မည်သူမဆို.. မည်သည့်အကြောင်းပြချက်နှင့်မှ မည်သူ့ကိုမှမဆဲရ

mg wineJune 9, 20121min38864

သူကြီးသို့ အိတ်ဖွင့်ပေးစာ

 

သို့ သူကြီး
မန်းဂေဇက် အယ်ဒီတာချုပ်ကြီး
အကြောင်း အရာ ။ ။ စာမူများကို တည်းဖြတ်စစ်ဆေးပေးပါရန်မေတ္တာရပ်ခံတင်ပြ ခြင်း။
ရက်စွဲ ၉.၆.၂၀၁၂
အထက်ပါ အကြောင်းရာ နှင့်ပတ်သက်၍ မန်းဂေဇက် သည် နာမည် ကြီး အင်တာနက် စာမျက်နှာ ဖြစ်နေသည့် အားလျှော်စွာ လူကြည့်များသော လူကြိုက်များသော ဝက်ဘ်ဆိုက် တစ်ခုဖြစ်နေခဲ့ရာ ပိုစ့်များကို
ထုတ်လွှင့်ရာတွင် စစ်ဆေးပြီးမှ အတည်ပြု ထုတ်လွှင့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ယခု အခါ သတင်းမှား များ သတင်းမှန်များရောထွေးအောင်ပြု မူသည်ဟု ဖတ်ရှု့ရသော သတင်းများကို သုံးသပ်ပြီး ရွာသား တစ်ဦးအနေဖြင့် တင်ပြမေတ္တာရပ်ခံခြင်း ဖြစ်ပါသည် ခင်ဗျား။
ရခိုင်သတင်းများတွင် အမှန်အမှား ရောထွေးနေခြင်း တစ်ချို့ သတင်းများသည် အကျိုး မဲ့ တိုက်ခိုက်ဆူပူစေလိုခြင်းတို့ကိုတွေ့ရပါသဖြင့် စီစစ်အတည်ပြု ပြီးမှ တင်ပေးပါရန် အနူး အညွတ် မေတ္တာရပ်ခံပါသည်။
လေးစားစွာဖြင့်
မောင်ဝိုင်း (ပုသိမ်)

==

မှတ်ချက်။   ။ ဒီပို့ရဲ့မူရင်းခေါင်းစဉ်က “သူကြီးသို့ အိတ်ဖွင့်ပေးစာ” ဖြစ်ပါတယ်.။ ဒါကို လူဖတ်များအောင် စတစ်ကီလုပ်ပြီး “(မင်န်ဘာအသစ်များ ယနေ့ ပို့စ်အသစ်မတင်ရ) – မည်သူမဆို.. မည်သည့်အကြောင်းပြချက်နှင့်မှ မည်သူ့ကိုမှမဆဲရ” အမည်နဲ့ပြောင်းထားပါတယ်။ လက်ငင်း အခြေအနေအရ လုပ်ထားရတာဖြစ်ပြီး.. မူရင်းပို့စ်ရေးသူ သဘောပေါက်မယ်ထင်ပါကြောင်းနဲ့ နားလည်ပေးစေချင်ပါကြောင်း..။

64 comments

  • kai

    June 9, 2012 at 11:39 am

    ဒီလိုလုပ်မယ်..
    ဒီရက်ပိုင်း.. အခြေအနေရှုပ်ထွေးနေချိန်မှာ.. ပို့စ်၂၅နဲ့အထက်ရေးပြီးသားမန်ဘာ(ရွာသူသားတွေ)ကိုပဲ.. ရခိုင်အရေးအခင်းနဲ့ပါတ်သက်တဲ့ ပို့စ်တင်ခွင့်ပေးမယ်..
    အဲဒါတွေတင်လာရင်.. သတင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်.. ဘာအကြောင်းပြချက်မှမရှိ.. ဖျက်ပစ်ပါမယ်..

    ဆိုတော့..
    အခုကစလုပ်မယ်ဖြစ်ပါကြောင်း..

    • မောင်ပေ

      June 9, 2012 at 12:11 pm

      သာဓု သာဓု သာဓု ပါ
      မောင်မင်းကြီးသား အူးကိုင် တစ်ယောက်
      ယနေ ့မှ စရွေ ့
      လာ့ဗီးဂတ်သွားတိုင်း လောင်းသမျှနိုင်
      တွေ ့သမျှ ့ပျိုမဒီ အလကားကြည် ပါစေ ဗျား

    • laypai

      June 9, 2012 at 1:22 pm

      သူကြီး ပြော တဲ့ အတိုင်းပါ ဘဲ။
      သိပ်ကောင်းတဲ့အစီအစဉ်ပါဘဲ သူကြီးရေ။
      မန်းလေးဂေဇက်က နာမည်ပျက်မှာကို တွေးပူပါ လို့ ပါ။

  • ဒီဆိုက်မှာတင်တာတွေက ဘယ်သူ့ဆီမှ မဖြတ်ဘဲ တောက်လျောက်တင်တာကိုးဗျ။
    အဲတော့ သူကြီးက တည်းဖြတ်လို့မရတော့ဘူး။
    တစ်ခုတော့ရှိတာပေါ့ မသင့်တော်ဘူးထင်ရင်တော့ သူကြီးက ဖျက်ပေးပါတယ်။
    လူနည်းနည်းတော့ ဖတ်မိသွားတာပေါ့.

  • သိပ်ကောင်းတဲ့အစီအစဉ်ပါဘဲ သူကြီးရေ
    တော်ကြာ မန်းလေးဂေဇက်က အချောင်နာမည်ပျက်မှာကို တွေးပူပါတယ်။

  • သားဦး၊မြေးဦး

    June 9, 2012 at 11:59 am

    အင်မတန်ကောင်းတဲ့ သတင်းစကားပါဘဲကိုခိုင်ရေ။
    ပိုရှုပ်ထွေးပြီး ဝေဝါးနေပါတယ်။မကြားဝံ့၊မနာသာ့တွေလဲ ကြားနေ
    ရတော့ ပိုစိတ်ညစ်ရပါတယ်။ခုလိုဖြစ်ပျက်နေတဲ့ကိစ္စတွေအပေါ်
    ကျနော့်အနေဖြင့် အထူးရှုတ်ချပြစ်တင်လိုက်ပါတယ်။ထိရောက်စွာ
    အရေးယူပေးဖို ့လဲ သံတွဲသားတစ်ယောက်၊ရခိုင်တစ်ယောက်အနေဖြင့်
    တောင်းဆိုအပ်ပါတယ်။အတင်းအဓမ္မပြုသူများဒုက္ခကြီးစွာကျ၍၊ခံစား
    ရသူအပေါင်း ချမ်းသာသုခပြည့်စုံကြပါစေကြောင်း။

  • Foreign Resident

    June 9, 2012 at 12:36 pm

    ” သတင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်.. ဘာအကြောင်းပြချက်မှမရှိ.. ဖျက်ပစ်ပါမယ် ”

    သူဂျီးရယ် ။
    စဉ်းစား ပါအုန်း ။
    သတင်းဦး လေးတွေ မတက်ပဲနေဦးမယ်နော် ။

    ဥပမာ ။ ။ လေးဝတီကြီး ကိစ္စက ၊
    မြင်မကောင်းသော်ငြားလည်း ၊
    သတင်း ဦး ခဲ့တယ်လို့ ထင်တယ်နော် ။

    ရွာသူား အသစ်တွေကို ၊
    ပေးမတင် / ပေးမရေး တာမဟုတ်ပဲ ၊ ပေးတော့တင်ပြီး ၊
    သူကြီး ဆင်ဆာ လွတ်မှ Web Page ပေါ် ပေးတက်ရင်ကော ။

    အကြံပေးကြည့်တာပါ ။

    • စိန်ဗိုက်ဗိုက်

      June 9, 2012 at 12:41 pm

      ကိုဖောရေ..
      အဲဒီ ကျက်သတုံးက ဘာသဘောနဲ ့တင်ပေးလဲ မသိဘူးလားဗျာ.
      ူဆူးလေမှာ စန္ဒပြလို ့ကောင်းအောင် အဖွားကြီးကို သွားငိုပြလို ့ကောင်းအောင် လာဖွသွားတာ
      အဲဒီသတောင်းစား အခု ရခိုင်ပြည် မီးရှို ့ခံရတော့ လာမတင်တော့ဘူးလေ.
      သူပါ ရောပြီးသေသွားရင်လဲအေးတာပဲ

    • bravo kiss

      June 9, 2012 at 12:48 pm

      အင်း…အဲဒါကိုပဲစဉ်းစားနေတာနော်…တင်တော့တင်သင့်တယ်ထင်တာပဲ…
      ဒါမှတို့လည်းသိရတာပေါ့..မဟုတ်ဘူးဆိုတော့လည်း….ဆဲပေ့ါကွာ

    • kai

      June 9, 2012 at 12:59 pm

      အခုတင် ၃-၄ခုဖျက်လိုက်ရပြီ..
      ဟိုဖက်ကသတင်းဒီမှာတင်.. ပြီးတော့.. အပြန်အလှန်ဆဲကြဆိုကြနဲ့.. စိတ်ပိန်လို့ခင်ဗျ..

      ဆိုတော့..
      သတင်းအစစ်အမှန်ဆို.. ကျုပ်ကတဆင့် တင်ပေးလိုက်ပါမယ်..။
      လောလောဆယ်..
      ပုံနှိပ်သတင်းစာထွက်ဖို့လုပ်နေတာ.. မအားတာနဲ့လေ… 😕

      • Foreign Resident

        June 9, 2012 at 2:04 pm

        ” သတင်းအစစ်အမှန်ဆို.. ကျုပ်ကတဆင့် တင်ပေးလိုက်ပါမယ် ”

        Thank you ပါ သူကြီး ။ 😛

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 12:38 pm

    အေးဝတီကြီးဆိုတဲ့ ဒေါ့ဂ်-ိုးမသား ဘယ်ရောက်သွားလဲ မသိဘူး..

    • အေးဝတီ ကြီး

      June 9, 2012 at 1:06 pm

      အကိုစိန်ဗိုက်ဗိုက် မမိုက်ရိုင်းပါနဲ ့တောင်းဆိုပါတယ်။ကျွန်တော်ပို ့စ်မှာ
      သတင်းအမှန်ကိုရေးတင်ခဲ့တာကို သိပြီး၊ဖတ်ပြီးဖြစ်မှာပါ။တကယ်တမ်း
      ဝက်ဆိုဒ် သိက္ခာကျအောင် လုပ်နေသူများတွင် senior member များ
      ပါနေသည်ကို သူကြီးက မသိချင်ရောင်ဆောင်နေခြင်းမှာ သိသာနေ
      သည်။ထုတ်ပြန်ထားသော စည်းကမ်းများ အားလုံးသည် senior များ
      အတွက် မဟုတ်ပါဟု ပြင်ဆင်ပေးသင့်သည်။
      သူကြီးမှ ယခုလို ပို ့စ်တင်ခွင့်ကို ကန် ့သတ်သည့်အပေါ် ပြင်ဆင်သင့်ပါ
      တယ်လို ့နူးညွတ်စွာတောင်းပန်အပ်သည်။
      ထို ့ပြင် အောက်ပါ စည်းကမ်းများ သည် ရွာမှ senior များအတွက် မ
      ဟုတ်ပါ ဆိုသည့်အကြောင်း ကြေညာပေး ပါ။

      6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
      9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
      မင်နီဖြင့်ရေးထားသော်ငြားလဲ မမြင်ကြပါ။
      – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      • စိန်ဗိုက်ဗိုက်

        June 9, 2012 at 1:11 pm

        ရှိရင်ပြီးရော
        ခင်ဗျားပါ ရောပြီး ပါသွားမှာစိုးလို ့စေဒနာနဲ ့မေးတာ 😛
        ဒါနဲ ့…
        ခင်ဗျား ဖွလို ့ အကုန် ပွကုန်တာ မဟုတ်ဘူးလား..အခုလို ရှုပ်ကုန်တာ မဟုတ်ဘူးလား
        အခု မီးရှိ ့ခံရတဲ့ ကိစ္စကိုကော ခင်ဗျားအနေနဲ ့ ဘယ်လိုခံစားရလဲ..ဘာလို ့ငြိမ်နေတာလဲ..
        တရားဥပဒေတွေ ဘာသာရေးအရ မကောင်းတာတွေ ဘာလို ့ဝင်မပြောတုန်း..

        • အေးဝတီ ကြီး

          June 9, 2012 at 1:25 pm

          အကိုစိန်ဗိုက်ဗိုက် ကြားရသမျှအားလုံးအပေါ် များစွာ
          စိတ်မကောင်းဖြစ်နေရတာ ကျွန်တော်လဲပါ ပါတယ်။
          ငြိမ်နေတာတော့ မဟုတ်ပါ။စောင့်ကြည့်နေတာ။
          ကျွန်တော်က ဖွတာ မဟုတ်ဘူး၊အဖြစ်မှန်ကို ဖုံးဖိမ
          သွားရလေအောင်၊အားလုံးမြင်ကြ၊ကိုယ်ချင်းစာတတ်
          ကြအောင် တင်ပေးလိုက်တာပါ။
          သူကြီးကို လဲကျေးဇူးတင် စကားလေးပေးပါရစေ။
          မှားသည်၊မှန်သည် ထိုနှစ်လီအတွက် ဒို ့မေတ္တာစွမ်း
          လွှမ်းခြုံပါစေသား။

        • Foreign Resident

          June 9, 2012 at 2:11 pm

          အော် ကိုဗိုက် ကိုဗိုက် တော်လိုက်တာ ။

          ရှိရင်ပြီးရော
          ခင်ဗျားပါ ရောပြီး ပါသွားမှာစိုးလို ့စေဒနာနဲ ့မေးတာ 😛

      • kai

        June 9, 2012 at 1:19 pm

        @အေးဝတီ ကြီး
        ကိုရင်တင်လို့ရပါတယ်..။
        အင်း..
        စီနီယာတွေက.. တော်တော်ကြာကြာ ရေးခဲ့ပြောခဲ့ပြီးပြီမို့.. ဘယ်သူဘယ်သဘောနဲ့လည်း သိနေလို့.. သီးသန့်ခွင့်ပြုတာတွေပါပါတယ်..
        အသစ်ဝင်လာတဲ့အထဲမှာ..တချို့က.. ရည်ရွယ်ချက်ရှိရှိ.. ရေးနေတာတွေတွေ့ရတာမို့.. ကျုပ်လည်း အချိန်မအားတာမို့.. သိမ်းကြုံးရပ်ထားတာပါပဲ..

        ဆိုတော့..
        စီနီယာများလည်း.. ဆဲရင်ဖျက်နေတာရှိပါတယ်..။
        အခုတင်.. ၁ဝခုကျော်သွားပြီလေ..

        အားလုံးစည်းကမ်းလိုက်နာကြပါလို့..
        အနိစ္စ..

        • မဟာရာဇာ အံစာတုံး

          June 9, 2012 at 5:23 pm

          အနိစ္စ ဆိုတာက မမြဲခြင်း ..
          ဒါကြောင့် …
          စည်းကမ်း လိုက်နာတယ်ဆိုတာလည်း အမြဲ မရှိသလို ..
          မလိုက်နာဘူးဆိုတာလည်း မမြဲမရှိပါဘူး …

          ဒီပို့စ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်လည်း ..
          မည်သူမျှ မဆဲရ ဆိုတာလည်း အနိစ္စမို့ …
          နောက်တော့ ဆဲလို့ ရလာမှာပါ ..

          ဘာမှလည်း ဆိုင်ဘူး … 😀

      • Mလုလင်

        June 9, 2012 at 3:03 pm

        မသိချင်ရောင်ဆောင် .. အစား မသိချင်ယောင်ဆောင် လို့ သုံးသင့်ပါကြောင်း

      • ချစ်ရင်ထူးနှစ်

        June 10, 2012 at 5:52 pm

        ခင်ဗျားတို့ ဟာကလည်း သတင်းတင်ပေးတာလား .. အပြန်အလှန် စကားနိုင်လု နေကြတာလား ??? သတင်းတင်ပေးတယ်ဆိုရင်လည်း တင်ပေးတဲ့လူက ဘက်မလိုက်ပဲ သတင်းရေးစေ ချင်ပါတယ် . သမိုင်းရေးသလိုမျိုး ရေးစေချင်တယ် .. သတင်းကို မှန်မှန်ကန်ကန် ဘယ်ကိုမှ ဘက်မလိုက်ပဲ ကြားထဲကလူတစ်ဦး အနေနဲ့ ရေးပေးစေချင်တယ် ..
        တစ်ဘက်ဘက်ကို ပါသွားတာနဲ့ (ကိုယ့်အမျိုးကို ကိုယ်ကုရတဲ့ ဆရာဝန်လို ) ဖြစ်သွားရင် မကောင်းဘူး .. အဲလိုဆိုရင် မရေးတာက ပိုကောင်းပါလိမ့်မယ် ..
        ခင်တဲ့
        ချစ်ရင်ထူး

  • ဦးဦးပါလေရာ

    June 9, 2012 at 12:51 pm

    သတင်းမှားတွေကို သတင်းမှန်နဲ့ ချေဖျက်ကြပါ…..။
    သတင်းကို သတင်းအတိုင်းသာ တင်ပြီး သတင်းအတိုင်းသာ ဖတ်ရှု့သိမှတ်သုံးသပ်ကြစေချင်ပါတယ်….။

    စိတ်အေးအေးထားပြီး တကွက်နှစ်ကွက်လောက် ကျော်ကြည့်ရင် သွေးထိုးမှု့တွေ လှုံ့ဆော်မှု့တွေကို တွေ့ရပါမယ်။

    ဒါနိုင်ငံရေးကိစ္စမဟုတ်ပါဘူး… နိုင်ငံရေးကိစ္စအဖြစ်မခံကြပါနဲ့….
    ဒါ ဘာသာရေးကိစ္စမဟုတ်ပါဘူး… ဘာသာရေးကိစ္စ အဖြစ်မခံကြပါနဲ့….

    ဒါဟာ ရာဇဝတ်မှု့ပါ
    ဒါဟာ ဆူပူသောင်းကျန်းမှု့ပါ
    ဒါဟာ သတ်ဖြတ်ဖျက်စီးမှု့ပါ
    ဒါဟာ ဘာသာရေးမှ-လူမျိုးရေး > လူမျိုးရေးမှ-ဘာသာရေး အဆင့်ဆင့်နွယ်ပြီး ကြီးထွားအောင်လုပ်နေတဲ့ ဖြစ်စဉ်တခုသာဖြစ်ပါတယ်။
    ဒါဟာ အခု လူမျိုးရေး အဆင့် ရောက်နေပါပြီ…။
    ဒီမီးတောက်ကို ဒီမှာငြိမ်းကြပါ…။

    ဂေဇက်ထဲက ညီအကို တူ၊တူမတွေကို မေတ္တာရပ်ခံချင်ပါတယ်။
    ဆဲဆိုတာလေးတွေ နဲနဲ ထိန်းပေးကြပါ…။
    လူမျိုးရေး ဘာသာရေး ဖိနှိပ်တိုက်ခိုက်မိမယ့် စကားလေးတွေ တတ်နိုင်သလောက် ဆင်ခြင်ပေးကြပါ။

    သည်းခံပါလို့ ကျုပ်မပြောဘူး..
    ကျုပ်ကိုယ်တိုင် ရင်ထဲမှာ ဆတ်ဆတ်ခါနေတာ…
    တခြားလောကမှာတော့မသိဘူး-
    လူ့လောကမှာတော့ သည်းခံရမယ့်ဟာလဲရှိတယ်။ သည်းမခံရမယ့်ဟာလည်းရှိတယ်။
    ဒါကြောင့် သည်းခံကြပါ လို့ ကျုပ်မပြောဘူး……။
    ကျုပ်ပြောချင်တာက-
    ပါးနပ်ကြပါ………။
    ကျုပ်တို့ရဲ့ သွေးသားညီအကိုတွေကို စောင့်ရှောက်ချင်ရင်
    ကျုပ်တို့ရဲ့ အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ချင်ရင်
    ပါးနပ်ကြပါ….။

    လောလောဆယ်တော့ သတင်းမှားတွေကို သတင်းမှန်တွေနဲ့ပဲ ချေဖျက်ကြပါ…..။

    (သူကြီးကို မေတ္တာရပ်ခံချင်တာက ဒီကွန်မင့်လေးကို ပိုစ့်အဖြစ်တင်ပါမယ်။ ထားနိုင်ရင်ထားပေးပါ..)

  • က်ိုကိုအိုဗာ

    June 9, 2012 at 12:52 pm

    ဟုတ်ပါတယ်ဗျာ
    ဟုို အကြမ်းဖက်သမားတွေ
    သတင်းတွေကိုပြောင်းပြန်ဝင်ရေးနေတာ
    စီစစ်သင့်ပါတယ်

  • water-melon

    June 9, 2012 at 1:13 pm

    သများက ပို့စ် ၂၅ ပို့စ်တောင် ကျော်မယ်မထင်
    ကျေးဇူးပါ သူကြီးရေ
    တူမလေးကိုလဲ ပြောလိုက်ပါ
    ဖရဲအတွက် စိတ်မပူနဲ့လို့ 😆

  • htoosan

    June 9, 2012 at 1:13 pm

    အရီးလတ် မရေးရ .. ၂၃ ပိုစ်.. 😀
    ကိုသီဟရာဇာက ၂၅ ကျော် ရေးစေ .. ကျွတ်ကျွတ် သူကြီး ဆံပင်ဖြူပြီ..
    သူကြီးရေ .. သတင်းနောက်ကျ မကျ အခုချိန်မှာတော့ အားလုံးက ဂေဇက်တစ်ခုထဲဝင်ဖတ်တာမဟုတ်ဘူးထင်ပါတယ ်။
    သတင်းများ ပိုစ် အရည်အတွက် ဘယ်လောက်ရှိရှိ မရှိရှိ စိစစ်ပြီးမှ သာ တင်သင့်သည် ထင်ပါကြောင်း ။

    • kai

      June 9, 2012 at 1:21 pm

      အယ်ဒီတာ့စကားပဲ..
      အယ်ဒီတာ့အတွေ့အကြုံနဲ့.. ဆုံးဖြတ်ပြီး.. လုပ်ချင်တာလုပ်မယ်လို့.. ပြောလိုရင်းပါ..
      ဆိုတော့..

      ကျုပ်အိပ်ချိန်ရောက်ရင်..ကိုရင်နဲ့..အရီးလတ်..ဆက်ထိမ်းပေတော့..
      တာဝန်လွှဲတယ်..။ :mrgreen:

      • မှော်ဆရာ

        June 9, 2012 at 1:49 pm

        အရီးတော့ ပါးစပ် အကျယ်ချုပ် ခံရပြီ ..
        သူကြီးတို့များနော် …. ။ အာဏာရှင် ပီသလိုက်တာ ..။ မြန်မာနိုင်ငံမှာနေတုန်း သင်သွားတာဖြစ်ရမယ် ..။
        ဟီ ဟိ ….. ရန်တိုက်ပေးပြီးပြီ … လစ်မှ … အပ်ချလောင်း …

    • Foreign Resident

      June 9, 2012 at 2:22 pm

      ” အရီးလတ် မရေးရ .. ၂၃ ပိုစ်.. 😀 ”

      ဟယ် ၊ သနားပါတယ် ။ 😛

      • surmi

        June 9, 2012 at 10:12 pm

        အဘဖော ..
        ကျွန်တော်လည်းပါတယ် ….(၂၁) ပို.စ်
        နောက်လေးပို.စ်လောက် တစ်ယောက်ယောက်ဆီကငှားချင်လိုက်တာ ……။

  • htoosan

    June 9, 2012 at 1:22 pm

    ပြောသာပြောနေတာ မကြာမီ အင်တာမဲကြီးတောင် ရပါ့ဦးမလားမသိ …

  • blackchaw

    June 9, 2012 at 1:27 pm

    ဩော….။
    သူကြီးက အိပ်နိုင်သေးတယ်ပေါ့…။
    ဒီလိုအချိန်မှာ ကိုယ့်ပြည်သူပြည်သားတွေ
    အဖျက်အမှောင့်တွေကြားထဲ ဒုက္ခပင်လယ်ဝေနေတာတောင်
    ပျော်အောင် အိပ်ဦးမယ်ဆိုတော့
    စိမ်းရက်လေအား……………..
    စိမ်းရက်လေအား……………..
    :mrgreen:

  • ကိုချောက သီချင်းနဲ့ပြောတော့ ကျနော်ကလဲ သီချင်းနဲ့ပြောမယ်
    ရှေးသီချင်းလေးပါ။
    (ဒီလိုဘဲကြည့်နေလို့တော့ ပြီးမှာလားမောင်ရေ………………….)တဲ့
    မေလှမြိုင်နဲ့ကိုမြကြီးတို့ရဲ့ ကန်သင်းဆယ်မှာလား ဆိုတဲ့ သီချင်းလေးထဲကစာသားပါ။
    မှန်ပါ၏ ကြည့်နေလို့တော့မပြီးပါ ပို်ဆိုးသွားနိုင်ပါတယ်။

  • Key Key

    June 9, 2012 at 2:00 pm

    ဪဒုက္ခ… ဒုက္ခ…..။
    စီးပွားရေးမကောင်းတော့ ရုံးက သူဌေးကလည်း ဘယ်ကိစ္စမဆို ဆဲ၊
    စိတ်ညစ်ညစ်နဲ့ On Line တက် (ထမင်းစားချိန်)၊ သတင်းဖတ်၊ အင်း…. အားလုံး on line မှာ ဆဲ၊
    ??????????????
    ဆဲသူတိုင်း ဒေါသ ကို အမြန်ဆုံးနဲ့ အကောင်းဆုံးဖြေရှင်းနိုင်ကြပါစေ။
    အားလုံး ငြိမ်းချမ်းကြပါစေ……။

  • ahnyartamar

    June 9, 2012 at 2:02 pm

    ကောင်းသောအစီအစဉ်ပါ။ နောက်တောင်ကျနေသလားလို့။

  • mgwalone

    June 9, 2012 at 2:15 pm

    ကောင်းပါတယ်။ သတင်းဦးကို တက်စေခြင်ပေမဲ့ ဒီအချိန်မှာ မလိုလားအပ်တဲ့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ လုပ်သင့်ပါတယ်။

  • manawphyulay

    June 9, 2012 at 2:38 pm

    သတင်းဆိုတာ မှန်ကန်တိကျမှ တင်တာ ကောင်းပါတယ်။ ကိုယ်တိုင်ကလည်း မသိပဲ ဘယ်သူဘယ်လိုပြောတယ်ဆိုပြီး တက်လာတဲ့သတင်းတွေကျတော့ ဒီဆိုက်ကို အားပေးနေကြတဲ့သူတွေအမြင်မှာ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ဆိုက်အဖြစ် မြင်သွားမှာမလိုလားပါဘူး။ မှားတယ်မှန်တယ်ကို ကိုယ်တိုင်တာဝန်ယူရဲရမယ်ဆိုပေမယ့် တင်တဲ့သူတွေက ဘယ်ကနေ ဘယ်လို တင်နေသလဲဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အရှုပ်အထွေးသတင်းတွေကို စဉ်းစားချင့်ချိန်ပြီးမှ ပိုစ့်တင်တဲ့သူတွေလည်း တင်သင့်တယ်လို့ မြင်မိပါတယ်။ ခုက ဆိုက်က ရေးတဲ့သူများလာတာတော့ အမှန်ပါပဲ။ သူဂျီးတစ်ယောက်ထဲ ရွာကို ထိန်းသိမ်းရတာ တကယ်တော့ မလွယ်လှပါဘူး။ နောက် တည်းဖြတ်ပြီးမှ တင်ဖို့ကျတော့လည်း အချိန်ကို တစ်ချိန်လုံး အာရုံစိုက်ပြီး လုပ်ရမှာဆိုတော့လည်း လွယ်တော့ မလွယ်လှပါဘူး။ သူဂျီးလည်း တစ်ခါတလေတော့ အိပ်ငိုက်တာတွေ ဘာတွေရှိချင်ရှိမှာပေါ့လေ တစ်ချိန်လုံး စောင့်ကြည့်နိုင်မှာ မဟုတ်တဲ့အတွက် မန်ဘာတွေက သတင်းတွေ တင်တဲ့အခါ ကိုယ်တိုင်ကိုယ်ကျ သိရှိပြီး အမှားအမှန်ခွဲခြားပြီး တင်သင့်တယ်လို့ ပြောချင်ပါတယ်။

  • တောင်ပေါ်သား (လူပျော်)

    June 9, 2012 at 2:40 pm

    ဟုတ်ကဲ့ အခုလိုသိခွင့်ရတာ ကျေးဇူးတင်ပါတယ် ကောင်းလည်းကောင်းပါတယ် ကျနော်ကရွာသားအသစ်လေးပါ MG ရွာထဲကိုမနေ့ကမှရောက်တာပါ

  • ရွှေထီး

    June 9, 2012 at 2:53 pm

    တိန်.. တို့တော့ခံရပြီ၊ကိုယ်တွေက junior တွေမှလား..၊ ဒါလည်းကောင်းပါတယ်… ရွာထဲမှာတည်ငြိမ်သွားတာပေ့ါ၊ အခုမှစပြီး..ရွာထဲမှာ ဓါတ်ပုံခန်းလေးဖွင့်မယ်ကြံသေးတယ်…ဒီဘင်္ဂလီတွေ
    တော်တော်ရှုပ်တယ်…အင်း..သကြီးရေ…အခြေအနေတွေတည်ငြိမ်ပြီဆိုရင်..လက်တို့ပါနော့်… ဓါတ်ပုံလေးတွေတင်မလို့ပါ…
    ခင်တဲ့ ရွှေထီး

    • mayjuly

      June 9, 2012 at 3:14 pm

      အယ်မှားနေပီထင်တယ် ကိုရွှေထီးရေ ..
      သူကြီးပြောတာက …
      ” ရခိုင်အရေးအခင်းနဲ့ပါတ်သက်တဲ့ ပို့စ်” ကိုပဲ ပြောတာထင်ပါတယ်နော် …:P

  • ဒေဝ

    June 9, 2012 at 3:35 pm

    ရွှာ ဝင် ဝကဆိုင်းဘုတ်ဖတ်ပြီး ရွာ ထဲ အလည်လာခဲ့တာ ရွာထဲ ကလူတွေဆဲကြ ရိုက် ကြ အတင်းပြောဂုန်းချော ကြနဲ ့ ဖြစ်ချင်တိုင်း ဖြစ် နေတော့ စိတ် ညစ်စရာကြီး ဖြစ်နေတယ်ပြန် တော့ မလို ့ သကြီး မင် း အလာစောသွားလို ့။ ကျေးဇူး ကြီးလှပါတယ်သကြီး ခင်ဗျား ။

  • mg wine

    June 9, 2012 at 5:25 pm

    သတင်း ဆိုပြီး ပွဲဆူအာင်လုပ်နေလို့ သူကြီး စီစစ်စေချင်တာပါ ခုဟာက ၂၅ ပုဒ်မှ ဆိုတော့
    ကျုပ်မောင်ဝိုင်းလည်း ရပ်ပေတော့။
    တခြားဆိုက်တွေမှာလည်း စီစစ်ပြီးမှ စစ်ဆေးပြီးမှ တင်ပါတယ်။

    • မဟာရာဇာ အံစာတုံး

      June 9, 2012 at 5:39 pm

      ကိုမောင်ဝိုင်းရေ …
      ခေါင်းစဉ်မှာ ရေးထားတာက ဂနေ့ အတွက် ရေးထားတာပါ …
      သဂျီးအဆိုအရတော့ ဒီရက်ပိုင်းပေါ့ဗျာ ..
      နောက်တော့လည်း ရခိုင်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုပဲ ပြောတာပါ ..
      ကျန်တဲ့ ပို့စ်တွေ တင်လို့ရပါရဲ့ဗျာ ….
      ဒါကြောင့် မောင်ဝိုင်းလည်း ရပ်စရာမလိုပါဘူး …
      ဆက်သာ လည်ပေတော့ .. ပို့စ် တင်ပါ ..
      သဂျီး မကြိုက်ရင် ဖျက်လိမ့်မယ် … ကြိုက်ရင် လက်ခံလိမ့်မယ် …
      ဒါက သဂျီးအလုပ် … ကျုပ်တို့အလုပ်က တင်ပို့ …
      ဒါဗြဲ …
      😀

  • ဘုကန့်လန့်

    June 9, 2012 at 5:29 pm

    မပြန်ပါနဲ့ ကိုကိုဒေဝ ၊ ကော်ဖီလေးသောက်သွားပါဦး ၊
    တခါတလေ လည်း တိုက်ခိုုက်သံလေးတွေနဲ့ ပွဲစည်တာကောင်းသလိုလို ၊

  • Wow

    June 9, 2012 at 5:44 pm

    တောက်စ်
    ငါတော့ တစ်ပုဒ်ထဲ ကပ်လိုပြီး ဆဲလို့ အဲလေ တင်လို့မရဒေါ့ဘူး 😀

    • မဟာရာဇာ အံစာတုံး

      June 9, 2012 at 5:52 pm

      ဂျီးဒေါ်က ဆဲမယ်ဆိုပါစို့ ..
      ဘယ်လို ဆဲမှာတုန်းဆိုတာ စိတ်ဝင်စားသွားလို့ မေးကြည့်ဒါ ..
      အနော့်ကို ကြောကြရင် ..
      ခုချက်ချင်း စားချင်ဒါ အကုန်ဝယ်ကျွေးပစ်လိုက်မယ် …. 😀

      တစ်ခုဒေါ့ ပြောမယ်နော် ..
      သူကြီး ဆိုတာ ရိုသေရတယ်နော့ …
      (တော်ကြာ နာ့ကို ကြောကြနေမှ တကယ် ဝယ်ကျွေးနေရမှာစိုးလို့ …)
      😀

      • Wow

        June 10, 2012 at 8:20 pm

        တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့
        ဒီကြောင်(MGကြောင်အုပ်စုမဟုတ်ပါ 😛 ) ကို အဝင်ခံတဲ့ သူတွေကိုဆဲချင်တာ…
        အခုတော့ ရခိုင်ကို ကာဖျူးထုတ်ပြီး စစ်တပ်လက်ထဲ ဝကွက်အပ်လိုက်ရပြီ..
        အင်းဒီလိုနဲ့ပဲ လွတ်တော်က စစ်တပ်ကို ဘယ်လိုဖယ်ထုတ်မလဲ…
        ဒီပြည်သူတွေနဲ့ တန်တဲ့ ဒီအစိုးရဆိုတဲ့ စကားတွေ…..
        အင်း… စနစ်ကြောင့်မဟုတ်ဘူး…. ;(

        • Wow

          June 10, 2012 at 8:25 pm

          ပည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂

          ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

          အရေးပေါ်အခြေအနေကြေငြာခြင်း

          ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။

          သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို အမြန်ဆုံးပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေငြာလိုက်သည်။

          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
          ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
          ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

          ပုံ
          သိန်းစိန်
          နိုင်ငံတော်သမ္မတ
          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
          ———————————————————-
          GUYS! IS THAT WHAT YOU REALLY WANTS?

  • Gipsy

    June 9, 2012 at 6:04 pm

    တော်ပါသေးရဲ့ … ကျုပ်တော့ မော်ဒရေးရှင်းနဲ့ ကပ်အောင်တယ် …
    ဒါလဲလေ ရခိုင့်အရေးအခင်း ပို့စ် တင်ရဲဘူးဗျို့…
    ကျုပ်တို့ သံတွဲမြို့ ကနေ လှမ်းကြည့်လို့လဲ မြင်ရတာလဲ မဟုတ်လေတော့….။

  • Thel Nu Aye

    June 9, 2012 at 6:14 pm

    ထောက်ခံပါတယ်သဂျီး။ ဘာတွေမှန်းမသိပဲ အသစ်တွေက နိုင်ငံဆူမဲ့ပိုစ့်တွေတင်တင်နေတာ။ ကြာရင် ရွာနာမည်ပျက်မှာတောင်စိုးရတယ်။

  • Gipsy

    June 9, 2012 at 6:25 pm

    ဟုတ်ပါတယ်ဗျာ … အသစ်တွေက လက်စောင်းထက်လွန်းလှတယ်…
    ဖြူဖြူမဲမဲ အကုန်ဆွဲ နေကြတာ….
    အမှားအမှန် ဝေခွဲလို့ မရနိုင်လောက်အောင်ပါပဲ…..။

  • ဒေဝ

    June 9, 2012 at 6:48 pm

    TNA နဲ ့ Gip တို ့လို သူတွေ တွေ ့ရလို ့စိ်တ် ချမ်း သာပါတယ် ။ ညီလေး ဘု တိုက် တဲ ့ကော်ဖီ သောက်လိုက်ဦးမယ်။

  • ချာလီဂဇက်ဒလဝမ်

    June 9, 2012 at 7:00 pm

    ကျုပ်ကိုလဲ မြည်းစမ်းခွင့်ပေးပါဦး ၊ သိပ်ချိုလွန်းရင် ဆီးချို ဖြစ်မယ်နော ။
    အချိုပေါ့ဆိုရင် ကျုပ်ကိုလဲ တိုက် ။

  • ရဲစည်

    June 9, 2012 at 8:28 pm

    ကျုပ်ကတော့ အခုမှ ပိုစ့်၆ပုဒ်ဘဲ တင်နိူင်တော့ အနေသာကြီးရယ်
    ဒါနဲ့ သတင်းဆိုလို့ ကျုပ်ပတ်ဝင်းကျင်က ဖြစ်နေတာတွေ နေ့တိုင်း သတင်းတင်ရရင်ဖြင့် တနေ့ အပုဒ်၂ဝလောက် ရမယ်ထင်ရဲ့ 🙂
    အဖြူအမည်းရေး သတင်း၊ အညှီအဟောက်သတင်း၊ တလိတဆန်သတင်း၊ အစုံပေါ့ဗျာ ကြာရင် CNNတို့ CCTVတို့ကတောင် ကော်မရှင်တွေ ရကောင်းရဲ့ ဒါပေသိ ကျုပ်တို့က စာဖတ်ခြင်လို့ ဒီဆိုဒ်ကို လာတာ သတင်းဖတ်ခြင်ရင်တော့ တခြားသွားရဲ့ဗျာ
    ဒီမှာ ကြုံလို့ ဆဲတာလေး ပြောခြင်ရဲ့ ကျုပ်လည်း တစ်ခါတစ်လေ ဒီလိုပေါက်လွတ်ပဲစား စိတ်ဓာတ်လေးရှိရဲ့ ခုတော့လည်း ဒိစိတ်လေးပြင်ပြီး စာကောင်း ကွန်းမင့်ကောင်းလေးဘဲ ရေးပါတော့မယ်။ ဒါပေသိ စည်းကမ်းက ထုတ်ပီးသားဆိုတော့ မရေးတော့ပါဘူး 🙁
    ………………………………………………………………………………………………………………………………………………
    kai says:
    ဒီလိုလုပ်မယ်..
    ဒီရက်ပိုင်း.. အခြေအနေရှုပ်ထွေးနေချိန်မှာ.. ပို့စ်၂၅နဲ့အထက်ရေးပြီးသားမန်ဘာ(ရွာသူသားတွေ)ကိုပဲ.. ရခိုင်အရေးအခင်းနဲ့ပါတ်သက်တဲ့ ပို့စ်တင်ခွင့်ပေးမယ်..
    အဲဒါတွေတင်လာရင်.. သတင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်.. ဘာအကြောင်းပြချက်မှမရှိ.. ဖျက်ပစ်ပါမယ်..

    ဆိုတော့..
    အခုကစလုပ်မယ်ဖြစ်ပါကြောင်း..
    ………………………………………………………………………………………………………………………………………………
    ဆိုတော့ ခေါင်းစဉ်ရော သဂျီးမင်းတြား မိန့်တာ ဖတ်ပီးသကာလ ကျုပ်တို့ဆီက သူတွေက ဒီလိုခေါင်းစဉ်လေးနဲ့ ထိန်းရုံဖြင့် မရပေါင် လက်တစ်လုံးခြား နည်းတွေက လွှတ်ကျွမ်းတာ။ ဒီတော့ စည်းကမ်းထုတ်ရင်ဖြင့် လိုတိုးပိုလျော့ လုပ်မနေပါနဲ့ တိတိကျကျသာလုပ် ဒီလိုမမဟုတ် ဒို့သဂျီး တရက်၄၈နာရီလောက် ထိုင်ပီးကြည့်ပေးမယ်ဆိုတော့ လည်းတစ်မျိုးပေါ့ ……………..
    အဲခါ ကျတော့လည်း လူတန်းစားခွဲပါတယ်ဆိုပီး ကျုပ်တို့လို ပေါက်လွတ်ပဲစား ဂိုဏ်းတူညီအစ်ကိုတွေက တွေ့သမျှ ပိုစ့်ဝင်ဆဲကြတော့မှာ… 🙂 🙂
    စိတ်ရှုပ်ပါတယ် ပိုစ့်တင်မရတော့ဒဲ့ အတူတူ ကွန်းမင့်တွေဘဲ အရှည်ကြီးရေးတော့မယ် ဟိုခြောက်မျက်နှာ အဆိုကို ထောက်ခံတာပေါ့
    အဲလိုပြောမှ ရခိုင်ပြည်သတင်းတွေ ပိုစ့်မတက်ဘဲ ကွန်းမင့်တွေထဲ ရေးလာရင်တော့ မသိ သဂျီးပြောသလို သူများနဲ့မတူအောင်ဆိုပီး…. အဟေး ဟေး
    ………………………………………………………………………………………………………………………………………………
    ဒါနဲ့ ကျုပ်ကလည်း အသစ်ဆိုတော့ ဒီဆိုဒ်ရဲ့ ဘိုင်အိုဂရပ်ဖီလေး သိခြင်တော့ ဟိုးရှေးက တင်တာတွေ လိုက်ဖတ်ရင်း နောက်တင်တာတွေနဲ့ ဝေးရင်း ကိုယ့်ဘာသာ ဒေါသတွေထွက် မမြင်ရပါဘူးလေ ဆိုပီး ဝင်ဆဲမိ သံသရာလည်နေတော့တာဘဲ အခုလည်း မျက်နှာစာအုပ်ဘက် သွားဆဲလိုက်ဦးမယ်…..
    သွားပီဗျို့….
    ဂေဇက်မှာမဆဲရတဲ့
    ငဆဲ(ခ)ကလား(ခ)ရီဆဲ(ခ)တယုတ်မဲ(ခ)ဗေပိန်ချုံး
    ဝန်လိုင်းဆဲသူများနှင့်လက်ဆော့သူများပေါက်လွတ်ပဲစားအစည်းအရုံး(ခေတ္တ မောင်းတော)

  • က်ိုကိုအိုဗာ

    June 9, 2012 at 9:26 pm

    ရွာအတွင်းရှိ အစွမ်းစ ရှိသူများသို့ ……
    ကျွန်တော် က ရခိုင်အမျိုးသား တယောက်မဟုတ်ပေမယ့်
    မြန်မာတိုင်းရင်းသား တယောက်အနေနဲ့ သူကြီးဦးစီး၍
    ရွာမှ့ ဩဇာတိက္ကမရှိသူများ ဦးစီးပြီးသကာလ
    အမျိုးသားရေးတာဝန်တရပ် အားလျှော်စွာ
    မြန်မာနိုင်ငံသားအားလုံးအရေကိစ္စ ကို
    (သောင်းကျန်းသူအဖျက်သမားဘင်္ဂလီများ)
    သမ်မတ ကြီးထံသို့ တင်ပြပေးပါရန် အလေးအနက်
    တောာင်ဆို ပါသည်။

  • chityimhtoo

    June 10, 2012 at 8:51 am

    နာမည်ကြီးလို့ဖတ်ကျတာမဟုတ်ဘူးကွ…သတင်းဦးသတင်းထူးမို့လို့ဖတ်ကျတာ။သတင်းတစ်ခုကြားပြီ
    ဆိုတာနဲ့ ဘယ် website ကသတင်းထူးလည်း ဘယ် blog ကသတင်းဦးလည်းဆိုပြီးဖတ်ကျတာ။
    ပို့စ်၂၅နဲ့အထက်ရေးပြီးသားမန်ဘာ(ရွာသူသားတွေ)ကိုပဲ.. ရခိုင်အရေးအခင်းနဲ့ပါတ်သက်တဲ့ ပို့စ်တင်ခွင့်ပေးမယ်..
    အဲဒါတွေတင်လာရင်.. သတင်းဖြစ်ဖြစ်.. ဘာဖြစ်ဖြစ်.. ဘာအကြောင်းပြချက်မှမရှိ.. ဖျက်ပစ်ပါမယ်..ဒဂျီး
    အသိ..သတိရှိစမ်းပါ။ကဲခုသတင်းထူးတာလေးကိုတင်ချင်တဲ့ မန်ဘာသစ်ဆိုဘယ်လိုလုပ်မလည်း။
    ဒီထဲမှာရှိတဲ့ မန်ဘာဝင်တွေရဲ့သတင်းထူးတာနဲ့ တင်တာလေးတွေကြောင့် Mandalay gazette နာမည်
    ကောင်းရသလို..မန်ဘာဝင်တွေရဲ့ သတင်းဦးသတင်းထူးတာလည်း အရေးကြီးဆုံးဘဲ။

  • Mann Thu Lay

    June 10, 2012 at 9:37 am

    အားလုံးမင်္ဂလာပါ။ ညီမက ဂေဇက် စာဖတ် ပရိသတ်ပါ။ ရခိုင် အရေးနဲ့ ပက်သက်ပြီး ပထမဆုံး comment ပေးတာဖြစ်သလို မြန်မာလိုလဲ မရိုက်တတ်ပါဘုူး။ တတ်နိုင်သလောက် ပါဝင်လှုဒါန်းချင် ပါတယ်။ စင်္ကာပူမှ လက်ခံယူမည့်သူကို သိပါရစေ။

  • kai

    June 10, 2012 at 4:49 pm

    Bosnian Genocide
    en.wikipedia.org/wiki/Bosnian_Genocide
    The term Bosnian Genocide refers to either the genocide committed by Bosnian Serb forces in Srebrenica in 1995 or the ethnic cleansing campaign that took …

    လူမျိုးတမျိုးမျိုးက.. တခြားလူမျိုးတမျိုးမျိုးကို.. ဘယ်အကြောင်းပြချက်နဲ့မှ(ဘယ်အကြောင်းပြချက်နဲ့မှ) မျိုးဖြုတ်သတ်ဖြတ်ခွင့် မရှိပါ..။
    တကယ်လို့ဒါက ဖြစ်ခဲ့တယ်.. ဆိုရင်… ကမ္ဘာ့တရားဥပဒေအရ အရေးယူခံရပါလိမ့်မယ်..

    ဆိုတော့.
    ဒို့ရွာသူားတွေ.. မျိုးဖြုတ်သတ်ပစ်(Genocide) ဆိုတဲ့.. စကားမပြောကြဖို့.. စာမရေးကြဖို့.. ကော်မန့်မချကြဖို့… လူသားစည်းကမ်းလိုက်နာကြဖို့.. ဖြစ်ပါကြောင်း…

    • ကိုရင်စည်သူ

      June 10, 2012 at 6:41 pm

      ဟုတ်ပါဒယ်.. သဂျီးမင်း… ကိုရင်တို့ ရွာသူားဟောင်းတွေကတော့
      ရိုဟင်ဂျာမပြောနဲ့ ကိုယ့်ကို သွေးစုပ်တဲ့ ခြင်တောင် တခါမှ အမျိုးဖြုတ်ဖို့
      မတွေးရဲထားပါဘူး…
      အခုလေးဒင် သတင်းတစ်ခုတပ်လာပါတယ်။ သဂျီးမင်းရေ..
      အနော်တို့ကတော့ မျိုးမဖြုတ်ပါဘူး.. သူရို့က တို့အမျိုးလာဖြုတ်ရင်ကော
      ဒီအတိုင်းလေး မအော်ပဲ ငြိမ်နေရတော့မှာလားဟင်… 😳 😳
      ဒီည ရှစ်နာရီကျရင် နိုင်ငံတောင်သမဒကြီးက မိန်းခွန်းဟောပြောမယ်တဲ့။
      ညကျ မိန့်ခွန်းထဲ့မှာ ဒို့သဂျီးပြောဒဲ့ လူသားစည်းကမ်းနဲ့ မျိုးဖြုတ်သတ်ပစ်(Genocide) တွေ
      ပါလာမှာတော့ မြင်ယောင်သေး… 🙄

  • သားဦး၊မြေးဦး

    June 10, 2012 at 7:20 pm

    တော်သင့်ရုံဆိုရင် ရပ်တန် ့သင့်ပါပီလို ့ပြောချင်ပါတယ်။လူမျိုးတုန်းသတ်ဖြတ်မှုမှာ
    နာမည်ကြီး ဟစ်တလာတောင် အပြီးမသတ်နိုင်ခဲ့တာ။ခုကိစ္စမှာ အတော်အချိန်ယူ
    ဖြေရှင်းရမှာ။
    စိတ်တော့ အတော်ဆင်းရဲပါ၏။တသက်နဲ ့တကိုယ်ဗျာ မကြားဖူးတဲ့ အကြမ်းဖက်မှု
    တွေကြားရ၊ညမထွက်ရအမိန် ့(ပုဒ်မ-၁၄၄)တွေကြားရ၊ထုတ်ပြန်ထားရနဲ ့ဗျာ။ဟူးးးးးးးးးးးးးးးးးး

  • captainamerica

    June 10, 2012 at 8:51 pm

    ဟုတ်ပါဘီ သူဂျီးရယ် သူဂျီးပြောတဲ့ကမ္ဘာ့တရားဥပဒေဆုတာကို ကိုယ်တွေက
    လိုက်နာဘီထားပါဦး။သူဂျီးပြောသလို(Genocide) မလုပ်ပါဝူး ကိုယ်တွေဘက်က
    သူတို.တရားမဲ့လာလုပ်နေတဲ့ကိစ္စဆိုရင်ကော ဘယ်လိုနည်းနဲ.ဖြေရှင်းရမလဲလို.
    သူဂျီးဆီကအကြံပေးစကားလေးကြားပရစေလား။မေတာ္တပဲနာနာထိုင်ပို.ရမလား?????
    မေတ္တာဟာအရာရာကိုအောင်နိုင်စွမ်းတယ်ဆိုလို.ပါ။ ဘင်္ဂါလီလူမျိုးများကျန်းမာ
    ချမ်းသာကြပါစေ……………………..

  • ပေစိ

    June 11, 2012 at 1:31 am

    သူကြီးက မတရားဘူး အေးဝတီကြီးကျတင်လို့ရတယ် တင်တဲ့ ကျုပ်တို့လဲ ရွာသားအဟောင်းထဲပါတဲ့ မန်းဂေဇက်ချစ်တဲ့ မန်းသားစစ်စစ်တွေပါဗျ မရေးရလို့တော့ ပြသနာမရှိပါဘူး ကိုယ်က ကိုယ်သိတာလေး မျှဝေပေးတဲ့သဘောပဲလေ
    ကဲကိုအေးဝတီကြီးတင်လို့ရတယ်ဆိုတော့ ရိုဟင်ဂျာ ခင်ဗျားအမျိုးတွေ ကျုပ်တို့အမျိုးရခိုင်တွေကို မီးရှို့နေတဲ့ပုံတွေ အကြမ်းဖက်နေတဲ့ပုံတွေ တင်တော့လေ လင့်ခ်တွေမသိလို့လား ဘာလဲစောင့်ကြည့်တယ် ဆိုတာ ကျုပ်တို့မြန်မာဘက်က ပြန်ပြီးလုပ်တာကိုစောင့်ကြည့်ပြီး ရိုဟင်ဂျာဘင်္ဂါလီတွေခံရတာကို စောင့် ကြည့်နေတာလား အဲဒီကုလားတွေခံရတာကိုဝါဒါဖြန့်ချင်တာလား မင်းဝါဒဖြန့်ကုလားဆိုတာသိပ်သိသာတယ်

  • SkyHeart WinKo

    June 11, 2012 at 1:47 am

    ဆဲကြပါစေဗျာ၊ စာလည်းမတတ်၊ ပေလည်းမတတ်၊ မိလည်းမဆုံးမ၊ ဖလည်းမဆုံးမ လေးတွေမို့ပါ။

  • etone

    June 11, 2012 at 3:03 pm

    ဒီအိုင်ဒီယာကောင်းပါတယ် … ။
    မန်ဘာဝင်လို့လည်း လွယ် ၊ ပို့စ်တင်လို့လည်း လွယ်တော့ … တင်ချင်တာတင်ပြီး ဝါဒဖြန့်သူတွေ ခုတုံးလုပ်တဲ့ နေရာတစ်ခုလို ၊ အသုံးချခံနေရတာ …. ။ အချိန်မှီသာ မထိန်းချုပ်လျှင် … ရေစုန်မျောရတော့မယ့်ကိန်းမို့ … ဒီအကြံကို ထောက်ခံအားပေးလိုက်ပါတယ် ။

  • SkyHeart WinKo

    June 11, 2012 at 3:41 pm

    အများအတွက် ကိုယ့်ငွေ၊ကိုယ့်ချွှေး၊ကိုယ့်သွှေးနှင့် လက်တွေ့မင်းကိုယ်တိုင်လုပ်ခဲ့လျှင် အားလုံးကိုစိက်ဆိုးမိမှာပါ။
    မိုက်တစ်လုံးနိုင်ငံရေးသမားနှင့် YCDC သိစေရန်ကို ဖွင့်ကြည့်စေချင်ပါတယ်။

  • Alaung Phaya

    June 11, 2012 at 4:12 pm

    သင့်ကြောင့် ………မသာပုံများ Internet ပေါ်မတက်ပါစေနှင့်။ ကျေးဇူးပါ။

Leave a Reply