ဇာတ်လမ်းမရှိတဲ့ကွတ်ခိုင်……………….(သူတို့ဆီအသွား အပိုင်းသုံး)

1 တိမ်တိုက် လယ်ကွင်း မိုူင်းညို့သောတောင်တန်းများနဲ့ မြင်ကွင်းကျယ် မိးခိုးလေးတွေအူနေပုံက လွမ်းစရာ

 

2 ဒီနေရာလေးရောက်တော့ ကြည့်ရတဲ့မြင်ကွင်းအားလုံးက ပြောင်းလဲသွားလို့လှပပါပေတယ်။

 

3 အပေါ်စီးကလှမ်းမြင်နေရတဲ့ ကျနော်ဖြတ်လာခဲ့တဲ့ ကားရပ်နားစခန်းလေး

 

4 ကွတ်ခိုင်အဝင်က ကိုယ်ဟန်ပြမယ် အမှတ်တစ်
5 အရင်က ပန်းရိုးမပြက္ခဒိန်မှာ ကိုယ်ဟန်ပြမယ်အဖြစ်ပါဘူးသူ................

 

6 တတိယမြောက် ကိုယ်ဟန်ပြမယ်

 

7 သဘာဝကျောက်ဆောင်အလှအပများ
8 အခုတော့ ဆိုင်ခန်းလေးတွေစောင့်ရှောက်သူတွေနဲ့ပေါ့
9 ကျောက်ဆောင်မှာ ဆိုင်ကလေးဖွင့်ထားတယ်
10တစ်ခါလောက်တော့ ဒီဆိုင်လေးမှာ ဝင်ထိုင်ချင်ပါတယ်
11 အနီးကပ်ကျောက်ဆောင်ကြီးတွေ
12 ကြည့်ရတာ ဝက်ဝံအမဲကြီးထိုင်နေသလို
13 အပေါ်ရောက်တော့ သမင်လည်ပြန်အကြည့်မှာ...........................
14 တောင်တန်းများကြားကလွင်ပြင်

 

15လာရာလမ်းကို ပြန်လည့်အကြည့် ့ အဝေးမှာကျောက်ဆောင်တွေမူံဝါးဝါး

 

15ခ တူသလိုလို မတူသလိူလို
16အပေါ်က စီးမြင်ရတဲ့ ကိုယ်လာခဲ့တဲ့လမ်းကလေး
17 သိန်းနီနဲ့ကွတ်ခိုင်ကြားကအလှ

 

18 လမ်းအကွေ့လေးပါမြင်နေရတဲ့ မြို့မြင်ကွင်း
19 တိမ်အလွင့်
20 ကွတ်ခိုင်မရောက်သေးခင်တောင်တန်းတွေရဲ့အလှ

 

21 တောင်တန်းများရဲ့အလှ
22 သစ်မြစ်ဆုံတွေအများကြီးဘဲနော် ဘာလုပ်ဘို့လဲမသိ
23 အဲဒီကျောက်တောင်ကြိးနံဘေးကကပ်သွားရတာလေ
24 တိမ်မဲညို တို့ လွင့် အလာ
25 ကျနော်နှစ်သက်တဲ့ရိုက်ချက်လေးပါ

 

ဇာတ်လမ်းမရှိတဲ့ကွတ်ခိုင်……………….(သူတို့ဆီအသွား အပိုင်းသုံး)

 

ရှေးသီချင်းတွေထဲက နာမယ်ကြီးသီချင်းဖြစ်တဲ့ ယောဆရာကြီး ဆိုတဲ့သီချင်းလေးရှိပါတယ်။

မူရင်းမအေးမိ ကနေ တင်တင်မြ လက်ထဲရောက်တော့ မှ ကျနော်နားထောင်ဘူးတာပါ.

အဲဒီသီချင်းရဲ့ ခြေဆင်းအပိုဒ်မှာ   “သိန်းနီ သီပေါ စာပြန်ပြောတဲ့ ကမ္ဘောဇနယ်……………..”

ဆိုတဲ့စာသားလေးပါ ပါတယ်။

မရောက်ဘူးခင်ထင်မိတာက သိန်နီ သီပေါ အနီးလေးလို့ထင်ခဲ့မိပါတယ်။

တကယ်ရောက်တော့မှ အဝေးကြီးဆိုတာသိရပါတယ်။

အပေါ်စီးက သိန်းနီမြို့က တကယ်ဘဲလှပတဲ့မြို့လေးဖြစ်ပါတယ်။

ဒီခရိးကိုပထမတစ်ခေါက်ရောက်စဉ်က ကျောက်ဆောင်တွေအလ၊ှကို ငေးမောခဲ့ဘူးပါတယ်။

ကားဆရာကကျနော်ကိုပြောပြတာတော့ ဒီပုံတွေကို ပန်းရိုးမ ပြက္ခဒိန်ထုတ်တုန်းက ဒီကျောက်ဆောင်နားမှာလာရိုက်တာပါတဲ့။

အဲဒီအချိန်က ကင်မရာမရှိတော့ သူပြောတာကိုနားထောင်ရင်းငေးမော။

ဒီတစ်ခေါက်မှာတော့ အဲဒီနား မရောက်ခင်ကတည်းကကျောက်ဆောင်တွေရိုက်ဘို့စိတ်ကူးထားပြီးသားပါ။

ရောက်တဲ့အခါမှာ တကယ်လဲရိုက်ဖြစ်ပါတယ်။

ဒီကျောက်ဆောင်တွေလွန်ပြီးရင်လမ်းကလေးက ကွေ့ကောက်ပြီးတောင်ပေါ်ကိုတက်သွားပါတယ်။

တောင်ပေါ်ရောက်လို့ အောက်ငုံ့ကြည့်တဲ့အခါ ကိုယ်လာရာလမ်းကလေးကိုပြန်မြင်ရ။

နောက်တောင်အမြင့်ဆုံးရောက်ချိန်အောက်ငုံကြည့်တော့ တောင်တန်းများကြားက အိမ်ကလေးတွေကအစီအရီ။

ကွတ်ခိုင်ဘက်ရောက်လေလေ တောင်တန်းများက လှလေလေပါဘဲ။

လွိုင်ဆမ်ဆစ်ခေါ်တဲ့ တောင်တစ်ဆယ့်သုံးလုံးက ဒီနားလေးမှာပါဘဲ။

ကားဆရာက မကြာခင်ကွတ်ခို်င်ရောက်တော့မယ်။

အဲဒီရောက်မှထမင်းစားကြရအောင်ပြောပါတယ်။

အချိန်ကတော့ 2နာရီမတ်တင်း။

 

ကွတ်ခို်င်ရောက်တော့မယ်ဆိုတော့ သီချင်းလေးတပုဒ်သတိရမိ။

‘အခါတရာ ခေါင်းရမ်းသူ တစ်ခါယောင်ပြီးအငြိမ့်မှာ ကြင်နာသူဘဝ အရယူလာ……………………..”

ဆိုတဲ့ ကွတ်ခိုင်က ဇာတ်လမ်းတစ်ပုဒ် ဆိုတဲ့ သီချင်းစာသားလေးပါဘဲ။

ကျနော့်မှာတော့ ဇာတ်လမ်းမရှိပါ။

သို့သော်…………………………

 

 

ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများ

(12-6-2012)

 

 

 

 

9 comments

  • မောင်ပေ

    June 12, 2012 at 9:57 am

    လားရှိုးမြို့က ကောင်မလေး ဆိုတဲ့ သီချင်းထဲကလိုမျိုး
    တွေ့ခဲ့ရတယ် မို့လား….
    မုန်ညှင်းနံ့လေး မအီမွှေး
    ကိုပေါက် ဆိုတယ်တေး။

  • Ma Ei

    June 12, 2012 at 12:27 pm

    လှပတဲ့ ကျောက်တောင်တွေကို သဘာဝပတ်ဝန်းကျင်အလှ
    အတိုင်းရှိစေချင်လိုက်တာ…
    1 ရယ် 25 ရယ် လှတယ်…

  • ညလေး

    June 12, 2012 at 12:43 pm

    လေးပေါက်…..
    လွယ်ဆမ်ဆစ် ဆိုတဲ.အဓိပယ်လေးမှားနေတယ်နော်…..
    လွယ် ဆိုတာက ရှမ်းလို “တောင်ကုန်း”ပါ
    ဆမ်ဆစ် ကတော့ “သုံးဆယ်”ပါ
    အဲ.တော့ တောင်အလုံးသုံးဆယ်ပေါ့………..
    လွယ်ဆမ်ဆစ်
    အခါခါဖျတ်သွား ဖျတ်လာဘူးတဲ……..
    ရှုခင်းလေးတွေကို မှတ်တမ်းမတင်ဖြစ်တာ နောင်တရမိပါတယ်……
    ခရီးသွားနေတဲ…..မန်းဂေဇက်က လေးလေးပေါက် ….ခုလို တင်ပြပေးတာကိုလည်းကျေးဇူးအရမ်းတင်ပါဂျောင်း……..

  • pooch

    June 12, 2012 at 1:06 pm

    လေးပေါက် အောက်ဆုံးပုံ အကြိုက်ဆုံးပဲ
    ဒါနဲ့ ဇာတ်လမ်း မရှိဘူးဆိုတော့ ရှိချင်သေးတာလား လောက်ပေးက ။ အန်တီနဲ့တိုင်မှာနော်။ 😀

  • etone

    June 12, 2012 at 2:44 pm

    လေးပေါက်ရေ .. မ ရောက်ဖူးတဲ့ နေရာတွေကို ကြည့်ခွင့်ပေးတဲ့အတွက် …ကျေးဇူးတင်ပါတယ်နော် ။
    ပုံတွေကြည့်ရ င်း … မဆီမဆိုင်တွေးမိတယ် … ညဘက်သာ အဲ့လို နေရာမျိုးဖြတ်မောင်းလို့ကတော့ … လမ်းမီးလည်း မရှိတာကြောင့် … အတော်ခြောက်ခြားစရာကောင်းမယ်နော် … ။ ဒါ့ပြင် လူနေအိမ်တွေနဲ့လည်း အလှမ်းဝေးတာကြောင့် … ရမ်းကားသူတွေကို စိတ်တော့ပူမိသား … ။ ကားမကောင်းလို့ ညကြီး အချိန်မတော် … အဲ့နေရာမှာသာ ရပ်နေရလျှင် … ကိုယ့်လိပ်ပြာကိုယ်လန့်ပြီး ချောက်ခြားလို့ … သေမှာပဲ …. အဟီး … (တွေးကြည့်တာ ) 😀

  • Shwe Ei

    June 12, 2012 at 3:05 pm

    ကျနော်ဆိုရင်တော့ အကွေ့အကောက်လမ်းတွေဆို မကြည့်နို်င်ဘူး ခေါင်းမူးလို့။ ပြီးတော့ ခရီးသွားရင် တလမ်းလုံးအိပ်ပျော်နေတတ်တော့ ဘာရှုခင်းမှ မမြင်ခဲ့ရဘူး။ အခုလို ပင်ပန်းခံပြီး တင်ပေးနေတဲ့လူတွေရှိလို့ မြင်ရတွေ့ရတာ။ ကျေးကျေးပါ လေးပေါက်ရေ 😀

  • ဟုတ်တယ် ညလေးရေ တောင်အလုံးသုံးဆယ်ရေးရမှာ ဘယ်နှယ့်လုပ်ပြီး ဆယ့်သုံးရေးမိတယ်မသိပါဘူး။
    မှားနေတာလေးပြောပြပေးတာ ကျေးဇူးပါ။
    အီးတုံးရေ ညည်းလိုကြောက်တဲ့လူတွေရှိလို့နေမှာ ဒီနားက ညဆို မဖြတ်ကြဘူး
    ရွှေအိရေ အကွေ့အကောက် ကတော့ တော်တော်များများ မူးတတ်ကြပါတယ်။
    မယ်ပု ညည်းကလဲ တကတည်းမအေ ငါ့ကို တစ်ချိန်လုံး မဒမ်ပေါက်နဲ့ကိုင်ခြောက်နေတော့တာဘဲ။
    မယ်အိရေ ဒီကျောက်တောင်လေးတွေကတော့ နဂိုရ်အတိုင်းထားမယ်ပြောကြတာပါဘဲ။
    မောင်ပေ မင်းအတွက် ငါပိုကြည့်လာခဲ့ပါတယ်နော်

  • shwe kyi

    June 12, 2012 at 3:46 pm

    လေးပေါက်ရေ ကျေးဇူးပါနော်။ ရောက်ဖူးချင်တယ် အဲလိုနေရာမျိူးတွေ။
    အတော်လေးကိုအေးချမ်းမှာပဲ။ ပုံနံပါတ် 20နဲ့ 25ကိုကြိုက်တယ်။
    လေကောင်းလေသန့်ရမှာပဲ။

  • MaMa

    June 12, 2012 at 7:19 pm

    ကွတ်ခိုင်လို့ ပြောလိုက်တာနဲ့ ကိုပေါက် အစထုတ်ပြလိုက်တဲ့ စိုင်းဆိုင်မောရဲ့ ရွှေခိုင်သူ သီချင်းလေးကို ကြားယောင်မိလာတယ်။
    မော်ဒလယ်လေးကလည်း မိုက်မှမိုက်။
    🙂

Leave a Reply