ပျော်စရာအငြိမ့် ဖြင့်မကနိုင်ကြသေးသူများ

kaiJanuary 27, 20101min1913

( ၂၄.၁.၂၀၁ဝ ) နေ့ ကမယ်ဆိုတဲ့ မိုးဒီ၊မော့စ်၊မေတ္တာနဲ့ ခင်လှိုင်တို့ရဲ့ တိုကျိုဆာကူရာ ပျော်စရာအငြိမ့် မလုပ်ဖြစ်တော့တဲ့အကြောင်း သိကြမှာပေါ့။ မသိရင်အောက်မှာ ၊ မဇျိ္စမကမူရင်းသတင်းတင်ပေးလိုက်ပါတယ်။ ၊ မဇျိ္စမ မှာပါတဲ့သတင်းအရရန်ကုန်မင်္ဂလာဒုံလေဆိပ်ကထွက်ခါနီးမှာမှလ.၀.ကက ပတ်စ်ပို့တွေကို သိမ်းလိုက်ပြီး ပေးမသွားတာပါတဲ့ခင်ဗျာ..။

အငြိမ့်အဖွဲ ရ ဂျပန်ပေးမသွားတာဟာနိုင်ငံရပ်ခြားတွင် စစ်အစိုးရနှင့် ပတ်သက်ပြီး ပြက်လုံးထုတ်မည်ကို စိုးရိမ်သောကြောင့် လို့ ပြည်ပရောက် သီးလေးသီး အငြိမ့်အဖွဲ့ ခေါင်းဆောင် လူရွှင်တော် ဂေါ်ဇီလာက ပြောတယ်လည်း ရေးထားပါတယ်။ ပွဲအတွက်လက်မှတ်တစ်စောင်ကို ယန်း၄၅၀ဝနဲ့ရောင်းထားပြီးလို့ လက်မှတ်ဝယ်ထားသူတွေ ကို တော့ ပွဲကို ရက်ရွှေ့ထားပြီး ငွေပြန်လိုချင်ရင် ငွေပြန်အမ်းပေးမယ်ဖြစ်ကြောင်းပြောပါတယ် ။

အဲဒီအကြောင်း တိုကျိုက မိတ်ဆွေတွေ နည်းနည်း တီးခေါက်ကြည့်တော့ …ဒီလိုပွဲမျိုးတွေလုပ်ရင် ရုံငှားခ၊ လေယဉ်စရိတ် စတာတွေနဲ့ ရှုံးနိုင်ပေမဲ့ လုပ်နေတာက ထူးတော့ထူးဆန်းတယ် ။ ဘာဖြစ်လို့ လုပ်နေနိုင်ကြသလည်းဆိုတာကိုတော့ ဂျပန်လာမဲ့အငြိမ့်အဖွဲ ့ရဲ့ တကယ့်လူအင်အား(လာမဲ့ လူအရည်အတွက်) သိရင်သဘောပေါက်နိုင်မှာပါလို ့ဆိုကြောင်း …နဲ့ လူအရည်အတွက်လျှော့ချပြီး အငြိမ့်ကဖြစ်ဦးမှာ လာကြဦးမှာပါလို ့ထင်နေကြောင်း ၊ တိုကျို၊ နာရီတာလေဆိပ်ကနေ လှည့်ပြန်ကြရတာနဲ့စာရင် မြန်မာပြည်မှာတင် စောင့်ရတာက အရှက်မကွဲပဲတော်သေးတာပေါ့ ထင်နေကြောင်း…ပြောတာကို တင်ပြလိုက်ရပါတယ်..။

အဲ..ကျန်ခဲ့လို့..သူတို့တွေ ဂျပန်သွားပြီးရင် အမေရိကကိုလည်း လာစေချင်ကြကြောင်း။ ဒီနှစ်ထဲ သီးလေးသီးလည်း ထပ်လာဦးမှာ သတင်းထွက်နေပြီး အခု မိုးဒီတို့အဖွဲ ့ဆိုရင်..ဒီက ပရိသတ်တွေကလည်း ဒီအုပ်စုဆိုရီရမယ်၊ ပျော်ရမယ်ဆိုပြီး မျှော်နေကြကြောင်းလေးဆိုတာပါ..သတင်းပေးရင်းနဲ့…အောက်ကမူရင်းသတင်းလေးဖတ်ကြည့်ပါဦးလို့ပါပဲ….။

=============

ပတ်စ်ပို့ သိမ်းသဖြင့် မေတ္တာတို့ အငြိမ့်ပွဲ ရွှေ့ဆိုင်း

စိုင်းဇွမ်ဆိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁ဝ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။    ။ ဂျပန်နိုင်ငံတွင် ဖျော်ဖြေမည့် လူရွှင်တော် မေတ္တာ ခေါင်းဆောင်သော အငြိမ့်အဖွဲ့သားများ၏ နိုင်ငံကူးလက်မှတ်များ ပြန်သိမ်းခံရသဖြင့် အစီအစဉ် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ယခုလ ၂၂ ရက်နေ့တွင် “တိုကျိုဆာကူရာ ပျော်စရာအငြိမ့်” အဖွဲ့သားများ၏ နိုင်ငံကူးလက်မှတ်များကို ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာရန် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာစဉ် အာဏာပိုင်များက သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ “ပြန်ကျင်းပမယ့် ရက်အတိအကျကိုတော့ ပြောလို့မရသေးဘူးပေါ့။ ရောင်းပြီးသွားတဲ့ လက်မှတ်တွေကို ဒီအတိုင်းပဲ ထားထားသေးတယ်။ ကိုယ့်ပိုက်ဆံကို ပြန်လိုချင်တယ် ဆိုရင်တော့ ကိုယ်ဝယ်ခဲ့တဲ့ နေရာမှာ လက်မှတ်နဲ့ ပြန်လဲလှယ်နိုင်ပါတယ်” ဟု ဂျပန်နိုင်ငံမှ ပွဲစီစဉ်သူ တဦးက မဇ္ဈိမကို ပြောသည်။ အငြိမ့်အဖွဲ့သည် ဂျပန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားပြီး၊ လေဆိပ်တွင် ထွက်ခွာခွင့်ပုံစံ (D Form) ဖြည့်နေစဉ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းသွားခဲ့ကြောင်း ကိုမေတ္တာက ပြောသည်။ ”ကျနော်တို့ကို ရုံးခန်းထဲ ခဏခေါ်တွေ့ပြီးတော့မှ ကျနော်တို့ အနုပညာသမားတွေကို အဲဒီကို သွားရန် မသင့်ကြောင်းဆိုပြီးမှ passport လေးတွေ သိမ်းထားပါရစေ၊ ပြီးတော့မှ passport ရုံးမှာ သွားထုတ်ပါ ဆိုပြီးမှ ပြောလာတာပါ။ကျနော်တို့နိုင်ငံက လူကြီးတွေက သွားသင့်ပါတယ်ဆိုရင် ကျနော်တို့က သွားမှာပေါ့။ အန္တရာယ်ရှိတယ်၊ မသွားသင့်ဘူးဆိုရင် မသွားဘူးပေါ့နော်” သူက မဇ္ဈိမကို ပြောသည်။  ပြည်ပရောက် သီးလေးသီး အငြိမ့်အဖွဲ့ ခေါင်းဆောင် လူရွှင်တော် ဂေါ်ဇီလာကမူ နိုင်ငံရပ်ခြားတွင် စစ်အစိုးရနှင့် ပတ်သက်ပြီး ပြက်လုံးထုတ်မည်ကို စိုးရိမ်သောကြောင့် ယခုလို တားမြစ်ရခြင်းဖြစ်ကြောင်း သုံးသပ်သည်။ “လူရွှင်တော်တွေဆိုတာက ပြည်သူတွေရဲ့ ကိုယ်စား ထုတ်ဖော်ပြောဆိုနေတဲ့ သူတွေလေ။ အစိုးရက သူတို့ရဲ့ အရှုပ်ထုပ်တွေကို ဒီလူရွှင်တော်တွေက ဖော်လိုက်မှာ စိုးတာလည်း ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။ ယခုကျင်းပမည့် အငြိမ့်ပွဲဖြစ်မြောက်ရန် တနှစ်ခန့် ပြင်ဆင်ခဲ့ရကာ၊ ပွဲဖြစ်မြောက်လာအောင် ဆက်လက်၍ ကြိုးစားသွားမည် ဖြစ်ကြောင်းနှင့် လက်မှတ်ဝယ်ထားသူများကို တောင်းပန်ကြောင်း အငြိမ့်ပွဲ စီစဉ်သူများက ပြောသည်။ ယင်းအငြိမ့်ပွဲအတွက် ဝင်ကြေးကို ဂျပန်ယန်းငွေ ၄၅၀ဝ သတ်မှတ်ထားပြီး ဂျပန်ဘာသာပြန်များလည်း ထားရှိမည်ဖြစ်သဖြင့် ဂျပန်အများစုက ယခုကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားနေကြကြောင်း သိရသည်။ (ကိုဝိုင်း တည်းဖြတ်သည်။)

http://mizzimaburmese.com/news/regional/4661-2010-01-25-12-46-17.html

3 comments

  • khaizin

    August 30, 2010 at 5:59 pm

    ဖြစ်ရမယ်……

  • doekalay

    October 6, 2010 at 5:13 am

    ဖြစ်ရလေ။ အဲဒါဆို တော်တော်နဲ့သွားဖြစ်တော့မှာ မဟုတ်ဘူးပေါ့။ သူတို့တွေတွက် စိတ်မကောင်းပါဘူး။

Leave a Reply