Nu Aye

    June 8, 2012 at 8:39 pm

    ပင်လယ်ပျော်ရေ ကြိုဆိုပါတယ်။ ရွာထဲမှာ ပျော်ရွှင်နိုင်ပါစေ။

  • က်ိုကိုအိုဗာ

    June 8, 2012 at 8:42 pm

    ပင်လယ်ပျော် ဆိုတဲ့
    အဓိပ္ပါယ်လေးနက်တယ်
    အိုးဆားဗစ် သမားကြီးတွေကို
    ရည်ရွယ်၍ ဂုဏ်ပြုခေါ်ဝေါ်တာပါ
    ပင်လယ်နဲ့ တသားတည်း ကျနေတဲ့
    သူတွေပေါ့
    သယ်ရင်လည်း အဲသလို crew ..
    တယောက်ဖြစ်ပါစေ။

  • ပင်လယ်ပျော်
    နင်တကယ်အဆော်ခံရရင်တော့
    ထွက်မပြေးနဲ့။
    အသစ်ကလေးဆို ငိုအောင်စတတ်တာ
    ငါတို့ရွာအကျင့်။
    ရွာသက်ကိုလည်းရှည်အောင်နေနော်။
    ရှောင်ရမယ့် လူစာရင်းကို လဲ သတင်းကလေးတို့ထား။
    ကြားလား……………..အသစ်ကလေးရေကြားလား……………………….

  • MaMa

    June 8, 2012 at 10:53 pm

    ရွာသားအသစ်မိတ်ဆက်ဆိုတော့
    ဝင်မမန့်ပြန်ရင်လည်း မကြိုဆိုဘူးလို့ထင်မယ်။
    မန့်ပြန်ရင်လည်းသဂျီးအိတ်ကပ်ကို အားနာတယ်။

    လူသားတစ်ယောက် ဖြစ်ပြီဆိုရင် လူသားတာဝန်ရှိလာသလို…….
    ရွာသူား တစ်ယောက်ဖြစ်လာပြီဆိုတော့လည်း ရွာသူား တာဝန်ရှိတယ်။
    တစ်ယောက်တိုးလို့ တမျိုးပိုလှ ဆိုသလို…….
    ရပ်ရွာစည်ပင်ဖွံ့ဖြိုးရေးအတွက် တစိတ်တပိုင်း အားဖြည့်နိုင်ပါစေ။
    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ ပင်လယ်ပျော် နဲ့ ကိုဝင်း ရေ…………

  • htoosan

    June 8, 2012 at 10:56 pm

    သဂျီးအိတ်ကိုထပ်ပိန်အောင်လုပ်လိုက်ပါသည် ။ ကြိုဆိုပါသည် ပင်လယ်ပျော်နဲ့ ကိုဝင်းရေ..

  • ဇောက် ထိုး

    June 9, 2012 at 6:39 am

    ကိုပင်လယ်ပျော်ရေ.. မန္တလေးဂေဇက်မှာလဲ ပျော်ပါစေ..

  • ပင်လယ် ပျော်

    June 9, 2012 at 9:44 am

    မခိုင်ခိုင်
    သားဦးမြေးဦး
    Water-melon
    ညလေး
    အလင်းဆက်
    Gipsy
    ရွှေထီး
    ကိုရင်စည်သူ (သင်္ဘောသားထင်ပါရဲ့)
    Crystalline
    ahnyartamar
    ko win
    အရီးခင်လတ်
    ကိုပေါက်
    သဲနုအေး
    ကိုကိုအိုဗာ (သင်္ဘောသားပဲလားခင်ဗျ)
    မမ
    htoosan
    ဇော်ထိုး
    ကျွန်တော့်ကိုမိတ်ဆက်တာ အထူးဝမ်းသာကျေးဇူးတင်ပါတယ် မြန်မာစာလက်ကွက်နှေးတာရယ် ကျွန်တော့်စက်မှာ မရှိတာရယ်ကြောင့် စာပြန်နှောင့်နှေးသွားပါတယ် ၊ အားလုံးကိုခင်ပါတယ် ။ ကျွန်တော်ထက်ကြီးလားငယ်လား မိန်းမလားယောက်ျားလားဆိုတာ စာတွေဖတ်ပီး လေ့လာပါမယ်

    ဒီရွာထဲကိုဝင်ဖြစ်တာ အကြောင်း (၂) ခုပါ ကော်မန့်တွေကိုသဘောကျပါတယ်။နောက်တစ်ခုက ရွာသားတစ်ယောက်က ဒီဆိုဒ်အကြောင်းကို နားငြီးလောက်အောင်ပြောပါတယ် စိတ်ဝင်စားလို့ ဝင်ဖြစ်တာပါ။ ကျွန်တော်က ပင်လယ်ပျော်ပါ ပျော်လို့ပင်လယ်ထဲသွားတာမဟုတ်ပါဘူး စီးပွားရေးကြောင့် ပါ။ အသက်ကငယ်ပါတယ်။

    လေးစားမှုဖြင့်
    ပင်လယ်ပျော်

  • dream nge10

    June 9, 2012 at 10:33 am

    အားလုံးမင်္ဂလာပါ…………………….လို့ R ဇာနည်လေသံနဲမိတ်ဆက်ချင်ပေမယ့်….ကြောက်တတ်သူမို့ …..မျက်လုံးလေးပေကလပ်ပေကလပ်..လက်သည်းလေးကိုက်ရင်း…မျက်စိသူငယ်နားသူငယ်နဲ ရွာသူ/သား အားလုံးကိုမိတ်ဆက်လိုက်ပါတယ်……………………………………………

  • Foreign Resident

    June 9, 2012 at 10:49 am

    ကြိုဆိုပါတယ် ကို ပင်လယ်ပျော် ၊ ko win နှင့် dream nge10 ရေ ။
    သူဂျီး ကို အရမ်းအရမ်း သနားနေပါသဖြင့် ၊
    ၃ ယောက်ပေါင်းပြီးမှ တစ်ခါ မန့်လိုက်ပါတယ် ။
    ဒါပေမယ့် အဘ က ပိုက်ဆံ ရမယ့်သူထဲ မပါဘူး မှတ်တယ် ။
    😛

    • Foreign Resident

      June 9, 2012 at 12:50 pm

      အဘ က မြန်မာပြည်ထဲ ရောက်လာရင်လေ ၊
      အဘ မန်မန်း စားဖို့ နှင့် ၊
      အဘ ဟိုနား ဒီနားလေး သုံးဖြုန်းဖို့ ပိုက်ပိုက်ကို ၊
      လုံလောက်အောင် မရှာတတ်ဘူးကွယ့် ။
      အဘ မန်မန်း ငတ်ပြီး သေသွားနိုင်တယ် ။

      နောက်ပြီး အဘရဲ့ Home Minister ကလည်း ၊
      အဘ ကို မြန်မာပြည်ထဲမှာ ကြာကြာနေခွင့် မပြုဘူးကွယ့် ။
      ( လွတ်လပ်ရေးတောင် မရသေးတဲ့ အဘ ဘဝ ပါကွယ် )
      အဲဒိတော့ အဘ မြန်မာပြည်မှာ ကြာကြာနေလို့ မရသေးပါကွယ် ။

      အဟင့် ။ နေချင်တာပေါ့ ။
      သမီးလေးတွေ ဒီလောက်ပေါတဲ့ တိုင်းပြည် ။ 🙁

      • Khaing Khaing

        June 11, 2012 at 12:19 pm

        အဘ တမီးလေးတွေဆိုဒါ မီးမီးတို့ဂို ကြောတာလားဟင် ……. လူဇိုး ….

  • mayjuly

    June 9, 2012 at 11:56 am

    Warmly Welcome !
    ကြို ဆို ဖို့ ကျန်ခဲ့လို့ 😀

    (ဥူးလေး တဂျီးတော့ အားနာပါတယ်) 😛

  • aye.kk

    June 11, 2012 at 12:55 pm

    ပင်လယ်ပျော်…
    ပင်လယ်ထဲပျော်ရင်တော့..
    မိုးကောင်းကင်ကြီးရယ်..
    ပင်လယ်ဆားငံရေများဟာ..
    အဖော်တွေပဲပေါ့နော်..။
    အသားအရေလည်းပင်လယ်ဆားငံရေကြောင့်…
    အသားတွေညိုမောင်းတဲ့အရောင်ပေါက်ကုန်ခဲ့ရတယ်..
    မုန်တိုင်းဆိုတဲ့ဒဏ်တွေလည်းကြံ့ကြံ့ခံရတယ်..
    တခါတခါမီးစုန်းလိုအလင်းလုံးကြီးတွေကရွက်တိုင်အဖျားဖြတ်လို ့…
    ဝေလငါးကြီးတွေ,လင်းပိုင်တွေအနားကပ်လာတတ်ကြသေးတယ်…
    အန္တရာယ်တွေရင်ဆိုင်ဖြတ်ကျော်ရတဲ့ပင်လယ်ပျော်ဘဝဆိုတာ…
    မင်းတွေးယူကြည့်ပါတဲ့…
    တခါတုံးကအရမ်းခင်မင်ရင်းနှီးခဲ့ရတဲ့တယောက်ကပြောခဲ့ဘူးတာပါ…
    နာမည်လေးကမြင်ယုံနဲ ့တင်ခင်စရာကောင်းတာမို ့ခင်ရပါတယ်လို ့နော်..။။

    • aye.kk

      June 11, 2012 at 1:00 pm

      ကိုဝင်း…
      မင်္ဂလာပါ..
      တကယ်ခင်တာ..
      ဂေဇက်ကိုအမြဲတွယ်တာလို ့…
      အမြဲသာလာဘို ့ဖိတ်ခေါ်ပါစေနော်…။။

  • ပင်လယ် ပျော်

    June 11, 2012 at 2:17 pm

    dream nge 10
    Mstr Foreign Resident
    Mayjuly
    Ma aungty aye.kk
    အာလုံးကို မင်္ဂလာပါ မြန်မာစာလက်ကွက်ကျင့်နေပါတယ် စာတွေကိုမြင်ပြီး connection မကောင်းတာနဲ့ လက်ကွက်နှေးတာကြောင့် အချိန်မီမပြန်နိုင်လို့ခွင့်လွှတ်ပါ အများစုကကျွန်တော့်ထက်အသက်ကြီးမယ်လို့ ထင်ပါတယ်

    လေးစားစွာဖြင့်
    ပင်လယ်ပျော်

  • manawphyulay

    June 11, 2012 at 3:49 pm

    ပင်လယ်ပျော်ဆိုတော့ ကုန်းပေါ်မှာ ပျော်ပါ့မလား…
    ရွာထဲမှာတော့ သိတဲ့အတိုင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တွေဆိုတော့ ပျော်သလောက်နေပေါ့နော့။
    ပင်လယ်မှ ရွာထဲပျော် ဖြစ်ပါစေလို့
    မနော ပြောလိုက်ပါရစေ… ပိုစ့်လေးတွေလည်း မြင်ချင်ပါတယ်။

  • the best

    June 11, 2012 at 5:42 pm

    welcome
    歡迎 欢迎 (CHINESE)
    chào mừng (VIETNAMESE)
    accueil (FRENCH)
    welkom (DUTCH)
    willkommen (GERMAN)
    ترحيب (ARABIC)
    καλωσόρισμα (GREEK)
    selamat datang (INDONESIAN)
    स्वागत (HINDI)
    dialu-alukan (MALAY)
    歓迎 (JAPANRSE)
    ยินดีต้อนรับ (THAI)
    добро пожаловать (RUSSIAN)
    benvenuto (ITALIAN)
    환영 (KOREAN)

  • etone

    June 11, 2012 at 8:30 pm

    ကြိုဆိုပါတယ် ပင်လယ်ပျော်ရေ …ရွာထဲမှာ ပျော်ရွှင်စွာလည်ပတ်နိုင်ပါစေနော် … ။
    အရင်က ရွာထဲမှာ မှတ်မှတ်ရရ တောတွင်းပျော်ဆိုတဲ့ တစ်ယောက်ရှိတယ်… ဘာရယ်မဟုတ်ဘူး … ပင်လယ်ပျော်ဆိုတာလေးတွေ့လို့ …သူ့နာမည်ပါ တဆက်တည်း ပြန်သတိရလာလို့ပါ ။ 🙂

  • မောင်ပေ

    June 11, 2012 at 9:20 pm

    အဟမ်း
    သဂျီး က ကုလားကွဲ ့
    ဆိုတော့က
    နောက်ကို နှုတ်ဆက် မင်ဂါ စကားပြောချင်သပ ဆိုရင်
    “ ဆလမ်မာလေးကွန်း ” လို ့ပြောပေါ့ကွယ် ။
    မင်ဂါပါ နော် ပင်လယ်ပျော်
    ကုန် မောင်ပေ ( အဝေးအနီး ကန်ချက်များကြောင့် တစ်ကယ် ကုန်နေသူ ။ )

Leave a Reply