ရခိုင်ဒေသပြန်လည်ထူထောင်ရေး အလှုငွေလူကြရအောင် (ဘဖောနှင့်ရွာသူားများသို့)

ကထူးဆန္းJune 9, 20121min1334124

ကျွန်တော်လည်း ဒီစာကိုရေးလိုက် ဖျက်လိုက်နဲ့ တွေဝေနေပါသည်။

ဘဖော ရဲ့ မောင်းတော ဒေသ ပြန်လည် တည်ဆောက်ရေးအတွက်ငွေ ငါးသိန်းလှုမည်ဆိုသည်ကို ဝမ်းသာထောက်ခံကြောင်းနဲ့ ကျွန်တော်လည်း တစ်သိန်း ပါဝင်လှုဒန်းလိုပါကြောင်း အသိပေးချင်တာပါ ။

တဘက်မှာလည်း မကြာသေးခင်ကမှ ပန်းတနော် အလှုလုပ်ထားတဲ့ ရွာသူားတွေကို စိတ် အနှောက်အယှက်မဖြစ်စေချင်ပါဘူး။
မင်္ဂလာဆောင်ဖိတ်စာတွေ ခဏ ခဏ လာရင် ၊ အလှုခံတွေ ခဏ ခဏ လာရင် စိတ်တို စိတ်ရူပ်ရတယ် လေ ။

တစ်ဘက် က ကြည့်ပြန်တော့လည်း ဒါဟာ ဒီအချိန်မှာ လုပ်သင့် လုပ်ထိုက် ပြသင့် ပြထိုက်တဲ့ အမျိုးသားရေး ဖြစ်နေပြန်ရော။

ဒါနဲ့ မနေ့ ည ကတည်းက ရေးလိုက်ဖျက်လိုက်နဲ့ ။

အခုတော့ ဘာဘဲပြောပြော ပြဿနာက မဖြစ်စေချင်ပေမဲ့ ဖြစ်လာပါပြီ။ ရှောင်လွှဲလို့ မရတော့ပါဘူး ။ ရင်ဆိုင်ရတော့မှာပါ ။ အဲ့ဒီပြဿနာကိုဘယ်လိုဝိုင်းဝန်းကြမလဲဆိုတာ အဖြေရှာရပါတော့မယ်။

ဘယ်လို လုပ်သင့် လုပ်ထိုက်တယ်ဆိုတာ အနည်းဆုံးတော့ ဆွေးနွေးနိုင်ကြရအောင် တင်လိုက်ပါတယ် ။

ဘဖော စာထဲမှာ

MG က ခေါင်းဆောင်ရဲမယ့် လူသာရွေးလိုက်

ဆိုတာ ဘာကိုရည်ညွှန်းချင်တာလည်း ဆိုတာလည်း သိချင်ပါတယ် ။

ခေါင်းခံပြီးငွေကောက်ပေးဖို့ အတွက် ဆိုလိုချင်တာလား (သို့ ) အန္တရာယ် ရှိနိုင်တယ်လို့ မြင်လို့လား ။ ဘာကိုဆိုလိုချင်တယ်ဆိုတာလည်း သိလိုပါတယ် ။

နောက် လှုကြပါပြီတဲ့ ။ ပြီး ဘယ်မှာ ဘယ်သူ့ကို သွားပြန်လှုမလဲဆိုတာလည်း မေးခွန်းတစ်ခုပါ ။ ဘယ်လိုထိရောက်အောင် အသုံးချမလဲဆိုတာလည်းမေးခွန်းတစ်ခု ပါ ဆိုတော့ ဘာဘဲဖြစ်ဖြစ် လောလောဆယ် ကျွန်တော့်ခေါင်းထဲ မေးခွန်းသုံးခုရှိပါတယ် ။ စိတ်ပါဝင်စားကြရင်ဆွေးနွေးပေးလိုပါတယ်။ ငွေလှုတာ မလှုတာ ကပဓါန မဟုတ်ဘဲ အကြံဉာဏ်လေးတွေတော့ လှုပါဦး။

(၁) ဘယ်သူခေါင်းဆောင်မလဲ။ ရွာထဲက ရပ်သိရွာသိ တစ်ဦး ခေါင်းဆောင်သင့်ပါသည်။
(၂) အလှုငွေ လောလောဆယ် ၆ သိန်းရပါပြီ။ ဘယ်မှာ သွားလှုမလဲ.ဘယ်သူ့ကို သွားပေးမလဲ။
(၃) ဘယ်လိုထိရောက်အောင် အသုံးချမလဲ။

အစလေးတစ်ခု အနေနဲ့ဆွဲထုတ်လိုက်တာပါ ။ တိုတာရှည်တာတော့ အများရွာသူားများရဲ့ စိတ်ပါဝင်စားမှု့ပေါ်မှာသာ မူတည်မှာပေါ့နော် ။ နောက် သူကြီးရဲ့ခွင့်ပြုချက် ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

124 comments

  • water-melon

    June 9, 2012 at 2:31 pm

    ကျွန်တော်တို့လည်း ပါဝင်ချင်ပါတယ်
    ဘယ်လိုစီစဉ်မယ်ဆိုတာ
    သိချင်ပါတယ်

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 2:36 pm

    ငါခွီးမဟာတွေကို ဆဲနေမဲ့အစား အလုပ်သင့်ဆုံးနဲ ့ အမှန်ကန်ဆုံး အလုပ်ပဲ
    လက်တွေ ့ကျကျ ဝိုင်းဝန်း ကူညီဖြေရှင်း ကြပါစို ့…
    နားလည်သူ လူကြီးသူမများအစီအစဉ်ဆွဲပေးကြပါ

  • Mလုလင်

    June 9, 2012 at 2:37 pm

    သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်းလို့တော့ .. weekly eleven မှာ ရေးထားပါကြောင်း ..။

  • manawphyulay

    June 9, 2012 at 2:40 pm

    ကိုထူးဆန်းက ခေါင်းဆောင်ရင် ပိုကောင်းတာပေါ့နော့။ ဟုတ်ဘူးလား။ ပရဟိတဆို တစ်နိုင်တစ်ပိုင် ပါဝင်ဖို့ အားဖြည့်ထားပါတယ်။

  • Foreign Resident

    June 9, 2012 at 3:08 pm

    ကို htoosan ရေ ။

    Post ရေးတင်တဲ့အတွက် ကျေးဇူးပါ ။
    ကို htoosan ရဲ့ စိတ်စေတနာကို မြင်သာပါတယ် ။

    ” MG က ခေါင်းဆောင်ရဲမယ့် လူသာရွေးလိုက် ”

    ခေါင်းခံပြီးငွေကောက်ပေးဖို့ အတွက် ကိုပဲ ဆိုလိုချင်တာပါကွယ် ။
    ကို htoosan သိတဲ့အတိုင်း အဘက သင်္ဘောပေါ်မှာလေ ။

    (၁) ဘယ်သူခေါင်းဆောင်မလဲ။
    ရွာထဲက ရပ်သိရွာသိ တစ်ဦး ခေါင်းဆောင်သင့်ပါသည်။

    ကို htoosan လည်း ရွာထဲက ရပ်သိရွာသိ ပဲဟာ ။
    ကို htoosan ခေါင်းဆောင်လိုက်ပါလား ။
    အဘ ကတော့ ရွာသူားတွေကို ယုံကြည်ပြီးသားပါကွယ် ။
    ဘယ်သူ ဦးဆောင်ဆောင် ပါ ။

    (၂) ဘယ်သူ့ကို သွားပေးမလဲ။

    ဦးဆောင်မယ့်သူ သာ အရင်ဆုံး ရွေးလိုက်ပါကွယ် ။
    ဦးဆောင်သူ တစ်ယောက် ရပြီးသွားရင် ၊
    တခြား ရွာသူားတွေလည်း ပိုက်ဆံကောက်ဖို့ ၊
    တတ်နိုင်သလောက် ဝိုင်းပေးကြမှာပါ ။
    အဘ ရွာသူားတွေကို ယုံပါတယ်ကွယ် ။

    (၃) ဘယ်လိုထိရောက်အောင် အသုံးချမလဲ ။ ဘယ်မှာ သွားလှုမလဲ ။

    ခုနကတော့ Ma Ma ရဲ့ Comment ထဲမှာ
    ယင်းဒေသအတွက် လှူဒါန်းလိုသူများ အနေဖြင့်လည်း
    သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည် လို့
    ရေးထားတယ် ။

    နောက် အဘ ကြားတာတော့ ရွှေတိဂုံ ဘုရား အရှေ့မုဓ်က
    ရခိုင် ဓမ္မာရုံမှာလည်း ကောက်နေပြီပြောတယ် ။

    ရပါတယ် ၊ ရန်ကုန်က ဦးဆောင်တဲ့ ရွာသားတွေ ဆုံးဖြတ်ကြပါ ။
    အဘ တို့နောက်က ထောက်ခံ အားပေးမှာပါကွယ် ။ စိတ်ချပါ ။

    ( ၄ ) နောက် သူကြီးရဲ့ခွင့်ပြုချက် ။

    သူကြီးက ခုလေးတင် ခွင့်ပြုထားပါပြီ ။
    နာမည်လေးကိုသာ ဒုက္ခသည် မသုံးပဲ ၊
    ရခိုင် ပြန်လည် ထူထောင်ရေး အလှူငွေ ဖြစ်ဖြစ်ပေါ့ ပေးကြတာပေါ့ ။

    kai says:
    သဘောတူပါတယ်..။
    ရခိုင့်အရေးပဲ… ။ မနက်ဖြန်တောင်.. အိမ်နားကရခိုင်တွေဆီ လည်လည်သွားမလို့..
    သဘက်ခါတော့.. အိမ်နားကပဲ.. မြန်မာမွတ်ဆလင်တွေဆီ.. ဖုန်းဆက်ဦးမယ်..

    ဒုက္ခသည်ဆိုတဲ့.. စာသား.. နာမည်တော့ မသုံးစေချင်…
    ဒုက္ခကိုသည်ဆောင်ရောင်းဝယ်နေသူများမဟုတ်တာကြောင့်ပါ.. 🙂

    ရွာသူား တို့ ရယ် ။
    အဘတို့လည်း တိုင်းရင်းသားတွေကို ၊
    ပါးစပ် နှင့်ပဲ ချစ်ပြနေကြတာ ၊
    ဒီလို မိုးထဲလေထဲမှာမှ လက်မပါရင် ။
    ဘယ်တော့ ပါမှာလဲ ။
    နဲတာ များတာ အကြောင်း မဟုတ်ပါဘူး ။
    စိတ်ထားလေး ပြချင်တာပါကွယ် ။
    ဝိုင်းလိုက်ကြရအောင်နော် ။

  • kai

    June 9, 2012 at 3:14 pm

    ဆိုတော့…
    ဆက်သွယ်ရမယ့်လိပ်စာ ဖုံးနံပါတ် တိတိကျကျရရင် တင်ပေးပါ..

    အခုပုံနှိပ်သတင်းစာထွက်ဖို့လုပ်နေတာမို့.. နေရာရသလောက် သတင်းတိုလေးထည့်ပေးလိုက်ပါ့မယ်..။

  • ဘဲဥ

    June 9, 2012 at 3:18 pm

    ပါဝင်လှူဒါန်းဖို့ အဆင်သင့်ပါပဲ

  • သားဦး၊မြေးဦး

    June 9, 2012 at 3:19 pm

    အဘဖောနဲ ့ကိုထူးဆန်းရေ ဒီလို လူသားချင်းစာနာထောက်ထားတဲ့နေရာတွေ
    မှာ အားလုံးတက်ညီ၊လက်ညီဝိုင်းနေကြချိန်မှာ ကျနော် ရခိုင်လူမျိုးတစ်ယောက်
    အနေနဲ ့ပြဿနာအရပ်ရပ်မှာ တပ်အားသရွေ ့ကူညီဖို ့ဆုံးဖြတ်ပြီးသားပါ။ကျနော့်
    ကို ဘာတာဝန်ပေးပါလို ့မတောင်းဆိုပါဘူး။ပေးတဲ့ တာဝန်နဲ ့အလုပ်ကို သဟ
    ဇာတဖြစ်အောင် ကူညီပေးချင်ပါတယ်။
    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ ့ရော လက်ရှိပြည်နယ်စည်ပင်ဝန်ကြီး(သံတွဲသား)တို ့
    နဲ ့ပါ မနေ ့ကဆွေးနွေးဖြစ်ပါသေးတယ်။ဒီအလှူမှာ ပြည်နယ်အစိုးရဆီ ထိရိုက်
    ပေးပို ့ချင်ပါက–
    (၁)ပြည်နယ်ဝန်ကြီးချုပ်-ဦးလှမောင်တင်
    (၂)ပြည်နယ် စည်ပင်ဝန်ကြီး-ဦးလှဟန်
    ကျနော့် အကူအညီလိုလျှင် ပြောနိုင်ပါတယ်။
    သန်းထွဋ်ဦး

    • kai

      June 9, 2012 at 3:55 pm

      သာဓုဗျာကိုရင်ရေ..
      ပြောမထွက်လို့..
      တကယ်က.. ကိုရင်က..အဲဒီဒေသခံပဲ.. အဆက်အသွယ်ရှိမှာပါ..

  • ဦးဦးပါလေရာ

    June 9, 2012 at 4:07 pm

    ကျုပ်ကိုလဲ မထားခဲ့နဲ့လေ
    ဒီအဖွဲ့မှာ- တသိန်း စာရင်းပေးပါတယ်….

    ကျုပ်တို့ ညီအကိုတွေအတွက် လုပ်အား+ငွေ+အချိန် တတ်နိုင်သလောက်စိုက်ထုတ်ဘို့
    ဆုံးဖြတ်ထားပါတယ်။

  • kai

    June 9, 2012 at 4:20 pm

    အဲဒီဒေသနား .. ဓါတ်ငွေ့ပိုက်သွယ်ပြီး.. အလုပ်လုပ်နေတဲ့.. သူဌေးကုမ္ပဏီကြီးတွေက.. စက်ယန္တယား.. ဘာညာတွေ.. အများကြီးတာဝန်ယူပေးသင့်တာပေါ့..
    နိုင်ငံတကာမှာ.. အဲဒီလို လုပ်ထုံး..ဓလေ့တွေရှိပါတယ်..

    မြို့ရွာမေတ္တာ… ခံယူချင်တယ်ဆိုရင်ပေါ့လေ…

    နိုင်ငံတော်ကနေ.. တဆင့်.. နားပေါက်ပါစေဗျာ… :mrgreen:

    • htoosan

      June 9, 2012 at 7:41 pm

      သူကြီးရေ ထူးက ထူးဖောင်ဒေးရှင်းမှ တစ်ဆင့် သိန်းငါးရာ လှုမယ်လို့ 7days news မှာ ဖတ်လိုက်ရပါသည်.

    • nigimi77

      June 10, 2012 at 12:34 am

      အဲ့ဒီ သဂျီး

      ဒင်းကြောင့် နေမယ်

      ဒီနေ ့ ညကစပြီး ၃ ရက်တိတိ ကျောက်ဖြူ လုံခြုံရေးအတွက်

      Truck တစ်စီးနဲ ့ ဒရိုင်ဗာကို ပို ့ထားရတယ် :mrgreen:

  • blackchaw

    June 9, 2012 at 4:33 pm

    အဟမ်းအဟမ်း… :mrgreen:
    ညောင်စိလောက် လှူတယ်လို့ မမှတ်ပါနဲ့…
    ညောင်ပင်ကြီးလောက်လည်း ပြန်မလိုချင်ပါဘူးခင်ဗျာ…
    ဘလက်ချော မှ လည်း တတ်နိုင်သလောက် ဖြစ်သည့်
    ကျပ်ငွေ ငါးသောင်းတိတိအပြင် လူအား+အချိန် ပါ အစွမ်းကုန်
    ကူညီပေးမည်ဖြစ်ပါကြောင်း…။
    မျိုးချစ်စိတ်ဆိုတာကို ဒီလိုနေရာမှာမှ မပြရင် ဘယ်လိုနေရာမှာ သွားပြကြမှာလဲဗျာ။
    မျိုးချစ်သူ
    ဘလက်

    • Foreign Resident

      June 10, 2012 at 3:31 am

      ” မျိုးချစ်စိတ်ဆိုတာကို ဒီလိုနေရာမှာမှ မပြရင်
      ဘယ်လိုနေရာမှာ သွားပြကြမှာလဲဗျာ ”

      အဲဒါပဲပေါ့ ၊ ဦး Black ရယ် ။

  • minn zaw

    June 9, 2012 at 4:43 pm

    ကျွန်တော်လဲပါဝင်ပါ့မယ်။ MG ရွာသူားတွေ စုစုစည်းစည်းနဲ့ သွားလှူရရင်ပိုကောင်းမယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ ဘယ်လိုပဲ လှူလှူ ကျွန်တော် ကျရာနေရာက တာိန်ယူပါတယ်။
    ဘယ်သူခေါင်းဆောင်မလဲ။ ဘယ်စီစဉ်မလဲ ဆိုတာသာပြောပါ။
    ရခိုင်ပြည် အမျိုးစောင့်တပ် ဖွဲ့ပေးနိုင်ရင်ကောင်းမယ်ဗျာ။

    • Foreign Resident

      June 9, 2012 at 4:58 pm

      အဘ သူငယ်ချင်း တစ်ယောက်က ရခိုင် ခေါင်းဆောင် ၊
      ဒီနေ့စကားပြောတော့တောင် သူကပြောတယ် ၊
      RNDP ကပြောတယ် ရိုဟင်ဂျာ ၅၀၀ဝ လက်နက်ကိုင်ထားပြီတဲ့ ၊
      ဒါကြောင့် သူတို့ ရခိုင်တွေဖက်ကနေလဲ ၊
      ရခိုင် ကာကွယ်ရေး ပြည်သူ့စစ် ဖွဲ့ပြီး ၊ လက်နက်ကိုင်ခွင့်ပေးဖို့ ၊
      အစိုးရကို တောင်းဆိုမယ် လို့ ပြောနေတယ် ။
      နို့မို့ရင် ရခိုင်တွေ ၊ ရခိုင်ပြည်ထဲမှာ မနေရဲတော့ဘူးတဲ့ ။

  • mayjuly

    June 9, 2012 at 4:57 pm

    ရန်ကုန်မှ အလှူရှင်တွေအတွက် ဘယ်လိုလှူဒါန်းရမလဲဆိုတာသိချင်ပါတယ်…

  • YE YINT HLAING

    June 9, 2012 at 5:09 pm

    Cheer !
    I have to transfer 100000 Ks also .

  • YE YINT HLAING

    June 9, 2012 at 5:12 pm

    Cheer !
    I have to transfer 100000 Ks also.
    Kindly confirm please .

    Best Regards,
    Ye Yint Hlaing

  • ရွာစားကျော်

    June 9, 2012 at 5:23 pm

    လူအားတော့ မလိုက်နိုင်ပေမယ့်
    ငွေအားနဲ့ တတ်နိုင်သလောက် ပါဝင်မယ်ဗျာ..
    အမျိုးတွေအတွက် ….

  • may flowers

    June 9, 2012 at 5:42 pm

    ငါးသောင်းလှုမယ်နော်…ဘယ်သူ့ကိုဆက်သွယ်ပြီး လှူရမှာလဲ…?????

  • Thel Nu Aye

    June 9, 2012 at 6:20 pm

    လှုပါမယ်။ ဘယ်ကိုဆက်သွယ်ရမှာလဲသိချင်ပါတယ်။

  • ahnyartamar

    June 9, 2012 at 6:54 pm

    တိုင်းရင်းသားအကျိုးအတွက်မို့ ဆက်သွယ်ပြီးတတ်နိုင်သလောက် ပါဝင်လှူဒါန်းပါ့မယ်။ ဆက်သွယ်ရမယ့်လိပ်စာ၊ ဖုံးနံပါတ် ပြန်တင်ပေးပါဗျို့။

  • htoosan

    June 9, 2012 at 7:21 pm

    ဦးဦးပါလေရာ နဲ့ ဘဘဘလက်ကို ဦးဆောင်စေချင်ပါတယ် ။ ကျွန်တော့်ကို က မြင်ဘူးသူ အလွန်နည်းပါတယ်။ (သို့) ကိုသန်းထွဋ်ဦး ဆီ ဘဏ်ကနေတစ်ဆင့်ငွေလွှဲပေးနိုင်မယ်လို့ထင်ပါသည် ။ ပြီး ရခိုင်ဝန်ကြီးချုပ်ဆီ တိုက်ရိုက်လှုတာဖြစ်ဖြစ် (သို့) ပိုကောင်းတာ တစ်နည်းနည်း ထပ်စဉ်းစားကြတာပေါ့။ကိုယ်တိုင် ငွေ မလွှဲနိုင်သူတွေ ရန်ကုန်မှာလာကောက်ပေးပါဆိုရင်တော့ဦးဦးပါလေရာ(သို့) ဘဘဘလက်တို့ကို ကျွန်တော်ယာဉ်မောင်း
    လိုက်လုပ်ပေးပါ့မယ်။
    ကိုသန်းထွဋ်ဦး၊ ဦးဦးပါလေရာ နဲ့ ဘဘဘလက်တို့ သဘောတူတယ်ဆိုရင် တနလာင်္နေ့ ကစလို့ အကောင်အထည်ဖော်ချင်ပါတယ်ခင်ဗျာ။
    ဒီနေ့ ရေဒီယိုကတော့ ကာကွယ်ရေးဝန်ကြီးဌာန က ဘာလှုတယ်၊ အစိုးရက ထောက်ပံ့ရေးပစ္စည်းတွေ ဘယ်လောက်ပို့လိုက်တယ် စသဖြင့် ကြေညာသွားပါသည် ။

    ဆိုတော့ လောလောဆယ် စလိုက်ရရင် .
    ၁။ ဘဖော … ငါးသိန်း
    ၂။ ဦးဦးပါလေရာ .. တစ်သိန်း
    ၃။ ကိုရဲရင့်လှိုင် .. တစ်သိန်း
    ၄။ ဘဘဘလက်ချော .. ငါးသောင်း
    ၅။ မေ ဖလားဝါး .. ငါးသောင်း
    ၆။ ထူူးဆန်း .. တစ်သိန်း

    လောလောဆယ် နုုှုတ်ကတိ .. ကိုးသိန်းရရှိပြီးဖြစ်ပါကြောင်း။

    • သားဦး၊မြေးဦး

      June 9, 2012 at 10:47 pm

      -ပြည်နယ်အစိုးရဆီကိုတိုက်ရိုက်လှုူမယ်ဆိုရင်တော့ ကျနော်
      တာဝန်ယူလုပ်ပေးနိုင်ပါတယ်။ကျနော့်ကိုအပြင်မှာ မမဆူးတစ်
      ယောက်ဘဲမြင်ဖူးမှာပါ။အလှုူငွေ သွားထည့်တုန်းကပေါ့။

      -ခုက
      သံတွဲမှာ ပြည်နယ်စည်ပင်ဝန်ကြီး ဦးလှဟန်ရောက်နေပါတယ်။
      ရွာထဲက ဦးဆောင်ပြီးလုပ်မယ့် လူကြီးသူမများပေးအပ်သော
      တာဝန်ရှိလာပါက ကျေပွန်အောင်ထမ်းဆောင်ပေးပေါ့မယ်ဗျား။

  • ပေစိ

    June 9, 2012 at 7:21 pm

    ကျနော်လဲ လှူချင်ပါတယ် လိပ်စာ ဖုန်း စောင့်ကြည့်နေပါ့မယ်

  • မောင်ပေ

    June 9, 2012 at 7:29 pm

    ဦးဆောင်မယ့် သူ ကို အမြန်ဆုံး ရွေးပြီး ၊ ဆက်သွယ်ဖို ့လိပ်စာလေး ရေးပေးပါတော့ဗျို ့။

  • hnin phyu

    June 9, 2012 at 7:47 pm

    ကျမလဲ ရခိုင်အတွက် ( ၁၀၀၀၀၀). ကျပ်
    ကချင်အတွက်(၁၀၀၀၀၀) လှူချင်စိတ်အရမ်းပြင်းပြနေလို့

    ဖုန်းနံပါတ်ပေးလေးသိရင်ကူညီပေးကြပါအုန်းရှင့်

  • amatmin

    June 9, 2012 at 8:50 pm

    ကိုရင်ထူးဆန်းရေ..
    ငွေကြေးလှူရန် နှင့် နိုင်သလောက် လုပ်အားဟု ကတိပြုပါသည်..

  • တညင်သား

    June 9, 2012 at 9:04 pm

    ကိုထူးဆန်း ပဲ ခေါင်းဆောင်လိုက်ပါ အားကိုးပါတယ် လုပ်ကိုင်ရင်းနဲ့ အဖော်တွေ့လာပါလိမ့်မယ်… ဘယ်နေ့စမလဲ စဉ်းစားပေးပါ
    ကျေးဇူးတင်စွာဖြင့်

  • padonmar

    June 9, 2012 at 9:07 pm

    တစ်သိန်းလှူမယ်၊နီးစပ်ရာလည်း အလှူခံပေးမယ်။ခေါင်းဆောင်ကြပါ။

  • အရီး Khin Latt

    June 9, 2012 at 9:26 pm

    ကျွန်မတို့ မိသားစုမှလည်း ပါဝင် ချင်ပါတယ်။
    ဒါပေမဲ့ ငွေပေး၊ ငွေယူ အဆင်ပြေ/မပြေ ရှိနေတာမို့ အဆင်မပြေရင်တော့ ဒီမှာ လုပ်နေတဲ့ အဖွဲ့ ကတစ်ဆင့် လှူလိုက်ပါမယ်။
    ဒီလို ကမကထလုပ်ပြီး အမှန်တကယ် လိုအပ်တဲ့ နေရာရာ ကို လှုဒါန်းရတာ မွန်မြတ်ပြီး အကျိုးရှိပါတယ်။
    သာဓု ပေါင်းများစွာ ခေါ်လိုက်ပါတယ်။

  • ko win

    June 9, 2012 at 9:56 pm

    ကြားရသမျှ နားအရသာရှိလိုက်ပါဘိ။ ပီတိလည်း ဖြစ်မိပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ကျွန်တော်လည်း ငွေအားကို တတ်နိုင်သလောက် လှူဒါန်းပါမယ်။ လုပ်အားလိုလျှင်လည်း ခေါ်ပါ။ကားမောင်းဖို့လူလိုလျှင် ခေါ်နိုင်ပါတယ်။

  • Shwe Tike Soe

    June 9, 2012 at 9:57 pm

    ဟုတ်ကဲ့ပါ ကျွန်တော် ပိုက်ဆံအလှူငွေ လာရောက်ထည့်ဝင်သူတွေကို လက်ခံပေးပါမယ်… ကျွန်တော် တစ်ယောက်ထဲတော့ အကုန်လုံး ရမှာမဟုတ်ဘူး တစ်ယောက်နှစ်ယောက်လောက်တော့ အကူလိုပါတယ် အဘ ဖောရေ..
    ဘယ်နေ.ဘယ်ရက် စ မလဲဆိုတာ တိတိကျကျလေးပြောပေးပါ… အဆင်သင့်ပါပဲ..

  • MaMa

    June 9, 2012 at 10:07 pm

    ရွာသူားတွေရဲ့ စည်းလုံးညီညွတ်မှု၊ အတွေးအခေါ်မှန်ကန်မှုတွေကတော့ ဝမ်းသာအားရစရာပါပဲ။
    စ သာ လုပ်လိုက်ပါ။
    သူ့နေရာနဲ့သူ လိုအပ်သလို ဝိုင်းဝန်းကြပါလိမ့်မယ်။
    ရွာသူားတွေ စုပေါင်းလုပ်မယ်ဆိုရင် ပါပြီသား လို့သာ သတ်မှတ်ပေးပါ။

  • minn zaw

    June 9, 2012 at 10:22 pm

    အဖော်လိုရင်ကျွန်တော် လိုက်ပေးပါ့မယ်။ ဖုန်းနံပါတ်က မဆူးတို့ မမတို့ဆီ ရှိအုံးမလားဘဲ။
    ဒီ ပေါ်မှာမပေးချင်သေးလို့။ လိုအပ်ရင်ခေါ်ပါ။ အလှူငွေကတော့ နောက်ဆုံးမှ ပေးပါရစေ။
    အဲ ခဏ နေကြပါအုံး။ ဒီနေ့ည အခြေအနေ စောင်ကြည့်ကြပါအုံး။
    စစ်တွေ ဘက်မှာ မလံခြုံဘူးလို့ကြားတယ်။ ခွေးကောင်တွေ သတင်းကို
    စောင့်ကြည့်ကြပါအုံး။ စစ်တပ်ကြောက်နေရင် ကျုပ်တို့ကိုယ်တိုင်
    သွားတိုက်ကြတာပေါ့ဗျာ။ သတ္တိပဲ အရေးကြီးပါတယ်။ ဘယ့်နဲ့လဲ
    လိုက်ရဲကြလား ။ ။ ။

    • Foreign Resident

      June 10, 2012 at 1:54 am

      ကို minn zaw ။

      သိပ်စိတ်လောမနေပါနှင့် ၊
      အဘ ၊ တပ်ထဲက ညီနောင် စစ်သားတွေရဲ့
      သဘောထားကို ကောင်းကောင်း သိပါတယ် ။
      လက်ရှိလည်း သူငယ်ချင်း ငယ်ပေါင်းတွေ ရခိုင်မှာ ရှိပါတယ် ။
      အပြင်ကို သတင်းထုတ်ရင်တော့ မိုးပေါ်ထောင်ပစ်တယ် ပဲ ပြောရမှာပေါ့ဗျာ ။
      လူကြီးကတော့ လူကြီး စကားပြောတယ် လို့ပဲမှတ်ပါဗျာ ။
      လူငယ်ပိုင်းကလည်း လူငယ်ပိုင်းအလုပ် လုပ်သွားမှာပါ ။

      စိတ်ပြေအောင် ဒါလေးဖတ်ကြည့်လိုက် ။
      လက်ရှိ အခြေအနေကို ရိပ်ဖမ်း သံဖမ်း တော့
      သဘောပေါက်သွားမှာပါ ။

      Quote.
      ရှေ့တန်းစစ်မျက်နှာရောက် ဗိုလ်မှူးတစ်ဦးက
      ” စစ်တိုက်ထွက်ရတဲ့အထဲမှာ ဒီတစ်ခါလောက်အားပါတာမရှိဘူးဗျာ
      ခုကျွန်တော်တို့နဲ့ရှိနေတာ ပေါ်တာတွေ မဟုတ်ဘူးဗျာ
      တကယ်ကို သူတို့စိတ်နဲ့လိုက်လာပြီး ခေါ်တော တွေကိုချတာဗျ
      သူတို့ကတောင်ကျွန်တော်တို့ထက်ပိုတက်ကြွနေလို့
      စိတ်ထိန်းဘို့ ပြောနေရတယ်ဗျာ
      ဒီမျိုးချစ် ဒေသခံတွေကို ကျွန်တော်တို့ရဲ့
      မကောင်းမကန်း ရိက္ခာလေးတွေပဲကျွေးနိုင်တာ
      အားနာလိုက်တာဗျာ…. ” ဟု ပြောကြားပါသည် ။
      Un Quote

      —http://doctorsatephwar.blogspot.com/2012/06/blog-post_09.html?spref=fb—

      • minn zaw

        June 10, 2012 at 12:49 pm

        ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဘဖောခင်ဗျာ။
        ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိသွားပါပြီ။
        နောက်ဆို ဘယ်မှာဖြစ်ဖြစ် ကျွန်တော် မှားနေတာရှိရင် ပြောမှားဆိုမှားရှိရင်
        လိုအပ်တာရှိရင် ဆုံးမ ပါခင်ဗျာ။ နာခံပါ့မယ်။
        ကျေးဇူးတင်ပါတယ်။

      • Oo Oo

        June 10, 2012 at 6:26 pm

        ရှုးးး..တိုး တိုး …အဘဖေါရေ
        ရွာထဲ အယ်ကိုင်ဒါ တွေရောက်နေပြီနော်
        ပေါ်တင်ကြီး လုပ်ရဘူးလေ..
        ကိုမျိုးချစ်တို့ကလည်းအဲ့လောက်မဝေးကြပါနဲ့ဗျာ

    • water-melon

      June 10, 2012 at 9:34 am

      လိုက်မယ်ဗျာ
      လာခေါ်လိုက်
      ကိုမင်းဇော်ရေ
      သေရဲပါတယ်
      လာခေါ်လိုက်ပါ

      • minn zaw

        June 10, 2012 at 11:14 am

        လာခေါ်မှာပါ ဖရဲရေ။ အားရတယ်ဗျာ။ လေးစားပါတယ်။
        ကျွန်တော်တို့တွေ စုစည်းထားကြတာပေါ့ဗျာ။
        အလှူငွေ ကိစ္စကတော့ ရန်ကုန်က လှူချင်သူတွေ အတွက်ကျွန်တော်
        လိုက်ကောက်ခံပေးပါမယ်။ ရွာသူားများထဲက ဦဆောင်မယ့်
        နောင်တော်ကြီးများ အမကြီးများ အဘများ အဘွားများဦးဦးဒေါ်ဒေါ်
        ညီညီမ များ ဆက်သွယ်စေချင်ပါတယ်။
        ဆွေးနွေးတိုင်ပင်ပြီး အဖွဲ့လေးဖွဲ့ရအောင်ပါ။

        မင်းဇော်

  • pooch

    June 9, 2012 at 11:05 pm

    ကျမလည်း နိုင်သလောက်ပါဝင်လှူတန်းပါ့မယ်။
    မန္တလေး အနေနဲ့ကတော့ လေးပေါက် မနက်ဖြန် ကျယ်ဂေါင်ဘက်ကနေ မန္တလေး ပြန်ဆင်းပြီလို့ ပြောပါတယ်။ ခါတိုင်းလိုပဲ လေးပေါက်ကိုပဲ အပ်တာ အဆင်ပြေမယ်ထင်ပါတယ်။
    နောက်မှ ဦးဆောင်သူဆီကို အားလုံးစုပေါင်းပြီး လွှဲပေါ့။

  • ahnyartamar

    June 9, 2012 at 11:18 pm

    သဂျီးမင်းခဗျာင်္း…ဒီပို့စ်လေးကို စတစ်လုပ်ထားပေးပါဗျား။ တချို့ရွာသူ/သားတွေ မသိကြသေးဘူးထင်လို့ပါ။ ဒါမှမဟုတ် ကိုထူးဆန်းရေ…ပို့စ်ခေါင်းစဉ်လေးကို ဒီထက် သိသာအောင် ပြောင်းရင်များအဆင်ပြေမလားဗျာ။ အကြံပြုတာပါ…ဆရာလုပ်ချင်းမဟုတ်ရပါ။

    • htoosan

      June 9, 2012 at 11:42 pm

      ကျေးကျေးပါ ကိုအညာတမာရေ . ခေါင်းစဉ်ပြင်လိုက်ပါပြီ။ ဒီအချိန် သူကြီးခလောနေမှာမို့လို့ဖြစ်ပါလိမ့်မယ်။

  • htoosan

    June 9, 2012 at 11:21 pm

    ကိုမင်းဇော်ရေ .. သိပ်ပြီးစိတ်မလှုပ်ရှားပါနဲ့လားဗျာ ။ အချိန်တန်ရင် နွားပိန်ကန်ပါလိမ့်မယ်။
    တပ်က တပ် အလုပ်လုပ်ပါလိမ့်မယ် ။ လူကြီးတွေမှာ ဒီမြန်မာပြည်တွင်းက ရိုဟင်ဂျာ တစ်ခုထဲကြည့်ပြီးလုပ်လို့ မရပါဘူး။
    ကျွန်တော်တို့ပြည်သူတွေက ပြည်သူ့အလုပ် လုပ်ကြတာပေါ့ ။ကိုယ့်စည်းကိုယ်ထိန်းပြီး စိတ်ဆန္ဒ နောက် မလိုက်ဘဲ လုပ်သင့်တာလုပ်ကြတာပေါ့။

  • surmi

    June 9, 2012 at 11:34 pm

    ကိုထူးဆန်း ရေ …..
    ချန်မထားနဲ.ဦးနော် ။ပါပြီးသားလို.မှတ်လိုက် ဗျာ …………..။

  • may flowers

    June 9, 2012 at 11:36 pm

    အားလုံးအဆင်သင့်ဖြစ်ပြီ လှူလို့ရပြီဆိုရင် နေရာနဲ့ ဆက်သွယ်ရမဲ့ဖုန်းလေး ပြောပြပေးပါနော်။

    လာရောက် ဆက်သွယ်လှူဒါန်းပါ့မယ်။

  • minn zaw

    June 9, 2012 at 11:44 pm

    ရန်ကုန်က အလှူတွေ ကို လူမရှိ

    ရင် ကျွန်တော်ကောက်ခံပေးပါ့မယ်။

  • komingalar

    June 10, 2012 at 12:13 am

    ကျွန်တော်လဲ 1သိန်းလှုမယ်ဗျာ
    အကျပ်အတည်းဖြစ်နေတဲ့အချိန်ဆိုတော့လှုရတာအားမရဘူးဗျာ
    ဒါပေမဲ့လည်းတကယ်အကျိုးရှိတဲ့အလှုဖြစ်သွားဖို့အရေးကြီးပါတယ်
    ကုလားတွေကသူတို့အမျိုးတွေကိုထောက်ပံ့တာပိုများမှာကိုတွေးမိတယ်
    ကိုယ့်ပြည်မှာကိုယ်နေရင်းဆော်ကားခံရတာရင်နာလို့မဆုံးဘူး
    မြန်မာမှာနောက်ခံမရှိ မဟာမိတ်မရှိနဲ့
    အာဆီယံမှာလဲဒီမွတ်ဆလင်တွေဘဲကြီးစိုးနေတော့
    သွေးချင်းရခိုင်တွေကိုစာနာတယ်ဗျာ
    မြန်မာပြည်ကြီးကျိန်စာကမြန်မြန်လွတ်ပါစေတော့လိုဆုတောင်းပါတယ်

    • Foreign Resident

      June 10, 2012 at 2:22 am

      ” ကုလားတွေကသူတို့အမျိုးတွေကိုထောက်ပံ့တာပိုများမှာကိုတွေးမိတယ် ”
      အမှန်ပါပဲ ။

      • ရွာစားကျော်

        June 10, 2012 at 8:18 am

        ကျုပ်တို့ အမျိုးတွေအတွက်
        ထူး ဂရုပ် က သိန်း ၅၀ဝ မတည်တည် ကြားပါတယ်..
        ကျန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လာကြမယ် မှန်းပါတယ်
        အဘဖောအမျိုး အီလိုက်တွေရောပေါ့ ဟဲဟဲ..
        စိတ်ဆိုးနဲ့နော်…

  • ဦးဦးပါလေရာ

    June 10, 2012 at 12:38 am

    (ဦးဦးပါလေရာ နဲ့ ဘဘဘလက်ကို ဦးဆောင်စေချင်ပါတယ် ။ ကျွန်တော့်ကို က မြင်ဘူးသူ အလွန်နည်းပါတယ်။ (သို့) ကိုသန်းထွဋ်ဦး ဆီ ဘဏ်ကနေတစ်ဆင့်ငွေလွှဲပေးနိုင်မယ်လို့ထင်ပါသည် ။ ပြီး ရခိုင်ဝန်ကြီးချုပ်ဆီ တိုက်ရိုက်လှုတာဖြစ်ဖြစ် (သို့) ပိုကောင်းတာ တစ်နည်းနည်း ထပ်စဉ်းစားကြတာပေါ့။ကိုယ်တိုင် ငွေ မလွှဲနိုင်သူတွေ ရန်ကုန်မှာလာကောက်ပေးပါဆိုရင်တော့ဦးဦးပါလေရာ(သို့) ဘဘဘလက်တို့ကို ကျွန်တော်ယာဉ်မောင်း
    လိုက်လုပ်ပေးပါ့မယ်။
    ကိုသန်းထွဋ်ဦး၊ ဦးဦးပါလေရာ နဲ့ ဘဘဘလက်တို့ သဘောတူတယ်ဆိုရင် တနလာင်္နေ့ ကစလို့ အကောင်အထည်ဖော်ချင်ပါတယ်ခင်ဗျာ။)

    ကိုထူးဆန်းရဲ့ အဆိုကို ပြန်ပြောဘို့ ကိုဘလက်ကိုစောင့်ဦးမလား စဉ်းစားပါသေးတယ်။
    ဒါပေမယ့်… ကျုပ်က လုပ်ချင်တာရှိရင် ကြာကြာဆိုင်းလို့မရလို့… 😀
    အဲဒါလေး… ကိုဘလက်ကိုယ်စားပါရောပြီး ပြောခွင့်ပြုပါ ကိုဘလက်ရေ…..

    ဒီကိစ္စမှာ ကျရာနေရာက ဘယ်နေရာကဖြစ်ဖြစ် ဝင်ပါဘို့ ကျွန်တော့်အနေနဲ့ အသင့်ရှိပါတယ်။ ကိုဘလက်လဲ ထို့အတူပဲလို့ သူ့ကိုယ်စား ရဲရဲပြောရဲပါတယ်။ ဒါကြောင့် ဝင်ပါပါမယ်။ ဘယ်နေရာကလဲ ဆိုတာတော့ ဒီကွန်မင့်ဆုံးအောင် သည်းခံဖတ်ပါဗျို့…။

    ဒီကိစ္စမှာ ကိုဖေါရင်း ကိုတညင်သားနဲ့ တကွ ကျွန်တော်ရော အခြားသူများကပါ ကိုထူးဆန်းကို ဦးဆောင်စေချင်ပါတယ်။ ကိုထူးဆန်းကို ဝိုင်းကူမယ့်သူတွေအများကြီးပါ။ ကိုထူးဆန်းကို မြင်ဘူးသူနဲတာ အရေးမကြီးပါဘူး။ ဥပမာ …
    ကိုရွှေတိုက်စိုး ရယ်၊ ကိုအမတ်မင်းရယ်၊ ကို Mလုလင်ရယ် ကို ဝိုင်းကူဘို့ ဖိတ်မယ်ဗျာ…။
    ဒါ့ထက်လိုအပ်ရင် ကိုမင်းဇော်တို့ ကိုဝင်းတို့လဲ အဆိုပြုထားပါတယ်။
    ရွှေတိုက်စိုးကို လူတိုင်းသိပါတယ်။ လူတိုင်းလဲ မှတ်မိပါတယ်။ ဘယ်နည်းနဲ့မှ လူမမှားနိုင်ဘူး(အရမ်းချောလို့)…:D
    ဒီကိစ္စကို လူ ငါးယောက်လောက်ထက်မနည်း ဝိုင်းလုပ်တာဟာ အသင့်တော်ဆုံးပါပဲ…။
    ကျုပ်ကတော့ လိုအပ်တဲ့တောက်တိုမယ်ရတွေ လုပ်နိုင်သလောက်လုပ်ပေးပါမယ်။
    ဒါထက် ညကြီးမင်းကြီး( ၁၂း၃၀) ကော်ဖီသောက်ချင်လာတယ်ဗျို့….
    ညကြီးတော့ ထွက်မသောက်တော့ပါဘူး…
    ကော်ဖီဆိုတာ အဖေါ်အပေါင်းလေးနဲ့သောက်မှကောင်းတာကလား…
    ဒီနေ့ (၁၀.၆.၂၀၁၂) နေ့လည် ၂းဝဝနာရီက ၄းဝဝနာရီကြားလောက် ကျုပ်ကို ကိုထူးဆန်းက ကော်ဖီဆိုင်တခုခုမှာ အဖေါ်လုပ်ပေးနိုင်မယ်ဆိုရင်ဖြင့် သိပ်ကောင်းမှာပဲ..။
    ဒီပိုစ့်ကို ကျိန်းသေပြန်ကြည့်မယ်ထင်လို့ ဒီမှာပဲ ရေးလိုက်မိပါတယ်။
    ဖတ်မိရင် ကွန်မင့်နဲ့ပဲ အကြောင်းပြန်ပါနော….။

    • htoosan

      June 10, 2012 at 6:50 am

      ဦးဦးပါလေရာ ရေ ..ကျွန်တော် ဦးဦး gmail ကိုစာ ပို့ထားပါသည်။

Leave a Reply