ပုဂ္ဂလိကဆိုင်များမှ ဓာတ်ဆီကို တစ်နေ့လျှင် ကားတစ်စီးတစ်ခေါက်နှုန်းရောင်းချပေး

klnJune 22, 20101min613

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီကို တစ်နေ့လျှင် တစ်ခေါက်နှုန်းဖြင့်ရောင်းချပေးနေကြသည်။ အဆိုပါဆီဆိုင်များက ဆီစာအုပ်ဖြင့် ဝယ်ယူရန်မလိုသော စက်သုံးဆီဒီဇယ်နှင့် ဓာတ်ဆီတို့ကို ဇွန်လ ၁ဝရက်က စတင်ကာ ရောင်းချပေးနေခြင်းဖြစ်သည်။ ဓာတ်ဆီတစ်ဂါလန်လျှင် ၂၅၀ဝကျပ်ဖြင့် ရောင်းချပေးနေပြီး ဒီဇယ်တစ်ဂါလန်လျှင် ၂၈၀ဝကျပ်မှ ၂၉၀ဝကျပ်ထိ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသည်။ “ဓာတ်ဆီက ဒီဇယ်ထက် ဈေးသက်သာနေတဲ့အတွက် ဆီဆိုင်တွေစဖွင့်တဲ့နေ့တွေမှာ ကားတစ်စီးကို အခေါက်ရေရသလောက်ဝယ်ပြီးတော့စုကြတယ်”ဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ယခုအခါ ဆီဆိုင်များက ကားတစ်စီးလျှင် တစ်နေ့အတွက် တစ်ခေါက်နှုန်းဖြင့် ဝယ်ယူကြရန်လည်းကြေညာလာကြသည်။ စက်သုံးဆီအရောင်းဆိုင်များကို ဇွန်လ ၁ဝရက်တွင် စတင်ဖွင့်လှစ်ပြီးသုံးရက်မြောက်နေ့ကစ၍ ယင်းသို့ ကြေညာခြင်းဖြစ်သည်။ ပုဂ္ဂလိက ဆီဆိုင်များတွင် ဓာတ်ဆီသွားရောက်ဝယ်ယူသော ကားနံပါတ်များကို ကွန်ပျူတာဖြင့် နံပါတ်များ မှတ်သားထားကာ တစ်နေ့တွင် ဝယ်ယူပြီးကားဟုတ်မဟုတ်ကို ကွန်ပျူတာတွင် မှတ်သားထားကာ စစ်ဆေးပြီးမှသာ ရောင်းချပေးကြောင်း သိရသည်။ နိုင်ငံတော်က မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ ၁ဝရက်မှစ၍ စက်သုံးဆီဆို်င် ၂၆၁ဆိုင်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

3 comments

  • yannaingech

    June 22, 2010 at 10:51 am

    လမ်းဘေးဆိုင်မှာရပ်ပြီးဆီထည့်ရင် တစ်ဂါလံကို ၃၀၀ဝ ပေးရတယ်ဗျ။ တစ်လီတာပဲထည့်ရင် ၈၀ဝ ပေးရတယ်…

  • chitsayar

    June 26, 2010 at 8:40 pm

    တရား ရဖို ့တော့အကောင်းသားဗျာ ပိုက်ဆံပေးပြီးဝယ်တာတောင် လိုသလောက်မရဘူးနော်

  • etone

    July 8, 2010 at 9:57 am

    ကောင်းတယ် မဟုတ်ရင် လုပ်စားတဲ့လူတွေက အခေါက်ခေါက်လာထုတ်နေတာလေ ။

Leave a Reply