သတင်းမှားတွေကို သတင်းမှန်နဲ့ ချေဖျက်ကြပါ

 

 

 

သတင်းမှားတွေကို  သတင်းမှန်နဲ့  ချေဖျက်ကြပါ…..။

သတင်းကို  သတင်းအတိုင်းသာ  တင်ပြီး  သတင်းအတိုင်းသာ  ဖတ်ရှု့သိမှတ်သုံးသပ်ကြစေချင်ပါတယ်….။

 

စိတ်အေးအေးထားပြီး တကွက်နှစ်ကွက်လောက် ကျော်ကြည့်ရင်  သွေးထိုးမှု့တွေ  လှုံ့ဆော်မှု့တွေကို  တွေ့ရပါမယ်။

 

ဒါနိုင်ငံရေးကိစ္စမဟုတ်ပါဘူး…  နိုင်ငံရေးကိစ္စအဖြစ်မခံကြပါနဲ့….

ဒါ ဘာသာရေးကိစ္စမဟုတ်ပါဘူး…  ဘာသာရေးကိစ္စ အဖြစ်မခံကြပါနဲ့….

 

ဒါဟာ  ရာဇဝတ်မှု့ပါ

ဒါဟာ  ဆူပူသောင်းကျန်းမှု့ပါ

ဒါဟာ  သတ်ဖြတ်ဖျက်ဆီးမှု့ပါ

ဒါဟာ  ဘာသာရေးမှ-လူမျိုးရေး  >  လူမျိုးရေးမှ-ဘာသာရေး   အဆင့်ဆင့်နွယ်ပြီး  ကြီးထွားအောင်လုပ်နေတဲ့  ဖြစ်စဉ်တခုသာဖြစ်ပါတယ်။

ဒါဟာ  အခု  လူမျိုးရေး  အဆင့်  ရောက်နေပါပြီ…။

ဒီမီးတောက်ကို   ဒီမှာငြိမ်းကြပါ…။

 

ဂေဇက်ထဲက  ညီအကို တူ၊တူမတွေကို  မေတ္တာရပ်ခံချင်ပါတယ်။

ဆဲဆိုတာလေးတွေ  နဲနဲ  ထိန်းပေးကြပါ…။

လူမျိုးရေး  ဘာသာရေး  ဖိနှိပ်တိုက်ခိုက်မိမယ့် စကားလေးတွေ တတ်နိုင်သလောက် ဆင်ခြင်ပေးကြပါ။

 

သည်းခံပါလို့  ကျုပ်မပြောဘူး..

ကျုပ်ကိုယ်တိုင်  ရင်ထဲမှာ  ဆတ်ဆတ်ခါနေတာ…

တခြားလောကမှာတော့မသိဘူး-

လူ့လောကမှာတော့ သည်းခံရမယ့်ဟာလဲရှိတယ်။ သည်းမခံရမယ့်ဟာလည်းရှိတယ်။

ဒါကြောင့်  သည်းခံကြပါ  လို့  ကျုပ်မပြောဘူး……။

 

ကျုပ်ပြောချင်တာက-

ပါးနပ်ကြပါ………။

ကျုပ်တို့ရဲ့  သွေးသားညီအကိုတွေကို စောင့်ရှောက်ချင်ရင်

ကျုပ်တို့ရဲ့  အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ချင်ရင်

ပါးနပ်ကြပါ….။

 

လောလောဆယ်တော့  သတင်းမှားတွေကို သတင်းမှန်တွေနဲ့ပဲ ချေဖျက်ကြပါ…..။

 

 

ဦးဦးပါလေရာ

 

 

24 comments

  • blackchaw

    June 9, 2012 at 1:07 pm

    ဒါနိုင်ငံရေးကိစ္စမဟုတ်ပါဘူး… နိုင်ငံရေးကိစ္စအဖြစ်မခံကြပါနဲ့….
    ဒါ ဘာသာရေးကိစ္စမဟုတ်ပါဘူး… ဘာသာရေးကိစ္စ အဖြစ်မခံကြပါနဲ့….
    ဒါဟာ ရာဇဝတ်မှု့ပါ
    ဒါဟာ ဆူပူသောင်းကျန်းမှု့ပါ
    ဒါဟာ သတ်ဖြတ်ဖျက်ဆီးမှု့ပါ
    ဒါဟာ ဘာသာရေးမှ-လူမျိုးရေး > လူမျိုးရေးမှ-ဘာသာရေး အဆင့်ဆင့်နွယ်ပြီး ကြီးထွားအောင်လုပ်နေတဲ့ ဖြစ်စဉ်တခုသာဖြစ်ပါတယ်။
    ဒါဟာ အခု လူမျိုးရေး အဆင့် ရောက်နေပါပြီ…။
    ဒီမီးတောက်ကို ဒီမှာငြိမ်းကြပါ…။

    အမှန်တကယ် လိုအပ်နေတဲ့ ဦးဆောင်မှု ပေးတဲ့ ပို့စ်ပါ။
    ခုနက ကွန်းမန့် ဖတ်ထားပြီးပါပြီ။
    ကျွန်တော်တို့ ရွာထဲက အော်ဆဲနေရုံနဲ့
    ကျွန်တော်တို့ ညီကိုမောင်နှမတွေကို မကယ်တင်နိုင်ပါဘူး။
    ခေါင်းအေးအေးထားပြီး တုန့်ပြန်ကြဖို့ ကိုပါလေရာကြီးရဲ့
    နောက်က ဝင်ပြီး ပြောပါရစေခင်ဗျာ။

  • အေးဝတီ ကြီး

    June 9, 2012 at 1:18 pm

    ပြေလည်မှ ုကို ဦးတည်တဲ့ ရွာထဲက လူကြီးလူကောင်းတစ်ယောက်၏
    ပို ့စ်ကို လေးစားမိတယ်။အားလူံးသူ အတုယူ အတတ်သင်တတ်ပါစေ။

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 1:22 pm

    ဘာပြောလို ့ပြောရမှန်း မသိပါဘူးဗျာ..
    မီးတောက်တွေ အမြန်ငြိမ်းနိုင်ပါစေလို ့ပဲ……

    • မှော်ဆရာ

      June 9, 2012 at 1:30 pm

      မီးတောက်တွေ ငြိမ်းဖို့ဆိုတာထက် နောက်မဖြစ်အောင် ် ပိပိရိရိနဲ့ အစတုံး ဖြေရှင်းခဲ့ဖို့လိုတယ်ဗျာ ..

  • htoosan

    June 9, 2012 at 1:39 pm

    ဘာသာရေးမှ-လူမျိုးရေး > လူမျိုးရေးမှ-ဘာသာရေး > မှ နိုင်ငံရေး
    ဆဲဆိုနေကြ .လက်သီးလက်မောင်းတန်းပြနေကြမဲ့ အစား ဘဖောပြောတဲ့ ပြန်လည်တည်ဆောက်ရေး ငွေလှုကြတာလေး စိတ်မဝင်စားကြဘူးလား ..

    • Foreign Resident

      June 9, 2012 at 2:09 pm

      ကို htoosan

      အခုလေးတင် အဘ ကိုရွှေတိုက်စိုး ကို request လုပ်ခဲ့သေးတယ် ။
      ဖျက်ခံရတဲ့ ရွာတွေ အိမ်တွေ မနဲဘူး ။
      ရခိုင် ညီနောင်တွေ ပြန်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကြရအောင်ဗျာ ။

      ကို Shwe Tike Soe ရေ ။

      ကို Shwe Tike Soe လဲ အလှူငွေ လှူဘို့ စိတ်ကူးရှိရင် ၊
      ကျေးဇူးပြုပြီး ကို Shwe Tike Soe ကပဲ ၊
      နဲနဲ ဦးစီးပြီး အလှူငွေကောက် လိုက်ပါလား ။
      အဘ ဒီလ ၂ဝ ရက်လောက် ရန်ကုန် ပြန်ရောက်မယ် ။
      အဲတော့ အဘ အလှူငွေ ငါးသိန်းထည့်မယ်လေ ။
      အခုချက်ချင်း လိုချင်ရင်လည်း ရပါတယ် ။
      ကို Shwe Tike Soe ဆီမှာ အဘ လိပ်စာကဒ် ရှိတာပဲ ။
      အဘ အိမ်ကို အဘ ဖုန်းဆက်ပေး လိုက်မယ် ။ သွားယူလို့ရတယ် ။

      အခုလေးတင်ပဲ may flowers ဆိုတဲ့ သမီးလေးတောင် ၊
      လုပ်ဖြစ်ရင် သူ ငါးသောင်းထည့်မယ် လို့ပြောနေတယ် ။
      ကောက်လို့ရရင် ” ရခိုင် ဒုက္ခသည် ကူညီရေး ” ဆိုပြီး ၊
      MG နာမည် နှင့် သွားလှူကြမယ်လေ ။
      သူကြီး ကတော့ သဘောတူပါ့မလား မသိဘူး ။

      အဘတို့လည်း တိုင်းရင်းသားတွေကို ၊
      ပါးစပ် နှင့်ပဲ ချစ်ပြနေကြတာ ၊
      ဒီလို မိုးထဲလေထဲမှာမှ လက်မပါရင် ။
      ဘယ်တော့ ပါမှာလဲ ။
      နဲတာ များတာ အကြောင်း မဟုတ်ပါဘူး ။
      စိတ်ထားလေး ပြချင်တာပါ ။

      ရန်ကုန်မှာ အလှူခံမယ့် အဖွဲ့တွေတော့ ရှိမှာပါ ။
      ( ဥပမာ ။ ။ ဦးကျော်သူ )

      အဲဒီအတွက်တော့ စိတ်မပူနှင့် ၊
      အနဲဆုံး ၊ အဘ သူငယ်ချင်း တစ်ယောက်က ရခိုင် ခေါင်းဆောင် ၊
      ဒီနေ့စကားပြောတော့တောင် သူကပြောတယ် ၊
      RNDP ကပြောတယ် ရိုဟင်ဂျာ ၅၀၀ဝ လက်နက်ကိုင်ထားပြီတဲ့ ၊
      ဒါကြောင့် သူတို့ ရခိုင်တွေဖက်ကနေလဲ ၊
      ရခိုင် ကာကွယ်ရေး ပြည်သူ့စစ် ဖွဲ့ပြီး ၊ လက်နက်ကိုင်ခွင့်ပေးဖို့ ၊
      အစိုးရကို တောင်းဆိုမယ် လို့ ပြောနေတယ် ။
      နို့မို့ရင် ရခိုင်တွေ ၊ ရခိုင်ပြည်ထဲမှာ မနေရဲတော့ဘူးတဲ့ ။

      • kai

        June 9, 2012 at 2:21 pm

        သဘောတူပါတယ်..။
        ရခိုင့်အရေးပဲ… ။ မနက်ဖြန်တောင်.. အိမ်နားကရခိုင်တွေဆီ လည်လည်သွားမလို့..
        သဘက်ခါတော့.. အိမ်နားကပဲ.. မြန်မာမွတ်ဆလင်တွေဆီ.. ဖုန်းဆက်ဦးမယ်..

        ဒုက္ခသည်ဆိုတဲ့.. စာသား.. နာမည်တော့ မသုံးစေချင်…
        ဒုက္ခကိုသည်ဆောင်ရောင်းဝယ်နေသူများမဟုတ်တာကြောင့်ပါ.. 🙂

      • စိန်ဗိုက်ဗိုက်

        June 9, 2012 at 2:40 pm

        အလုပ်သင့်ဆုံး အလုပ်ကို အချိန်မီ စဉ်းစားနိုင်တဲ့အတွက် စဉ်းစားကြစေလိုပါတယ် ကြီးကို ကွန်ကရက်ကျူဒေးချင်း ပါဗျား..

      • Shwe Tike Soe

        June 9, 2012 at 9:54 pm

        ဟုတ်ကဲ့ပါ အဘ ကျွန်တော် ပိုက်ဆံအလှူငွေ လာရောက်ထည့်ဝင်သူတွေကို လက်ခံပေးပါမယ်… ကျွန်တော် တစ်ယောက်ထဲတော့ အကုန်လုံး ရမှာမဟုတ်ဘူး တစ်ယောက်နှစ်ယောက်လောက်တော့ အကူလိုပါတယ် အဘ ဖောရေ..
        ဘယ်နေ.ဘယ်ရက် စ မလဲဆိုတာ တိတိကျကျလေးပြောပေးပါ… အဆင်သင့်ပါပဲ..

  • သိပ်ကိုမှန်တဲ့စကားပါ ကိုပါရေ။
    အခုဒီမှာဖြစ်နေတာက ပိုစ်တစ်ခုတင်လို်က်တယ်။
    မှားလား မှန်လားမသိသေးခင် စိတ်ဓါတ်မကောင်းတဲ့တစ်ယောက်က
    ဝင်ပြီး အပျက်သဘောနဲမန်းပြီး ပွဲဆူအောင်လုပ်လိုက်တယ်.
    အဲဒီမှာ ဟုတ်တာ မှန်တာ ဘေးအသားထား
    ကလေးများလိုစကား နိုင်လုပြိးပြောကြငြင်းကြ.
    နောက်တော့ အဆဲလေးတွေပါလာ။.
    အဲဒီမှာ အညှောင့်ထောင်တဲ့ကောင်က ဒီဂရီမြင့်လာအောင် ဓါတ်ဆီလောင်း။
    ဒီလိုဖြစ်နေတာ ကြာပေါ့။
    တစ်ခုတော့ ပြောချင်ပါတယ်။
    ပြဿနာ တစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ဘက်က ဝင်ပြောပေးသူတိုင်းကို ကိုယ့်လူမမှတ်ပါနဲ့။
    သူ့လုူကိုယ့်ဘက်သားလုပ်ပြိး ပြဿနာ မကြီးကြီးအောင် လုပ်တတ်သူတွေရှိတတ်တာကို သတိထားဘို့ပါ။
    ဒါကတော့ ကျနော့်အမြင်လေးပါ။

  • water-melon

    June 9, 2012 at 2:21 pm

    လှူဖြစ်ရင်ပြောဗျာ
    ရှိသမျှ ပစ္စည်းအကုန်ပေါင်ပြီးလှူမယ်
    အမြန်ဆုံးပြီးပါစေ

    • Foreign Resident

      June 9, 2012 at 3:11 pm

      ရှိသမျှ ပစ္စည်းတော့ အကုန် မပေါင်ပါနှင့်ကွယ် ။
      ခါးဝတ် ခါးစားလေးတော့ ချန်ထားပါအုန်း ။ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 9, 2012 at 2:23 pm

    ကောင်းဘာဒယ် ဒီလိုဘဲဖြစ်သင့်ဘာဒယ်
    မရှင်းနိုင်သ၍ ရှုပ်နေမှာပါဘဲ
    အဖြူအမဲကွဲအောင်ကြည့်တတ်ဘို့က ကိုယ့်ရဲ့ အရည်သွေးဘဲ
    ခွင့်ပေးလိုက်ပါ
    ကိုယ်တွေကလည်း သတင်းတွေ စာတွေကို ဘယ်လောက်ဝေဖန်ဆုံးဖြတ်နိုင်သလဲဆိုတာကို
    ပြသခွင့်ရတာပေါ့

  • YE YINT HLAING

    June 9, 2012 at 3:09 pm

    A Ba Foreign,

    I would like to transfer also.
    How can I do ?
    Let me know please .

    Regards,
    Ye Yint

    • Foreign Resident

      June 9, 2012 at 3:21 pm

      YE YINT HLAING ရေ
      ဟိုဘက် Post မှာတော့ လူစုနေ စည်းဝေးနေကြပြီ ။
      သွားဖတ်ကြည့်လိုက်ဦး ။

      ” ဘဖောနှင့် ရွာသူားများသို့ ”
      —http://myanmargazette.net/128667/mandalay-gazette-2/opinion—

  • ဘုကန့်လန့်

    June 9, 2012 at 5:02 pm

    ငြိမ်းချမ်းရေးဆောင် ပို့စ်လေး မို့ ဝင်ဖတ်ရသူအနေနဲ့ခဏတော့ အေးချမ်းသွားသလိုဖြစ်မိပါတယ် ။

  • ရွာစားကျော်

    June 9, 2012 at 7:59 pm

    Yel Kaung ဆိုသူ တင်ထားတဲ့ သတင်းအမှားတွေကို (ဓာတ်ပုံနှင့်တကွ) သတင်းအမှန်နဲ့ ချေဖျက်ထားပါတယ် ဦးဦးပါလေရာ
    အားပေးပါအုံး..
    http://myanmargazette.net/128873/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news

  • အရီး Khin Latt

    June 9, 2012 at 9:04 pm

    ကိုပါရေ

    ကောင်းလိုက်တဲ့ ခေါင်းစဉ်၊ ဒါကြောင့် “မရှိမဖြစ် “ပါ” ” လို့ ခေါ်ရတော့မယ်။

    မနက်က ဖတ်ရုံဖတ်သွားခဲ့ရတယ်။
    ပြီးခဲ့တဲ့ အပါတ် က “အိမ်ဆေးသုတ်ပွဲ” ကို အဆုံးသတ်နေရလို့။
    ဒီမှာတော့ သာမာန် “ဒီအိုင်ဝိုင်” ကတော့ ကိုယ့်အားကိုယ်ကိုး ပါဘဲ။
    မဟုတ်ရင် ဆင်ဖိုးထက် ချွန်းဖိုးကြီး သကိုး။
    (ဤကား – စကားချပ်)

    ကျွန်မ အင်တာနက်သုံးစ က တွေ့သမျှ ဘာသတင်းဖြစ်ဖြစ် အဟုတ်ကြီး မှတ် လို့။
    နောက်မှ မှန်တာလဲ ရှိ၊ မှားတာတွေလဲ တစ်ပုံတစ်ခေါင်း ဆိုတာ တွေ့လာတယ်။
    မြန်မာ သတင်း ဆိုပိုလို့ တောင်စဉ်းစားရတယ်။
    ဒါတောင် အငိုက်မိတာတွေ ရှိဆဲ။

    ဒီတော့ ဘကြီးပု မိန့်သလို “အဖြူအမဲကွဲအောင်ကြည့်တတ်ဘို့က ကိုယ့်ရဲ့ အရည်သွေးဘဲ” ဆိုတာ နဲ့ ကျွန်မတို့ ရဲ့ စဉ်းစား ချင့်ချိန်နိုင်မှု ကို မြှင့်တင်ကြတာပေါ့။

    တိုင်းပြည် လုံခြုံရေးကို ကိုယ့်ကိုယ်ကို နဲ့ နှိုင်း ပြောရရင်
    ကျွန်မ အနေနဲ့ အပြင်မှာ လာတောင်းတဲ့ သူတောင်းစား ဆိုရင် ကိုယ့်မရှိရှိတာ နဲ့ မျှကျွေး ချင်စိတ် ရှိပါတယ်။
    ဒါပေမဲ့ အိမ်ထဲ ကို ဝင်ပြီး ဓားပြတိုက်မယ်၊
    ကိုယ့်သားသမီး ကို အသက် အန္တရာယ်ဖြစ်အောင် စော်ကားလာမယ်
    ဆိုရင်တော့ သူတို့ ကို ပြန်သတ်မှာဘဲ။
    ဥပဒေကြီးစိုးတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း သူများ ကို သတ်မိရင် ကိုယ့်မှာ အပြစ်မရှိဘူး။
    ဒါအတွက် ငရဲကြီး မယ် ဆိုရင်လဲ ကိစ္စမရှိပါဘူး။ ကြီးပါစေတော့။
    ကိုယ့်တာဝန်က ကိုယ့်မိသားစု ကို အဓိက ကာကွယ်ရမှာမဟုတ်လား။

    ဘာလဲ။
    ရှင် က ကျုပ်ပြောတာကို ရီစရာ မှတ်လို့လား။
    တကယ်မလုပ်ရဲဘူး မထင်နဲ့။
    ကျွန်မ မြန်မာပြည်မှာ နေတုန်းက ညဉ့်နက်သန်းခေါင်ထိ အလုပ်လုပ်တတ်တယ်။
    ပြန်ရင် အလုပ်ထဲ က သကောင့်သားတွေက လိုက်ပို့ဖို့ အော်ဖာ လုပ်လေ့ရှိတယ်။
    ဒီတော့ ကျွန်မ အိတ်ထဲ က အသွား ၈ လက်မ လောက်ရှိတဲ့ လက်ကိုင်လှလှ လေးနဲ့ “ဓား” ကို ထုတ်ပြလိုက်တယ်။
    ရှင်တို့ထက်ပိုပြီး အားကိုးရတယ်လို့။
    ၃၅ လောက်မှ တစ်ခုခု ကို သဘောပေါက်သွားတယ်။
    ဒါနဲ့ “ငါ့ ဓား လေးပျောက်သွားတယ်” လို့ ကြော်ညာ လိုက်မှ ရှားပါးစွာ “ကိုယ်ရံတော်” တစ်ယောက်ရခဲ့လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျား။
    (ဤကား – စကားပို ၊ ရှင့် Post မှာ မဆိုင်တာတွေ လာလျှာရှည် လို့ မကျေနပ်က သူကြီး ကို ရန်ထောင်ပါ။ သူက ကျုပ် ကို ဒါမျိုး Post တင်ခွင့် ပိတ်ထားတယ်။ ဒါဘဲ 😉 )

    ဒီတော့ တာဝန်ရှိသူ တိုင်းပြည် အုပ်ချုပ်သူများ ကိုလဲ
    ကိုယ့် ရဲ့ သားသမီး ပြည်သူ/သား များကို မတရားမှု ကြောင့် ဖြစ်နေတဲ့ အသက်ဘေးအန္တရာယ် ကနေ တာဝန်ယူ ကာကွယ်ပေးပါ လို့ တကဲ့ကို အနူးအညွတ် တောင်းပန်ပါတယ်ရှင့်။

    • ဦးဦးပါလေရာ

      June 9, 2012 at 11:00 pm

      😛
      အော်… အခုအချိန်မျိုးများ မခင်လတ်ဒီမှာရှိနေရင်
      ဘယ်လောက်အားတက်စရာကောင်းလိုက်မလဲလို့….

      ကျုပ်လဲ ပြောချင်တာတွေထက် ပြောစရာတွေကိုပဲ တဆင့်ချင်း ပြောနေမိပါတယ် ။

      စကားမစပ်….
      အချိန်မီ အချိန်ကောင်းမှာ ဓါးပျောက်လိုက်တာပေါ့နော်…
      ကလေးတွေကိုတော့ ဓါးမဆောင်ခို်င်းပါနဲ့….
      လက်တွေ့တွေ့နဲ့ တသက်လုံးဆောင်နေဦးမယ်…. 😀 😀

    • pooch

      June 10, 2012 at 12:06 am

      အရီးရေ ကျမကတော့ ဓားဆောင်နေတုန်းပဲ ။ အန္တရယ်တွေက ပိုပိုပြီး ကြီးလာလို့။ :mrgreen:

      ဟုတ်ပါ့ ဦးပါရေ အိမ်မှာလည်း အဲ့ဒါပြောနေတာပေါ့ ။လှည့်ကွက်တွေလို့။ ပိုပို မြင်သာလာသလိုပါပဲ။ အဲ့ဒီနောက်ကွယ်မှာ တခုခုတော့ ရှိနေပါပြီ။
      ဘွားကနဲ့ ဘာထွက်လာမလဲပဲ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရပါပြီ။
      ဘာမှ မပေါ်လာပဲ ဒီတင်ရပ်ပြီး အားလုံးအေးချမ်းသွားရင် အကောင်းဆုံးပဲ။

  • surmi

    June 9, 2012 at 9:57 pm

    ကားသမားစကားနဲ.ပြောရရင်
    ဘက်ဂီယာထိုးပြီး ၊ (ဂ) ငယ်ကွေ. ကွေ.မှာတောင် စိုးရိမ်မိသေး ……..။
    ဘာဘဲဖြစ်ဖြစ် MG မောင်နှမများ ကတော. စဉ်းစားသဘောပေါက်ကြမှာပါလေ …..။

  • အမေ့သား -ကြောင်ပါး

    June 9, 2012 at 10:08 pm

    ဟုတ်ပါတယ် ဦးပါ ဒီအချိန်မှာ ဒါအကောင်းဆုံးပါ

Leave a Reply