ဂျာနယ်လစ်များ၏ စုံစမ်းဖော်ထုတ်ရေးသားမှုများ (Investigative Reporting) အတွက် အပြည့်အ၀ကာကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းပြီးနောက် အိုက်စလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းဖော်ပြမှု လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့က ပါလီမန်တွင် ကန့်ကွက်သူမရှိ ထောက်ခံမှုအပြည့် ရရှိခဲ့ပြီးနောက် အိုက်စလန်အစိုးရသည် ဂျာနယ်လစ်များ၏ သတင်းရင်းမြစ် ကာကွယ်ပေးနိုင်မှုနှင့် သတင်းထောက်များအား ပြည်ပမှ တရားစွဲဆိုလာနိုင်မှုများမှ ကာကွယ်ပေးနိုင်မှုကို အားကောင်းလာစေရေး ဥပဒေ ပြင်ဆင်တော့မည်ဖြစ်သည်။

နိုင်ငံ၏ ပွင့်လင်းမြင်သာရှိမှုကို မြှင့်တင်ပေးနိုင်ရန် အဓိကရည်ရွယ်ပြီး အင်တာနက် အခြေစိုက်မီဒီယာများကို စွဲဆောင်နိုင်ရန်နှင့် ကမ္ဘာတစ်ဝန်း လွတ်လပ်စွာပြောဆိုရေးသားနိုင်မှု ဗဟိုချက်မဖြစ်လာစေရန် ဦးတည်သော စည်းမျဉ်းများကို ပြဋ္ဌာန်းပေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေး အကျပ်အတည်းကာလအတွင်း အကြွေးဒဏ်နှင့်အရှုပ်အထွေးများ ရင်ဆိုင်ခဲ့ရသောကြောင့် အိုက်စလန်အပေါ် ယုံကြည်စိတ်ချရမှု လျော့ပါးလာခြင်းကို ပြန်လည်ပြင်ဆင်ရန်အတွက် လွတ်လပ်စွာပြောဆိုရေးသားခွင့်ဆိုင်ရာ ဥပဒေများ အားကောင်းလာစေရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဥပဒေပြုအမတ် ဘရစ်ဂီတီဂျွန်စ်ဒေါ့တီးယားက ပြောကြားခဲ့သည်။

နိုင်ငံ၏ ဘဏ္ဍာရေးစနစ်တွင်ရှိနေခဲ့သော အကျင့်ပျက်ချစားမှုများကို ဖော်ထုတ်ခဲ့မှုတွင် ပြည်ပသတင်းမီဒီယာများ အဓိက ပါဝင်ခဲ့ကြပြီးနောက် သတင်းထောက်များ၏ သတင်းအချက်အလက် လွတ်လပ်စွာရရှိနိုင်မှုနှင့် သတင်းရင်းမြစ်ကို ကာကွယ်နိုင်ခွင့်အတွက် အိုက်စလန်က ဥပဒေပြဋ္ဌာန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မှတ်ချက်။    ။ ELEVEN MEDIA GROUP ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသောအကြောင်းအရာဖြစ်သည်။ အများပြည်သူသိရှိသင့်သည့်အကြောင်းအရာဖြစ်သည့်အတွက် ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။

ယင်းဆိုက်တွင် လာရောက်ဖတ်ရှုသွားသူတို့၏ ဝေဖန်သုံးသပ်ချက်များကိုလည်း အောက်တွင် ပြန်လည်ဖော်ပြလိုက်ပါသည်။

#5 taurusii 2010-06-21 09:47

ဒီလိုမျိုး သတင်းနဲ့ လုပ်ဆောင်ချက်တွေကို စစ်မှန်တဲ့အစိုး ရ စိတ်ဓာတ်ရှိရင် ဖတ်ရှုလေ့လာ ပြင်ဆင်မှာပါ။
ဒီမှာတော့ တရားဝင်ရေးလို့ရ တဲ့ သတင်းတောင် သူတို့ထက် ပိုသိ ပိုတတ် ရေးတာမျိုးကို ရေးတဲ့ ဂျာနယ်ကို ခေါ်ယူ ကြိမ်းမောင်းတာမျိုး ခဏခဏ လုပ်နေကြပါ။ (အလဲဗင်းလဲ အကြိမ်းခံရမှာပါ ။ ကြားမိပါတယ်။)
အဲဒီတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးပြောတဲ့ သတင်းတောင် ဒီလို ပိုရေးရပါမလားတို့ ဘာတို့ လုပ်နေရင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ဒီဆွေစဉ်မျိုးဆက်တွေ အုပ်ချုပ်နေသရွေ့ တော့ (နောက်ကွယ်ကလည်း ကြိုးကိုင်တာအပါ အ၀င်)ဘုရားသာ ပွင့်လာလို့ မြန်မာပြန်သားများ နိဗ္ဗာန်သာ ရောက်သွားရင်သာရှိမယ် လွတ်လပ်ခွင့်ကတော့ အဇာတသတ်နဲ့သူ့ဆရာတို့ ငရဲက မလွတ်သေးသလိုဖြစ်နေမှာပဲဗျ။

#4 natkhat 2010-06-20 23:16

ဒီမိုကရေစီနိုင် ငံ စစ်စစ်တစ်ခုကို သွားမယ်ဆိုရင် ဒီလိုပဲဖြစ်ရမှာ ပါ… အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေကို ဂျာနယ်တိုက်မှာလုပ်နေတဲ့သူအားလုံး သိပါတယ်… အရှိကို အရှိတိုင်းတင်ပြ တာတောင် ဟိုဟာငြိ၊ ဒီဟာငြိ၊ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရနဲ့
ဒီလိုအခြေအနေတွေ ဟာ တရားမျှတလား တရားမမျှတလား လူတိုင်း သိနေတဲ့ကိစ္စပါ။
တိုင်းပြည်ရဲ့ စတုတ္တမဏိုင်ဆိုတာ နိုင်ငံသားအားလုံးအတွက် အင်မတန်အရေးကြီး ပါတယ်…
အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း
တင်ပြခွင့်ရတဲ့ နိုင်ငံတစ်ခု ဖြစ်လာပါစေလို့ပဲ ဆန္နပြုချင်ပါတယ် ….
#2 မင်းမောင်မောင်ခန့် 2010-06-20 13:19

မြန်မာပြည်က စာပေပညာ၇ှင်တွေလ ည်း သတင်းလွတ်လပ်ခွင့်ကို တောင်းဆိုသင့်တယ်ဗျ။
အခု တော့ ဖော်ပြနေတာတော်ေ တ်ာများများက ကြော်ငြာနဲ့ အတင်းတွေများတယ် ။
ပြည်သူတွေအနေနဲ့ လည်း မတရားတာကို တွေ့ရင် သတင်း အဖြစ် ဖန်တီးနိုင်အောင် ကြိုးစားကြပါ။

#1 padauk 2010-06-19 21:16

Quote:

အကျင့်ပျက်ချစား မှုများကို ဖော်ထုတ်ခဲ့မှုတွ င်

သူတို့ဆီမှာ ဒါမျိုးကို စွန့်စွန့်စားစားလိုက်ပြီး ဖော်ထုတ်တဲ့ သတင်းထောက်တွေရှိတယ်။
ရလာတဲ့သတင်းတွေကို ပြည်သူရော အစိုးရကပါ လေးစားတန်ဖိုးထားကြတယ်။
တို့ဆီမှာ ဒါမျိုးဖြစ်လာရင်တော့ ပြည်ပသတင်းဌာန သတင်းဆိုရင် မဟုတ်မမှန်လုပ်ြ ကံ၊ ပြည်တွင်းကဆိုရင်တော့………

About သတင်းလူသား

သတင်း လူသား has written 12 post in this Website..