အမြင်ချို့ယွင်း၍ မျက်စိအနေအထားပျက်ယွင်းနေသော သံဃာနှင့် လူပုဂ္ဂိုလ်များကို ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် မျက်စိတုတပ်ဆင်ပေးသွားမည်

klnJune 22, 20101min750

အမြင်ချို့ယွင်း၍ မျက်စိအနေအထားပျက်ယွင်းနေသော သံဃာနှင့် လူပုဂ္ဂိုလ်များကို မျက်စိတုတပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း ဇီဝိတဒါနသံဃာ့ဆေးရုံ၏ သွားနှင့်ခံတွင်း ဆိုင်ရာအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဌေးဆောင်ကပြောသည်။ ယင်းကဲ့သို့ မျက်စိအတုတပ်ဆင်ပေးမှုကို ဇီဝိတဒါနသံဃာ့ဆေးရုံမျက်စိကုသရေးဌာနနှင့် သွားတုတပ်ဆင်ရေးဌာနတို့ပူးပေါင်း၍ ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ရာ ယင်းကဲ့သို့ ပြုလုပ်ရာ၌ သံဃာတော်နှင့် သီလရှင်များကို အခမဲ့ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ လူပုဂ္ဂိုလ်များကို ပစ္စည်းကုန်ကျစရိတ်မျှသာရှိသော ငွေကြေးဖြင့် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းကဲ့သို့ မျက်စိအတုပြုလုပ်နည်းကို စိတ်ဝင်တစားသင်ကြားလိုသော မျက်စိဆရာဝန်များနှင့်သွားဆရာဝန်များကိုလည်း သင်ကြားပေးမည်ဖြစ်ကြောင်း ယင်ကဆိုသည်။ မျက်စိအတုတပ်ဆင်ပေးမှုများကို ယခုလမှစတင်၍ အပတ်စဉ်ကြာသပတေးနေ့များတွင် ပြုလုပ်ပေးမည်ဖြစ်ပြီး နောင်တွင် စနေ၊ တနင်္ဂနွေနေ့မှအပ ကျန်သည့် နေများတွင်ပါ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။