1 တိမ်တိုက် လယ်ကွင်း မိုူင်းညို့သောတောင်တန်းများနဲ့ မြင်ကွင်းကျယ် မိးခိုးလေးတွေအူနေပုံက လွမ်းစရာ

 

2 ဒီနေရာလေးရောက်တော့ ကြည့်ရတဲ့မြင်ကွင်းအားလုံးက ပြောင်းလဲသွားလို့လှပပါပေတယ်။

 

3 အပေါ်စီးကလှမ်းမြင်နေရတဲ့ ကျနော်ဖြတ်လာခဲ့တဲ့ ကားရပ်နားစခန်းလေး

 

4 ကွတ်ခိုင်အဝင်က ကိုယ်ဟန်ပြမယ် အမှတ်တစ်

5 အရင်က ပန်းရိုးမပြက္ခဒိန်မှာ ကိုယ်ဟန်ပြမယ်အဖြစ်ပါဘူးသူ................

 

6 တတိယမြောက် ကိုယ်ဟန်ပြမယ်

 

7 သဘာဝကျောက်ဆောင်အလှအပများ

8 အခုတော့ ဆိုင်ခန်းလေးတွေစောင့်ရှောက်သူတွေနဲ့ပေါ့

9 ကျောက်ဆောင်မှာ ဆိုင်ကလေးဖွင့်ထားတယ်

10တစ်ခါလောက်တော့ ဒီဆိုင်လေးမှာ ဝင်ထိုင်ချင်ပါတယ်

11 အနီးကပ်ကျောက်ဆောင်ကြီးတွေ

12 ကြည့်ရတာ ဝက်ဝံအမဲကြီးထိုင်နေသလို

13 အပေါ်ရောက်တော့ သမင်လည်ပြန်အကြည့်မှာ...........................

14 တောင်တန်းများကြားကလွင်ပြင်

 

15လာရာလမ်းကို ပြန်လည့်အကြည့် ့ အဝေးမှာကျောက်ဆောင်တွေမူံဝါးဝါး

 

15ခ တူသလိုလို မတူသလိူလို

16အပေါ်က စီးမြင်ရတဲ့ ကိုယ်လာခဲ့တဲ့လမ်းကလေး

17 သိန်းနီနဲ့ကွတ်ခိုင်ကြားကအလှ

 

18 လမ်းအကွေ့လေးပါမြင်နေရတဲ့ မြို့မြင်ကွင်း

19 တိမ်အလွင့်

20 ကွတ်ခိုင်မရောက်သေးခင်တောင်တန်းတွေရဲ့အလှ

 

21 တောင်တန်းများရဲ့အလှ

22 သစ်မြစ်ဆုံတွေအများကြီးဘဲနော် ဘာလုပ်ဘို့လဲမသိ

23 အဲဒီကျောက်တောင်ကြိးနံဘေးကကပ်သွားရတာလေ

24 တိမ်မဲညို တို့ လွင့် အလာ

25 ကျနော်နှစ်သက်တဲ့ရိုက်ချက်လေးပါ

 

ဇာတ်လမ်းမရှိတဲ့ကွတ်ခိုင်……………….(သူတို့ဆီအသွား အပိုင်းသုံး)

 

ရှေးသီချင်းတွေထဲက နာမယ်ကြီးသီချင်းဖြစ်တဲ့ ယောဆရာကြီး ဆိုတဲ့သီချင်းလေးရှိပါတယ်။

မူရင်းမအေးမိ ကနေ တင်တင်မြ လက်ထဲရောက်တော့ မှ ကျနော်နားထောင်ဘူးတာပါ.

အဲဒီသီချင်းရဲ့ ခြေဆင်းအပိုဒ်မှာ   “သိန်းနီ သီပေါ စာပြန်ပြောတဲ့ ကမ္ဘောဇနယ်……………..”

ဆိုတဲ့စာသားလေးပါ ပါတယ်။

မရောက်ဘူးခင်ထင်မိတာက သိန်နီ သီပေါ အနီးလေးလို့ထင်ခဲ့မိပါတယ်။

တကယ်ရောက်တော့မှ အဝေးကြီးဆိုတာသိရပါတယ်။

အပေါ်စီးက သိန်းနီမြို့က တကယ်ဘဲလှပတဲ့မြို့လေးဖြစ်ပါတယ်။

ဒီခရိးကိုပထမတစ်ခေါက်ရောက်စဉ်က ကျောက်ဆောင်တွေအလ၊ှကို ငေးမောခဲ့ဘူးပါတယ်။

ကားဆရာကကျနော်ကိုပြောပြတာတော့ ဒီပုံတွေကို ပန်းရိုးမ ပြက္ခဒိန်ထုတ်တုန်းက ဒီကျောက်ဆောင်နားမှာလာရိုက်တာပါတဲ့။

အဲဒီအချိန်က ကင်မရာမရှိတော့ သူပြောတာကိုနားထောင်ရင်းငေးမော။

ဒီတစ်ခေါက်မှာတော့ အဲဒီနား မရောက်ခင်ကတည်းကကျောက်ဆောင်တွေရိုက်ဘို့စိတ်ကူးထားပြီးသားပါ။

ရောက်တဲ့အခါမှာ တကယ်လဲရိုက်ဖြစ်ပါတယ်။

ဒီကျောက်ဆောင်တွေလွန်ပြီးရင်လမ်းကလေးက ကွေ့ကောက်ပြီးတောင်ပေါ်ကိုတက်သွားပါတယ်။

တောင်ပေါ်ရောက်လို့ အောက်ငုံ့ကြည့်တဲ့အခါ ကိုယ်လာရာလမ်းကလေးကိုပြန်မြင်ရ။

နောက်တောင်အမြင့်ဆုံးရောက်ချိန်အောက်ငုံကြည့်တော့ တောင်တန်းများကြားက အိမ်ကလေးတွေကအစီအရီ။

ကွတ်ခိုင်ဘက်ရောက်လေလေ တောင်တန်းများက လှလေလေပါဘဲ။

လွိုင်ဆမ်ဆစ်ခေါ်တဲ့ တောင်တစ်ဆယ့်သုံးလုံးက ဒီနားလေးမှာပါဘဲ။

ကားဆရာက မကြာခင်ကွတ်ခို်င်ရောက်တော့မယ်။

အဲဒီရောက်မှထမင်းစားကြရအောင်ပြောပါတယ်။

အချိန်ကတော့ 2နာရီမတ်တင်း။

 

ကွတ်ခို်င်ရောက်တော့မယ်ဆိုတော့ သီချင်းလေးတပုဒ်သတိရမိ။

‘အခါတရာ ခေါင်းရမ်းသူ တစ်ခါယောင်ပြီးအငြိမ့်မှာ ကြင်နာသူဘဝ အရယူလာ……………………..”

ဆိုတဲ့ ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ် ဆိုတဲ့ သီချင်းစာသားလေးပါဘဲ။

ကျနော့်မှာတော့ ဇာတ်လမ်းမရှိပါ။

သို့သော်…………………………

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများ

(12-6-2012)

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။