သူကြီးကိုခိုင်ကို အမြန်ဆုံးအိပ်ရာမှ ထစေလိုပါသည်။

Forum တွင်ကျနော်တောင်းဆိုဖူးသော အချက်တစ်ချက်ပါ။သူကြီးပြန်လည်ဖြေကြားခြင်းမပြုသေးပါ။
ကိုရှူံး၏ပို ့စ်

https://myanmargazette.net/127914/economic-news-international-news-news-industry-people-in-the-news-us-news-news

ဆက်စပ်လျှက် တွေးမိတာပါ။
                          kai says:
    ကျုပ်ဆီမှာ.. ဒီဖြစ်ရပ်တွေဟာ.. စနစ်တကျနဲ့..ဖန်တီးထားပုံရတယ်လို့.. ယူဆစရာ..                      အထောက်အထားတချို့ရှိတယ်..
မေ၂၅မှာ.. အနောက်ဖက်ကမ်းရိုးတမ်းက.. မွတ်စလင်တယောက်ကပဲ.. အယ်လ်ကိုင်ဒါတွေသံတွဲလာမယ်ဆိုပြီး..ပို့စ်တင်ခဲ့တယ်..
အဲဒီပို့စ်ထဲပဲ.. တယောက်က.. အယ်လ်ကိုင်ဒါမဟုတ်ပဲ.. မွတ်စလင်ကလေးငယ်တွေကိုယဉ်ကျေးလိမ္မာအောင်ဆုံးမသင်ကြားပေးတဲ့
သူတွေဖြစ်တယ်လို့..ကော်မန့်ြ ပန်ရေးခဲ့တယ်..
တကယ်လို့သာ…
တကယ်လို့သာ..
အခုရက်ရက်စက်စက်အသတ်ခံရသူတွေဟာ.. အဲဒီသူတွေသာဖြစ်မယ်ဆိုရင်…
..
နောက်တခုက…
အခု..ဆူးလေစေတီနား ဆန္ဒပြနေသူတွေကိုင်ထားတဲ့..ဓါတ်ပုံတွေဟာ.. ဘယ်ကပုံတွေလည်း.. မန္တလေးဂေဇက်မှာ.. တင်ထားခဲ့တဲ့ပုံတွေလား.. သိချင်မိတယ်..
အဆက်အစပ်တချို့.. မြင်သာမှာပါ…
………………………………………

https://myanmargazette.net/125156/thakhin-cj-only

 

သံတွဲမြို ့သို ့———-အဖွဲ ့ဝင်(၄၀)ဦးမေ(၂၆)ရက်နေ ့ဝင်ရောက်ရန်ရှပို ့စ်မှာ မိန်းကလေးဟန်
နဲ ့ ဝင်ပြောနေတဲ့ Thu Thu
Thu Thu says:
တခါမှလည်းမကြားဘူးပါလား၊တောတွင်းအဖွဲ့တွေလား၊သေသေချာချာသိလို့လား။
သံတွဲမှာလာသောင်းကျန်းနေတာတွေ၊သံတွဲသားတွေသွားရလာရခက်အောင်လုပ်နေတာတွေဟာတခြားကကုလားတွေဆိုတာ
သိထားပါ။သမီးတို့လွတ်လွတ်လပ်လပ်သွားရအောင်မနဲလုပ်ထားရတာ၊လာမဖျက်ကြပါနဲ့၊တစိမ်းတွေ
မခေါ်ကြပါနဲ့၊ကိုယ်ဟာကိုယ်ယာဉ်ကျေးလိမ်မာလုပ်ကြပါ.တခြားကတစိမ်းတွေသင်မှယဉ်ကြေးမှာလား
ဒီကဆရာတွေမယဉ်ကြေးဘူးဆိုတာလား၊မသိဘူးဆိုတာလား၊မယောင်ရာဆီမလူးပါနဲ့ .အခုခေါ်နေတဲ့
သူတွေက ဟိုမရာက်ဒီမရောက် သင်းကွဲငှက်တွေလုပ်နေတာ၊သမီးတို့အခုဆိုဒီမှာဘဲယာဉ်ကျေးမူတက်
နေခဲ့တာ အခုဆို အဆင့်မြင့်တန်းတောင်ရောက်ပြီ၊သမီးတို့အဖေတွေ၊အမေတွေလဲ ကိုယ်ရပ်ရွာမှဘဲ
တက်ခဲ့တာ . လိမ်မာကြပါတယ်. တာလီဘန်အယူတွေယူမလာပါနဲ့မောင်းထုတ်လိုက်ပါ
မောင်တောမှာရဲ(၂)ယောက်သေသွားတဲ့ပို ့စ်

https://myanmargazette.net/128551/economic-news-international-news-news-industry-people-in-the-news-us-news-news

ပို ့စ်မှာ ယောကျာ်းပြန်ဖြစ်နေတဲ့ လေသံပါ။သူကြီးနားလည်အောင်၊ပြေလည်အောင်
ဖြေရှင်း(သို ့မဟုတ်)ရှင်းပြပေးစေလိုပါတယ်။ပို ့စ်တစ်ခုကို adu lar နှင့်တစ်ကြိမ်၊
Tun Tun နှင့်နောက်ဆုံးအကြိမ်တင်ပြီး ကျနော့်ကို စော်ကားထားသော သူကို ခွင့်လွှတ်နိုင်ပေမယ့်သိ၊ မေ့မရပါ။သိချင်ဇောကပ်ပါသည်။
Thu Thu says:
သူကြီးရေကြည့်မယ်ဆိုလဲ sattelight
ကမြန်မြန်ဝင်ကြည့်ဗျာ၊ရတဲ့သတင်းနဲ့၊ဒီမှာတင်ထားတာနဲ့
ရောBBC သတင်းတွေနဲ့ပါလွဲနေတယ်၊ကျောက်နီမော်ကိစ္စလဲ
ထက်ထက်ကရခိုင်သားအချင်းဖြစ်တာ၊မဆိုင်တာသွေးထိုး
တာနဲ့လူတွေသေကုန်ပြီး၊သတင်းမှန်ကန်ဖို့အရေးကွန်ယက်
ချိတ်ပြီးလူမျိုးရေးဘာသာရေးအစွန်းမရောက်တဲသူတွေကိုအမာ
ခံထားပြီးသတင်းကွန်ယက်တည်ဆောက်ဖို့လို့ပြီနော်။ဒါမှသတင်း
တစ်ခုထွက်လာရင် အဲဒီဒေသအမာခံတွေဆီလှမ်းမေး၊
sattelight ကကြည့်လို့ရလဲကြည့်ပေါ့၊ဒါမှသတင်းအမှန်
ရမှာ ၊မဟုတ်ရင်အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ခွတ်ခံရတာ
များပြီဗျို။သတိလဲမရှိကြတော့ခံရတာပါဘဲ၊မီဒီယာတွေကလဲ
သတင်းစီစစ်ပေးကြပါ။သတင်းသမားတွေကကလဲသတင်းမှန်မှ
တင်ကြပါ၊ပေါက်ကရကိုယ်ပြောချင်တာစွတ်ပြောပြီးတင်တာ
သတင်းမဟုတ်ဘူးဗျို၊သတင်းတစ်ခုရရင်ဘယ်နေရာမှာလဲ၊
ဘယ်အချိန်ကဖြစ်လဲ၊ဘယ်တုန်ကလဲ၊ဖြစ်နိုင်ရင်ကိုယ်တိုင်
သွားကြည့်၊မှန်တဲ့ဘက်ကတင်၊အခုတလောသတင်းတခုတင်တာနဲ့
ဝိုင်းဆဲကြတာ မီဒီယာသိက္ခာကျပါတယ်၊လူမျိုးသိက္ခာကျ
ပါတယ်၊သတင်းရေးသူကတင်ရင်မှန်မမှန်ဝိုင်းဆွေးနွေး
အထောက်အထားတင်ပြ၊ဒီလိုလုပ်ကြပါ၊ဘာမှန်းညာမှန်းမသိ
ကိုယ်ဘာသာဝင်လက်ကပြီးရော၊ကိုယ်အမျိုးဆိုလုပ်တာမှန်
တယ်မလုပ်ကြပါနဲ့၊ဒါကလေးတုန်းကစိတ်ဓါတ်တွေ၊ဗိုလ်ချုပ်
ပြောသလိုဆိုခွေးတစ်ကောင်ကိုက်တိုင်ဝိုင်းကိုက်ကြရမှာမဟုတ်
ဘူး၊ကိုယ်အုပ်စုထိတာနဲ့သူများအလွန်မလုပ်ကြပါနဲ့၊လွန်ကျူတဲ့
သူဆို ကိုယ်သွးသားတောင်အရေးယူရမှာဘဲ၊ဝိုင်းရှုံချကြရမှာဘဲ
ဥပဒေမှ ကျောသားရင်သားမခွဲခြားရပါဘူး၊သတင်းသမားလဲအဲဒီလို
ပါဘဲ၊မှန်တဲ့ဘက်ကရပ်တည်တတ်အောင်နေမှဒီကမ္ဘာကြီးအေးချမ်း
မှာ၊မဟုတ်ဘဲဘက်လိုက်နေရင်၊မမှန်တဲ့ဘက်ကရပ်တည်နေရင်
ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူး၊

16 comments

  • ချာလီဂဇက်ဒလဝမ်

    June 9, 2012 at 6:57 pm

    ဘာတုန်း ဆူညံနေလိုက်ထှာအေ ။
    အော် ဒါလား သေချာနေရင် သဂျီး ကိုင်လိမ့်မယ် ။ စိတ်သာချ ။
    သဂျီးက ပစ်မထားတတ်ပါဘူး ။
    အော် အတုအယောင်တွေ လှည့်ကွက်တွေ မာယာတွေ များလှပါဘိ ။

    • က်ိုကိုအိုဗာ

      June 9, 2012 at 9:40 pm

      ရွာအတွင်းရှိ အစွမ်းစ ရှိသူများသို့ ……
      ကျွန်တော် က ရခိုင်အမျိုးသား တယောက်မဟုတ်ပေမယ့်
      မြန်မာတိုင်းရင်းသား တယောက်အနေနဲ့ သူကြီးဦးစီး၍
      ရွာမှ့ ဩဇာတိက္ကမရှိသူများ ဦးစီးပြီးသကာလ
      အမျိုးသားရေးတာဝန်တရပ် အားလျှော်စွာ
      မြန်မာနိုင်ငံသားအားလုံးအရေကိစ္စ ကို
      (သောင်းကျန်းသူအဖျက်သမားဘင်္ဂလီများ)
      သမ်မတ ကြီးထံသို့ တင်ပြပေးပါရန် အလေးအနက်
      တောာင်ဆို ပါသည်။
      (ပြတ်ပြတ်သားသား အမြစ်ပြုတ် ညက်ညက်ကျေ
      ချေမှုန်းကြစို့)

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 7:14 pm

    ဆိုင်ဆိုင် မဆိုင်ဆိုင် ဝမ်းသာစရာပြောရရင် ဒီငဖွတ်သွေးကြွတွေကို ကမ္ဘာက အမှန်တိုင်း မြင်နိုင်ဖို ့ Eleven သတင်းဋ္ဌာနက
    သတင်းဖြစ်ရပ်မှန် အစုံပလုံကို ထိုင်းနိုင်ငံရှိ သတင်းဋ္ဌာန၂၄ ခုနဲ ့ ဖွဲ ့စည်းချိတ်ဆတ်ထားတဲ့ The Nation သတင်းဋ္ဌာနကို သတင်းပေးပို ့ထားတယ်လို ့ သိရပါတယ်..
    သတင်းကို စောက်တလွဲရေးတဲ့ ဘီဘီစီ ဆိုလား အဲဒီငလမ သတင်းရေးတဲ့လူကို -င်သာ ခံခိုင်းလိုက်တော့
    ဘယ်လောက်တောင် ငွေထိုးထားလို ့ ဘယ်လောက်တောင် အပင်းစို ့အောင် မျိုစို ့ထားလဲ မသိဘူး..
    ၈ ပဲကွာ..

  • ကိုရင်မောင်

    June 9, 2012 at 7:18 pm

    ကိုနာဂရ ကိုမေးချင်ပါတယ်သံတွဲမှာမွတ်ဆလင်လူမျိုးနှစ်ဆ
    နယ်ခံရခိုင်လူမျိုးကတဆဘဲရှိတယ်လို့ရေးထားတာတွေ့လို့
    ဟုတ်မဟုတ်သိချင်ပါတယ်…
    တကယ်သာ ဒီလိုဖြစ်ရိုးမှန်ယင်..အတော်စိုးရိမ်စရာအခြေအနေဘဲ..
    ဒီလိုပုံစံနဲ့အတူယှဉ်တွဲနေယင် မကြာသောအချိန်မှာရခိုင်မျိုးပြုတ်ဘို့များတယ်

    • သားဦး၊မြေးဦး

      June 9, 2012 at 7:37 pm

      ကိုရင်မောင်ရေ—
      အကိုနားလည်အောင်ရှင်းပြရမယ်ဆိုရင်သံတွဲမြို ့နဲ ့(၅)မိုင်ပတ်ချာလည်ရွာတွေနဲ ့အချိုးချ
      ကြည့်ရအောင် ။
      ဗုဒ္ဓဘာသာဝင်၆၅%)၊အစ္စလာမ်(၂၅%)၊ဟိန္ဒူနဲ ့ခရစ်ယန်က (၁၀%)လောက်ရှိနေတာပါ။
      နောက်တစ်ခုက သမိုင်းအစဉ်အလာအရရော ဘယ်တုန်းကမှ ဘာသာရေးအဓိကရုဏ်း
      မဖြစ်ဘူးတဲ့ မြို ့ပါ ကိုရင်မောင်ရေ။မြို ့သူား များအားလုံးကလဲ ချစ်ချစ်ခင်ခင်နဲ ့မိသားစုလို
      နေ နေကြတာပါ။အကိုစိုးရိမ်သလို ကျနော်တို ့လဲသတိထားထိန်းနေကြပါတယ်။အဖြစ်မခံနိုင်
      လို ့ပါ။မကြာသေးမီ ဇွန်လ(၃)ရက်နေ ့အကြမ်းဖက်မှုမျိုးကို ကျနော်တို ့အသက်အတွင်းတခါ
      မှမကြားဖူးသလို၊ဖြစ်လဲ မဖြစ်ဖူးပါ။အဲ့ဒီအကြမ်းဖက်မှုကြောင့်အပြင်၊မြောက်ပိုင်း မောင်တောကိစ္စ
      ကြောင့် စိတ်သောကရောက်နေကြရသော်လဲ မြို ့သူားများအနေအထိုင်နဂိုတိုင်း အေးအေးဆေး
      ဖြင့် ဥပဒေက အမှန်တိုင်းဆောင်ရွက်ပေးမည်ဟုသာ ယုံကြည်နေကြပါတယ်။

  • blackchaw

    June 9, 2012 at 10:02 pm

    မောင်သန်းထွဋ်ဦး ညီလေးရေ။
    ဒီရက်ပိုင်း အသွားအလာအနေအထိုင် ဆင်ခြင်စေချင်ပါတယ်။
    သတိလေးနဲ့နေ သတိလေးနဲ့စားပါ။
    ညီလေးအတွက် အစ်ကို စိတ်ပူမိပါတယ်။

  • သားဦး၊မြေးဦး

    June 9, 2012 at 10:35 pm

    အကိုဘလက်ချောရေ —ခုလိုစိုးရိမ်ပူပန်ပေးလို ့ကျေးဇူးအထူးတင်ပါတယ်ဗျာ။
    ကျနော်တို ့မြို ့မှာ ပြဿနာဖြစ်ဖို ့ရာမဖြစ်တန်ရာပေမယ့် ပြောလို ့တော့မရဘူး
    ပေါ့။မြို ့သူားအားလုံး၊မြို့ပေါ်ရော၊နယ်ဖက်ကရွာတွေပါမကျန် စည်းစည်းလုံးလုံး
    နေလာကြတာပါ။
    ဒါပေမယ့်သိ ကိုဘလက်ချောကို ခုလိုသတိပေးစကားကို စေတနာနဲ ့ဆိုလိုလို ့
    ဆင်ခြင်ပေါ့မယ်ဗျား။

  • kai

    June 10, 2012 at 2:07 am

    ဘာသိချင်တာလည်း မရှင်းဘူးဖြစ်နေလို့ပါ..

    သာမန်အားဖြင့်..
    သူတို့လည်း ..ရွာသူားအခွင့်အရေးရှိတာမို့.. တရားရေးကနေဥပဒေကြောင်းအရ တောင်းဆိုတာမျိုးမဟုတ်ရင်.. ကျုပ်က.. မန်ဘာအချက်အလက်တွေ ထုတ်ပြန်ပေးမှာမဟုတ်ပါဘူး..

    ထားပါတော့..
    စီအိုင်အေက တောင်းရင်တော့ ပေးချင်ပေးမပေါ့..။
    တာလီဘန်နဲ့အယ်လ်ကိုင်ဒါနာမယ်ပါသွားတာကိုး.. :mrgreen:
    နောက်ပြီးတကယ်ပြောတာမဟုတ်ပါဘူးနော..။

    ဆိုတော့..
    ကိုရင်ကိုယ်တိုင်ကတော့.. သတိနဲ့စိတ်အေးအေးနေစေချင်ပါတယ်..
    ကျုပ်လည်း လုပ်စရာရှိတာတွေ.. လုပ်ထားပါတယ်.။
    စကားအတင်းစပ်..
    ကိုရင့်ကို.. မန္တလေးဂေဇက်မိသားစုဝင်အဖြစ်နဲ့ရော. စီဂျေအဖြစ်ရော အသိအမှတ်ပြုထားပါတယ်..

    • သားဦး၊မြေးဦး

      June 10, 2012 at 11:26 am

      သူကြီး မပြောပြနိုင်တာကို နားလည်ပါတယ်။ဒါပေမယ့်လဲ ဒီလူတွေ လီဆယ်ရေးသားနေခြင်းအ
      ပေါ် သူကြီးက ရှင်းပြပေးစေလိုခြင်းပါ။ကျနော် နားလည်တာက ဒီလူတွေ လူလိမ်တွေကြောင့်
      မလုံခြုံတော့ပြီ။
      သူကြီးက အသိအမှတ်ပြုထားလို ့ကျေးဇူးပါခင်များ။

  • ကြောင်ကြီး

    June 10, 2012 at 10:51 am

    သိဂျင်ဒါ သဂျီးဂ တာလီဘန်လား အယ်ကိုင်းဒါလား ဘယ်အဖွဲ့ဂလဲ…။ သဂျီး အာဖဂန်နစ္စတန် ခဏခဏသွားတာတော့ သိဒယ်.. သူ့အပြောဂတော့ ဘိန်းကုန်ကူးဒါဒဲ့… ဒါလည်း ဟုတ်ချင်ဟုတ်မှာ.. သူကားအသစ်ဝယ်စီးထားဒါသာကြည့်ဒေါ့… 🙄

  • အေးဝတီ ကြီး

    June 10, 2012 at 5:04 pm

    ကျနော့် တသက်မှာ အမှားကိုအမှန်လုပ်ပြောတဲ့ အလုပ်ဘယ်တော့မှ မလုပ်ဘူး။

  • manawphyulay

    June 10, 2012 at 6:07 pm

    ကဲ သဂျီးကလည်း ရှင်းစရာရှိတာ ရှင်းပြပေးလိုက် သိချင်နေတာတွေကို။ ပြောတဲ့သူကလည်း သိချင်တာကို ရေလည်အောင်ပြောပြမှပေါ့။ ဖတ်ရင်းနဲ့မူးလာပြီ။

  • သားဦး၊မြေးဦး

    June 10, 2012 at 6:54 pm

    ဒီလိုဗျ မမမနောဖြူလေးရေ ကျနော်အဆဲခံရတဲ့ပို ့စ်ကို စတင်ရေးသားသူ
    adu lar/Tun Tun နဲ ့Thu Thu ဆိုတဲ့အကောင့်တွေ ဆက်စပ်နေတယ်ဆို
    တာပေါ်လွင်နေပါတယ်။ဘာလို ့လဲဆိုတော့ Thu Thu ဆိုတဲ့အကောင့်က
    တနေရာမှာ မိန်းကလေး၊နောက်တနေရာမှာ ယောကျာ်းလေးအဖြစ်(၂)
    ကြိမ်ဘဲ မန် ့ဖူးပါတယ်။စိုးရိမ်စရာ လူလိမ်တွေ။

Leave a Reply