မင့်း ရဲ့ ရည်ရွယ်ချက်ကဘာလဲ ?

အလှအပကို ရှိုးပြ

တစ်ဖက်သား ဘဝပျက်အောင်

မကြည်ဆယ်ပါနှင့်……….

အလှအပ ဆိုတာ

တဒင်္ဂ……..

ဘဝ လှဖို့က

ထာဝရပါ……..

ဦးတည်ရာမဲ့တဲ့ ခြေလှမ်း

လျှောက်လှမ်းမိလျှင်ဖြင့်

ခြေတစ်လှမ်းမှန်လျှင် ကုဋေတစ်သန်း

ခြေတစ်လှမ်းမှားလျှင်ဖြင့် (—————-)

ပဲ့ မပါတဲ့   လှေငယ်လို

ဦးတည်ရာမဲ့စွာ

လှော်ခပ်မယ်ဆိုလျှင်……….

လန်းဆန်းနေတဲ့

မင့်း ဘဝပန်းလေး

မညှိုးနွမ်းစေချင်ပါဘူး

လန်းဆန်းနေဆဲပါ…….လို့

မင့်းကိုယ်မင်း

Good Questions 

ထုတ်ကြည့်မယ်ဆိုလျှင်………

မင့်း ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ

Good Answers

ထွက်ပေါ်လာမှာပါ……။

       ခင်မင်းလေးစားစွာဖြင့်

                         အရင့်ရောင်

8 comments

  • ကို ကို

    June 9, 2012 at 3:55 pm

    အလှအပကို ရှိုးပြ

    တစ်ဖက်သား ဘဝပျက်အောင်

    မကြည်ဆယ်ပါနှင့်……….

    အလှအပ ဆိုတာ

    တဒင်္ဂ……..

    ဘဝ လှဖို့က

    ထာဝရပါ……..
    ကောင်းလိုက်တဲ့ ကဗျာလေးပါ
    ကိုအရင့်ရောင်
    အားပေးရင်းခံစားသွားတယ်နော်
    ပျော်ရွှင်ပါစေလို့………..ဆုတောင်းပေးလိုက်ပါတယ်

  • အလင်းဆက်

    June 9, 2012 at 7:33 pm

    ကျွန်တော့်ရည်ရွယ်ချက်ကတော့…..
    စာရူးပေရူးလေးတစ်ယောက်.ဖြစ်လာဖို ့ပါ ။

    ဒီကဗျာလေးကလည်း.ကျွန်တော့်လို စာရူးပေရူးလေး ဖြစ်ချင်သူအတွက်..ရင်ထဲကို ရောက်လာတဲ ့.ကဗျာလေးပေါ့။

  • မောင်ပေ

    June 9, 2012 at 8:05 pm

    ဂွတ်ဂါးဗားမန် ့လာပြီ ဆိုမှတော့
    ဂွတ် စီတီဇင်း ဘဲ ဖြစ်အောင် ကြိုးစားရမယ်ဗျ ။

    • MaMa

      June 9, 2012 at 10:50 pm

      မောင်ပေ မောင်ပေ ဒီလိုဆိုတော့လည်း အတည်ကြီးပါလား။
      မောင်ပေပြောသလို ဖြစ်အောင် ကြိုးစားပါဦးမည်။ 🙂

  • a me

    June 10, 2012 at 3:14 pm

    ဏိတ်မဆိုးရင်မေးပါ့ရစေ ဘာလို့ ဒီလိုကဗျာမျိူးတင်ရတာလည်း လို့

    • အရင့်ရောင်

      June 11, 2012 at 10:52 am

      စိတ် မဆိုးပါဘူး
      ရည်ရွယ်ချက်ရှိရှိ လျှောက်လှမ်းစေချင်တဲ့
      အရင့်ရောင် ရင်ထဲက စေတနာပါ
      ခင်တဲ့
      အရင့်ရောင်

  • ahnyartamar

    June 10, 2012 at 8:55 pm

    မင်းရဲ့ရည်ရွယ်ချက်ကတော့…လှည့်စားချင်းပါ။

    • အရင့်ရောင်

      June 11, 2012 at 10:54 am

      ahnyartamar @ နော်
      လှည့်စားမှုကို ခံစားခဲ့ရတယ်နဲ့တူတယ်နော်….ဟီးးး
      ခင်တဲ့
      အရင့်ရောင်

Leave a Reply