ရခိုင်ဒေသပြန်လည်ထူထောင်ရေး အလှုငွေလူကြရအောင် (ဘဖောနှင့်ရွာသူားများသို့)

ကထူးဆန္းJune 9, 20121min1172124

ကျွန်တော်လည်း ဒီစာကိုရေးလိုက် ဖျက်လိုက်နဲ့ တွေဝေနေပါသည်။

ဘဖော ရဲ့ မောင်းတော ဒေသ ပြန်လည် တည်ဆောက်ရေးအတွက်ငွေ ငါးသိန်းလှုမည်ဆိုသည်ကို ဝမ်းသာထောက်ခံကြောင်းနဲ့ ကျွန်တော်လည်း တစ်သိန်း ပါဝင်လှုဒန်းလိုပါကြောင်း အသိပေးချင်တာပါ ။

တဘက်မှာလည်း မကြာသေးခင်ကမှ ပန်းတနော် အလှုလုပ်ထားတဲ့ ရွာသူားတွေကို စိတ် အနှောက်အယှက်မဖြစ်စေချင်ပါဘူး။
မင်္ဂလာဆောင်ဖိတ်စာတွေ ခဏ ခဏ လာရင် ၊ အလှုခံတွေ ခဏ ခဏ လာရင် စိတ်တို စိတ်ရူပ်ရတယ် လေ ။

တစ်ဘက် က ကြည့်ပြန်တော့လည်း ဒါဟာ ဒီအချိန်မှာ လုပ်သင့် လုပ်ထိုက် ပြသင့် ပြထိုက်တဲ့ အမျိုးသားရေး ဖြစ်နေပြန်ရော။

ဒါနဲ့ မနေ့ ည ကတည်းက ရေးလိုက်ဖျက်လိုက်နဲ့ ။

အခုတော့ ဘာဘဲပြောပြော ပြဿနာက မဖြစ်စေချင်ပေမဲ့ ဖြစ်လာပါပြီ။ ရှောင်လွှဲလို့ မရတော့ပါဘူး ။ ရင်ဆိုင်ရတော့မှာပါ ။ အဲ့ဒီပြဿနာကိုဘယ်လိုဝိုင်းဝန်းကြမလဲဆိုတာ အဖြေရှာရပါတော့မယ်။

ဘယ်လို လုပ်သင့် လုပ်ထိုက်တယ်ဆိုတာ အနည်းဆုံးတော့ ဆွေးနွေးနိုင်ကြရအောင် တင်လိုက်ပါတယ် ။

ဘဖော စာထဲမှာ

MG က ခေါင်းဆောင်ရဲမယ့် လူသာရွေးလိုက်

ဆိုတာ ဘာကိုရည်ညွှန်းချင်တာလည်း ဆိုတာလည်း သိချင်ပါတယ် ။

ခေါင်းခံပြီးငွေကောက်ပေးဖို့ အတွက် ဆိုလိုချင်တာလား (သို့ ) အန္တရာယ် ရှိနိုင်တယ်လို့ မြင်လို့လား ။ ဘာကိုဆိုလိုချင်တယ်ဆိုတာလည်း သိလိုပါတယ် ။

နောက် လှုကြပါပြီတဲ့ ။ ပြီး ဘယ်မှာ ဘယ်သူ့ကို သွားပြန်လှုမလဲဆိုတာလည်း မေးခွန်းတစ်ခုပါ ။ ဘယ်လိုထိရောက်အောင် အသုံးချမလဲဆိုတာလည်းမေးခွန်းတစ်ခု ပါ ဆိုတော့ ဘာဘဲဖြစ်ဖြစ် လောလောဆယ် ကျွန်တော့်ခေါင်းထဲ မေးခွန်းသုံးခုရှိပါတယ် ။ စိတ်ပါဝင်စားကြရင်ဆွေးနွေးပေးလိုပါတယ်။ ငွေလှုတာ မလှုတာ ကပဓါန မဟုတ်ဘဲ အကြံဉာဏ်လေးတွေတော့ လှုပါဦး။

(၁) ဘယ်သူခေါင်းဆောင်မလဲ။ ရွာထဲက ရပ်သိရွာသိ တစ်ဦး ခေါင်းဆောင်သင့်ပါသည်။
(၂) အလှုငွေ လောလောဆယ် ၆ သိန်းရပါပြီ။ ဘယ်မှာ သွားလှုမလဲ.ဘယ်သူ့ကို သွားပေးမလဲ။
(၃) ဘယ်လိုထိရောက်အောင် အသုံးချမလဲ။

အစလေးတစ်ခု အနေနဲ့ဆွဲထုတ်လိုက်တာပါ ။ တိုတာရှည်တာတော့ အများရွာသူားများရဲ့ စိတ်ပါဝင်စားမှု့ပေါ်မှာသာ မူတည်မှာပေါ့နော် ။ နောက် သူကြီးရဲ့ခွင့်ပြုချက် ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

124 comments

  • SkyHeart WinKo

    June 10, 2012 at 10:04 pm

    သတင်းကိုသေချာကြည့်နော် သမ္မတကပြောပြီးတော့အထွက်မှာ
    လက်မထောင်ပြီး ဖင်ကုတ်သွားလေရဲ့။
    ရန်ကုန်တိုင်းမှူးဦးဝင်းနိုင်
    ပြည်သူတွေကိုကာကွယ်ရန် မောင်တောသို့ မနေ့မနက်စောစောထွက်ခွာ
    တိုင်းမှူးလည်းရောက်ရော တရားခံလည်ပင်းအစ်ပြီးသေရောဗျာ။

  • thihayarzar

    June 10, 2012 at 10:33 pm

    မြန်မာပြည်သူပြည်သားတွေအတွက် အရမ်းအရေးကြီးပါတယ် .. ရခိုင်စစ်တွေ တွင်မက တစ်နိုင်ငံလုံးကို အကြမ်းဖက်ဖို့ကြိုးစားနေတာပါ .. http://www.facebook.com/video/video.php?v=358677460866666

    • komingalar

      June 11, 2012 at 9:22 am

      ကျေးဇူးပါ ကိုသီဟရေ

  • ပေစိ

    June 11, 2012 at 12:35 am

    မန်းသားပီပီ ရွာသူရွာသားတွေ သတင်းဦးရပါစေတော့ဆိုပြီး သစ်ထူးလွင်တစ်ချိန်လုံးဖွင့် reflect အမြဲတမ်း လုပ်ပြီးအသစ်တက်တက်ခြင်း တင်ပေးတာ သူကြီးဘမ်းခံလိုက်ရတာ စိတ်မကောင်းဘူး

  • komingalar

    June 11, 2012 at 8:42 am

    ဟာ…. ဖုန်းနံပတ်တွေဘယ်ရောက်ကုန်ကြပြီလဲ
    အင်း…. အလှုလုပ်ချင်လို့ငွေစုတာကနေပြီးလက်နက်ဝယ်ဖို့ဖြစ်တော့မှာလားမသိဘူး
    ငါတို့လူမသတ်ချင်ဘူး တို့ဘာသာမှာလူသတ်ဖို့လဲခွင့်မပြုဘူး
    ဘာဖြစ်လို့ချစ်ချစ်ခင်ခင်မနေနိင်ရတာလဲကုလားတွေရယ်
    မိုးသီးဇွန်ကရောဘာဖြစ်လို့ဒီလိုပြောရတာလဲ
    ငါတို့မြေပေါ်လာနေပြီးဘာလို့ခွဲထွက်ရေးပြောနေတာလဲ
    ဘာသာရေးအကြောင်းဆက်ရေးရင်သူကြီးကဘန်းအုံးမယ်
    သတ်တာတို့ အမြစ်ပြတ်ချေမှုန်းတာတို့ဆိုတာဘာသာရေးနဲ့မဆိုင်ဘူးဆိုတာပြောလိုရင်းပါ
    သူတို့ဘာသာမှာအဲဒီလိုသင်ထားတော့အားလုံးအစွန်းရောက်တွေဖြစ်ကုန်တာပေါ့
    ငါမနက်အိပ်ရာထရင် အာလူးပူရီစားချင်တယ်
    နေ့လည်မှာ ရခိုင်မုန့်တီကောင်းကောင်းလေးစားချင်တယ်
    အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးသွားစေချင်တယ်
    အခုတော့ဘာဖြစ်တာလဲ
    အဲတာဘာဖြစ်တာလဲ

    • Foreign Resident

      June 11, 2012 at 8:49 am

      ” အလှုလုပ်ချင်လို့ငွေစုတာကနေပြီးလက်နက်ဝယ်ဖို့ဖြစ်တော့မှာလားမသိဘူး ”

      ကို komingalar ရေ
      အဘ အခုလေးတင် ရေးလိုက်တဲ့
      ” စဉ်းစားကြစေလိုပါတယ် ( ၂ရ ) ( ရိုဟင်ဂျာ ) ”
      ကို ဖတ်ကြည့်ပါလားကွယ် ။

  • nigimi77

    June 11, 2012 at 9:02 am

    ကိုခိုင် ။

    Comment တွေ ဘယ်ရောက်ကုန်တာလဲ။

    မနေ ့ညက စပြီး မတွေ ့ရတော့ဘူး ။

    Comment အရေအတွက်ကတော့ ၁၁၁ လို ့ပြထားပြီးတော့ ။

  • blackchaw

    June 11, 2012 at 9:04 am

    နီဂိမိရေ။
    အောက်က ကွန်းမန့်ဘောက်စ် အပေါ်နားလေးမှာ
    Older Comments ဆိုတာလေးကို နှိတ်လိုက်ရင် ပေါ်လာပါလိမ့်မယ်
    ညီလေးရေ။

  • we R one

    June 11, 2012 at 10:58 am

    ရွာသူရွာသားတွေ ရဲ စိတ်ဓါတ်လေးတွေက တကယ့်ကို ချီးမွန်းထိုက်ပါတယ်…။ ကျေးဇူးလည်း အရမ်းတင်တယ်…။ ကျွန်မ ကိုယ်တိုင်လည်း ကိုယ်စွမ်းရှိသလောက် ပါဝင်ကူညီဖို့ဆုံးဖြတ်ပြီးသားပါ…။

  • ကြည်ဆောင်း

    June 11, 2012 at 12:15 pm

    အဘဖောရေ
    အဘပြောလို့နည်းနည်းတော့စိတ်အေးသွားရပါတယ်၊ ကြည်ဆောင်းတို့ ကစစ်တပ်ဝင်မယ်ကြားတာနဲ့
    ရခိုင် ၊ ရိုဟင်ဂျာ မခွဲ ဘဲ ဆူပူသူများဆိုပြီး ပစ်မှာတွေးပူနေမိတာပါ။ ကိုယ့်ပြည်မှာလဲလာနေသေး ၊ စော်လဲ
    စော်ကားသေးဆိုတော့ စိ်တ်ထဲမှာကြိတ်မနိုင်ခဲမရဖြစ်နေရတာပါ ။ ဒီသတင်းပြောပေးတဲ့ အဘ ကိုကျေးဇူး
    တင်စွာဖြင့်
    ကြည်ဆောင်း

  • နွယ်ပင်

    June 11, 2012 at 2:23 pm

    ရခိုင်တိုင်းရင်းသားဒုက္ခသည်များကို လှူဒါန်းနိုင်ရန်အတွက် ထပ်မံသိရှိရသော ဖုန်းနံပါတ်များကို ဖော်ပြပေးလိုက်ပါသည်။

    ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(စစ်တွေရုံး) ဖုန်း ဝ၄၃-၂၁၁၀၅၊ ဝ၉-၈၅၀၀၃၇၇၊ ဝ၉-၄၂၁၇၁၄၅၈၉၊ ဝ၉-၄၂၁၇၁၂၀၆၄

    ဦးအောင်ကျော်ဝင်း (ဝံလက်လူမှုရေးအဖွဲ့အစည်း) ဖုန်း ဝ၉-၄၂၁၇၁၁၅၈၈

    ဦးသိန်းဝင်း (ဝံလက်လူမှုရေးအဖွဲ့အစည်း) ဖုန်း ဝ၉-၄၉၆၆၂၅၆၈

    ဦးသန်းထွန်းအေး (ဝံလက်လူမှုရေးအဖွဲ့အစည်း) ဖုန်း ဝ၉-၄၃၁၅၄၀၁၂

  • SkyHeart WinKo

    June 11, 2012 at 3:21 pm

    အများအတွက် ကိုယ့်ငွေ၊ကိုယ့်ချွှေး၊ကိုယ့်သွှေးနှင့် လက်တွေ့မင်းကိုယ်တိုင်လုပ်ခဲ့လျှင် အားလုံးကိုစိက်ဆိုးမိမှာပါ။
    မိုက်တစ်လုံးနိုင်ငံရေးသမားနှင့် YCDC သိစေရန်ကို ဖွင့်ကြည့်စေချင်ပါတယ်။

  • မနေ့က ကိုချောတို့ဖုန်းဆက်တော့ ကျနော်က လမ်းပေါ်မှာ။
    အခုမှတ်ဖတ်မိလို့ဝင်ပြီးကော်မင်းပေးပါတယ်။
    ် မန်းလေးဂေဇက်က ဘယ်သူလုပ်တာဘဲဖြစ်ဖြစ် ဘယ်အလှူအတွက်ဖြစ်ဖြစ်
    မန်းလေးမြို့နဲ့ပါတ်ဝန်းကျင်ကလှူဒါန်းလိုသူများအတွက် ကျနော်က တာဝန်ယူပြီးကောက်ခံပေးပါမယ်။
    ကောက်ခံလို့ရတဲ့ ငွေကို ရွာထဲမှာကြေငြာ စာရင်းပြုစုပြီးရင်သက်ဆိုင်သူဆီပြန်လည်ပို့ပေးပါမယ်။
    09-680-5396 ကိုသာ ဆက်သွယ်ပါခင်ဗျာ

  • htoosan

    June 11, 2012 at 9:49 pm

    ကျေးဇူးတင်ပါတယ် လေးပေါက်ရေ။
    နွယ်ပင်ကိုလည်း ဖုန်းနံပါတ်များစုဆောင်းပေးသည့် အတွက် ကျေးဇူးတင်ပါသည် ။

  • ဆူး

    June 13, 2012 at 7:50 pm

    အင်တာနက် ပျက်နေလို့ ရက်ပေါင်းများစွာ ဆူး ပျောက်နေခဲ့တာပါ။
    အခုတော့ တက်လာပြီနော်.. ဘယ်အချိန် ပြန်ပျက်မယ် မှန်း မသိတော့ ရတုန်းလေး ဝင်လာပြီး အသံပေးပါတယ်။ အလှူငွေတွေ ဆူး နဲ့ ချိတ်ဆက်ပြီး လှူမယ် ဆိုရင်လည်း အလှူခံ ဌာန ဖွင့်ပေးထားပါတယ်။

    အလှူရှင်များ အားလုံးကို လေးစားလျှက်
    ဆူး

  • တပည့် ကြီး

    September 12, 2012 at 7:05 pm

    အကိုတို့ အမ တို့ လုပ်ရပ်တွေကို ကျနော် အရမ်းလေးစားးပါတယ်ဗျာ …… စိတ်ဓာတ်တွေကိုလည်း လေးစားပါတယ်
    တကယ်ပါ 😀

  • kai

    September 13, 2012 at 4:14 am

    http://myanmargazette.net/136671/
    အဲဒီမှာ အလှူပုံတွေပါရှိတယ်..
    ဒီလ.. ပုံနှိပ်သတင်းစာအဖုံးမှာ တပုံယူသုံးထားပါတယ်..။

    ဘင်္ဂလားဆိုင်ဘာအာမီက အမြင်ကပ်ပြီး.. သတင်းစာဆွဲဖြဲလို့တော့ မရတော့ပါဘူး.. :mrgreen:
    စောင်ရေ ၁သောင်း၂ထောင် တကမ္ဘာလုံးပြန့်သွားပါပြီ..။
    မှတ်တမ်းကျန်အောင်.. ယူအက်စ်သံရုံး.. အမေရိကန်စင်တာကိုပါ ပို့လိုက်ပြီဖြစ်ကြောင်း..။

    • အရီးခင်လတ်

      September 13, 2012 at 4:38 am

      ထင်လား။
      စာတိုက်က ပို့ပေးမဲ့သူရှိရင် ရပါ့ရှင်။ 😀

Leave a Reply