ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင်

ကထူးဆန္းJune 10, 20121min886110

ဟုတ်ကဲ့ ။

“ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင်” ပေးကြရအောင်ပါ။

အစွန်းရောက် အကြမ်းဖက်သူများ လက်ချက်ကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ရခိုင်ဒေသ နေ မြန်မာပြည်ဖွား သွေးချင်း တို့နဲ့ ကျွန်တော်တို့ တစ်တွေ တစ်သွေးထဲ တသားထဲ ရှိနေပါတယ် ဆိုတာ ပြသချင်ပါတယ်။ ပြသကြပါစို့

့ ဆိုတဲ့ ဘဘဘလက်ရဲ့ ပြောစကားလေး နဲ့အတူ ကျွန်တော်တို့လုပ်မဲ့ အစီအစဉ်လေးကိုတင်ပြလိုက်ပါရစေ။

ဒီ ခေါင်းစဉ်လေးကိုတော့ ကျွန်တော်တို့ ရွာသား တစ်ဦးမှ ရေးပေးတာပါ ။ သူဘယ်သူလဲဆိုတာတော့ ပြောနိုင်တဲ့ အချိန်တစ်ခုမှ ပြောတော့မယ်။ဘယ်သူဖြစ်မလဲဆိုတာတော့ တွေးချင်ရင်တွေးထားပေါ့နော်။

ဒီနေ့ (၁၀-၆-၂၀၁၂) နေ့လည် နှစ်နာရီမှာ ကျွန်တော်၊ ဘဘဘလက်ချော၊ ဦးဦးပါလေရာ၊ ကိုရွှေတို်က်စိုး၊ ကိုအမတ်မင်း၊ နဲ့ ခုန ခေါင်းစဉ်လေး ရေးပေးတဲ့ ရွာသား ရယ်တို့ ဆုံဖြစ်ပါတယ် ။

ခေါင်းဆောင်ရယ်လို့ မဟုတ်ဘဲ အဖွဲ့လေးတစ်ခု အနေနဲ့ အတူလုပ်ကြဖို့ စိတ်ကူးကြပါသည် .

ကောက်ခံရေး ဆက်သွယ်ရေး အတွက်ကို ကိုရွှေတိုက်စိုး ၊ ကို အမတ်မင်းတို့ ကတာဝန်ယူကောက်ခံပေးပါ့မယ်။ သူတို့ှနှစ်ယောက်ကိုရွာသားတစ်ယောက်က နောက်ကကူညီအားဖြည့်ပေးပါ့မယ်။ ကိုရွှေတိုက်စိုး နဲ့ ကိုအမတ်မင်းတို့ကို က ရွာသူားများကော ရွာအလည်လာ စာဖတ်သူများရော ရွာ့အလှုပွဲတွေမှာ မြင်တွေ့နေကြဆိုတော့ မျက်နှာသ်ိဖြစ်ပြီးသားနေကြမှာပါ။

ရလာတဲ့ အလှုငွေကို ဦးဦးပါလေရာ ထံမှာ အပ်ထားပြီး ငွေကောက်ခံချိန် လိုအပ်လာခဲ့ရင် ဘဘဘလက်နဲ့ ကျွန်တော်တို့က ဝင်ရောက်အားဖြည့်ပေးပါ့မယ် ။

ကောက်ခံရရှိတဲ့ ငွေသားများကို ဒီပိုစ်မှာဘဲ update လုပ်ပြီးတင်တင်ပေးသွားပါ့မယ် ။ ဒါကို ကျွန်တော်တာဝန်ယူသွားပါ့မယ်။ နေစဉ် ည ၁ဝနာရီလောက်မှာ လုပ်သွားမယ်လို့စိတ်ကူူးထားပါသည်။

အန်တီပဒုမ္မာ ၊ ဆရာမ မမ ၊ ဆူး ၊ etone တို့ကို လည်း အကူအညီတောင်းခံထားပြီး သူတို့လည်း ကူညီပါ့မယ်လို့ပြောပါသည်။ ဖုန်းနံပါတ်သိပြီးသားရွာသူားများ သူတို့ထံတိုက်ရိုက်ဆက်သွယ်ပေးပို့လူဒါန်းနိုင်ပါသည်။ သူတို့ထံမှ ကိုရွှေတိုက်စိုးတို့ သွားရောက်ယူပြီး ဦးဦးပါလေရာကိုအပ်ပါ့မယ်။

etone ဦးဆောင်တဲ့ ဦးကျော်သူ ၏ နာရေးကူညီမှု့ အသင်းအလှု ၊ မမ နဲ့ ဆူးတို့ ဦးဆောင်တဲ့ ပန်းတနော်ဆေးရုံ အလှုတွေလိုဘဲ ထင်သာမြင်သာရှိအောင်လုပ်ဆောင်သွားမှာပါ ။

မန္တလေး အတွက် ကို လေးပေါက်ကို အကူအညီတောင်းခံထားပြီး လေးပေါက် ကကူညီမယ်လို့ ဘဘဘလက်ကိုပြောပြထားကြောင်းသိရပါသည်။ လေးပေါက်ကို ဆက်သွယ်လို့ ရမဲ့ ဖုန်းနံပါတ်လေး လေးပေါက်မှတင်ပေးပါရန်မေတ္တာရပ်ခံပါသည်။

မန္တလေးမှ လှုဒါန်းလိုသူများအတွက် လေးပေါက်မှ ကောက်ခံပေးပါ့မယ်ခင်ဗျ။လေးပေါက်မှ အခုလို အကြောင်းပြန်ပေးလာပါတယ်။

မန်းလေးမြို့နဲ့ပါတ်ဝန်းကျင်ကလှူဒါန်းလိုသူများအတွက် ကျနော်က တာဝန်ယူပြီးကောက်ခံပေးပါမယ်။
ကောက်ခံလို့ရတဲ့ ငွေကို ရွာထဲမှာကြေငြာ စာရင်းပြုစုပြီးရင်သက်ဆိုင်သူဆီပြန်လည်ပို့ပေးပါမယ်။
09-680-5396 ကိုသာ ဆက်သွယ်ပါခင်ဗျာ

နေပြည်တော်မှလှုလိုသူများရှိလျှင် နေပြည်တော်မှာလိုအပ်လျှင် ပြေးလွှားပေးပါ့မယ်ဆိုတဲ့ ကိုရွာစားကျော်ကိုဘဲ အကူအညီတောင်းခံပါရစေ ။ ကိုရွာစားကျော်မှ စုစည်းပြီး ကိုရွှေတိုက်စိုးတို့ဆီ ပြန်လည် လွှဲပေးပါလိမ့်မယ် ခင်ဗျာ။

နေပြည်တော်မှ ထည့်ဝင်ကူညီလိုသူများအတွက်
ကျနော် ရွာစားကျော်သို့ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် ထပ်ပြောပါမယ်
၀၉ ၄၃ဝ ၁၇ဝ ၆၉ ဖြစ်ပါတယ်..

နိုင်ငံခြား ရောက်နေသူများမှလည်း လှုဒါန်းလက်ဆောင် ပေးချင်တယ်ဆိုရင် ကိုယ်လွှဲနေကြ ပုံစံအတိုင်းငွေလွှဲပို့နိုင်ပြီး ကိုရွှေတိုက်စိုး၊ ကိုအမတ်မင်းတို့မှ သွားရောက်ထုတ်ယူပေးပါလိမ့်မယ် ။ အသေးစိတ်ကို သူတို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကောက်ခံမှုကို ဘဖောပြောသလို ဒီလ ကုန် ၃ဝ ရက်နေ့အထိကောက်ခံပါမည် ။

ဘယ်မှာဘယ်လို လှုကြမည်ဆိုသည်ကိုတော့ ယခု ဆုံးဖြတ်ချက်မချနိုင်သေးပါဘူး ။ ဘယ်သူ့ကို ပေးအပ်လူဒါန်းမယ်ဆိုတာ ဒီကြားထဲမှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ပေါ်မှာ မူတည်ပြီး အထိရောက်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားကြရန် စဉ်းစားထားကြပါသည်။ အားလုံးရင်ထဲ က အတိုင်းကျွန်တော်တို့ အထိရောက်ဆုံးနဲ့ သက်ဆိုင်သူထံတိုက်ရိုက်ရောက်တာဖြစ်စေချင်တဲ့ဆန္ဒတွေရှိနေပါတယ် ကြိုးစားပါ့မယ် ဆိုတာလည်း အသိပေးပါရစေ။ ရွာသူားများလည်း ဆက်လက်အကြံဉာဏ်ပေးကြပါ။

ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်၊ ရန်ကုန်အတွက် နှစ်ခု ကတော့ .

ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅

ကို အမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅

ကိုမင်းဇော်ရေ . ကိုမင်းဇော်လူကိုယ်တိုင်ကူညီမယ်ဆိုတာကျေးဇူးတင်ပါသည်။ ဒီနေ့တော့ အမြန်စုစည်းလိုက်တာမို့လို့ မခေါ်လိုက်နိုင်ပါဘူး။အကူအညီလိုလာတဲ့ အခါ ခေါ်ပါ့မယ်ခင်ဗျာ။

အခုလို ဖြစ်မြောက်အောင် စတင်လှုံ့ဆော်အကြံပေးလိုက်တဲ့ ဘဖော နှင့်တကွလူအား ငွေအားဖြင့်ဝိုင်းဝန်းကူညီကြမည့် သူများ ၊ လိုအပ်တာကူညီပါ့မည်ဆိုသည့် သံတွဲမှ ကိုသန်းထွဋ်ဦး၊ ကျောက်ဆည်မှ လိုအပ်လျှင် လူကိုယ်တိုင်ကူညီပါ့မည်ဆိုသည့် ကိုသီဟရာဇာ၊ ကားမောင်း ပေးပါ့မယ်ဆိုတဲ့ ကိုဝင်း တို့ကိုလည်း ကျေးဇူးတင်ပါသည်။ ပါဝင်လှုဒါန်းမည်ဆိုသူများ ၊ အကြံဉာဏ်ပါဝင်ပေးသူများ သတင်းပြန်ဖြန့်ပေးသူများ အားလုံး အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။ အားလုံးရဲ့ နံမည်တွေ တပ်မပြောနိုင်တာတော့ ခွင့်လွှတ်ပေးပါ။
သူကြီးကိုတော့ အထူးပြောစရာမလိုဘူးလို့ထင်ပါသည် ။ အားလုံးက အမြဲကျေးဇူးတင်နေကြတာမို့လို့ပါ ။

အခုတော့ အမြန်ရေးတင်လိုက်တဲ့ အတွက် ဘယ်သူတွေဘယ်လောက်လှုမယ် နုုတ်ကတိ ပေးထားကြပြီ ဆိုတာကို နောက်မှပြန်တင်ခွင့်ပြုပါ။

အားလုံးရဲ ့အမြင်..
အားလုံးရဲ ့သဘောထား..
ဂေဇက်ရဲ ့စည်းလုံးညီညွတ်မှုအားပြသပါစို ့လား..။။ aye.kk

မျိုးချစ်စိတ်ဆိုတာကို ဒီလိုနေရာမှာမှ မပြရင် ဘယ်လိုနေရာမှာ သွားပြကြမှာလဲဗျာ။
မျိုးချစ်သူ
ဘလက်

လောလောဆယ် နုတ်ကတိရထားသည့် စာရင်း။
၁။ Foreign Resident .. ငါးသိန်း
၂။ ဦးဦးပါလေရာ .. တစ်သိန်း
၃။ ဘဘဘလက်ချော .. ငါးသောင်း
၄။ ထူးဆန်း .. တစ်သိန်း
၅။ Ye Yint Hlaing .. တစ်သိန်း
၆။ May Flower .. ငါးသောင်း
၇။ Hnin Phyu .. တစ်သိန်း
၈။ Padonmar .. တစ်သိန်း
၉။ ရွှေမင်းသား .. ငါးသောင်း
၁၀။ komingalar .. တစ်သိန်း
၁၁။ Thihayarzar .. ငါးသောင်း
၁၂။ Shwe tallart .. တစ်သိန်း … စုစုပေါင်းနုတ်ကတိ .. ၁၄ သိန်းရရှိပြီးဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxx
11-6-2011 တွင် စတင်ကောက်ခံရရှိငွေ

၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်)

xxxx

ယနေ့ 12.6.2011 ..

၁။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း)
၂။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
၃။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)

နေ့လည် တစ်နာရီ အထိ ဖြစ်ပါသည်။

၄။ မအိ …. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
၅။ ကိုမြင့်စိုးလတ် … ၂၀၀၀ဝ ကျပ် (ကျပ် နှစ်သောင်း)

ညနေ ၆း၁၅ နာရီ အထိဖြစ်ပါသည်။

110 comments

  • ahnyartamar

    June 10, 2012 at 10:50 pm

    ရွှေတိုက်စိုး..၀၉ ၄၉၃ဝ ၃၀၄၅ နဲ့ အမတ်မင်း..၀၉ ၄၂၁၁၁ ၈၆၈၅ တယောက်ယောက်ဆီကို ဆက်သွယ်ပြီး တတပ်တအား ပါဝင် လှူဒါန်းပါ့မယ်။

    • shwe kyi

      June 11, 2012 at 10:03 am

      ဟုတ်ကဲ့ရွှေကြည်လည်းအတူတူပါပဲ။ ငွေလက်ခံနောက်ဆုံးနေ့လေးသိပါရစေရှင်။

      • htoosan

        June 11, 2012 at 9:38 pm

        ဒီလ ၃ဝ ရက်နေ့ပါ ရွှေကြည်ရေ။

  • thihayarzar

    June 11, 2012 at 12:24 am

    ကျွန်တော်တို့ကျောက်ဆည်နယ်ဘက်မှာကော ရွာသားတွေ ရှိလားမသိဘူး .. ရှိများရှိခဲ့ရင် ကျွန်တော် ဆီဖုန်းသာဆက်လိုက်ပါ .. ကိုယ်တိုင် လာရောက်လက်ခံပါမည် … ဖုန်းနံပါတ် 092051206 -09402567723 တို့ကိုဆက်သွယ်နိုင်ပါသည် … ကျွန်တော်လည်း နီးစပ်ရာများကို အလှူခံလျှက်ရှိပါသည် … ကျွန်တော်တို့က မန်းလေးက ဦးပေါက်ဆီကို သွားရောက်အပ်နှံရမှာလား … ဦးပေါက် ဖုန်းနံပါတ်က ဘယ်လောက်လဲ ..ကျွန်တော်တို့ကော အဆင်ပြေမယ်ဆိုရင်လိုက်လို့ရမလား …..

    • htoosan

      June 11, 2012 at 1:11 pm

      ကိုသီဟရာဇာရေ .. အားတက်သရော ကူညီပေးကူညီမယ်ဆိုလို အလွန်ဝမ်းသာပါတယ်။ ဒါပေမဲ့ တစ်ဘက်ကလည်း ကူညီကောက်ခံသူတွေများလာရင် မလိုလားအပ်တဲ့ ပြဿနာဖြစ်လာမှာ၊ဖြစ်လာတာ၊ ကောက်ခံတဲ့သူအပေါ်မှာ ကျရောက်မှာလည်း စိုးရိမ်ပါတယ်။
      နောက်ပြီး သူတို့ဝင်ဖတ်လို့ သူတို့ သဒါ္ဒပေါက်လို့ လှုတာမျိုးဘဲဖြစ်စေချင်ပါသည်။
      ကျွန်တော် ပထမတစ်ပိုစ်မှာ ပြောခဲ့သလိုဘဲ အလှုခံ ခဏခဏလာရင် စိတ်ညစ်ရတယ်လေ ။ ဒါကြောင့် ကောက်ခံတာထက် သူတို့ဘာသာဝင်ဖတ်လို့ ကူညီပေးလှုခြင်ကြပါတယ်ဆိုရင် ဒီပိုစ်မှာ ရေးထားတဲ့ ဖုန်းနံပါတ်တွေကို တိုက်ရိုက်သာ လှုခိုင်းလိုက်တာက ကျွန်တော်တို့လည်း စိတ်အေးရ လှုသူလည်း တကယ်ကိုလိုလိုလားလား လှုချင်သူဖြစ်ကြောင်းသိရတာပေါ့နော်..
      လေးပေါက်က ခရီးက ပြန်မရောက်သေးဘူးလားမသိဘူး ။ အဆင်ပြေမဲ့ နေရာကိုပေးပို့နိုင်ပါသည်။
      ကျေးဇူးတင်ပါတယ်ခင်ဗျာ။

      • htoosan

        June 11, 2012 at 9:52 pm

        ကိုသီဟရာဇာရေ .. လေးပေါက်ရဲ့ဖုံးနံပါတ်နဲ့ လေးပေါက်ရဲ့ အသိပေး ပြန်စာလေးပါ.

        မန်းလေးမြို့နဲ့ပါတ်ဝန်းကျင်ကလှူဒါန်းလိုသူများအတွက် ကျနော်က တာဝန်ယူပြီးကောက်ခံပေးပါမယ်။
        ကောက်ခံလို့ရတဲ့ ငွေကို ရွာထဲမှာကြေငြာ စာရင်းပြုစုပြီးရင်သက်ဆိုင်သူဆီပြန်လည်ပို့ပေးပါမယ်။
        09-680-5396 ကိုသာ ဆက်သွယ်ပါခင်ဗျာ

  • ဦးဦးပါလေရာ

    June 11, 2012 at 2:07 am

    ရွာသားတွေကလဲ တောင်းဆို …
    ကိုယ်တွေကလဲ စိတ်မြန်လက်မြန်ဆိုတော့ …
    နီးတဲ့လူတွေ ဆွဲတွေ့ပြီး ချက်ချင်းကောက်လုပ်လိုက်ကြတာပါပဲ…

    မူလရည်မှန်းထားတာ ဒီအဖွဲ့လေးမှာ လောလောဆယ် ရန်ကုန် ၁ဝ ယောက် နဲ့ မန္တလေးက ကိုပေါက် ၊ ပေါင်း ၁၁ ယောက်ဖြင့် အဓိက လှုပ်ရှားဆောင်ရွက်ကြဘို့ဖြစ်ပါတယ်။ (လိုအပ်ရာရာကိစ္စများမှာတော့ ရွာထဲက အခြား ညီအကိုမောင်နှမများရဲ့ အကူအညီကိုလဲ ယူရမှာပါ)။
    ရန်ကုန်၁ဝယောက်ဆိုတာက ကိုထူးဆန်းရယ်၊ ကိုဘလက်ချောရယ်၊ ရွှေတိုက်စိုးရယ်၊ အမတ်မင်းရယ်၊ အခြားလူငယ်တဦးရယ်၊ ကျုပ်-ပါလေရာရယ် အပြင်- မပဒုမ္မာ၊ မမ ၊ ဆူး နဲ့ etone တို့ ကိုဆိုလိုတာပါ။

    ကျုပ်ရဲ့သဘောထားကတော့- ဆူး နဲ့ etone ကိုတော့ အရင်ပွဲတွေမှာ လုပ်ထားကြရလို့ အခုတခါတော့ တာဝန်သိပ်များများမပေးဘို့ပါ။ သူတို့ကိုပေးမယ့်တာဝန်တွေကို မပဒုမ္မာနဲ့ မမ ကို ခွဲပေးလိုက်တာပေါ့နော…. 😀
    (အင်း… ပြောရင်းနဲ့ ဖေါက်လာပြန်ပြီ.. 😀 )

    ဒါကြောင့် ဖုန်းနဲ့ လှမ်းပြီး သဘောထားတောင်း ၊ ဖိတ်ခေါ်ရပါတယ်။
    သူတို့ကလဲ အပေါ်မှာ ကိုထူးဆန်းပြောထားသလိုပါပဲ..။
    ကိုထူးဆန်းက ခေါင်းဆောင်ပြီး ပိုစ့်တင်၊ ငွေစာရင်းထိန်းပါမယ်။
    ကျုပ်က ကောက်ခံရလာတဲ့အလှူငွေကို လက်ဝယ်ထိန်းသိမ်းပေးပါမယ်။
    ကိုဘလက်ချောက (အလွန်အင်မတန်မအားမလပ်တဲ့ကြားက) လိုအပ်ရာရာကို စီမံ ညှိနှိုင်းပေးပါမယ်။
    အဓိက အပင်ပန်းဆုံး အလုပ်တွေဖြစ်တဲ့ အလှူငွေကောက်ခံတာကိုတော့
    ရုပ်ချော သဘောကောင်းပြီး စေတနာကြီးမားတဲ့ လူငယ်လေးသုံးယောက်က တာဝန်ယူပါလိမ့်မယ်..။ … 😀
    (သူတို့ကို အားကိုးရမှာမို့လို့ ချော့ထားတာ.. ဒီအချိန်နဲနဲမှ မျက်နှာညိုမခံနိုင်ဘူး… 😀 )
    ရှေ့လျှောက် လုပ်စရာတွေကို ကိုပေါက်၊ မပဒုမ္မာ၊ မမ တို့နဲ့ပါ တိုင်ပင်ပြီး လုပ်ပါမယ်။

    တချို့မေးခွန်းတွေကို ကြိုဖြေပါဦးမယ်..။ အပေါ်ကပိုစ့်ထဲမှာလဲ ပါပြီးသားပါ။

    ဘဏ်စာရင်းဖွင့်ဘို့အစီအစဉ်ရှိသလား > မရှိသေးပါ။ မရှိပါ။

    အဲဒါဆို

    အခြားဒေသက အလှူငွေကို ဘယ်လိုလက်ခံမလဲ > ငွေလွှဲနဲ့သာ လက်ခံပါမယ်။

    ရရှိငွေကို

    ဘယ်လိုထိန်းသိမ်းမလဲ > ငွေသားအဖြစ်နဲ့ပဲ လက်ဝယ်ထိန်းသိမ်းပါမယ်။

    ဘယ်လိုနည်းလမ်းနဲ့လှူမလဲ > မဆုံးဖြတ်ရသေးပါ။ မဆုံးဖြတ်သေးပါ။

    နောက်ပိုင်းအခြေအနေပေါ်ကြည့်ပြီး ရွေးချယ်ပါမယ်။

    ရခိုင်ကို ကိုယ်တိုင်သွားလှူကြမှာလား > မသေချာပါ။ မစဉ်းစားသေးပါ


    အခြားသိလိုတာများရှိရင် မေးကြပါကုန်…

    • Foreign Resident

      June 11, 2012 at 5:53 am

      ဒီ စာနာမှု အစီအစဉ်က ၊
      စနစ်တကျ နှင့် ခိုင်ခိုင်မာမာ စတင်လာနိုင်ပြီဖြစ်တဲ့အတွက် ၊
      အရမ်း ဝမ်းသာ ကျေးဇူးတင်ရပါတယ် ။
      ဝိုင်းကြ ဝန်းကြတဲ့ ကို htoosan ကို ပါလေရာ ကိုဘလက်
      အစရှိတဲ့ ရွာသူား များကိုလည်း ကျေးဇူး အထူးတင်ပါတယ် ။

      ဒီနေရာမှာ အကြံလေးတစ်ခု တင်ပြကြည့်ပါရစေ ။
      အဘ ဒီအစီအစဉ်ကို စတင်တိုက်တွန်းခဲ့သူ တစ်ဦးလို့ မယူဆပဲ ။
      သာမန် ရွာသူားတစ်ဦး ဆွေးနွေးတယ်လို့ပဲ ယူဆပေးပါ ။

      ၁ ။
      ” ရခိုင်ကို ကိုယ်တိုင်သွားလှူကြမှာလား ၊ ဘယ်လိုနည်းလမ်းနဲ့လှူမလဲ ”
      ရွာသူားတွေ ရခိုင်အထိသွားဖို့တော့ ၊
      အဘ မတိုက်တွန်းပါရစေနှင့်ကွယ် ။
      ဘာကြောင့်လည်းဆိုတော့ ။

      ၁ ။ က ။
      အဘ တို့ရလောက်မယ့် အလှူငွေ နှင့် ၊
      ရခိုင်သွားရင် ကုန်ကျလာမယ့် ခရီးစရိတ်နှင့် မမျှလောက်ပါဘူး ။

      ၁ ။ ခ ။
      ရွာသူားတွေ အပေါ်ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ ကိုလည်း ၊
      အဘတို့ အလေးအနက်ထား စဉ်းစားရပါမယ် ။
      တခုခုဖြစ်လာခဲ့ရင် ဘယ်သူမှတာဝန်ခံနိုင်မှာ မဟုတ်သလို ၊
      ဘယ်သူ့ကိုမှလည်း ဘာမှ မဖြစ်စေချင်ပါ ။

      ၂ ။
      အဘ ရဲ့ Personal အမြင်ကိုပြောရရင် ၊
      နိုင်ငံရေးနှင့် အရမ်းနှီးနွယ် မနေတဲ့ ၊
      အဖွဲ့အစည်းမျိုးကိုသာ လှူဒါန်းချင်ပါတယ် ။
      ( ဥပမာ ။ ။ ဦးကျော်သူတို့ နာရေး ကူညီမှု အဖွဲ့လိုမျိုးက တစ်ဆင့်ပေါ့ )
      ဘယ်အဖွဲ့ဖြစ်မလဲ ဆိုတာတော့ နောက်မှဆွေးနွေးကြတာပေါ့ ။

      ဘာဖြစ်လို့လဲဆိုတော့ ၊
      အဘ တို့ကတော့ စိတ်ရှင်းရှင်းထား လုပ်နိုင်ပေမယ့် ၊
      အများစုသော ရွာသူားတွေရဲ့ စိုးရိမ်ပူပန်မှုနှင့် ။
      ဒီ အလှူကိစ္စမှာ စိတ်ရှုပ်ထွေး နောက်တွန့်သွားမှာကို မလိုလားပါဘူး ။

      ၃ ။
      ရွာသူား တို့ ရယ် ။
      အဘတို့လည်း တိုင်းရင်းသားတွေကို ၊ ပါးစပ် နှင့်ပဲ ချစ်ပြနေကြတာလေ ၊
      ဒီလို မိုးထဲလေထဲမှာမှ လက်မပါရင် ၊ ဘယ်တော့ ပါမှာလဲနော့် ။
      ဒီရက်ပိုင်းတွေမှာ ငွေကုန်ကြေးကျ များနေမယ်ဆိုတာ သိပါတယ် ။
      အဘ ပိုက်ဆံ ပမာဏ နဲတာ များတာ ကို စိတ်မဝင်စားပါဘူး ။
      MG ရွာသူား တွေရဲ့ နာမည်လေး စုံစုံလင်လင်ပါရင် ကျေနပ်ပါတယ် ။
      MG ရွာသူား တွေရဲ့ မျိုးချစ်စိတ်ထားလေးကို ပြချင်တာပါကွယ် ။
      ဝိုင်းလိုက်ကြရအောင်နော် ။

      ၄ ။
      အရင် အလှူအတန်း ကိစ္စတွေမှာ
      အောင်အောင်မြင်မြင် ပိုင်ပိုင်နိုင်နိုင် စည်းရုံး ဦးဆောင်နိုင်ခဲ့တဲ့ ၊
      မ ဆူး နှင့် မ E Tone ၊ မပဒုမ္မာ ၊ မမ ၊ ကိုပေါက် တို့ကိုလည်း ၊
      ဒီတစ်ခါမှာလည်း ကူညီ ဝိုင်းဝန်းပေးကြပါအုန်းလို့ ၊
      အဘ တောင်းခံပါရစေကွယ် ။

      ၅ ။
      အဘ အနေနှင့်ကတော့ ၊ ရန်ကုန်ကို ၊
      ၂၁ / ၂၂ လောက်မှာ ပြန်ရောက်မှာ ဖြစ်တဲ့အတွက် ၊
      အဘ ကတိပေးထားတဲ့ အလှူငွေ ငါးသိန်းကို ၊
      ကိုယ်တိုင် လာရောက်ထည့်ဝင်ဖို့ အချိန်မှီမှာပါ ။

      အဘ အကြံပြုမိတာလေးတွေပါ ။
      ရွာသူား တို့လည်း ဝိုင်းဆွေးနွေးကြပါအုန်း ။

      • ကိုရင်စည်သူ

        June 11, 2012 at 8:24 pm

        ရခိုင်သွေးချင်းများအတွက် တတ်နိုင်တဲ့ အလှူငွေလည်း
        ထည့်ပါ့မယ်။ တကယ်လို့ လူလိုရင်လည်း လူကူညီချင်ပါ့မယ်။
        ရွာသူားများ ရခိုင်အထိ အကူအညီသွားဖို့လိုတယ်ဆိုရင်လည်း ကိုယ့်စရိတ်ကိုယ်စိုက်ပြီး
        ကျွန်တော် တတ်နိုင်တဲ့ အလှူပစ္စည်းတွေ ယူသွားချင်ပါတယ်။
        ငွေအင်အားအများကြီးမတတ်နိုင်ပေမယ့် ရွာကလူတွေနဲ့ အတူ
        ပူပေါင်းပြီး တတ်နိုင်မယ့်ဘက်က
        ရသလောက်ကူညီမယ်လို့ဆုံးဖြတ်ထားပါတယ်ခင်ည။
        ရွာလူကြီးတွေ ကောင်းသလိုစီစဉ်ဆောင်ရွက်ကြတဲ့နောက်ကိုပဲ
        နောက်လိုက်ကောင်းအဖြစ် အသင့်ရှိနေကြောင်း သတင်းပို့ပါတယ်ခင်ည… 🙂 🙂

      • Shwe Phyu

        June 13, 2012 at 11:02 am

        Aba,
        Eleven Media said Rakhine Thahara association is helping there. Not a bad idea to check with them.

        • Foreign Resident

          June 13, 2012 at 11:21 am

          Shwe Phyu ရေ
          Information ပေးတဲ့အတွက် ကျေးဇူးပါပဲ ။

  • ဦးဦးပါလေရာ

    June 11, 2012 at 2:10 am

    ကိုပေါက်ရဲ့ ဖုန်းနံပါတ်ကို ကျွန်တော်တို့ သိပြီးဖြစ်ပါတယ်။
    အပြောင်းအလဲ ရှိချင်ရှိနိုင်လို့ ကိုပေါက်ကိုယ်တိုင် ကွန်မင့်လေးနဲ့ တင်ပေးပါခင်ဗျား…

  • SkyHeart WinKo

    June 11, 2012 at 2:11 am

    ဲအားလုံးကောက်ခံပြီးရင် အတူကိုယ်တိုင်သွားလှူရအောင်လို့ HIACE ကားစီစဉ်ထားပါတယ်။ 0950 82808

    • Foreign Resident

      June 11, 2012 at 4:20 am

      ကျေးဇူးပါပဲ ကိုဝင်းကို ။
      လိုမှာ သေချာလောက်ပါတယ် ။

  • YE YINT HLAING

    June 11, 2012 at 5:03 am

    Ba Foreign,
    I have already contacted with my sister .
    She will contact 09 4930 3045 or 09 42111 8685 tomorrow.

    Best Regards,
    Ye Yint Hlaing

    • Foreign Resident

      June 11, 2012 at 5:57 am

      ကို YE YINT HLAING ရေ ။ ကျေးဇူးတင်ပါတယ်ကွယ် ။

  • blackchaw

    June 11, 2012 at 8:50 am

    ကိုဘလက်ချောက (အလွန်အင်မတန်မအားမလပ်တဲ့ကြားက) လိုအပ်ရာရာကို စီမံ ညှိနှိုင်းပေးပါမယ်။

    အသာလုပ်ပါ ကိုပါလေရာကြီးရေ။
    ရွာသူရွာသားအားလုံးလည်း အားလပ်ကြလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။
    အားလုံးမအားလပ်ကြတဲ့ ကြားက လုပ် သင့်တယ်ထင်လို့ လုပ်ကြမယ့် ကိစ္စတစ်ခုလို့
    ကျွန်တော်က မြင်ပါတယ်။
    ကျွန်တော် က ဒီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်အနေနဲ့
    လိုရင်လိုသလို ကူညီလုပ်ကိုင်ပေးသွားဖို့ ရည်ရွယ်ထားပါတယ် ခင်ဗျာ။
    ကြော်ငြာထဲကလို ပြောရရင်တော့
    ကျွန်တော့်ကို ခိုင်းပါ…။
    ဘလက်

    • Foreign Resident

      June 11, 2012 at 2:01 pm

      ” ကိုဘလက်ချောက ( အလွန်အင်မတန် မအားမလပ်တဲ့ကြားက )
      လိုအပ်ရာရာကို စီမံ ညှိနှိုင်းပေးပါမယ် ”
      ” အသာလုပ်ပါ ကိုပါလေရာကြီးရေ ”

      ဟုတ်ပါ့ ။ ဟိုအရင် သတင်းစာတွေထဲက
      ” လိုအပ်သည်များကို စီစဉ် ညွှန်ကြား ” ဆိုတဲ့
      အသုံး အနှုန်း ကိုတောင် သတိရလာတယ် ။

  • မောင်ပေ

    June 11, 2012 at 10:48 am

    အခုအစီအစဉ် အတွက် ဝမ်းသာအားရ ဖြစ်မိပါတယ်
    ကိုပေါက် ကို ဆက်သွယ်ပြီး လှူပါမယ် ခင်ဗျာ

  • kyeemite

    June 11, 2012 at 11:39 am

    အစီအစဉ်လေးကို လှိုက်လှဲစွာကြိုဆိုရင်း
    ဦးဆောင် စီစဉ်ကြသူများကိုလည်းကျေးဇူးတင်ပါတယ်
    ကျုပ်ကတော့ စီစဉ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေကျမို့
    တိုက်ရိုက်ဘဲအလှုငွေ ထည့်လိုက်ပါ့မယ်ဗျို့…

    • ဦးဦးပါလေရာ

      June 11, 2012 at 10:27 pm

      ကြိုဆိုပါတယ် ကိုကြီးမိုက်ရေ..
      အခွင့်ကြုံတဲ့တနေ့တော့ ကျေးဇူးတင်ကြောင်းလေးလဲ ကိုယ်တိုင်ပြောချင်ပါသေးသဗျို့…

  • char too lan

    June 11, 2012 at 12:18 pm

    ကိုတိုက်ရေ… ကျနော် ကိုတိုက်အကောင့်ကို အက်ထားတယ်
    ဖုန်းကပြောင်းသွားပါရောလား ??? ၇၃ဝ ဟုတ်တော့ဘူးလားဗျ !!
    လှူနိုင်တာကအများကြီးမဟုတ်လေတော့ ကျနော် ကိုတိုက်တို့ကိုရှာပီးတော့ပဲ လာခဲ့ပါတော့မယ် ။

    • htoosan

      June 11, 2012 at 1:14 pm

      ချာတူးလန်ရေ ..နဂို ဖုန်းနံပါတ်သိပြီး သူများကတော့နဂိုဖုန်းကိုလည်း တိုက်ရိုက်ဆက်လှုနိုင်ပါသည်။

  • Mလုလင်

    June 11, 2012 at 12:23 pm

    Facebook မှာ ကူးတင်ခွင့်ပြုပါ … အစ်ကိုကြီး .. ကို ထူးဆန်း ခင်ဗျာ့………………………။

  • ဦးဦးပါလေရာ

    June 11, 2012 at 1:06 pm

    Mလုလင် ရေ…
    ကျုပ်ကတော့ ကန့်လန့်အဖိုးကြီးဆိုတော့
    ကန့်လန့်အတွေးလေး တွေးမိပြန်တယ်…..

    ဒီကိစ္စက ရခိုင်ဒေသက သွေးချင်းတွေကို မန်းဂေဇက်က အဖွဲ့သားတွေနဲ့စာဖတ်သူတွေက စာနာမှု့ပြသတဲ့ ပြန်လည်ထူထောင်ရေးလက်ဆောင်မျှပဲဆိုတော့ …
    မန်းဂေဇက်မှာတင် ပြောကြားဖြန့်ဝေကြတာက လုံလောက်တယ်လို့ထင်မိပါတယ်…

    တကယ်လို့ အခြားမီဒီယာများကို ဖြန့်ဝေရင်
    မုဒိတာပွားစရာသတင်းပြောပြရာမရောက်ပဲ
    အခြားသူတွေကို အလှူခံရာ ရောက်နေမလားပဲ….

    ဒါကြောင့်
    မန်းဂေဇက်ဆိုက်ကမန်ဘာများလဲ ဒီလိုလေးတွေလုပ်နေကြပါတယ် .. ဆိုတာမျိုးလောက်
    သတင်းတိုအဖြစ်ပဲ ခြုံ့ပြီး တင်နိုင်ရင် ဖြန့်ဝေနိုင်ရင်
    ပိုကောင်းမယ်ထင်မိပါတယ်ဗျာ….

    ဥက္ကဌ မလာခင် နှမ်းဖြုးပြီး လစ်ပြီဗျို့…… 😀

  • htoosan

    June 11, 2012 at 1:24 pm

    ဘဘဘလက်၊ရွှေတိုက်စိုးနဲ့ အမတ်မင်းတို့ရေ.. အလစ်မှာ စည်းကမ်းဖောက်ပြီး ဦးဦးပါလေရာ လစ်ပြေးတယ်ဗျို့ ။ ခေါင်းဆောင်ရယ်မဟုတ် team work အနေနဲ့ ကျရာတာဝန်လုပ်ကြမယ်ဆိုတာ .. ..
    ဥက္ကဌ တော့မဟုတ် အုတ်ခဲထုခံရသူသာ ဖြစ်မယ်ထင်ပါ့ ။
    M-လုလင်ရေ .. ဦးဦးပါလေရာ ပြောသလိုပါဘဲ။

    • Mလုလင်

      June 11, 2012 at 2:38 pm

      အချိန်နဲ့ တပြည်းညီ . ပြန်လည် ပြုပြင် .. ဖြည့်စွက် .. ပြင်ဆင် ပြီးပါကြောင်း…။

  • SkyHeart WinKo

    June 11, 2012 at 4:20 pm

    အများအတွက် ကိုယ့်ငွေ၊ကိုယ့်ချွှေး၊ကိုယ့်သွှေးနှင့် လက်တွေ့မင်းကိုယ်တိုင်လုပ်ခဲ့လျှင် အားလုံးကိုစိက်ဆိုးမိမှာပါ။
    မိုက်တစ်လုံးနိုင်ငံရေးသမားနှင့် YCDC သိစေရန်ကို ဖွင့်ကြည့်စေချင်ပါတယ်။

  • ဦးဦးပါလေရာ

    June 11, 2012 at 4:23 pm

    ပြီးတော့ သူကြီးက ဒီပိုစ့်ကို စတစ်ကီ လုပ်ပေးပါလား….။
    အရင်အဟောင်းကို ဖြုတ်ပြီးတော့ပေါ့…။
    ခဏနေ ဟိုဖက်မျက်နှာရောက်ပြီးပျောက်သွားမှာစိုးလို့ပါ…..။

  • char too lan

    June 11, 2012 at 4:27 pm

    ဒယ်ဒီ ဖားသား ပါပါး ဖေဖေ သဂျီးမင်းချင့်….
    ယခုပိုစ့်ကို ယခင်အလှူခံပိုစ့်တွေလို စတီကီလေးကပ်ပေးစေချင်ပါတယ် ချင့် … 🙂

  • MaMa

    June 11, 2012 at 6:23 pm

    ပန်းတနော်အလှူမှာတုန်းက အတွေ့အကြုံလေးကို ပြောပြချင်ပါတယ်။
    ရန်ကုန်မြို့တွင်းက လှူဒါန်းလိုသူတွေအနေနဲ့
    ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်လျှင် နီးစပ်ရာ အလှူခံပုဂ္ဂိုလ်နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။
    ကိုယ်တိုင်မလာရောက်နိုင်လျှင်လည်း ဖုံးနံပါတ်တစ်ခုခုကို ဆက်သွယ်ပေးလျှင် အလှူခံသူအချင်းချင်း ညှိုနှိုင်း၍ လိုက်လံကောက်ခံပေးနိုင်ပါတယ်။
    မန္တလေးနဲ့ ပတ်ဝန်းကျင်က လှူဒါန်းလိုသူတွေအတွက် ကိုပေါက်က တာဝန်ယူပေးမယ်လို့ http://myanmargazette.net/128667/mandalay-gazette-2/opinion မှာ ဖုံးနံပါတ်နဲ့တကွ ပြောပြပေးထားပါတယ်။
    အခြားနယ်များမှ လှူဒါန်းလိုသူတွေကိုတော့ (အလှူအတွက် သီးခြားအကောင့်ဖွင့်စရာ မလိုပဲ) ကိုယ်ပိုင်အကောင့်ထဲကိုပဲ ငွေလွှဲခိုင်းပြီး စုဆောင်းပေးပါတယ်။
    ပန်းတနော်အလှူတုန်းကတော့ ကောက်ခံရရှိငွေကို ဆူးက အချိန်နဲ့ တပြေးညီ ဖိုရမ်မှာ တင်ပေးပါတယ်။
    လှူဒါန်းမယ့် နည်းလမ်းကိုတော့ အလှူခံရင်း ဝိုင်းဝန်းစဉ်းစားရင်း အဖြေရှာကြတာပေ့ါ။ အချိန်လည်း ရပါသေးတယ်။

    • ဦးဦးပါလေရာ

      June 11, 2012 at 10:36 pm

      အရင်အတွေ့အကြုံလေးတွေက ဆက်လုပ်ဘို့ အများကြီးအထောက်အကူပြုမှာပါ မမရေ…
      အခုမှ စတာဆိုတော့ လိုအပ်ချက်တွေ ထပ်ထွက်လာဦးမှာ…
      Email နဲ့ ညှိနှိုင်းပါဦးမယ်..

  • Azzurri

    June 11, 2012 at 6:31 pm

    ဂီလည်းလှူပါ့မယ်

    အသေးစိတ်မပြောပြနိုင်သေးတာ နားလည်ပေးပါနော်
    ခရီးယာယီ များနေတာမို့ပါ

    အလှူလည်းခံပေးချင်ပြီး
    အဝဲယားနက်စ်အတွက်လည်း တတ်နိုင်တာတခုခု (ငွေကြေးအပြင် ပံ့ပိုးချင်ပါသေးတယ်ဗျာ)

    ခင်တဲ့
    ဂီ

    • ဦးဦးပါလေရာ

      June 11, 2012 at 10:41 pm

      (အဝဲယားနက်စ်အတွက်လည်း တတ်နိုင်တာတခုခု )

      အဲဒါကို ပိုမျှော်လင့်တယ် ဂီဂီ ရေ…

  • Lwin Aung

    June 11, 2012 at 7:02 pm

    I would like to also contribute to that donation for our Rakhine national.
    I will call Ko Shwetaiksoe or someone.

  • ရဲစည်

    June 11, 2012 at 7:51 pm

    အဘ FRကြီးစကားဘဲ ငှားသုံးလိုက်ပါတယ်
    စဉ်းစားကြစေလိုပါတယ်(ရွာသူ/သားတို့……ရခိုင် Vs ရိုဟင်ဂျာ)
    ဒုက္ခရောက်နေသူတွေကို တတ်နိူင်တဲ့ အပိုင်းက တတတ်တအား ကူညီတာ မင်္ဂလာ တစ်ပါးပါဘဲ
    ဝမ်းမြောက်စွာ အားပေးပါတယ်။
    ………………….
    ဒီနေရာမှာ မတူတာလေး တင်ပြခြင်တာက အလှူအတန်းနဲ့ ပတ်သတ်လို့ လက်စောင်းထက်တဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ နည်းနည်း လက်ရှောင်နေကြ သလိုဘဲ အဲဒါလေး……
    (အစ္စရေး Vs ပါလက်စတိုင်း)
    (အာရပ်ကမ ္ဘာ Vs အနောက်အုပ်စုတွေ)
    (တရုတ်ကြီး Vs ကျနော်တို့ အရှေ့ခြမ်း)
    ကိုယ့်အမျိုးအချင်းချင်း ဒုက္ခရောက်နေတာကို ကူညီကြတဲ့ သဘောပါဘဲ
    စာရော ကွန့်မင်တွေရော သေချာဖတ်ထားပါတယ်
    အဲကြောင့် ကျုပ်တို့ အန်ကယ်ဆမ်က ဒုက္ခရောက်နေသူတွေကို ကူညီဖို့ဆိုပီး လာလှူရင်ဖြင့် အင်း…….
    မသိတော့ပါဘူးရယ် 🙁
    ……………………………………………..
    လူကြီးဒွေ တစ်ခါတလေ ပါးစပ်ဆော့ရင် (အဲမှားလို့ လက်ဆော့ရင်) ကြောက်ဖို့ ကောင်းတယ်နော်
    ဪ နှုတ်တရာ စာတစ်လုံး(လူကြီးဒွေဘဲ ပြောသွားတာ) ၊မခံချင်စိတ်တွေပြောပါတယ်
    (စကားအတင်းစပ်)
    ဒီအလှူဖြစ်မြောက်ရေး ထောက်ခံဒဲ့ ကျုပ်တို့ သဂျီးမင်းတြားကလဲ ဘယ်လောက်ဆိုလားဘဲ လွှဲလိုက်ပီတောင်ကြားတယ်.. 🙂
    ………………………………………………
    မြို့မေတ္တာခံယူပြီးသမို့
    သားကလဲ အသင့်စား ခေါက်ဆွဲခြောက်နဲ့ ကော်ဖီမစ်တွေ စစ်တွေ(သို့)ဘူးသီးတောင်မှာ ထုတ်ယူလှူဒါန်းနိူင်အောင် ချိတ်ဆက်ပီးပါကြောင်း…..
    ထုတ်ယူနိူင်မဲ့ နေရာ၊ ဖုံးနံပါတ် အရေအတွက်နဲ့ နေ့ရက်တွေကို ပရိုက်ဗိတ်မှာ အကြောင်းကြား ထားမည်ဖြစ်ပါကြောင်း..

    ဂေဇက်ကို လိုတာထက် ပိုမကျော်ကြား စေချင်သူ
    လီမြောင်ပိန်း(ခ)ဗေပိန်ချုံး(ခ)ဗလာဒီမာ ဇာကရီယာ

  • Azzurri

    June 11, 2012 at 8:01 pm

    ကျနော်၁၀ဝသူငယ်ချင်း စုံတွဲ ၅ဝ လက်တလော
    ၁၅ဝဗျာ

    ဘယ်လိုပို့ ဘယ်သူ့ဆီကယူ ဆိုတာလေး ကွန်ဖမ်းဦးမယ်
    နေးက်ပြီး
    ကီးဘုတ်သက်သက်ကိုင်တဲ့အွန်လိုင်းမျိုးချစ် သက်သက်မဟုတ်တဲ့
    ကျုပ်တို့ ညီအစ်ကိုမောင်နှမတွေဆီကလည်း ဆက်သွယ်လာဦးမယ်ဗျ

    ဇွန်လကုန်လောက် ကျနော် တားဂတ်ထားကြည့်မယ်ဗျ

    ပန်ပန် နဲ့ နီကီ ဆက်သွယ်ကြပါဗျ

    ခင်တဲ့

    (ကျနော် တိုကီယိုခနလိမ့်ရပါဦးမယ်)
    စာပြန်နောက်ကျရင် ခွင့်လွတ်ပေးပါနော

  • etone

    June 11, 2012 at 8:04 pm

    အလွန်ကောင်းတဲ့ အစီစဉ်လေးဖြစ်လို့ရယ် ၊ ကိုယ့်လူမျိုးစုတွေကို ထောက်ပံ့လိုစိတ်ကို အားပေးချင်လို့ရယ် …. တတ်နိုင်သမျှ ပါဝင်ကူညီပေးပါမယ် ကိုထူးဆန်းရေ ။

    ့ပထမအကြိမ် အလှူလုပ်တုန်းက လှူခဲ့ဖူးတဲ့ ရွာသူတစ်ယောက် ကျွန်မဆီကို ဆက်သွယ်ထားပါတယ် ။
    သူမရဲ့ ဖုန်းနံပါတ်လည်း မှတ်မိနေတာမို့ အလှူလက်ခံပေးပါမယ် ။ ကျွန်မဖုန်းနံပါတ်ကိုတော့ ပါ့ဘလစ်ပြန်မလုပ်ပေမယ့် … မှတ်မိနေသူများ … ဆက်သွယ်နိုင်ပါတယ် …. အလှူငွေကောက်ခံ လက်ခံပေးပါမယ် ။ 🙂

    • ဦးဦးပါလေရာ

      June 11, 2012 at 10:57 pm

      ်အရင်လှူဘူးတဲ့သူတွေက အရင်လမ်းကြောင်းအတိုင်း ထည့်ဝင်ဘို့ အဆင်ပြေလိမ့်မယ်လို့ ထင်မိတာပဲ etone ရေ..။

  • padonmar

    June 11, 2012 at 9:36 pm

    လိုအပ်သည်များကို စီစဉ်ညွှန်စားပေးပါမည်။
    Online သုံးတတ်တဲ့ ဘော်ဒါတွေကို ဒီရက်ထဲဂေဇက် အတင်းဖတ်ခိုင်းပြီး စာဖတ်သူတွေ အနေနဲ့ အလှူထည့်ခိုင်းထားပါကြောင်း။

    • htoosan

      June 11, 2012 at 9:44 pm

      အန်တီရေ ဒါပြီးရင် သူကြီးကိုနှာနှပ်ရမယ်ထင်တယ်.. စာနယ်ဇင်းတွေ ရောင်းကောင်းနေချိန် သူကြီးတော့ မန်ဘာတွေ များလာပြီး ပေးရမဲ့ အကြွေးတွေများလာတော့မယ် …. 😀 😀

  • padonmar

    June 11, 2012 at 10:10 pm

    အို CJ ကြီးကလည်း
    သူက တစ်သိန်းပြည့်မှ ပေးရမှာလေ။
    သဂျီးတော့ မသနားပေါင်။

    • htoosan

      June 11, 2012 at 10:50 pm

      သံသရာပါသွားမှာစိုးလို့ပါ … 😀

  • minn zaw

    June 12, 2012 at 12:55 am

    အင်း ကျွန်တော်ကတော့ ဖုန်းကို အမြဲ standby ထားပါတယ်။ ဘယ်သူက ဘယ်တာဝန်ပေးမလဲပေါ့။
    ကျရာတာဝန်က ထမ်းဆောင်ပါမယ်။ ကျွန်တော် ၂ဝ ရက်နေ့ အထိ ရန်ကုန်မှာရှိပါမယ်။
    နောက်ပိုင်းတော့ စစ်ကိုင်းမှာပဲ ရှိမှာပါ။ အလှူငွေ 100,000 လှူပါမယ်။ လ ကုန်ရက်နီးမှ လေးပေါက်ဆီသွားပေးလိုက်ပါမယ်။
    ကျွန်တော့ကို တာဝန်ပေးစရာ ရှိရင် ဝမ်းသာစွာကြို ဆိုမှာပါ။

  • htoosan

    June 12, 2012 at 6:20 am

    ကျေးဇူးတင်ပါတယ် ကိုမင်းဇော်ရေ. ကျွန်တော်တို့မနိုင်ရင် ဆက်သွယ်လိုက်ပါ့မယ်ခင်ဗျာ။

  • htoosan

    June 12, 2012 at 7:08 am

    သူကြီးရေ . dashboard ထဲလည်း ဝင်လို့ မရတော့ဘူး။ ပိုစ်လည်းပြန် edit လုပ်လို့ မရသလို အသစ်ရေးမယ်ဆိုရင်လည်း ရေးလို့ မရတော့ဘူး ။ ဖြတ်လေးဖြတ် ဖြတ်ပြီထင်တယ် .. 😀
    ဝင်ကြည့်သူတွေများပြီး သူကြီး ဆာဗာ ခေါင်းကိုက်ပြီထင်တယ်။

    • kai

      June 12, 2012 at 10:30 am

      ပွိုင့်ပေးစနစ် တို့ထိလိုက်ကြောင်း..
      ၁၀/၂ ပြန်ဖြစ်သွားကြောင်း..
      ဒါပေမဲ့.. ပို့စ်တခုမှာ ကော်မန့်တခုပဲ.. ၁ဝရတော့မှာဖြစ်ကြောင်း…
      ကျန်တာ.. ပို့စ်ရှင်ဆီ.. သွားမှာဖြစ်ကြောင်း….

      အရီးလတ်ကို ကျေးဇူးတင်ကြောင်း.. :mrgreen:

  • ရွာစားကျော်

    June 12, 2012 at 9:16 am

    နေပြည်တော်နေ ကိုထွန်းလင်းမှ ၅၀၀၀ဝ ကျပ် ထည့်ဝင်ရန် ကျနော်ရွာစားကျော်ထံသို့ ယနေ့မနက်ဖုန်းဆက်လာပါတယ်..
    လူချင်းတွေ့ပြီး ငွေလက်ခံရရှိပြီးပါက ထပ်မံကွန်ဖမ်းလုပ်ပေးပါမည်..
    ကိုထွန်းလင်းမှ ပစ္စည်း၊ စားစရာ (ဥပမာ ခေါက်ဆွဲခြောက်) တို့လည်း ပေးချင်ပါတယ် အဆင်ပြေမလား မေးပါသည်..

  • hein latt

    June 12, 2012 at 10:13 am

    ဟိုဖက်ပိုစ်.မှာမန်.လို.မရတော.လို.ဒီဖက်မှာလာပြောတာပါ
    ပိုစ်.နဲ.တော.မဆိုင်ပါဘူး
    ကိုဟိန်းထက်ရေ
    နာမည်လေးသေချာဖတ်စေချင်ပါတယ်
    ဟိန်းထက်မဟုတ်ပါဘူး
    ဟိန်းလတ်ပါ။
    အလှုငွေတော.ထည်.ချင်ပါရဲ.
    ပိချံမချိသေးပါဝူးခညာ…

    • htoosan

      June 12, 2012 at 10:34 am

      ကိုဟိန်းလတ် ..နာမည်တူ ပြောတာနဲ့ တူတယ် ။ အဲ့ဒါဆိုရင်တော့ ဟိန်းထက် နှစ်ယောက်ဖြစ်နေတာ ဟုတ်တယ်။ တစ်ယောက်က ၁ ခါ ၊ နောက်တစ်ယောက် က ၉ ခါ မန့်ထားတယ်။

      ကိုရွာစားကျော်ရေ .. လောလောဆယ်တော့ ပစ္စည်း နဲ့ စားစရာများ လက်ခံနိုင်မှု့ မရှိသေးပါဘူး။
      ကျွန်တော် တို့ လက်ခံနိုင်မယ်ဆိုရင်ထပ် အသိပေးပါ့မယ်။

  • Shwe Tike Soe

    June 12, 2012 at 11:07 am

    ရင်တထိတ်ထိတ်နဲ. အလှူငွေလိုက်ကောက်နေကြတာ ဘယ်သူတွေလဲဟင် 😀

    • ဦးဦးပါလေရာ

      June 12, 2012 at 11:28 am

      ကျုပ်လဲ တွေ့စက ကိုရီးယားမင်းသားလေးတွေ မြန်မာပြည်လာလည်တယ်မှတ်လို့….

      နောက်မှ ရာဇဝင်ထဲကသူရဲကောင်းတွေလိုရဲရင့်တဲ့
      သဘောကောင်းမနောကောင်း ရွာသားလေးတွေမှန်းသိသွားတာ… 😀 😀 😀

      • Shwe Tike Soe

        June 12, 2012 at 11:39 am

        ဦးဦးပါလေရာနော်…… အဟင့် မနေတတ်တော့ဘူး…….. ခွိခွိခွိ ……..
        လျောက်တော့မပြောနဲ.နော်…..တော်ကြာ…… :D:D:D ရွာအပျိုချောတွေ စိတ်ကူတွေ ယဉ်ကုန်အုံမယ်…
        ကျွန်တော်က ကိစ္စမရှိဘူး ဟိုလဗျိုဂျီး ကမတ် ဒုက္ခရောက်မှာစိုးလို. ဟေဟေဟေ

        • ဦးဦးပါလေရာ

          June 12, 2012 at 11:46 am

          ဟဲ့…
          ဒီခေတ်ကြီးမှာ
          ခဲတလုံးထဲနဲ့
          ငှက်တကောင်ရယ် စိုင်နှစ်ယောက်လောက်ရယ် တပါထဲထိအောင်ပစ်နိုင်မှ
          တွက်ခြေကိုက်တာ….

          (ကြာရင် ကျုပ်တော့ အုပ်ထိန်းသူနဲ့ရှင်းရတော့မယ်… ) 😀

    • Ma Ei

      June 12, 2012 at 11:46 am

      တိုက်တိုက်ရေ…
      Phone ဆက်လိုက်မယ်နော်…

      • Shwe Tike Soe

        June 12, 2012 at 1:05 pm

        ဟုတ်ကဲ့ အစ်မ ဆက်လိုက်ပါ… ကြိုဆိုပါတယ်.. 😀

    • ရွာစားကျော်

      June 12, 2012 at 11:46 am

      စဖတ်မိမိချင်းက ဘာကြောင့် ရင်တထိတ်ထိတ်နဲ့ အလှူငွေ လိုက်ကောက်ရမှာလဲ ပေါ့..
      ရင်ထိတ်တယ်လည်း မဖြစ်မိပေါင်
      ရွှေတိုက်ပြောလို့ သေချာစဉ်းစားတော့မှ
      မကျေနပ်တဲ့ တယောက်ယောက်က အလှူငွေထည့်ချင်လို့ လာယူပါဆိုပြီး တွေ့မှ ဝိုင်းရိုက်ရင် ဒွတ်ခနော်.. ဟီး..
      ဒီကိစ္စနဲ့သွားရင် မိန်းမရေ ငါတော့ ဘယ်သူနဲ့ ဘယ်မှာ သွားတွေ့အုံးမယ် မှာသွားရမယ် :mrgreen:

  • blackchaw

    June 12, 2012 at 1:52 pm

    မနေနိုင်မထိုင်နိုင် နည်းနည်း ဝင်ပွားခွင့်ပြုပါခင်ဗျာ…။
    ဒီ ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင် အစီအစဉ်မှာ
    ကျွန်တော် ပါဝင်ခဲ့တဲ့ ရည်ရွယ်ချက်ကလေး ပြောချင်တာပါ။
    အခုဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတဲ့ ကိစ္စက
    ကျွန်တော်တို့ ကိစ္စမဟုတ်ပါဘူး။ တရားဥပဒေ က အဖြူအမည်း သည်းကွဲအောင်
    စီရင်ပါလိမ့်မယ်။
    မှားတာတွေ မှန်တာတွေထက် အပြစ်မရှိပဲ ဒုက္ခ ရောက်နေကြရရှာတဲ့
    ကျွန်တော်တို့ရဲ့ ညီကိုမောင်နှမ တိုင်းရင်းသားတွေ…။
    အထူးသဖြင့် ကျောင်းတက်ရမယ့်အချိန်မှာ မိခင်လက်ကိုဆွဲပြီး ပြေးနေလွှားနေရရှာတဲ့
    ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ကလေးငယ်တွေကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် တင်ပေးဖို့
    တတ်နိုင်သလောက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ဝင် ကူညီချင်တဲ့ သဘောပါ။
    ဘယ်လူမျိုးကိုမုန်းလို့ ဘယ်ဘာသာကို သောက်မြင်ကတ်လို့ ဆိုတဲ့
    အတွေးအခေါ်တွေ မပါပါဘူး။
    လိုအပ်နေတယ် ထင်လို့ ရှင်းပြတာပါ။
    ဒီအလှူကို ဝိုင်းကြဝန်းကြမယ့်သူတွေလည်း ကျွန်တော်နဲ့ ရည်ရွယ်ချက်တူကြတယ်လို့
    ယူဆပါတယ်။
    အဲဒါလေးပါဗျာ….။
    :mrgreen:

    • amatmin

      June 12, 2012 at 2:32 pm

      ဦးဆောင်နေတဲ့ ပုဂိ္ဂုလ်တွေလို.အများကြီးတော့.မစဉ်းစားတတ်ပေမဲ့
      ဒါလေးကိုတော့ high ligh လုပ်ရင်း ကြိုက်မိတယ်ဆိုတာလေး..

      အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ဝင် ကူညီချင်တဲ့ သဘောပါ။
      ဘယ်လူမျိုးကိုမုန်းလို့ ဘယ်ဘာသာကို သောက်မြင်ကတ်လို့ ဆိုတဲ့
      အတွေးအခေါ်တွေ မပါပါဘူး။

    • kai

      June 12, 2012 at 2:41 pm

      ရခိုင်သွေးချင်းတွေထဲက.. ရခိုင်မွတ်ဆလင်တွေရော.. တန်းတူအခွင့်အရေးရမှာလား..
      မေးခွန်းကလွယ်လွယ်လေး..

      ဖြေကြည့်.. :mrgreen:

      • etone

        June 12, 2012 at 2:50 pm

        ရခိုင်မွတ်စလင်ဖြစ်စေဦးတော့ …. သူလည်း တိမ်းရှောင်ရသူအဖြစ်နဲ့ …. ရခိုင်များနဲ့ အတူရှိနေလျှင်တော့ .. အခွင့်ရေး တန်းတူရပါလိမ့်မယ် … ။

        ရခိုင်လိုမရှောင်တိမ်းပဲ …….. မွတ်စလင်တွေလို မီးဒုတ်ကိုင် ရမ်းကားနေလျှင်တော့ ….. အခြေနေချင်းမှ မတူတော့ပဲ ……. တန်းတူအခွင့်ရေးမရနိုင်ပဲ ……. လူထုမေတ္တာပဲ ခံယူရလိမ့်မယ် 😛

      • amatmin

        June 12, 2012 at 2:57 pm

        ရခိုင် မွတ်ဆလင်တွေ သန့်ရှင်းဖြူစင်စွာ…
        ကြားနေခဲ့တယ်ဆိုတာလေးကို..
        အတည်ပြုပေးနိုင်မယ်ဆိုရင်..
        သိပ်ကောင်းမှာပဲ…

        • Azzurri

          June 12, 2012 at 3:03 pm

          အဲ့ဒါ ကမာ္ဘ့ မီဒီယာ ကို ပြ(နိုင်)ရမယ့် အချက်…
          ဘရာကြော် ကိုမတ်
          😀

      • amatmin

        June 12, 2012 at 5:25 pm

        သဂျီးရေ..
        ရခိုင်မွတ်ဆလင် ဆိုတဲ့အသုံးအနှုန်းအစား..
        ရခိုင်နေ မွတ်ဆလင်များလို့ ပြောင်းသုံးရမယ်ထင်ပ..
        ရခိုင်လူမျိုးမှာ.မွတ်ဆလင်မရှိဘူးလို့ ပြောစကားကို..
        ဒီအချိန်မှာတော့ လက်ခံပေးချင်ချင်.ရယ်

        • Myo Min Oo

          June 15, 2012 at 3:27 pm

          အပြည့်အဝထောက်ခံပါတယ်။ အဓိပါယ်မတူပါဘူး

  • TTNU

    June 12, 2012 at 2:04 pm

    အခုတစ်လော သွေးတိုးတယ်။ကျီးပေါင်းကိုက်တယ်။
    ဒါနဲ့ အင်တာနက်ကို အပြစ်ပုံချပြီး ( ဝက်သားဟင်းစားမိတာ၊ ပုရစ်ကြော်စားမိတာ)
    တွေကို မေ့ချင်ယောင်ဆောင်ပြီး ၊ အင်တာနက်နဲ့ မခေါ်တာ နည်းနည်းကြာသွားတယ်။
    ဒါကြောင့် ကိုပေါက် ရွှေလီသွားတာတို့၊ မော်ဒန်ဂျာနယ်မှာ ဆရာကျော်ရင်မြင့်ရဲ ့မင်းသား
    ဖြစ်သွားတာတို့၊ ရခိုင်သွေးချင်းတို့အတွက်လက်ဆောင်တို့…. အများကြီး မသိလိုက်ဘူးဖြစ်
    သွားတယ်။

    မနေ့ညကြီး (၁၀)နာရီလောက်ကိုပေါက်ဖုန်းခေါ်မှ ဇာတ်ကြောင်းစုံသိရပါတော့တယ်။
    တစ်ခါနှစ်ခါတော့ Facebook ဝင်သေးတယ်။ သွေးတွေ ဒါဏ်ရာတွေနဲ့ လူတွေကိုတွေ့ရပြီး
    စိတ်ဆင်းရဲလွန်းလို့ နောက်ထပ်မဝင်တော့တာ။

    ခေါင်းဆောင်စုစည်းသူများကို ချီးကျူးပါရစေ။ လေးစားမိပါတယ်။ပထမအလှူ၊ ဒုတိယအလှူ။
    အခုတတိယအလှူ အဖြစ်ဖော်ဆောင်နှိုင်စွမ်းရှိလာတဲ့ မန ္တလေးဂဇက်အဖွဲ့ကြီး ကို ဂုဏ်မပြုဘဲ
    မနေနှိုင်ပါ။ ကိုယ်တိုင်မလာရောက်နိုင်၊ မပါဝင်နှိုင်၊ တာဝန်မယူနှိုင်ပေမဲ့ ။ နိုင်သလောက်လှူနိုင်
    ခွင့်ရတာကျေးဇူးတင်ပါတယ်။

    ကိုပေါက်မှတစ်ဆင့် ခါတိုင်းလိုပဲ လှူလိုက်ပါမည်။
    တီချာနု

  • blackchaw

    June 12, 2012 at 2:50 pm

    သူကြီးကတော့ စာနယ်ဇင်းသမား ပီသပါပေတယ်ဗျာ။
    အရောင်တွေ မဆိုးပါနဲ့ သူကြီးရေ…။
    နည်းနည်းသတိထားဖြေရမယ့် မေးခွန်းမျိုးကြီးဗျ။
    အဲဒါမျိုးကျတော့ ကျွန်တော်တို့ အစ်ကိုကြီး ကိုပါလေရာ ဖြေမှ ကောင်းမှာ။
    ကဲ ကိုပါလေရာကြီးရေ…။
    :mrgreen:

    • Foreign Resident

      June 12, 2012 at 4:20 pm

      အရေးထဲ ၊ သူကြီးကတော့ လာဖွနေပြန်ပါပြီ ။
      အဲဒါကို ၊ ကိုဘလက်ကပါ ရောတွန်းပေးနေသေးတယ် ။

      ဒါပေမယ့် ဒီကွင်းက အလှူခံ ကွင်းဆိုတော့ ၊
      အနီတွေ အစိမ်းတွေ ဖြစ်ပြီး ၊ ကန်လို့ မကောင်းသေးပါဘူး ။
      မလုပ်ကြပါနှင့်ကွယ် ။

      သိပ်ကန်ချင်နေရင် ကွင်းပြောင်းကန်ကြ ။
      အဲတော့မှ ၊ အဘ လည်း လာခဲ့မယ် ။ 😛

      • amatmin

        June 12, 2012 at 4:28 pm

        အဘဖောရေ..
        ကိုကြောင်ဝတုတ်ကတော့ မေးထားသဗျ..
        ကွင်းလေးကတော့ ကန်လို့ကောင်းမဲ့ပုံလေး.. 🙂

        http://myanmargazette.net/129513/creative-writing

      • Azzurri

        June 12, 2012 at 10:01 pm

        တောင်ပံက မကန်ဘဲ သည်တခါ နောက်ချန်တိုက်စစ်မှူးနေရာက ကစားချင်စိတ်ပေါက်နေပါတယ်
        ဂယ်ပြောတာပါ

        ခွဲမပြောနဲ့ ဆိုတဲ့အစွန်းနဲ့
        ဟိုဘက်က ခွဲကိုခွဲရမယ် ဆိုတဲ့အစွန်းကို လွတ်ချင်လို့ပါ

        Threats နဲ့ chance ဟာ အမျိုးတွေပါ
        သွေးအေးဖို့လည်းမပြောပါဘူး
        သွေးလည်းမဆူစေချင်ပါ

        နောက်ဆုံးတော့လည်း information ရှိသူ စားရစမြဲခေတ်မို့
        စဉ်ဆက် မပြတ် စောင့်ကြည့်လေ့လာ ရင်း
        ခွဲခြမ်းသုံးသပ်ဖို့ လိုမယ် ထင်ပါတယ်
        တချိန်တည်းမှာ ကယ်ဆယ်ရေး လုံခြုံရေး ပြန်လည်နေရာချထားရေး ကိုလည်း
        တတ်နိုင်တဲ့ဘက်က လုပ်နေဖို့ လိုပါတယ်

        လူတိုင်း ကီးဘုတ်ပေါ်က မဆင်းဘဲ နေလို့မရပါ
        ကန်တင်ပြေး စုပြုံလိုက် ကစားကွက် ဖြစ်ကုန်ပါမယ်

        နေရာခွဲပြီး ကိုယ့်အပိုင်းပိုယ်ကျေပြွန်အောင် ကျကျ နန ကန်ရမယ့်ပွဲပါ

        တခါတခါ ကီးပလေယာ ကို ခြွေတာထားပေးဖို့လည်း လိုပါသေးရဲ့

        ပွဲက ခုမှစတာ မဟုတ်လား

        တော်သေးဘီ

        ခင်တဲ့ဂီ

        • အရီး Khin Latt

          June 13, 2012 at 3:27 am

          အင်း … ပွဲ က သာ အစ ရှိသေးတယ်။
          ကျုပ်တို့ ပွဲကြည့်သူတွေ မှာ “ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား။” အော်ရလွန်းလို့ အသံတောင်ပြာလာပြီ။ 😆

  • နာက်ပိုင်းတော့ စစ်ကိုင်းမှာပဲ ရှိမှာပါ။ အလှူငွေ 100,000 လှူပါမယ်။ လ ကုန်ရက်နီးမှ လေးပေါက်ဆီသွားပေးလိုက်ပါမယ်။

    ုညီလေး ရေ ဖုန်းသာဆက်လိုက်ပါ စစ်ကိုင်းနဲ့မန်းလေးကြားမှာ ဆုံကြတာပေါ့။
    ဒါမှမဟုတ် ကျနော်စစ်ကိုင်းကို လာယူပေးမယ် အနီးလေးပါ။

    မန်းလေးမြိုအနီးတစ်ဝိုက်ကလူများ လာယူပေးပါမည်။
    ဖုန်းသာဆက်လိုက်ပါနော်၊

  • Shwe Tike Soe

    June 12, 2012 at 4:25 pm

    ပြောတော့ပြောပေါ့ သကြီးရယ်… အလှူငွေလေးတော့ လုပ်အုံးနော်… ပြောထားတာရှိတယ်နော် မေ့ဘူး ဟွန်…. 😀

  • ဦးဦးပါလေရာ

    June 12, 2012 at 6:17 pm

    အဲလိုကွက်ရှင်တွေ တက်တယ်လား…. 🙂

    အဖွဲ့ကိုယ်စား မဖြေဝံ့ပါဘူး..။ အဖွဲ့သားတွေ တစ်ခါမှတောင်မဆုံရသေးပါဘူး..။
    (ပြောထားတယ်နော်… အဖွဲ့သားဆိုတာ ရန်ကုန်၁၀+မန္တလေး၁ – – ဒီထဲက ဆူး နဲ့ etone ကို အရင်လုပ်ခဲ့သူတွေမို့ မအားရင်/အဆင်မပြေတာရှိရင်တော့ ချွင်းချက်ပေးပါတယ်။ )

    ဒီတော့ လောလောဆယ် ကိုယ့် အတွေး ၊ ကိုယ့်အမြင်၊ ကိုယ့် အိုင်ဒီယာသပ်သပ်လေးကိုပဲ ချပြပါရစေ…။

    ဒါကို ကြိုတွေးပြီးသား ကြိုစဉ်းစားပြီးသားဆိုတာလေးတော့ အမှန်အတိုင်းပြောချင်ပါတယ်။

    ဒီအလှူငွေတွေကို ကောက်ခံအပြီးမှာ ကိုယ်တိုင် ကိုယ်ကျ သစ်၊ သံ၊သွပ်တွေဝယ်ပြီး သွားရောက်ကူညီဘို့ မရည်ရွယ်ထားပါဘူး..။
    ရခိုင်ဒေသက အကြမ်းဖက်မှု့ဒါဏ်ကိုခံစားခဲ့ရသော မြန်မာနိုင်ငံသား တွေကို ကူညီထောက်ပံ့ဘို့/ပြန်လည်ထူထောင်ပေးဘို့ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တခုခုကတဆင့်ပဲ လှူဒါန်း ကူညီမှာ ဖြစ်ပါတယ်။
    အဲသလို လှူဒါန်းရာမှာလဲ
    ဒါ ရခို်င်လူမျိုးတွေအတွက်သက်သက်ပါလို့
    ဒါ ဗုဒ္ဓဘာသာဝင်တွေအတွက်သက်သက်ပါလို့
    ကန့်သတ်ပြဌာန်းပြီး လှူဒါန်းမှာမဟုတ်ပါဘူး..။
    လှူဒါန်းလိုက်တဲ့ အဖွဲ့အစည်းက သူ့ဆုံးဖြတ်ချက်အတိုင်း အသုံးပြုဖို့သာ
    … ဖြစ်ပါတယ်။

    ဘယ်အဖွဲ့အစည်းမှလဲ အဲသလို အမြင်ကျဉ်းမြောင်းစွာဖြင့် ကန့်သတ်ပြီး ကူညီထောက်ပံ့မယ် မထင်ပါဘူး။
    ဘေးဒုက္ခရောက်နေတဲ့ လူ (လူ) အားလုံးကို အလျှင်းသင့်သလို ကူညီထောက်ပံ့ကြမှာပါ..။

    ကျုပ်တို့အဖွဲ့ဟာ အဲသလိုရည်ရွယ်ချက်နဲ့စုစည်းကြတာပါ…..

    (…လို့ ထင်တာပဲ….. 😛 )

    • MaMa

      June 12, 2012 at 7:15 pm

      ဘေးဒုက္ခရောက်နေတဲ့ လူ (လူ) အားလုံးကို အလျှင်းသင့်သလို ကူညီထောက်ပံ့ကြမှာပါ..။
      ထောက်ခံ* 100000000000000000000000000 ပါ။ 🙂

      • အရီး Khin Latt

        June 12, 2012 at 7:22 pm

        ဟိဟိ
        မမ က ကျွန်မ ကို ရှင့်ထက် 0 – ငါးလုံး ပိုပေးထားတယ် ကိုပါရေ့။
        ဒရန်တန့်တန်။
        😉
        🙂
        😆
        😀
        😛
        ဒါကြောင့် ” မမ က သိပ်ချစ်ဖို့ကောင်းတာ။”

        • ဦးဦးပါလေရာ

          June 12, 2012 at 8:14 pm

          😀

          အဲဒါကြောင့်ပြောတာပေါ့ မခင်လတ်ရဲ့…..

          ဘက် ဆိုတာကတော့ အစကတည်းကရှိပြီးသား…..
          😀 😀

        • အရီး Khin Latt

          June 13, 2012 at 3:51 am

          ရော်နယ်”ပါ” (ဒိုက်ထိုးကောင်းလို့ 😉 )

          မမ က ရိုးရိုးလေး သူ့ဟာသူရေးတယ်။
          ကျုပ်ကရော၊ ရှင်ကပါ ကိုယ့်လိုရာကို ဆွဲယူပြီး ပြောတယ်။
          ဒါဟာ နမူနာပါဘဲ။
          ကျုပ်တို့ ကိုယ့်အထင်တွေ နဲ့ ကို ရှုပ်နေကြတာ။
          အဲဒီ အထင်တွေ က ဘောလုံး လိုဘဲ
          တစ်ခါ တစ်ခါ အပေးအယူမျှ၊
          တစ်ခါတစ်ခါ လူကျွံ၊
          တစ်ခါတစ်ခါ ဟန်းဘောဖြစ်၊
          တစ်ခါတစ်ခါ ပယ်နတီဖမ်း၊
          တစ်ခါတစ်ခါ ဂိုးပေါက်လွဲ နဲ့ …… 😛

          ပုံ
          “Stevenလတ်” (လက်ရှိ အင်္ဂလန်အသင်း)

  • htoosan

    June 12, 2012 at 6:22 pm

    11-6-2011 တွင် စတင်ကောက်ခံရရှိငွေ

    ၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်)

    xxxx

    ယနေ့ 12.6.2011 ..

    ၁။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း)
    ၂။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
    ၃။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)

    နေ့လည် တစ်နာရီ အထိ ဖြစ်ပါသည်။

    ၄။ မအိ …. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
    ၅။ ကိုမြင့်စိုးလတ် … ၂၀၀၀ဝ ကျပ် (ကျပ် နှစ်သောင်း)

    အရီးလတ် နှင့် မိတ်ဆွေ ကိုစည်သူတို့ထံမှလည်း ပေါင် ၁၀ဝ နှင့် ညီမျှသော မြန်မာငွေ ထည့်လှုမည်ဖြစ်ပါကြောင်း စာ လက်ခံရရှိထားပါသည် ။

    သူကြီးရေ .. Forum မမြင်ရတော့ ထင်သာမြင်သာဖြစ်အောင် ကောက်ခံရရှိငွေများကို နောက်ပို့စ်တစ်ခု အနေနဲ့ထပ်တင်ပြီး update လုပ်လုပ်သွားချင်ပါသည် ။ sticky လုပ်ပေးနိုင်ဦးမလားသိချင်ပါသည် ။

  • ဦးဦးပါလေရာ

    June 12, 2012 at 6:29 pm

    ဒါကတော့ သပ်သပ်ပြောချင်တာပါ
    ဒီပိုစ့်နဲ့တော့မဆိုင်ဘူး…

    ရခိုင်လူမျိုး အစ္စလာမ်ဘာသာဝင်တွေရှိပါတယ်။
    သူတို့ထဲမှာလဲ တိုင်းပြည်နဲ့လူမျိုးအပေါ်သစ္စာစောင့်သိပြီး အေးအေးချမ်းချမ်းနေသူတွေရှိသလို ဘာသာရေးအစွန်းရောက်သူတွေ/ အစ္စလာမ်ဘာသာဝင်ချင်းပဲ ယိုင်းပင်းသူတွေလဲရှိပါတယ်။

    ဒီအရေးမှာ အေးအေးချမ်းချမ်းနေတဲ့ အစ္စလာမ်ဘာသာဝင် ရခိုင်လူမျိုးတွေဟာ အလွန်အနေရကြပ်လှပါတယ်။
    သူတို့ကို ဖိအားမပေးချင်ပါဘူး..။ ဖိအားပေးရာရောက်မယ့် ကိစ္စမျိုးလဲ မလုပ်ချင်ပါဘူး…။

    ပြီးတော့ ဒီအရေးဟာ ဘာသာရေးကိစ္စလဲမဟုတ်ပါဘူး နော…။

    • thu thu

      June 12, 2012 at 8:43 pm

      ကျွန်မရခိုင်လူမျိုးတစ်ယောက်အနေနဲ့ အစ္စလာမ်ဘာသာဝင်ရခိုင်လူမျိုးဆိုတာကို လက်မခံနိုင်ပါ …
      ရိုဟင်ဂျာတွေက မှတ်ပုံတင်ရသွားပြီးနောက် သူတို့ကိုယ်သူတို့ ရခိုင်မူဆလင်ဆိုပြီးတော့ ပြောလေ့ရှိပါတယ် …

    • Azzurri

      June 12, 2012 at 9:38 pm

      သည်နေရာမှာ ဦးပါျပြာတာကို ထောက်ခံတယ်ဗျို့

      စိုးရိမ်မကင်းဖြစ်မိပါတော့တယ် လို့ပဲပြောချင်ပါရဲ့ဗျာ

  • blackchaw

    June 12, 2012 at 6:42 pm

    အရေးထဲ ၊ သူကြီးကတော့ လာဖွနေပြန်ပါပြီ ။
    အဲဒါကို ၊ ကိုဘလက်ကပါ ရောတွန်းပေးနေသေးတယ် ။

    FR ကြီးရေ။
    ဒီနေ့ ကျွန်တော်ပေးတဲ့ ကွန်းမန့်က လိုအပ်လို့ ပေးတယ်ဆိုတာ
    ဖက်တီးကက်ရဲ့ ပို့စ်ကိုဖတ်ပြီးရင် နားလည်မှာပါ။
    သူကြီး က သူ့ဟာ သူ ကွက်ရှင်ရှုတာကတော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး။
    နောက်ပြီး အဖွဲ့တစ်ခုအနေနဲ့ လုပ်တာဆိုတော့
    ကျွန်တော်ပြောလို့ မှားသွားရင် အဖွဲ့ကိုပါ ထိခိုက်မှာစိုးလို့
    ရှောင်ထွက်သွားလိုက်တာပါ။
    ကျွန်တော်က ဘယ်သူ့ကို ဘာအတွက်နဲ့ တွန်းနေရဦးမှာလဲဗျာ။
    ကျွန်တော်ကိုယ်တိုင်က ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာလေးလည်း
    သတိရပေးပါ FR ရေ…
    သတိရပေးပါ …။
    😀

    • Foreign Resident

      June 13, 2012 at 4:34 am

      Sorry ကို Black,

      အခုလေးတင်မှ အဲဒီ Post ဖတ်ဖြစ်တယ် ။
      အင်း ပရိတ်သတ်က တောင်းဆိုပြန်တော့ ၊
      သားသားလေးမှာ က ရအုန်းမှာပေါ့ ။
      အင်း ဖြေဖျော်ချင်ပါသော်ငြားလည်း ၊
      ကျန်းမာရေးက မကောင်း ။ 🙁

  • weiwei

    June 12, 2012 at 6:49 pm

    ှအလှူငွေကို ကျွန်မလဲ တတ်နိုင်သလောက်ထည့်ပါမယ် …
    ဆူးတို့ မမတို့နဲ့ ဆက်သွယ်ပြီး လှူပါ့မယ် ….

Leave a Reply