မြန်မာနိုင်ငံစာရင်းကိုင်များအသင်းသင်တန်းဖွင့်မည်

klnJune 22, 20101min520

မြန်မာနိုင်ငံစာရင်းကိုင်များအသင်းက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများနှင့် အလုပ်ချိန်မအားလပ်သဖြင့် ပညာသင်ယူရန် အခက်တွေ့နေသူများအတွက် တနင်္ဂနွေနေ့ တစ်ရက်တည်းတက်ရသော အခမဲ့ စာရင်းကိုင်သင်တန်းကို ဇူလိုင် ၄ရက် ( တနင်္ဂနွေနေ့) မှ စတင်၍ တန်းခွဲနှစ်ခုဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ တက်ရောက်လိုသူများသည် မြန်မာနိုင်ငံစာရင်းကိုင်များအသင်းအမှတ် ၉၁/၉၃(၄၉) လမ်း၊ ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့ဖုန်း -၀၁-၂၉၁၈၂၆၊ ဝ၉-၅၀၁၉၉၇၉၊ ဝ၉-၅၁၇၈၁၈၂နှင့် ဝ၉ – ၅၄၁၀၉၀၉တို့သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။