ဦးဦးလှစော ဦးကျောက်တောင် စောညီညီ နှင့် ထွန်းထွန်းဦး

Maung YuGhan SDYJune 10, 20121min1084

ပြောစရာစကားတွေရှိလာပြီပေါ့ညီလေး စောညီညီ အကိုတို့မတွေ့ကြတာနှစ်ပေါင်းနှစ်ဆယ်ကာလတခုကိုကျော် လွန်သွားခဲ့ပေမယ့် တချိန်တုန်းက စစ်တွေအကျဉ်းထောင်ထဲမှာ ရခိုင်ပြည်အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာမမေ့သေးပါဘူး။ကဲအခုအကို့postsရဲ့ခေါင်းစဉ်ကိုရှင်းပြပါဦးမယ်။
အကိုတို့လေးယောက်စလုံးဟာ ၁၉၉ဝအလွန်မှာစစ်တွေအကျဉ်ထောင်ထဲမှာ ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုတွေကြောင့်အကျဉ်းကြခဲ့စဉ်အတူတကွတွေ့ဆုံကြတာပေါ့ ဒီနိုင်ငံရေးအကျဉ်းကြနေကြတဲ့ရခိုင်ပြည်က ကမ္ဘာကျော်နိုင်ငံရေးသမားတွေအကိုသတိထားမိတာက ဦးဦးလှစော(ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှုုး)ဦးကျောက်တောင်(ကြံ့ခိုင်ရေးပါတီ နာယက)ညီလေးစောညီညီတို့ပေါ့ ညီလေးနဲ့အကို အတော်ရင်းနှီးလာလို့ တယောက်ကိုတယောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်တဲ့အခါ ရခိုင်ပြည်နယ်ရဲ့ကံကြမ္မာတချိန်ညီလေးတို့လက်ထဲမှာ လုံခြုံမှုေိအးချမ်းမှုတွေနဲ့အတူဖွံ့ဖြိုးတိုးတက်လိမ့်ရခိုင်တိုင်းသားတွေကို တစုံတရာကိုယ်စားပြုနေသူပေါ့ သူ့ကိုစစ်တွေထောင်နိုင်ငံရေးဆောင်မှာတွေ့တုန်းက အမြဲတမ်းမျက်မှောင်ကျုတ်ပြီးစာဖတ်နေတတ်တယ်၊မျက်မှောင်ကျုတ်ပြီးလမ်းလျှောက်ရင်းစဉ်းစားနေတတ်တယ် သူက ၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးကိုတောင်းဆိုသူဖြစ်လို့ အမျိုးသားရေးတင်းမာသူဖြစ်ပေမယ့် လူသားတို့ရဲ့မွေးရာပါအခွင့်ရေးတွေကို သဘောထားကြိးစွာနားလည်လက်ခံထားသူဖြစ်လိမ့်မယ်လို့အကိုယုံကြည်ပါတယ်။
နောက်တယောက်က ကိုကျောက်တောင် သူဟာအံ့ဩဖို့ကောင်းတဲ့ စီးပွားအမြင်ရှိသူပါ သူရဲ့စီးပွားရေးအသီးအပွင့်တွေကို တောင်ကုတ်မြို့သူမြိုသားတွေမျှဝေခံစားရပါတယ် သူကြံ့ခိုင်ရေးပါတီဝင်တုန်းက တောင်ကုတ်ကလူငယ်တွေဝမ်းနည်းပက်လက်ဖြစ်ကြတယ် သူကိုတောင်ကုတ်မြိုသူမြို့သားတွေက ဒီမိုကရေစီရေးမှာခေါင်းဆောင်အဖြစ်မြင်လိုကြပါတယ် ဒါပေမယ့်ညီလေးရာလူဆိုတာသူ့သမိုင်းကိုသူ့စိတ်ကြိုက်ပုံဖေါ်ဘို့ကြိုးစားတတ်ကြတာပဲ မြို့ကိုတိုးတက်အောင်လုပ်ပါတယ် လျှပ်စစ်မီးကိုလဲ ၂၄ နာရီရအောင် ဖွဲမီးစက်တွေနဲ့မီးပေးတယ် ရခိုင်ရိုးမကားလမ်းကိုလဲ နေလသစ္စာကုမ္ပဏီအနေနဲ့လုပ်နေတယ် အများကြီးပေါ့ညီလေးရာ ရခိုင်ပြည်နယ်တောင်ပိုင်းတက္ကသိုလ်ကိုလဲကုန်ကြစရိတ်ရဲ့တဝက်သူခံမယ်တဲ့ရခိုင်ဒေသဟာဖွံ့ဖြိုးမှုအလွန်နဲပါတယ် ဒီတက္ကသိုလ်သာပြီးသွားလို့ ပညာရေးအသီးအပွင့်တွေသီးပွင့်ရင် ရိုးသားတဲ့ရခိုင်တိုင်းသားတွေ လူလှည့်စားတာမခံရတော့ဘူးပေါ့ ဒီတော့အကိုက ကိုကျောက်တောင်ကို ရခိုင်ပြည်နယ်ဖွံ့ရေးအတွက် အဖိုးတန်သူ တယောက်လို့မှတ်ချက်ပြုပါရစေ သူဟာလူ့အခွင့်ရေးကိုဘယ်လောက်အထိ လက်ခံယုံကြည်တယ်ဆိုတာတော့ အကို မမှန်းတတ်ပါဘူး၊
အကို ကတော့နိုင်ငံရေးနယ်ပယ်ထဲမှာမရှိတော့ပါဘူး ပရဟိတအလုပ်လေးတွေနဲ့ပဲ ဖြတ်သမ်းနေတာပါ အကိုကပါတီနိုင်ငံရေးကိုမယုံကြည်ဘူး ပြည်သူကိုကိုယ့်လိုဘအတွက်မလှည့်ဖြားချင်ဘူး အသုံးချဘို့လဲမနှစ်ချိုက်ဘူး ဒါကအကို့အတွေးပါ ညီလေးစောညီညီကကော ဘယ်နယ်ပယ်ထဲမှာလဲ ညီလေးကနိုင်ငံရေးတက်ကြွသူပဲဒီလောကထဲမှာပဲရှိမှာပေါ့
ဒါနဲ့ညီလေးရေ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ညီလေးတို့ ဦဦးလှစောတို့ ဦးကျောက်တောင်တို့ဝိုင်းဝန်းပြီးအေးအေးချမ်းချမ်းနည်းလမ်းတွေနဲ့ဝင်ပြိးဖြေရှင်းကြရင်မကောင်းဘူးလား အကိုသိသလောက်က ရခိုင်တိုင်းရင်းသူတယောက်ကို လူသုံးယောက်ဝိုင်းဝန်းသတ်ဖြတ်တယ် လုယက်မှု သားမယားပြုကျင့်မှု ညှင်းဆဲသတ်ဖြတ်မှု ကြီးမားတဲ့ရာဇဝတ်မှုပေါ့ညီလေးရာ ယုတ်မာပက်စက်လိုက်ကြတာ လူမဆန်တဲ့သတ္တဝါတွေပဲ အကိုတို့စစ်တွေထောင်ထဲနေတုန်းက ဒီလိုမျိုးလင်မယားနှစ်ယောက်တွေ့ဘူးတယ်လေ သံဒိုင်တို့လင်မယား ၁၂နှစ်အရွယ်ကလေးမလေးကို မယားကချုပ်ပေးလင်ကမုဒိန်းကျင့်ပြီးတော့သတ်နားကိုဖြတ်ပြီးနားဆွဲကိုယူ အလောင်းဖြောက် တော့သေဒဏ်ပေါ့ အော် ကိုယ့်ရခိုင်လူမျိုးအချင်းချင်းနှော် ရက်စက်လိုက်တာညီလေးရေ အခုလဲ ဒီရက်စက်တဲ့ရာဇဝတ်မှုကြီးကြောင့် ဘာမှမသက်ဆိုင်တဲ့လူ၁ဝဦးရက်ရက်စက်စက်အသတ်ခံရပြန်ပါတယ်ဖြစ်ပုံကဒိလူဆယ်ဦးကလဲကံဆိုးတာပါ သတ်ဖြတ်မှုုကြူးလွန်သူတွေကလဲ လှည်စားတာခံရတာပါ ကျောက်နီမော်မှာရာဇဝတ်မှုကြူးလွန်သူတွေကိုလဘ်ငွေပေးပြီးလူစားလဲတယ် ဒီလူတွေဟာရိုးမသစ္စာကားနဲ့ပါလာတယ်ဆိုပြိီးသံတွဲက မသမာသူလူတယောက်က ဖုန်းကြိုဆက်ထားတာတဲ့ စီးပွားရေးပြိုင်တာလဲကြောက်စရာတွေပဲနှော်
ညီလေးကိုအကိုပြောခဲ့သားပဲ ရခိုင်ပြည်နယ်ဟာ ခွဲထွက်လို့မရပါဘူးလို့ အခုမောင်းတောဆူနေပြီ သိပ်အသိညဏ်မဲ့ကြတာဘဲ အေးချမ်းစွာဆန္ဒပြခွင့်ရှိတာကို အကြမ်းဖက်မှုတွေကျူးလွန်လာတယ် ဒီတော့ ဒီလိုအင်္ဂါရပ်တွေနဲ့မပြည့်စုံဘဲတိုင်းပြည်တပြည်တည်ထောင်လို့မရဘူး ငါတို့ရွှေဂဂစ်ရရင်ချမ်းသာပြီဆိုပြိး ပြည်ထောင်စုကိုဖြိုဖျက်မယ်ဆိုရင်တော့ ရင်လေးစရာဘဲညီလေး လူမျိုးရေးအမြင်ကျယ်ဘို့လိုလိမ့်မယ် လူမျိုးမရွှေးလူမျိုးမရွေးပညာသင်ပေးပါ အသိပညာတွေပြည့်ဝရင်ဥပဒေကိုလေးစားလိုက်နာလာလိမ့်မယ် အမျိုးသမိးအခွင့်အရေးကိုကာကွယ်ပါ ဥပဒေအားဇြင့်လုံခြုံပါစေ ဘာသာရေးအမြင်ကျယ်ဘို့ကျိုးစားကြည့်ပါ အစွန်းတွက်ပဋိပက္ခတွေ မရှိနိုင်တော့ပါဘူး
ငြိမ်းရေးသည်သာထာဝရ
ငြိမ်းချမ်းရေးသည်နိယာမ

4 comments

  • minyanag

    June 10, 2012 at 11:28 am

    ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဆိုးကြီးမှာ ကြိုတင်ဖုံးဆက်ခဲ့တယ် ဆိုတာလေးကို ရှင်းပါဦး
    ကျနော်လဲ ဖြစ်ရပ်အပေါ် စိတ်ဝင်စားမိတယ် စီးပွါးပြိုင်ဆိုတာက ဘာလဲ
    ကျနော် အပါဝင် အားလုံး စိတ်ဝင်စားနေတဲ့ ကိစ္စမို့ သိနေရင်လဲ တစွန်းတစ
    ပြောပြပေးပါ ။

  • ပေါတာဘင်

    June 10, 2012 at 12:37 pm

    အေးလကွယ် . . ဘာမှန်းလဲ မသိ . . သများတွေ ဒါ့လောက် သိချင်နေကြတာ
    ကြံစည်သူ အမျိုးယုတ် ဘယ်သူဖြစ်ဖြစ် ဒါ့လောက်တောင်ဖြစ်ရတာ
    အရေးယူနိုင်ဖို့ အရေး အမြန်ဆုံး ဖေါ်ပေးကြပါ ။

  • ဖိုးကြက်တောင်@badminton

    June 10, 2012 at 10:09 pm

    ဒါကဒီလိုပါ ရိုးမသစ္စာကားဂိတ်ပိုင်ရှင် ကိုဟန်ထွန်း ဟာ လွန်ခဲ့တဲ့လအတန်ကြာက ရိုးမသစ္စာအဝေးပြေးကားဂိတ်လုပ်ငန်းလုပ်ကိုင်ဘို့အတွက်လုပ်ဆောင်ရာမှာ မနာလိုသူလူတဦးက ပြည်နယ်အစိုးရအထိတိုင်ကြားခံခဲ့ရလို့ ဥပဒေနဲ့အညီဖြေရှင်းဆောင်ရွက်ပြီး ပြေးဆွဲခွင့်ရခဲ့တယ်လို့သိရပါတယ်။
    ပြေးဆွဲရာမှာလဲယဉ်စီးခလျျှော့ယူတဲ့အတွက် လုပ်ငန်းတူများရဲ့အမျက်သိုခြင်းခံရပါတယ်လို့သိရပါတယ်။ရိုးမသစ္စာကားများမှာပိုင်ရှင်တချုို့ကအစ္စလာမ်ဘာသာဝင်များဖြစ်ပါတယ် ၊
    အခုရခိုင်ပြည်နယ်ဒေသအနှံ့ဘာသာရေးလူမျိုးရေးအဓိကရုန်းဖြစ်ပွားစေတဲ့အဓိကပြသနာက ရခိုင်တိုင်းရင်းသူတဦးကို အစ္စလာမ်ဘာသာဝင်လူငယ်သုံးက ပြစ်မှုကျူးလွန်ခဲ့ခြင်းအပေါ် ရခိုင်တိုင်းရင်းသားများက ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုဆန္ဒထုတ်ဖေါ်ရခြင်းကလဲ ပြစ်မှုကျူးလွန်သူများက ရဲများအားငွေပေးပြီးလူစားလဲလိုက်တယ်ဆိုတဲ့ကောလဟာလ သတင်းပြန့်မှုကြောင့်လို့ ကျောက်နီမော်ကျေးရွာဒေသခံများကပြောပါတယ်။ကျောက်နီမော်ကျေးရွာမှာနေထိုင်ကြတဲ့အစ္စလာမ်ဘာသာဝင်လူနည်းစုများကို ဒေသခံတိုင်းသား ရခိုင်လူမျိုးများက အမြဲတစေကူညီစောင့်ရှောက်ပြီးချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ရွာပါ။
    ခုကိစ္စမှာတရားခံအစစ်အမှန်ဟာ လွတ်မြောက်သွားတယ်ဆိုတဲ့ကောလဟာလသတင်းကြောင့်ဒေါသထွက်နေတဲ့ ဒေသခံရခိုင်လူမျိုးတွေဟာထွက်ပေါက်လမ်းတွေကိုတားဆီးနိုင်ဘို့လှုံ့ဆော်စာတွေဝေမျှနေစဉ်မှာဘဲ သံတွဲမှရန်ကုန်သို့၃ရက်နေ့ထွက်လာမယ့်ကားမှာ ဒီတရားခံတွေပါလာတယ်လို့ သံတွဲက လူတဦးကဖုန်းဆက်တယ်လို့ တောင်ကုတ်မြို့ဒေသခံတဦးကပြောပါတယ် ဒီသတင်းကြောင့်ဘဲ နယ်တွင်နေထိုင်သူများတောင်ကုတ်မြို့ပေါ်ကိုစုဝေးရောက်လာတယ်လို့သိရပါတယ် ဒါနဲ့ပဲ မှုခင်းနဲ့ဘာမှမသက်ဆိုင်တဲ့ အစ္စလာမ်ဘာဝင်နယ်လှည့်တရားအားထုတ်သူ ၁ဝ ဦးကိုရက်ရက်စက်စက်သတ်ပြတ်ခဲ့တာပါလို့တောင်ကုတ်မြို့ခံတွေကပြောပါတယ်။
    ဒီလှုံ့ဆော်မှုမှာအစ္စလာမ်ဘာသာရေးအသင်းအဖွဲ့တွေက ကူညီတယ်ဆိုတဲ့ သွေးထိုးလှုံ့ဆော်မှုတွေက အဓိကရုန်းတွေဖြစ်လာအောင် လုပ်နေတယ်ဆိုတာထင်ရှားပါတယ်တကယ်တန်းက လူသတ်မှုတွေကိုကျူးလွန်သူတွေရဲ့ ယုတ်မာပက်စက်တဲ့ကိုယ်ကျင့်တရားဖေါက်ပြန်မှုတွေပါ ဘာသာရေးအဖွဲ့အစည်းနဲ့မသက်ဆိုင်ပါဘူး။
    ဖုန်းဆက်တဲ့တရားခံဟာဘယ်သူဆိုတာသိရရင်တော့တင်ပေးပါမယ် ဒါကိုအထင်နဲ့ပြောလို့မရပါဘူး
    စုန်းမရှိ ရွာတည်လို့မရ စုန်းပြူးတွေကိုသတိတား
    မကောင်းမှုဟူသည်ဆိပ်ကွယ်ရာမရှိ ကိုယ်တရားမပျက်ကြပါနဲ့ မတရားမှုဟူသည် တဒင်္ဂ လွတ်လပ်မှုနှင့်တရားမျှတမှုဟူသည် ထာဝရ

  • Yel Kaung

    June 10, 2012 at 10:54 pm

    မောင်ရင်ရေးတာအချို့မှားနေမယ်ထင်တာပါဘဲ။တောင်ကုတ်မှာ(၂)ရက်လောက်ကဘဲစာဝေထားတာပါ
    ကုလားပါရင်အကုတ်သတ်မှာပါ၊တည်ခ်ုခန်းတည်းနေသူတောင်ပြေးလာရပါတယ်၊လက်ခံရင်လက်ခံသူသတ်မှာ
    ပါ။မောင်ရင်ပြောတဲ့သူတွေမသိရင်တောင်ကုတ်မှာဘာမှလုပ်လို့မရပါဘူး၊အရက်ဆိုင်မှဖရီးသောက်ခိုင်းထား
    တာပါ။

Leave a Reply