ကမ္ဘာကို တုန်လှုပ်စေတဲ့ ၅၅ ပေရှည်သော မြွေကြီ

zaylayJune 22, 20101min744

Photo Credit: meizu.comတရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို
မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party
သတင်းစာဖြစ်တဲ့ People’s Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။

ဒီသတင်းကပြောဆိုထားတာကတော့ Jiangxi စီရင်စု မှ Guping မြို့တော်အပြင်ဖက်မှာရှိတဲ့ သစ်တောကို လမ်း
အသစ်ဖောက်လုပ်ဖို့အတွက် အလုပ်သမားတွေ သစ်တောရှင်းလင်းစဉ်းမှာ ဒီ
ဧရာမကြီးမားတဲ့ မြွေကြီး ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ။ ဒီမြွေကြီးဟာ အလွန်ကြီးမားတဲ့ မြွေကြီး ၂ ကောင်အနက်က တကောင်ဖြစ်ပြီး
ဖြစ်စဉ်ကတော့ အလုပ်သမားတွေက မြေကြီးတွေကို ညှိဖို့ မြေတူးစက်နဲ့
ဆောင်ရွက်နေစဉ်မှာ မြေကြီးထဲမှာ အိပ် ပျော်နေတဲ့ နှစ်ချို့ မြွေကြီးတွေဟာ
ပြန်လည် နိုးထလာခဲ့ရခြင်းဖြစ်ပါတယ် ။

” တတိယ အကြိမ်တူးလိုက်တဲ့အခါ အော်ပရေတာက မြေကြီးတွေပေါ်မှာ သွေးတွေကို တွေ့လိုက်ရပါတယ် ပြီး တော့ ဆက်ပြီးတူးလိုက်တဲ့အခါ သေနေတဲ့
မြွေကြီးကိုတွေ့ရတာပါပဲ ” လို့ အလုပ်သမားတွေက ပြောပါတယ် ။

” အဲဒီတချိန်တည်းမှာပဲ ရွှေရောင်အဆင်းရှိတဲ့ နောက်မြွေကြီးတကောင်က
ပါးစပ်ကြီးဟပြီး ပေါ်လာခဲ့ပါတယ်.. ကားမောင်းသမားဟာ ကြောက်လန့်လွန်းတဲ့အတွက်
အလွန်ကို တုန်လှုပ်ခဲ့ပါတယ် တခြား အလုပ်သမား တွေကတော့ အဲဒီအချိန်မှာ
အသက်ရှင်ဖို့အတွက် ထွက်ပြေးသွားကြပါပြီ .. အချိန်အတော်ကြာလို့ အလုပ်သမား
တွေ ပြန်ရောက်လာတဲ့အခါ ဒါဏ်ရာရနေတဲ့ မြွေကြီးကသေဆုံးနေပါပြီ ဒါပေမယ့်
နောက်မြွေကြီး တ ကောင်ကတော့ တောထဲမှာ ပျောက်ကွယ်သွားခဲ့ပါတယ်
မြေတူးစက်မောင်းတဲ့သူဟာ ကြောက် လန့်လွန်းတဲ့ အတွက် စိတ်မူမမှန်ဖြစ်ခဲ့ရပြီး
အခုဆိုရင် မတ်တပ်တောင်မရပ်နိုင်တော့ပါဘူး ”

နောက်ဆက်တွဲ သတင်းမှာ ဖော်ပြခဲ့တာကတော့

” မြေတူးစက်မောင်းသမားဟာ အလွန်ကို ထိတ်လန့်ခဲ့တာကြောင့် နှလုံး တိုက်ခိုက်ခံရမှု ( Heart Attack)
ရရှိခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့
သေဆုံးသွားခဲ့ပါတယ် ” လို့ဆိုပါတယ် ။

သေနေတဲ့မြွေကြီးဟာ ၅၅ ပေ (၁၆.ရ မီတာ) ရှည်လျှားပြီး ခန့်မှန်းခြေ နှစ်ပေါင်း ၁၄ဝ သက်တမ်း ရှိပါပြီ ။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အစိုးရထုတ် သတင်းစာတွေကတော့ မြွေကြီးအကြောင်းကို အကျယ်တဝင့် ရေးသား
ခဲ့ကြပြီး ဓါတ်ပုံသတင်းတွေအရ အလွန်ကြီးမားတဲ့မြွေကြီးဟာ တကယ်တော့ ဒီဒေသဟာ
သူ့ရဲ့ (စားကျက် )ကျက်စားရာနေရာမဟုတ် ပါဘူးလို့ဆိုထားပါတယ် ။

Photo Credit : meizu.com

4 comments

  • cobra

    June 22, 2010 at 5:30 am

    တော်တော်ရှည်တဲ့မြွေကြီးဘဲနော်ထင်တောင်မထင်ဘူးအိုက်လောက်ကြီးတဲ့မြွေရှိမယ်လို ့။

  • snow

    June 22, 2010 at 8:50 am

    အင်းဇာတ်ကားထဲမှာပဲတွေ ့ဖူးတာ
    အပြင်မှာရှိမယ်လို့မထင်ဘူး
    ကြောက်စရာကြီး

  • etone

    June 24, 2010 at 3:25 am

    သူ့ခေါင်းက လူတယောက်ခေါင်းလောက်ရှိတယ်နော် ။ ရုပ်ရှင်ထဲမှာတွေ့ဖူးတာမျိုးကြနေတာပဲ ။ နောက်တစ်ကောင်က တောထဲမှာရှိဦးမှာပဲ ။ သတိထားပေါ့ … ။ အဲ့ဒါကြီးအကိုက်ခံရလို့ကတော့ မလွယ်ဘူးမှတ် ။ တခါစားရင် လူ5ယောက်လောက်မှဗိုက်ပြည့်မဲ့ပုံပဲ ။

  • kopauk mandalay

    July 21, 2010 at 12:09 pm

    ဒီလောက်တိုးတက်ပါတယ်ဆိုတဲ့ ထိပ်တန်းရောက်နေတယ်ဆိုတဲ့
    တိုင်းပြည်က ဒီမြွေကြီးအတွက် အုံးစားနေတယ်ဆိုတာ
    ရီစရာကောင်းမှကောင်းပါလား……………………………..

Leave a Reply