ပြောစရာစကားတွေရှိလာပြီပေါ့ညီလေး စောညီညီ အကိုတို့မတွေ့ကြတာနှစ်ပေါင်းနှစ်ဆယ်ကာလတခုကိုကျော် လွန်သွားခဲ့ပေမယ့် တချိန်တုန်းက စစ်တွေအကျဉ်းထောင်ထဲမှာ ရခိုင်ပြည်အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာမမေ့သေးပါဘူး။ကဲအခုအကို့postsရဲ့ခေါင်းစဉ်ကိုရှင်းပြပါဦးမယ်။
အကိုတို့လေးယောက်စလုံးဟာ ၁၉၉၀အလွန်မှာစစ်တွေအကျဉ်ထောင်ထဲမှာ ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုတွေကြောင့်အကျဉ်းကြခဲ့စဉ်အတူတကွတွေ့ဆုံကြတာပေါ့ ဒီနိုင်ငံရေးအကျဉ်းကြနေကြတဲ့ရခိုင်ပြည်က ကမ္ဘာကျော်နိုင်ငံရေးသမားတွေအကိုသတိထားမိတာက ဦးဦးလှစော(ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှုး)ဦးကျောက်တောင်(ကြံ့ခိုင်ရေးပါတီ နာယက)ညီလေးစောညီညီတို့ပေါ့ ညီလေးနဲ့အကို အတော်ရင်းနှီးလာလို့ တယောက်ကိုတယောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်တဲ့အခါ ရခိုင်ပြည်နယ်ရဲ့ကံကြမ္မာတချိန်ညီလေးတို့လက်ထဲမှာ လုံခြုံမှုေိအးချမ်းမှုတွေနဲ့အတူဖွံ့ဖြိုးတိုးတက်လိမ့်ရခိုင်တိုင်းသားတွေကို တစုံတ၇ာကိုယ်စားပြုနေသူပေါ့ သူ့ကိုစစ်တွေထောင်နိုင်ငံရေးဆောင်မှာတွေ့တုန်းက အမြဲတမ်းမျက်မှောင်ကျုတ်ပြီးစာဖတ်နေတတ်တယ်၊မျက်မှောင်ကျုတ်ပြီးလမ်းလျှောက်ရင်းစဉ်းစားနေတတ်တယ် သူက ၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးကိုတောင်းဆိုသူဖြစ်လို့ အမျိုးသားရေးတင်းမာသူဖြစ်ပေမယ့် လူသားတို့ရဲ့မွေးရာပါအခွင့်ရေးတွေကို သဘောထားကြိးစွာနားလည်လက်ခံထားသူဖြစ်လိမ့်မယ်လို့အကိုယုံကြည်ပါတယ်။
နောက်တယောက်က ကိုကျောက်တောင် သူဟာအံ့သြဖို့ကောင်းတဲ့ စီးပွားအမြင်ရှိသူပါ သူရဲ့စီးပွားရေးအသီးအပွင့်တွေကို တောင်ကုတ်မြို့သူမြိုသားတွေမျှဝေခံစားရပါတယ် သူကြံ့ခိုင်ရေးပါတီဝင်တုန်းက တောင်ကုတ်ကလူငယ်တွေဝမ်းနည်းပက်လက်ဖြစ်ကြတယ် သူကိုတောင်ကုတ်မြိုသူမြို့သားတွေက ဒီမိုကရေစီရေးမှာခေါင်းဆောင်အဖြစ်မြင်လိုကြပါတယ် ဒါပေမယ့်ညီလေးရာလူဆိုတာသူ့သမိုင်းကိုသူ့စိတ်ကြိုက်ပုံဖေါ်ဘို့ကြိုးစားတတ်ကြတာပဲ မြို့ကိုတိုးတက်အောင်လုပ်ပါတယ် လျှပ်စစ်မီးကိုလဲ ၂၄ နာရီရအောင် ဖွဲမီးစက်တွေနဲ့မီးပေးတယ် ရခိုင်ရိုးမကားလမ်းကိုလဲ နေလသစ္စာကုမ္ပဏီအနေနဲ့လုပ်နေတယ် အများကြီးပေါ့ညီလေးရာ ရခိုင်ပြည်နယ်တောင်ပိုင်းတက္ကသိုလ်ကိုလဲကုန်ကြစရိတ်ရဲ့တ၀က်သူခံမယ်တဲ့ရခိုင်ဒေသဟာဖွံ့ဖြိုးမှုအလွန်နဲပါတယ် ဒီတက္ကသိုလ်သာပြီးသွားလို့ ပညာရေးအသီးအပွင့်တွေသီးပွင့်ရင် ရိုးသားတဲ့ရခိုင်တိုင်းသားတွေ လူလှည့်စားတာမခံရတော့ဘူးပေါ့ ဒီတော့အကိုက ကိုကျောက်တောင်ကို ရခိုင်ပြည်နယ်ဖွံ့ရေးအတွက် အဖိုးတန်သူ တယောက်လို့မှတ်ချက်ပြုပါရစေ သူဟာလူ့အခွင့်ရေးကိုဘယ်လောက်အထိ လက်ခံယုံကြည်တယ်ဆိုတာတော့ အကို မမှန်းတတ်ပါဘူး၊
အကို ကတော့နိုင်ငံရေးနယ်ပယ်ထဲမှာမရှိတော့ပါဘူး ပရဟိတအလုပ်လေးတွေနဲ့ပဲ ဖြတ်သမ်းနေတာပါ အကိုကပါတီနိုင်ငံရေးကိုမယုံကြည်ဘူး ပြည်သူကိုကိုယ့်လိုဘအတွက်မလှည့်ဖြားချင်ဘူး အသုံးချဘို့လဲမနှစ်ချိုက်ဘူး ဒါကအကို့အတွေးပါ ညီလေးစောညီညီကကော ဘယ်နယ်ပယ်ထဲမှာလဲ ညီလေးကနိုင်ငံရေးတက်ကြွသူပဲဒီလောကထဲမှာပဲရှိမှာပေါ့
ဒါနဲ့ညီလေးရေ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ညီလေးတို့ ဦဦးလှစောတို့ ဦးကျောက်တောင်တို့ဝိုင်းဝန်းပြီးအေးအေးချမ်းချမ်းနည်းလမ်းတွေနဲ့ဝင်ပြိးဖြေရှင်းကြ၇င်မကောင်းဘူးလား အကိုသိသလောက်က ရခိုင်တိုင်းရင်းသူတယောက်ကို လူသုံးယောက်ဝိုင်းဝန်းသတ်ဖြတ်တယ် လုယက်မှု သားမယားပြုကျင့်မှု ညှင်းဆဲသတ်ဖြတ်မှု ကြီးမားတဲ့ရာဇ၀တ်မှုပေါ့ညီလေးရာ ယုတ်မာပက်စက်လိုက်ကြတာ လူမဆန်တဲ့သတ္တ၀ါတွေပဲ အကိုတို့စစ်တွေထောင်ထဲနေတုန်းက ဒီလိုမျိုးလင်မယားနှစ်ယောက်တွေ့ဘူးတယ်လေ သံဒိုင်တို့လင်မယား ၁၂နှစ်အရွယ်ကလေးမလေးကို မယားကချုပ်ပေးလင်ကမုဒိန်းကျင့်ပြီးတော့သတ်နားကိုဖြတ်ပြီးနားဆွဲကိုယူ အလောင်းဖြောက် တော့သေဒဏ်ပေါ့ အော် ကိုယ့်ရခိုင်လူမျိုးအချင်းချင်းနှော် ရက်စက်လိုက်တာညီလေးရေ အခုလဲ ဒီရက်စက်တဲ့ရာဇ၀တ်မှုကြီးကြောင့် ဘာမှမသက်ဆိုင်တဲ့လူ၁၀ဦးရက်ရက်စက်စက်အသတ်ခံရပြန်ပါတယ်ဖြစ်ပုံကဒိလူဆယ်ဦးကလဲကံဆိုးတာပါ သတ်ဖြတ်မှုကြူးလွန်သူတွေကလဲ လှည်စားတာခံရတာပါ ကျောက်နီမော်မှာရာဇ၀တ်မှုကြူးလွန်သူတွေကိုလဘ်ငွေပေးပြီးလူစားလဲတယ် ဒီလူတွေဟာရိုးမသစ္စာကားနဲ့ပါလာတယ်ဆိုပြီးသံတွဲက မသမာသူလူတယောက်က ဖုန်းကြိုဆက်ထားတာတဲ့ စီးပွားရေးပြိုင်တာလဲကြောက်စရာတွေပဲနှော်
ညီလေးကိုအကိုပြောခဲ့သားပဲ ရခိုင်ပြည်နယ်ဟာ ခွဲထွက်လို့မရပါဘူးလို့ အခုမောင်းတောဆူနေပြီ သိပ်အသိညဏ်မဲ့ကြတာဘဲ အေးချမ်းစွာဆန္ဒပြခွင့်ရှိတာကို အကြမ်းဖက်မှုတွေကျူးလွန်လာတယ် ဒီတော့ ဒီလိုအင်္ဂါရပ်တွေနဲ့မပြည့်စုံဘဲတိုင်းပြည်တပြည်တည်ထောင်လို့မရဘူး ငါတို့ရွှေဂဂစ်ရရင်ချမ်းသာပြီဆိုပြိး ပြည်ထောင်စုကိုဖြိုဖျက်မယ်ဆိုရင်တော့ ရင်လေးစရာဘဲညီလေး လူမျိုးရေးအမြင်ကျယ်ဘို့လိုလိမ့်မယ် လူမျိုးမရွှေးလူမျိုးမရွေးပညာသင်ပေးပါ အသိပညာတွေပြည့်ဝရင်ဥပဒေကိုလေးစားလိုက်နာလာလိမ့်မယ် အမျိုးသမိးအခွင့်အရေးကိုကာကွယ်ပါ ဥပဒေအားဇြင့်လုံခြုံပါစေ ဘာသာရေးအမြင်ကျယ်ဘို့ကျိုးစားကြည့်ပါ အစွန်းတွက်ပဋိပက္ခတွေ မရှိနိုင်တော့ပါဘူး
ငြိမ်းရေးသည်သာထာဝရ
ငြိမ်းချမ်းရေးသည်နိယာမ

About ဖိုးကြက်တောင်@badminton

ဇိုး ကြက်တောင် has written 13 post in this Website..