ကြက်ကြော်မဆလာနှပ်(သို ့)ဟာရီကြက်နှပ်

mipukayJune 9, 20121min2158

ကြက်ကြော်မဆလာနှပ်(သို ့)ဟာရီကြက်နှပ်

စာရေးသူတို ့နိုင်ငံတွင်
အိမ်ရှင်မအတော်များများသည်
ဈေးသွားလျှင်ကြက်သားကိုသာ
အများဆုံးဝယ်လေ့ရှိကြပါသည်။

အကြောင်းမှာ ငါးကြိုက်သူအိမ်သားများ
နည်းပါးခြင်း၊ ဝက်သားရှောင်သူရှိခြင်း၊
ဘဲဥချဉ်ရေဆိုနှာခေါင်းရှုံ ့တတ်သော
အိမ်ဦးသခင်ကြီးနှင့်သခင် သခင်မကလေးများ
ရှိခြင်း၊ အသီးအရွက်ဘဲပါပြီးအသားမပါပါက
ညိုညင်တတ်သောသူများမရှားခြင်းတို ့ဖြင့်
ဈေးခြင်းတောင်းကိုင်ကာချာချာလည်အောင်
အကြပ်ရိုက်ရသောကြောင့်ဖြစ်ကြပါသည်။

သို ့ပါသော်လဲ ချက်ပြုတ်သော
နည်းလမ်းအနည်းငယ်ဖြင့် သာမိရိုးဖလာစွဲဖြင့်
ချက်ပြုတ်လေ့ရှိသောကြောင့် မိသားစုဝင်များ
ငြည်းငွေ ့လျှက်ရှိသည်ကို သတိထားလေ့လာမိပါသည်။
တစ်ခါလာလဲ ကြက်ကြော်၊ တစ်ခါလာလဲ အချိုချက်၊ ငြုပ်သီးနဲ ့ချက်၊ ပြုတ်ကြော်လုပ်ချက်၊ သုတ်စား၊ ကြက်သားအာလူးရော၊ ကြက်သားငပိကြော်၊ ကြက်စွပ်ပြုတ်၊ ကြက်ချိုချဉ်၊ ကြက်ကုန်းဘောင်
တို ့ဖြင့်လုံးလည်ချာလည်လိုက်လျှက်ရှိပါသည်။
ထို ့အတွက်ကြောင့်စာရေးသူအနေဖြင့် မြန်မာ့နည်းမြန်မာ့ဟန်ချက်ပြုတ်သောကြက်သားဟင်း များမှ အနည်းငယ်
အထွန် ့တက်သော အရသာသစ်၊ ချက်ပြုတ်နည်းသစ်များကို ရှာဖွေကာ ဘာသာပြန်ကာအောက်ပါအတိုင်း ချက်ပြုတ်လိုက်ပါသည်။ ဟင်းအနှစ်ကြိုက်တတ်သော အိမ်သားများအတွက်တော့ အဆင်သင့်မည်ထင်ပါသည်။
အရောအနှောလုပ်ကာ ပွားများချင်သောအိမ်ရှင်မများအတွက်လည်း အဆင်ပြေမည့်ဟင်းတစ်ခွက်ဖြစ်နိုင်ပါသည်။

(ချက်ပြုတ်ချိန်။ ။ အစအဆုံး ၄၅ မိနစ်။)
(၄ ယောက်စာ ဟုချက်ပြုတ်နည်းတွင်ပြောထားသော်လည်း တစ်တုံးတစ်ဖတ်သာစားတတ်သော မြန်မာများအတွက်တော့ ၆ ယောက်စာ မနက်ည ရမည်ထင်ပါသည်။)

ပါဝင်ဘက်များ

• ကြက်သွန်နီဥကြီး ၁ ဥ (ခပ်ကြမ်းကြမ်းစဉ်းထား)
• စပါးလင် ၂ ဥ (ပင်စည်အနုများကိုသာခပ်ကြမ်းကြမ်းစဉ်းထား) (မပါမဖြစ်)
• နနွင်းမှုန် ့အနည်းငယ် (ဇွန်းအသေးဖြင့် ၃/၄ ပုံ)
• ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူအခွံခွာပြီးသား ထမင်းစားဇွန်း ၃ဇွန်း(နုပ်နုပ်စဉ်းပြီးသား)
• ဂျင်းလက်တစ်ဆစ် ၁” အရွယ်(အခွံနွှာ၊နုပ်နုပ်စဉ်းထားပါ)
• ဇီယာစေ့ လက်ဖက်ရည်ဇွန်း ၁ဇွန်း (မပါမဖြစ်)
• ဆီ ထမင်းစားဇွန်း ၄ဇွန်း
• အရိုးမပါကြက်သာား ၅ဝ သား(လက်ညှိုးတစ်ဆစ်စာအတုံးတုံးထားပါ။)
• ခရမ်းချဉ်သီးအနှစ် ၂ ဇွန်း (ခရမ်းချဉ်သီး၂လုံးကိုရေနွေးဖျောအခွံချွတ်ပြီးချေလိုက်ပါ။)
• မဆလာ လက်ဖက်ရည်ဇွန်း ၁ဇွန်း (ကုလားလေးမဆလာအထုပ်သေးတစ်ထုပ်။)
• ရေ ၁ ခွက်
• နံနံပင် စဉ်းပြီးသား လက်ဖက်ရည်ဇွန်း ၄ ဇွန်း (ထည့်သင့်ပါသည်။)

ချက်နည်းအဆင့်ဆင့်

o စပါးလင်ကိုညက်အောင်ထောင်း ညက်လျှင် ကြက်သွန်နီ + ကြက်သွန်ဖြူ+ ဂျင်း + နနွင်း ထည့်ထောင်း ညက်လျှင် ဖယ်ထားပါ (သို ့မဟုတ်)အားလုံးကိုကြိတ်စက်ထဲထည့်မွှေပါ၊ရေ ၂ဇွန်းခန် ့ ထည့်ပြီး အပျစ်အကျဲချိန်နိုင်ပါသည် ။

o ဒယ်အိုးကို မီးအသင့်အတင့်ဖြင့် ဆီထည့်ပြီးအပူပေးပါ။ ဆီကျက်လျှင် ကြက်သားတုံးများထဲ့၊ ဆားခတ်ပြီးချက်ပါ။ ချက်စဉ်တွင် တစ်ချက်နှစ်ချက်မွှေပြီးကြက်သားများအညိုရောင်သမ်းလာ သည်အထိချက်ပေးပါ( ရ မိနစ်မှ ၁ဝ မိနစ်အထိကြာသည်)။ ကျက်လျှင် ဇကာပေါက်ပါသည့်ဇွန်း ဖြင့် ဆယ်ပြီးပန်းကန်ထဲထဲ့ကာဆီစစ်ထားပါ။

o ဆယ်ပြီးသောအခါအဆိုပါဒယ်အိုးကို မီးဖိုပေါ်သို ့ပြန်တင်ပြီး ထောင်းထားသောဟင်းအနှစ်ထဲ့ကာ မီးချိန်လျှော့ပြီး အနံ ့မွှေးလာသည်အထိဆီသပ်ပါ (၂ မိနစ်ခန် ့ကြာသည်)။ထို ့နောက်ချက်ထားသော ကြက်သား နှင့်အတူခရမ်းချဉ်သီးအနှစ်နှင့်မဆလာတို ့ကိုတစ်ပါတည်းထဲ့ပါ။ နှံ ့အောင် ၃၊ ၄ မိနစ်ခန် ့ အဆက်မပြတ်မွှေပေးပြီးချက်ပါ။

o ရေအနည်းငယ်လောင်းထဲ့ပြီး အဖုံးအုပ်ကာ မီးအနေတော်ဖြင့် ၁၅ မိနစ်ခန် ့ဆူပွက်အောင်ချက်ပါ။ ချက်စဉ် မကြာခဏမွှေပေးပါ။

o အပေါ့ အငံမြည့်ကြည့်ပြီး လိုအပ်သလို ဆား၊ ကြက်သားမှုန် ့အရသာစသဖြင့်ထည့်ပြီးဖိုပေါ်မှချပါ။

o နံနံပင်နုတ်နုတ်စဉ်းထားသည်ကိုအပေါ်မှဖြူးလိုက်ပါ။ (ဟင်းပန်းကန်ထဲသို ့ခူးခပ်ပြီးမှ ဖြူးလျှင်လဲရပါသည်။)

ထမင်းဖြူနှင့်တွဲစားရန်အလွန်လိုက်ဖက်သော ကြက်သားအမြန်ချက်ဟင်းတစ်ခွက်ဖြစ်ပါသည်။

မှတ်ချက်။ ။

o မြန်မာကြက်သားချက်နှင့်တူလှသောကြက်သားဟင်းတစ်ခွက်ဖြစ်ပါသည်။မြန်မာကြက်သားဟင်းမှာ ငြုပ်သီးမှုန် ့ထဲ့ချက်လေ့ရှိပါသည်။ ငြုပ်သီးကြိုက်သူများဆီသတ်စဉ်ငြုပ်မှန် ့ထဲ့ကာချက်နိုင်ပါသည်။

oချက်ပြုတ်ချိန်သိပ်မပေးနိုင်သောအိမ်ရှင်မများအတွက်ရုံးအပြန်အသင့်ဝယ်ဈေးမှဝယ်ခဲ့သောကြက်သားကို တုံးတစ်ပြီး၊ အအေးခံသိမ်းဆည်းထားသည့်ကြက်သွန်ဖြူ၊နီ၊ဂျင်း၊စပါးလင်ေထောင်းပြီးသားတို ့ နှင့်အမြန်ရောကာ ပုလင်းသွပ်ထားသည့်ခရမ်းချဉ်သီးအနှစ်လောင်းထည့်ပြီးချက်နိုင်သည့် အမြန်ဟင်းတစ်ခွက်ဖြစ်ပါသည်။

o နံနံပင်မနှစ်သက်သူများ နံနံပင်မထဲ့လျှင်လဲရပါသည်။ သို ့သော်ဆေးဘက်ဝင်သည့်အပင်စာရင်းဝင် ဖြစ်ပါ သဖြင့်ဆေးတစ်ခွက်ကဲ့သို ့သဘောထားကာထဲ့သင့်ပါသည်။

o အရောအနှောထည့်ပွားချင်သူများအတွက် ဖရုံသီး၊ ခရမ်းသီး၊ မုန်လာဥ၊ အာလူး၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီ၊ စသည့်နှစ်သက်ရာတစ်မျိုးမျိုးတို ့ကိုကြော်ပြီးကြက်သားနှင့်အတူ ဟင်းအနှစ်ကျက်ချိန်တွင် အတူထည့်ကာချက်နိုင်ပါသည်။

o သရက်သီးခြောက်၊ မရမ်းသီးခြောက်၊ သံပုရာသီးသနပ်၊ မရမ်းသီးသနပ်၊ သရက်သီးသနပ် စသည့်တစ်မျိုးမျိုးကို ထဲ့ချက်ခြင်းဖြင့်လည်း ဟင်းအရသာတစ်မျိုးပြောင်းစေကာ အရသာသစ်ဖန်တီးနိုင်ပါသည်။ အသီးခြောက်များကိုထည့်မည်ဆိုပါက အတုံးသေးများတုံး၊ ရေအရင်စိမ်ထားပြီးကာမှ ထည့်ပါလျှင်မာဆတ်မှုမရှိဘဲကောင်းမွန်ပါလိမ့်မည်။

ဘာသာပြန်ပြီးဟင်းချက်တဲ့
မိပူးကေ

8 comments

  • water-melon

    June 9, 2012 at 4:42 pm

    ဟာဗျာ ဗိုက်ဆာနေတာနဲ့အတော်ဘဲ
    ကျေးဇူးပါ အန်တီမီပုကေး
    အဲဒါကို ကြက်ဆီထမင်းလေးနဲ့စားရရင် ဂွတ်
    င်္ဘီယာလေးနဲ့ဆို ပိုတောင်မိုက်သေး
    လုပ်စားမယ်
    မဒမ်ဖရဲမရေ ကြက်ကြော်မဆာလာနှပ်တဲ့ လုပ်လိုက်စမ်း :mrgreen:

    • မဟာရာဇာ အံစာတုံး

      June 9, 2012 at 5:02 pm

      တော်ကြာ .. ရည်စားနဲ့ ကျူနေဒယ် ပြောလိုက် ..
      တော်ကြာ အသည်းကွဲလိုက် …
      ခု မိန်းမ ရသွားပြန်ပြီလား ..
      ဘယ်အချိန် အဲ့မိန်းမနဲ့ ကွဲအုံးမှာလဲ …

  • သားဦး၊မြေးဦး

    June 9, 2012 at 5:49 pm

    မိပူးကေ ရေ ကျနော်တို ့တောကလူတွေက အိမ်ကြက်ပေါ့၊အဲ့ဒါက အရိုးများတယ်လေ။
    ဒါပေမယ့် အသားတိုးကြက်တွေထက်စားကောင်းတာပေါ့။အားရပါးရ စားကောင်းမယ့်
    ပုံပါဗျာ။

  • ahnyartamar

    June 9, 2012 at 6:42 pm

    ကူးသွားပြီဗျို့။ အိမ်ကပြည်ထဲရေးဝန်ကြီးကို ချက်ခိုင်းမယ်။

  • မောင်ပေ

    June 9, 2012 at 6:59 pm

    ကြက်ကြော်တစ်ခွက်
    ပူးလေးချက်
    မောင်ပေ သွားရည်ထွက် ။

  • Crystalline

    June 9, 2012 at 8:52 pm

    အစ်မ mipukay ေ၇….မဆာလာနံ့သင်းနေတဲ့သတင်းတွေ ပေါ်ပြူလာဖြစ်နေချိန်မှာ မဆလာနံ့သင်းဟင်းချက်နည်းဆန်းလေးကို ဝေမျှပေးတာကျေးဇူးပါ…ကူးသွားတယ်…ပြန်ချက်ကြည့်ဦးမယ်

  • may flowers

    June 9, 2012 at 11:11 pm

    ဟိုက်….အတော်ပဲ…ချက်နည်းသစ်ရပြီ….ကူးသွားပါတယ် ပူးကေရေ။ မျှဝေတဲ့ အတွက် ကျေးဇူးပါ။

  • hein latt

    June 10, 2012 at 12:05 pm

    အာ..ဗိုက်ဆာနေဒါနော်…ကွင်ပြူတာဂျီးပါဝါးစားပစ်ချင်လာပီ…

Leave a Reply