ငပိရည်သွားဝယ်ခြင်း (Photos)

phone_kyawJune 9, 20123min28922
မနက် ငါးနာရီကနေ ညနေ ၆-နာရီအထိ ကားမောင်းဖြစ်တယ်။ ကီလိုမီတာ ၈ဝဝ-လောက်ရှိတယ်။ ခရီးစဉ်ရဲ  ့ရည်ရွယ်ချက်က ကျနော်နေတဲ့ရွာကနေ မြို  ့ထဲကို သွားပြီး ငပိရည်သွားဝယ်တာပါ။ ငပိရည်တော့ မရပါဘူး။ ထိုင်းကလာတဲ့ ပုဇွန်ငပိခါးခါးတွေပဲ ဝယ်ပြီး ပြန်လာခဲ့ရတယ်။ လမ်းမှာ နားနေတုန်း ရိုက်ထားတဲ့ ပုံ တွေကို တင်ပေးလိုက်ပါတယ်။
 
 
မနက်ပိုင်း စတင်ခရီးထွက်တုန်းက အတော်အေးတယ်။ လမ်းမှာ သားပိုက်ကောင်တွေကို ကားတိုက်ခံရလို ့သေနေတာ အများကြီးပဲ။ ဒါတွေကို သိမ်းငှက်တွေက လာပြီးစားတယ်။
Internet Shop
သူ ့အမေနဲ ့သမီးငယ်

ငပိသွားဝယ်ပြီး အပြန်လမ်းမှာ အညောင်းပြေ လမ်းလျှောက်ကြတော့...ဟိုကောင်တစ်ကောင် သေးပန်းတုန်း

ရွာကိုတည်တာ သိတ်မကြာသေးပါဘူး။ ရွှေတူးဖို ့တည်ထားပါတယ်။
ခလေးတွေကို သူ ့အမေက ကျောင်းလိုက်ပို ့တော့ အငယ်ဆုံးလေးကလည်း အတူပါတယ်
ငပိသွားဝယ်တဲ့မြို ့

 

 

 
ကျနော်နေတဲ့ ရွာ

22 comments

  • water-melon

    June 9, 2012 at 4:26 pm

    အူးလေးရေ
    ဗဟုသုတအနေနဲ့ကြည့်သွားပါကြောင်း
    ရုတ်တရက်ကြည့်လို်က်တော့ မြန်မာပြည်မှတ်နေတာ
    လမ်းတွေက ခပ်ဆင်ဆင်ဘဲ

  • kai

    June 9, 2012 at 4:31 pm

    ကျုပ်တို့ကမ္ဘာ့မြောက်ခြမ်းကတော့.. နွေဝင်သွားပြီ…။ ဆိုတော့… ဩစီက.. ဆောင်းဝင်သွားပြီလား…
    =
    ငပိရည်ကတော့ဗျာ..
    ကျုပ်တို့ဆီမှာ.. ဗီယက်နမ်က.. ငါးပေါက်စလေးတွေနဲ့.. ပုလင်းရှည်လေးတွေကို.. ဝယ်ပြီးကြိုကြတာ..
    ငါးရယ်.. ဆားရယ်ပဲပါတဲ့.. ပုလင်းရွေးဝယ်ရတယ်တဲ့..

    ဘာပဲဖြစ်ဖြစ်လေ..
    ကီလို၈ရာသွားပြီး.. ငပိရည်ကြိုသွားရှာတဲ့.. ခရီးကိုတော့..Guinness Book of Records ထဲထည့်သင့်တယ်ထင်မိတယ်..။ 🙂

    • သားဦး၊မြေးဦး

      June 9, 2012 at 10:54 pm

      သူကြီးရေ ကျနော့အိမ်မှာတော့ မျှင်ငပိမပါတဲ့နေ ့စားမကောင်းတဲ့နေ ့ပါဘဲ။
      သူကြီးတို ့ဆီများ လက်ဆောင်ပို ့ပေးချင်ပါရဲ ့ဗျာ။စားဖူးအောင်လို ့ပါ။

  • water-melon

    June 9, 2012 at 4:35 pm

    ၄ ပုံမြောက်က အူးဖုတ်ကျော်သားက ရှူးပေါက်နေတာလား

    • Gipsy

      June 9, 2012 at 6:22 pm

      ဟုတ်ဘူး … ပထမဦးဆုံးပုံမှာ ပြည့်အချစ်တော် ဂဘုန်းကျော်ဂျီး…
      ရှုးပန်းမလို့ လုပ်နေတာ…..။

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 4:40 pm

    အူးလေးက ဓာတ်ရှင် မင်းသား အောင်ပိုင်နဲ ့တူသဗျ..
    အူးလေးကို အားကျလို ့..ကျနော်လဲ ဘီအီးသွားဝယ်ခြင်းဆိုပြီး ပို ့စ်တစ်ပုဒ်ရေးဦးမယ်..

  • သားဦး၊မြေးဦး

    June 9, 2012 at 5:40 pm

    ကဘန်းကျော်က Internet shop မှာငါအပြားကြီးနဲ ့သုံးနေတာထင်တယ်။
    မဟေသီက ကဘန်းကျော်နဲ ့တောင်မလိုက်ဖူး။ဟီးးးးးးးးးးးကဘန်းကျော်
    တိုးတက်လာပီ။

  • မဟာရာဇာ အံစာတုံး

    June 9, 2012 at 5:48 pm

    ကဘုန်းကျော်ရေ ..
    ခညား သမီးလေးက သွားကျိုးလေးနဲ့ ချစ်စရာလေးပါလားဗျ ..
    ခုလို ခညား တင်ပေးတော့
    ကျုပ်တို့ ဗဟုသုတ အနေနဲ့ ကြည့်ခွင့်ရတာပေါ့ဗျာ ..
    ဒါနဲ့ ငပိသွားဝယ်တဲ့မြို့ကိုတော့ အင်တာနက်ကနေ လှမ်းဆွဲထားတာလားမသိ ..

  • htoosan

    June 9, 2012 at 7:33 pm

    ကိုဘုန်းကျော်ပုံကြီးဖြတ်ပြီး သမီးလေးနှစ်ယောက်နဲ့ ချစ်စရာ့အရွယ်ဓါတ်ပုံပြိုင်ပွဲ ဝင်သင့်နေပြီ။

  • MaMa

    June 9, 2012 at 9:28 pm

    ကိုဖုန်းကျော်ပုံတွေကလည်း ရှယ်ပါပဲ။
    သမီးလေးကလည်း ချစ်စရာ။
    ကိုထူးဆန်း ပြောသလို ရွာထဲမှာ ဓာတ်ပုံပြပွဲ ဝင်သင့်တယ်။
    ဓာတ်ပုံပြပွဲ ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားအောင်လို့။
    သဂျီးပြောသလို ငပိရည်ကို ကီလို ၈၀ဝ တောင် သွားဝယ်ရတယ်ဆိုတော့……..
    မျိုးချစ်စိတ်မနည်းဘူး မှတ်တယ်။ 😛

  • ရွာစားကျော်

    June 9, 2012 at 9:44 pm

    အမေတူသမီးလေးတွေ ဖြစ်မယ်
    ချစ်စရာလေးတွေ..
    သားလေးကတော့ မျက်နှာမပေါ်ဘူး
    open pit မိုင်းကြီးကလည်း ဟီးလို့ပါလား..
    ဗဟုသုတ ရပါတယ်ဗျာ

  • အရီး Khin Latt

    June 9, 2012 at 10:12 pm

    မြန်မာပြည်ကိုသာမက မြန်မာအစာကို ဘယ်လောက်မြတ်နိုး သလဲ ပြတာပေါ့လေ။

    ကဘုန်းကျော် ရယ်
    သမီး ချောချောလှလှ လေးတွေမွေးထားတာ အပြောအဆို သတိထားစမ်းပါ။
    သူတို့ မြန်မာလို တတ်လာရင် အဖေ ဘာတွေရေးနေတာလဲ မေးရင် ကောင်းကောင်းဖြေ လို့ရအောင်လို့။
    ပြီးတော့ သူတို့ အဖေ ရေးတဲ့စာ ကို သူတို့ ဂုဏ်ယူနိုင်တာပေါ့။
    မဟုတ်လား။

    ရှင့် မိန်းမလေးကတော့ ရှင်ပြောသမျှ ပြုံးပြုံးလေး နေနေမဲ့ ပုံလေး။
    ကလေးတွေက အမေတူ လေးတွေ။
    ဒါကြောင့် ရှင်က ဒီလောက် စွာ နေတာနေမှာ။ 😉

    {{{ – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ…. }}}

    ကထူးဆန်း နဲ့ မမ ပြောသလို သူတို့ ကို ဓာတ်ပုံ အသေအချာရိုက်ပြီး “ချစ်စရာ့ အရွယ်” ပြိုင်ပွဲဝင်ပါလား။
    အိုင်ဒီရာ ကောင်းကောင်းနဲ့ တော့ ရိုက်နော်။
    ရွှေတုံးကြီးကို ရိုက်သလိုမျိုး မဟုတ်ဘူး။ 🙂

  • ဘဲဥ

    June 9, 2012 at 10:29 pm

    အူးလေးဘုန်းကျောရေ့ တားတား ဘယ်တော့ ကတော့ပွဲနဲ့ လာခဲ့ရမလဲဗျ 😆

  • a me

    June 10, 2012 at 3:16 pm

    ရှုခင်းတွေနြ့ ကလေးတွေက အရမ်းလိုက်ဖတ်လွန်းလှပါတယ် ဘာလို့ ငပိက အဲ့ဒီနေရာထိ သွားဝယ် ရတာလည်း စိုတာသိပါ့ရစေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 11, 2012 at 12:35 am

    ကျုပ်ကတော့ ဒါလေးစိတ်ဝင်စားနေတာ
    ( လမ်းမှာ သားပိုက်ကောင်တွေကို ကားတိုက်ခံရလို ့သေနေတာ အများကြီးပဲ။
    ဒါတွေကို သိမ်းငှက်တွေက လာပြီးစားတယ်။ )
    ရိုးရိူးဘဲတွေး တော်တော်ဟန်ကျတယ် ပံ့သကူသားတွေ အသားတွေနေလှန်းပြီး အမြည်းလုပ်
    ဘဲရီးဘဲရီးဂွတ်ဘဲ

  • ကြောင်ကြီး

    June 11, 2012 at 11:09 am

    Dear comrade ကဘုန်းကျော်
    ကြောင်ကြီး ပြောမှားဆိုမှား ရှိခဲ့ရင် ခွေးလွှတ်ပါ။ ကျနော်လည်း လူ့ဘောင်သစ် ပါတီဝင်တဦး ဖြစ်ခဲ့ဗာဒယ်။
    မွန် ဗမာ ချစ်ကြည်ရေး တည်တံ့ခိုင်မြဲပါစေ တည်တံ့ခိုင်မြဲရမည်။
    ဆွေမျိုးရင်းချာပမာ သစ္စာရှိစွာဖြင့် your comrade ကြောင်ကြီး :mrgreen:

  • Khaing Khaing

    June 11, 2012 at 1:28 pm

    ဒ့ါပုံပညာကိုစိတ်ဝင်စားသွားပလား ……. လှတယ်ဗျာ ….. နေရာသစ်လေးတွေကို ဒါ့ပုံထဲမှာခံစားသွားပါတယ် …… သူများတွေပြောတာတွေကို အားကျပီးလှိူ့ဝှက်လိုက် မှတ်ထားတာထင်ပါရဲ့…..

  • PaLote Tote

    June 11, 2012 at 3:03 pm

    ကလေးလေးတွေက ချစ်စရာလေးတွေ ။

  • etone

    June 11, 2012 at 3:16 pm

    ကိုဘုန်းကျော် ….
    အပေါ်ဆုံးပုံမှာ ဒီလောက် အေးနေရဲ့ သားနဲ့ ကားတံခါးပေါက် အစုံဖွင့်ပြီး … လေညှင်းခံနေကြတာလားဟင်
    ဒါမှ မဟုတ် .. အဲ့ဒါပေါက်တော မှတ်တိုင်လား 😀
    ကလေးလေးတွေက အမေတူမို့လို့ …. ချစ်စရာလေးတွေ …။

    ငပိရည်စားချင်တာများ စောစောကပြောရောပေါ့ …. ။ ဒီလောက်အပင်ပမ်းခံပြီး ရှာဝယ်စရာမလိုပါဘူး … ။
    ရွာထဲစာရေးသူအချင်းချင်း မေတ္တာထားတဲ့အနေနဲ့ … ဓါတ်ပုံရိုက်ပြီး အီးမေးလ်နဲ့ ပို့ပေးလိုက်မယ် … :mrgreen:

  • Phaung Phaung

    June 11, 2012 at 4:13 pm

    ဓါတ်ပုံလေးတွေအားလုံးကောင်းပါ၏… သမီးလေးတွေအရမ်းချစ်ဖို့ကောင်းပါတယ်။ ငပိသွားဝယ်တဲ့မြို့ပုံမှာ မြို့ဘေးက ရွှေတူးတဲ့မိုင်းကြီးလား။ အကြီးကြီးပဲနော်။ ဗဟုသုတရပါတယ်။

  • aye.kk

    June 11, 2012 at 4:19 pm

    သမီးလေးတွေကချစ်စရာ…
    စိတ်ကိုဖမ်းစားထားသလိုပဲ…။။

Leave a Reply