မြန်မာပြည်သူတွေ အားလုံးက ချစ်မြတ်နိုးလေးစားရတဲ့၊ ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံတကာ အစိုးရတွေအပါအ၀င် ကမ္ဘာ့ပြည်သူတွေအားလုံးက လေးစားဂုဏ်ပြုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးကောင်းတစ်ဦးရဲ့  ဓါတ်ပုံကို ခြေထောက်နဲ့  လူမြင်ကွင်းရှေ့ မှာ ပေါ်တင် ခြေထောက်နဲ့  ကန်ပြရဲတဲ့ နယူးယောက်မြို့ က်စစ်ဝန်ရုံး ၀န်ထမ်း ငမိုက်သားရဲ့  ရိုင်းစိုင်းတဲ့လုပ်ရပ်ကို အမေရိကနအစိုးရထံ အသိပေးတိုင်ကြားကြပြီး နအဖသံတမန်တစ်ဦးရဲ့  မယဉ်ကျေး မဖွယ်ရာမှုကို ထုတ်ဖေါ်ကြပါ။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရိုးသားဖြူစင်တဲ့ဂုဏ်သိက္ခာ၊ ပြည့်ဝထူးချွန်တဲ့ အရည်အချင်း၊ မြင့်မြတ်ခိုင်မြဲတဲ့ သူရသတ္တိ၊ တည်ကြည်ဖြောင့်မတ်တဲ့ စိတ်နေစိတ်ထား၊ လေးစားဂုဏ်ပြထိုက်တဲ့ ပြည်သူ့ အတွက်ဆောင်ရွက်မှုတွေကို လက်ပါးစေတွေအနေနဲ့  ကောင်းကင်နဲ့  မြေကြီး နံ့ သာဆီနဲ့  အီးပမာ ကွာခြားလွန်းတာကြောင့် ဒေါ်အော်ငဆန်းစုကြည်အပေါ် ယုတ်မာသောနည်းပေါင်းများစွာနဲ့  နောက်ကွယ်ကတစ်မျိုး ဗြောင်ကြကြတစ်မျိုး တိုက်ခိုက်ပုတ်ခတ်လေ့ရှိခဲ့ကြပါတယ်။ လုပ်ကြံဖန်တီးမှုပေါင်းမြောက်မြားစွာနဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဂုဏ်သိက္ခာကိုထိပါးစော်ကားကြပါတယ်။

ယုတ်မာလို့  အားမရသေး ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လူထုစည်းရုံးရေး ခရီးစဉ်ဖြစ်တဲ့ ဒီပဲယင်းမှာ ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ကို ထိခိုက်အောင် လုပ်ကြံတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ဆောင်ခဲ့ကြတယ်။

ယခုလည်း မြန်မာပြည်သူတွေ ကမ္ဘာ့ပြည်သူတွေအားလုံးက ချစ်မြတ်နိုးလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၆၅) နှစ်မြောက်မွေးနေ့  အခမ်းအနားတွေကို မတရားနေအိမ်အကျဉ်းချခံနေရဆဲဖြစ်တဲ့ မွေးနေ့ ရှင်ကိုယ်စား အားလုံးက ကိုယ်ချင်းစာကြတဲ့အနေနဲ့  ပြည်တွင်းပြည်ပ နေရာဒေသအနှံ့ မှာ ကျင်းပဂုဏ်ပြုနေကြတာကို မနှာလို မရှူရက်နိုင်နေကြတဲ့ နအဖအာဏာရူးတစ်သိုက်နဲ့  လက်ပါးစေ ကျွန်ပါးဝခွေးတစ်စုက သူတို့ ရဲ့  ရိုင်းစိုင်းမှုတွေ ယုတ်မာမှုတွေကို မအောင့်အီးထားနိုင်လောက်အောင် ထုတ်ဖေါ်ရိုင်းစိုင်းပြပါတော့တယ်။

About Bayote

Bayote has written 395 post in this Website..