နှင်းဆီ

ဆူးတွေဝန်းရံနေသော နှင်းဆီပန်း

အို……..နှင်းဆီ

မင့်း ရဲ့ဆူးတွေအောက်မှာ

ငါ့ ရဲ့လက်တွေကို

သွေးပျက်စွာနဲ့

ဝပ်စင်းအပ်နှင်းပြီး

ပေးဆပ်ခဲ့ရ……….

နှင်းဆီ……..ရေ

မျှော်လင့်ချက်ဆိုတာ

မျှော်လင့်သလို

ဖြစ်မလာခဲ့တာ

ခူးမိလျှင်………

ခူးမိတဲ့အလျှောက်

ဒဏ်ရာ  ဒဏ်ချက်တွေနဲ့

ပျောက်ပျယ်လွင့်ပျက်ဖို့ ဆိုတာ

မဖြစ်နိုင်ပါ ။……………..

နှင်းဆီ……….လေးရယ်

ငါပိုင်ဆိုင်ချင်တာဟာ

ဆူးလည်းမဟုတ်……

အခက်လည်းမဟုတ်………

မင့်း ရဲ့……….

သင်းထုံတဲ့မွှေး ရနံ့လေးနဲ့

နူးညံ့ ပြီး………

ကြည်နူးဖွယ်ကောင်းတဲ့

ပွင့်လွှာလေးကိုပဲ

ကို………. က

ပိုင်ဆိုင်ချင်တာ

နှင်းဆီ ပွင့်လေးရယ်ပါ……….

နှင်းဆီ……ရယ်

အခုတော့……….

ဆူးစူးခဲ့မိတဲ့

ဒဏ်ရာတွေနဲ့ အတူ

သွေးရောင်တွေလွှမ်းသွားတဲ့

ကို့ ရဲ့ လက်ဖဝါးလေးကို

မင်း  မသနားတော့ဘူးလား…..

နှင်းဆီ……ရယ်။

နှင်းဆီ …… လေးရယ်

ကို ……….  က

ဖြူစင်လှပတဲ့

မင့်း ရဲ့ ပွင့်လွှာလေးကို

ကို့  ရဲ့

သွေးတွေ စွန်းထင်းသွားမှာ

စိုးကြောက်လို့

ကို့ ရဲ့လက်နှင့်

မခူးဆွတ်ပဲ

ကို့ ရဲ့ နှလုံးသားမှာ

အမြဲထာဝရ

ပွင့်လန်းနေမယ့်

ပန်းအလှ……….

နှင်းဆီလေး အဖြစ်

မြတ်မြတ်နိုးနိုး

သိမ်းဆည်းထားပါရစေ

နှင်းဆီလေးရယ်………….

ကို့ ရင်ထဲက ဖြူစင်တဲ့ နှင်းဆီးလေး

ခင်မင်လေးစားစွာဖြင့်

အရင့်ရောင်

27 comments

  • water-melon

    June 9, 2012 at 2:51 pm

    ရွာထဲက မနှင်းဆီတော့ မဟုတ်ပါဘူးနော်
    အဟီ
    မခင်နှင်းဆီ

  • အရင့်ရောင်

    June 9, 2012 at 2:56 pm

    water-melon@ လေးရေ
    ရွာထဲက မနှင်းဆီ မဟုတ်ပါဘူးနော်
    အရင့်ရောင် ရဲ့ ရင်ထဲက
    ဖရဲမ ဟြေသလို မခင် နှင်းဆီပါ ဖရဲရေ
    ခင်တဲ့
    အရင့်ရောင်

  • water-melon

    June 9, 2012 at 3:04 pm

    တိုတိုဖရဲရင်ထဲက
    မနှင်းဆီကတော့ မနေ့တစ်နေ့ကဘဲ အရောင်ပြောင်းသွားပါပြီ
    ဘာလိုအကြောင်းကြောင့်ပြောင်းသွားလဲတော့မသိ

    • အရင့်ရောင်

      June 9, 2012 at 3:13 pm

      သိမ်းဆည်းတာ လိုအပ်မှုရှိသွားလို့
      အရောင်ပြောင်းသွားတာနေပါ့မယ်
      တန်ဖိုးမထားလို့ပေါ့နော်
      ဟီးးးးးးးးးးး

  • ကို ကို

    June 9, 2012 at 4:11 pm

    ပိုင်ဆိုင်ချင်တဲ့
    နှင်းဆီလေး ကိုပိုင်ဆိုင်ခွင့်ရပါစေ…..

  • shwe kyi

    June 9, 2012 at 4:46 pm

    ပန်းပုံတွေ လှလိုက်တာ ကိုအရင့်ရယ်။
    ဟီးးးး ကဗျာလည်းကောင်းပါတယ်။
    နှင်းဆီကို ရွှေကြည်လည်းကြိုက်တယ် ကြိုက်ပါရစေနော်။

  • ညလေး

    June 9, 2012 at 5:34 pm

    “ကိုအရင့်ရောင် ” ရဲ.အချစ်က “ပန်းငုံတဲ.ဆူး” ဆိုတဲ.အချစ်မျိုုးပေါ့နော်……
    စုပ်လည်းဆူး စားရင်လည်းရူး ဆိုတဲ.အတိုင်း မစားဘဲနဲ. တယုတယလေး
    လုံခြုံအောင်………ငုံထားတာကောင်းမယ်ထင့်….

  • မောင်ပေ

    June 10, 2012 at 2:04 am

    သော်တာဆွေ ရဲ့ မခင်နှင်းဆီ ဝတ္ထုကို သတိရမိသဗျာ ။

  • မဟာရာဇာ အံစာတုံး

    June 10, 2012 at 12:17 pm

    ရိုစီ မင်းကို ယူဆောင်လာသူ လောကထဲ
    နာမည် လွယ်လွယ် ပျံ့လွင့်နေ …
    မခင်နှင်းဆီရယ် … နှင်း .. ဆီ ..
    နှင်းဆီ ဆိုလို့ …
    ကိုလေးဖြူ သီချင်းရော၊ ကိုလွှမ်းမိုး သီချင်းရောပါ သတိရသွားဒယ်ဂျာ ..
    လူဒွေ ဘာဖစ်လို့ နှင်းဆီကို အချစ်နဲ့ တင်စားဂျပါလိမ့်နော် …

  • ahnyartamar

    June 10, 2012 at 8:53 pm

    နှင်းဆီ၊
    သင်းကြည်၊
    အရောင်အသွေးစုံလင်စွာဖြင့်၊
    မွှေးသည်။

  • အရင့်ရောင်

    June 11, 2012 at 10:45 am

    shwe kyi@ စာမျက်နှာပေါ်က နှင်းဆီကိုတော့ ရွှေကြည် ကြိုက်လို့ ရပါတယ်နော်
    အရင့်ရောင် ရဲ့ ရင်ထဲက နှင်းဆီကိုတော့…အရင့်ရောင် ပဲ သိမ်းဆည်းထားပါရစေနော်…
    ညလေး @ ဟြေသလို အာခံတွင်းမှာ ငုံထားလိုက်ချင်တယ် သိလား ဟီဟိ………
    သားဦး၊မြေးဦး@ နှင်းဆီ ဆိုတာ ပန်း……….
    မခင် နှင်းဆီ ဆိုပြန်တော့…….
    မခင်ပန်းကလေးပေါ့နော်……….
    သီချင်းလေးက အရမ်းကိုရင်ထဲ ထိပါတယ်………
    မောင်ပေ @ မခင် နှင်းဆီ ဆိုတာ အရင့်ရောင် အတွက်ကတော့
    ဝတ္ထု မဟုတ်ဘူးဗျို့
    ရင်တွင်းဖြစ် ဇာတ်လမ်း……..
    အရင့်ရောင် (ရင်တွင်းဖြစ်) ပေါ့ဗျာ………ဟီးးးးးး
    မဟာရာဇာ အံစာတုံး @ ညီလေးကိုယ်တိုင် တင်စားကြည့်ပါ့
    နှင်းဆီဆိုတာ ဘယ်လောက် နူးညံ့ ပါသလဲ ဆိုတာ သိလာလိမ့်မယ်နော်
    အချစ်၏နူးညံ့မှုကို တော့ မမီဘူးပေါ့ဗျာ……….
    အဟက်အဟက်………
    ahnyartamar @ က နှင်းဆီကို အရောင်အသွေး စုံလင်စွာ
    နမ်းရှိုက်ဖူးသည်ထင်ပါ့နော်
    အရင့်ရောင် ကတော့
    တစ်ပွင့်တည်းသော နှင်းဆီး ပန်းလေးကိုသာ ပိုင်ဆိုင်ချင်တာပါ………ဟိဟိ
    အားလုံးကို ခင်မင်လေးစားစွာဖြင့်
    အရင့်ရောင်

  • Rose Minn

    June 11, 2012 at 12:22 pm

    ဟိတ် သူများနံမည် ကိုသုံးပြီး အချစ်ကို ခံစားသွားတယ်ပေါ့လေ။ ဒီနှင်းဆီဆိုတာ မှတ်ပုံတင်ထားပြီးသားနော်မှတ် ။
    -ကို အရင့်ရောင်ရဲ့နှင်းဆီကြောင့် Rose တောင်ဘဝင်မြင့်သွားမိတယ်။ ဆူးဆိုတာ ခူးချင်တိုင်းခူးပြီး ပန်းကို အလှပျက်အောင်လုပ်တဲ့သူနဲ့ တွေ့မှာစိုးလို့။ သူတို့ စိတ်အလိုကျ လုပ်ချင်တိုင်းလုပ်လို့ မရအောင် ကာရံထားတာ။ နှင်းဆီ ဆိုတာအရမ်းလှတဲ့ ပန်းဆိုတော့လူတိုင်းက ခူးချင်ယူချင်ကြတယ်လေ။ သူကလည်းသူ့အလှတရားအတွက် ကာကွယ်ချင်ရှာမှာပေါ့။ သဘာဝက သူ့အတွက် အကာကွယ်ပေးထားတာပေါ့နော်။ လောကကြီးက တရားမျှတကြောင်းပြထားတယ်ပေါ့။
    -ကိုအရင့်ရောင်တစ်ယောက်လည်း မှန်ကန်သော၊ စစ်မှန်သော မေတ္တာတရားနဲ့ ကျော်ဖြတ်ရင်း ဆူးမဆူးပဲ နှင်းဆီပန်းလှလှလေး ကိုခူးယူ ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

  • အရင့်ရောင်

    June 11, 2012 at 12:31 pm

    Rose Minn @ မှတ်ပုံတင်ထားပြီးသားတဲ့……..
    နာမည်ကိုသုံးပြီး အချစ်ကို ခံစားသွားခြင်းမဟုတ်ပါဘူးနော်။
    အရင့်ရောင် ရဲ့ နှင်းဆီကြောင့် ဘဝင်တော့မမြေင့်လိုက်ပါနဲ့နော် Rose Minn………
    အရင့်ရောင်ကအလှပျက်အောင် မခြွေယူပါဘူးဗျာ………
    ဆူးစူးမှာလည်းမကြောက်ပါဘူး……..
    ဒါပေမယ်မယ့်
    အရင့်ရောင် က ဆူးကိုလိုချင်၍လည်းမဟုတ်
    အခက်ကိုလိုချင်၍လည်းမဟုတ်ပါဘူး
    လှပတဲ့ နှင်းဆီပန်းလေးကို ရင်ထဲမှာသိမ်းထားချင်လို့ပါ
    သိပ်ချစ်လို့ပေါ့ဗျာ……..
    ခင်တဲ့
    အရင့်ရောင်

    • ချစ်ရင်ထူးနှစ်

      June 11, 2012 at 3:50 pm

      နှင်းဆီက တစ်ခိုင် ဆိုင်သူက နှစ်ယောက် ..
      ဆူး ဆူးမှာ ကြောက်လို့ တို့က နောက်ဆုတ်ပေးရမှာလား ??

      • အရင့်ရောင်

        June 11, 2012 at 4:20 pm

        နှင်းဆီက တစ်ခိုင်
        ဆိုင်သူက နှစ်ယောက်
        ဪ……..
        အဲကျတော့
        ပန်းပိတောက်ကို ခူးလိုက်ပေါ့
        ချစ်ရင်ထူးလေးရယ် ဟီးးးးးးးးးးး
        နောက်ဆုတ်ရဘူးနော်

  • Azzurri

    June 11, 2012 at 1:01 pm

    လှဘာဘူးအေ ဆာကူရာ မှ ဆာကူရာပဲ
    အဟိ

  • manawphyulay

    June 11, 2012 at 4:04 pm

    ဆူး စူးမိပြီ
    နုတ်ဖို့လည်း သင့်ရဲ့
    နှုတ်ရမှာလည်း အခက်
    ဆူး စူးမိတာကိုက
    ငါ့ရဲ့အပြစ်….

    • အရင့်ရောင်

      June 11, 2012 at 4:09 pm

      ဘယ်သူမပြုမိမိမှု လေ မနော ရယ်……
      ဟီးးးးးးးးးး
      ခင်တဲ့
      အရင့်ရောင်

  • အလင်းဆက်

    June 11, 2012 at 7:38 pm

    ကဗျာလေးကလည်း..လှ..
    နှင်းဆီ ပုံလေးကလည်း..လှ….
    အားလုံး လှနေတဲ ့ပို့စ်လေးပါလား….

    • mayjuly

      June 12, 2012 at 1:08 pm

      ဟုတ်ပါ့ အားလုံးလှတယ် …
      ရေးတဲ့သူပဲ ..မလှတာ .. 😀 😛

      • အရင့်ရောင်

        June 12, 2012 at 1:15 pm

        ရေးတဲ့သူကလည်း
        ရူပါတာမလာတာပါနော်
        နှလုံးသားလှပါတယ်နော်
        အရင့်ရောင်

    • အရင့်ရောင်

      June 12, 2012 at 1:10 pm

      အလင်းဆက် @ လေးရေ……
      အားလုံးလှနေပါတယ်
      အဟိ…………..
      အရင့်ရောင်

  • အလင်းဆက်

    June 12, 2012 at 8:36 pm

    အရင့်ရောင် လည်း..လှတယ်ပေါ့လေ.။
    ကိုယ် ေ့လာက်တော့ မလှနိုင်ပါဘူး။
    ဟီဟိ

  • သော်ကြီး

    June 12, 2012 at 9:08 pm

    နှင်းဆီ မင်းရဲ့ ဘဝကို အကိုကြီးသနားတယ်ကွာ။ ဆူးများနဲ့ ခြံရံထားတဲ့ နှင်းဆီရယ်။ ကူညီပါရစေ ။

  • snow white

    July 9, 2012 at 2:44 pm

    အရမ်းကောင်းတဲ့ကဗျာလေးပါ ဘဲ ရင်ထဲထိတောင် ခံစား သွားရပါတယ် ထက်ရေးပါအုံးနော် ကြိုးစားနော် …

  • mamanoyar

    July 9, 2012 at 3:55 pm

    ခေတ်အစားဆုံးသီချင်းလေးတစ်ပုဒ်ကို မခင်နှင်းဆီရှိရာ ညညအခါ
    သွားသွားဆို ………. မရတော့ဘူး သီချင်းက

Leave a Reply