ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင်

ကထူးဆန္းJune 10, 20121min836110

ဟုတ်ကဲ့ ။

“ရခိုင်သွေးချင်းများပြန်လည်ထူထောင်ရေးလက်ဆောင်” ပေးကြရအောင်ပါ။

အစွန်းရောက် အကြမ်းဖက်သူများ လက်ချက်ကြောင့် ကြားထဲမှာ မြေစာပင်ဖြစ်ရတဲ့ ရခိုင်ဒေသ နေ မြန်မာပြည်ဖွား သွေးချင်း တို့နဲ့ ကျွန်တော်တို့ တစ်တွေ တစ်သွေးထဲ တသားထဲ ရှိနေပါတယ် ဆိုတာ ပြသချင်ပါတယ်။ ပြသကြပါစို့

့ ဆိုတဲ့ ဘဘဘလက်ရဲ့ ပြောစကားလေး နဲ့အတူ ကျွန်တော်တို့လုပ်မဲ့ အစီအစဉ်လေးကိုတင်ပြလိုက်ပါရစေ။

ဒီ ခေါင်းစဉ်လေးကိုတော့ ကျွန်တော်တို့ ရွာသား တစ်ဦးမှ ရေးပေးတာပါ ။ သူဘယ်သူလဲဆိုတာတော့ ပြောနိုင်တဲ့ အချိန်တစ်ခုမှ ပြောတော့မယ်။ဘယ်သူဖြစ်မလဲဆိုတာတော့ တွေးချင်ရင်တွေးထားပေါ့နော်။

ဒီနေ့ (၁၀-၆-၂၀၁၂) နေ့လည် နှစ်နာရီမှာ ကျွန်တော်၊ ဘဘဘလက်ချော၊ ဦးဦးပါလေရာ၊ ကိုရွှေတို်က်စိုး၊ ကိုအမတ်မင်း၊ နဲ့ ခုန ခေါင်းစဉ်လေး ရေးပေးတဲ့ ရွာသား ရယ်တို့ ဆုံဖြစ်ပါတယ် ။

ခေါင်းဆောင်ရယ်လို့ မဟုတ်ဘဲ အဖွဲ့လေးတစ်ခု အနေနဲ့ အတူလုပ်ကြဖို့ စိတ်ကူးကြပါသည် .

ကောက်ခံရေး ဆက်သွယ်ရေး အတွက်ကို ကိုရွှေတိုက်စိုး ၊ ကို အမတ်မင်းတို့ ကတာဝန်ယူကောက်ခံပေးပါ့မယ်။ သူတို့ှနှစ်ယောက်ကိုရွာသားတစ်ယောက်က နောက်ကကူညီအားဖြည့်ပေးပါ့မယ်။ ကိုရွှေတိုက်စိုး နဲ့ ကိုအမတ်မင်းတို့ကို က ရွာသူားများကော ရွာအလည်လာ စာဖတ်သူများရော ရွာ့အလှုပွဲတွေမှာ မြင်တွေ့နေကြဆိုတော့ မျက်နှာသ်ိဖြစ်ပြီးသားနေကြမှာပါ။

ရလာတဲ့ အလှုငွေကို ဦးဦးပါလေရာ ထံမှာ အပ်ထားပြီး ငွေကောက်ခံချိန် လိုအပ်လာခဲ့ရင် ဘဘဘလက်နဲ့ ကျွန်တော်တို့က ဝင်ရောက်အားဖြည့်ပေးပါ့မယ် ။

ကောက်ခံရရှိတဲ့ ငွေသားများကို ဒီပိုစ်မှာဘဲ update လုပ်ပြီးတင်တင်ပေးသွားပါ့မယ် ။ ဒါကို ကျွန်တော်တာဝန်ယူသွားပါ့မယ်။ နေစဉ် ည ၁ဝနာရီလောက်မှာ လုပ်သွားမယ်လို့စိတ်ကူူးထားပါသည်။

အန်တီပဒုမ္မာ ၊ ဆရာမ မမ ၊ ဆူး ၊ etone တို့ကို လည်း အကူအညီတောင်းခံထားပြီး သူတို့လည်း ကူညီပါ့မယ်လို့ပြောပါသည်။ ဖုန်းနံပါတ်သိပြီးသားရွာသူားများ သူတို့ထံတိုက်ရိုက်ဆက်သွယ်ပေးပို့လူဒါန်းနိုင်ပါသည်။ သူတို့ထံမှ ကိုရွှေတိုက်စိုးတို့ သွားရောက်ယူပြီး ဦးဦးပါလေရာကိုအပ်ပါ့မယ်။

etone ဦးဆောင်တဲ့ ဦးကျော်သူ ၏ နာရေးကူညီမှု့ အသင်းအလှု ၊ မမ နဲ့ ဆူးတို့ ဦးဆောင်တဲ့ ပန်းတနော်ဆေးရုံ အလှုတွေလိုဘဲ ထင်သာမြင်သာရှိအောင်လုပ်ဆောင်သွားမှာပါ ။

မန္တလေး အတွက် ကို လေးပေါက်ကို အကူအညီတောင်းခံထားပြီး လေးပေါက် ကကူညီမယ်လို့ ဘဘဘလက်ကိုပြောပြထားကြောင်းသိရပါသည်။ လေးပေါက်ကို ဆက်သွယ်လို့ ရမဲ့ ဖုန်းနံပါတ်လေး လေးပေါက်မှတင်ပေးပါရန်မေတ္တာရပ်ခံပါသည်။

မန္တလေးမှ လှုဒါန်းလိုသူများအတွက် လေးပေါက်မှ ကောက်ခံပေးပါ့မယ်ခင်ဗျ။လေးပေါက်မှ အခုလို အကြောင်းပြန်ပေးလာပါတယ်။

မန်းလေးမြို့နဲ့ပါတ်ဝန်းကျင်ကလှူဒါန်းလိုသူများအတွက် ကျနော်က တာဝန်ယူပြီးကောက်ခံပေးပါမယ်။
ကောက်ခံလို့ရတဲ့ ငွေကို ရွာထဲမှာကြေငြာ စာရင်းပြုစုပြီးရင်သက်ဆိုင်သူဆီပြန်လည်ပို့ပေးပါမယ်။
09-680-5396 ကိုသာ ဆက်သွယ်ပါခင်ဗျာ

နေပြည်တော်မှလှုလိုသူများရှိလျှင် နေပြည်တော်မှာလိုအပ်လျှင် ပြေးလွှားပေးပါ့မယ်ဆိုတဲ့ ကိုရွာစားကျော်ကိုဘဲ အကူအညီတောင်းခံပါရစေ ။ ကိုရွာစားကျော်မှ စုစည်းပြီး ကိုရွှေတိုက်စိုးတို့ဆီ ပြန်လည် လွှဲပေးပါလိမ့်မယ် ခင်ဗျာ။

နေပြည်တော်မှ ထည့်ဝင်ကူညီလိုသူများအတွက်
ကျနော် ရွာစားကျော်သို့ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် ထပ်ပြောပါမယ်
၀၉ ၄၃ဝ ၁၇ဝ ၆၉ ဖြစ်ပါတယ်..

နိုင်ငံခြား ရောက်နေသူများမှလည်း လှုဒါန်းလက်ဆောင် ပေးချင်တယ်ဆိုရင် ကိုယ်လွှဲနေကြ ပုံစံအတိုင်းငွေလွှဲပို့နိုင်ပြီး ကိုရွှေတိုက်စိုး၊ ကိုအမတ်မင်းတို့မှ သွားရောက်ထုတ်ယူပေးပါလိမ့်မယ် ။ အသေးစိတ်ကို သူတို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ကောက်ခံမှုကို ဘဖောပြောသလို ဒီလ ကုန် ၃ဝ ရက်နေ့အထိကောက်ခံပါမည် ။

ဘယ်မှာဘယ်လို လှုကြမည်ဆိုသည်ကိုတော့ ယခု ဆုံးဖြတ်ချက်မချနိုင်သေးပါဘူး ။ ဘယ်သူ့ကို ပေးအပ်လူဒါန်းမယ်ဆိုတာ ဒီကြားထဲမှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ပေါ်မှာ မူတည်ပြီး အထိရောက်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားကြရန် စဉ်းစားထားကြပါသည်။ အားလုံးရင်ထဲ က အတိုင်းကျွန်တော်တို့ အထိရောက်ဆုံးနဲ့ သက်ဆိုင်သူထံတိုက်ရိုက်ရောက်တာဖြစ်စေချင်တဲ့ဆန္ဒတွေရှိနေပါတယ် ကြိုးစားပါ့မယ် ဆိုတာလည်း အသိပေးပါရစေ။ ရွာသူားများလည်း ဆက်လက်အကြံဉာဏ်ပေးကြပါ။

ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်၊ ရန်ကုန်အတွက် နှစ်ခု ကတော့ .

ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅

ကို အမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅

ကိုမင်းဇော်ရေ . ကိုမင်းဇော်လူကိုယ်တိုင်ကူညီမယ်ဆိုတာကျေးဇူးတင်ပါသည်။ ဒီနေ့တော့ အမြန်စုစည်းလိုက်တာမို့လို့ မခေါ်လိုက်နိုင်ပါဘူး။အကူအညီလိုလာတဲ့ အခါ ခေါ်ပါ့မယ်ခင်ဗျာ။

အခုလို ဖြစ်မြောက်အောင် စတင်လှုံ့ဆော်အကြံပေးလိုက်တဲ့ ဘဖော နှင့်တကွလူအား ငွေအားဖြင့်ဝိုင်းဝန်းကူညီကြမည့် သူများ ၊ လိုအပ်တာကူညီပါ့မည်ဆိုသည့် သံတွဲမှ ကိုသန်းထွဋ်ဦး၊ ကျောက်ဆည်မှ လိုအပ်လျှင် လူကိုယ်တိုင်ကူညီပါ့မည်ဆိုသည့် ကိုသီဟရာဇာ၊ ကားမောင်း ပေးပါ့မယ်ဆိုတဲ့ ကိုဝင်း တို့ကိုလည်း ကျေးဇူးတင်ပါသည်။ ပါဝင်လှုဒါန်းမည်ဆိုသူများ ၊ အကြံဉာဏ်ပါဝင်ပေးသူများ သတင်းပြန်ဖြန့်ပေးသူများ အားလုံး အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောပါရစေ။ အားလုံးရဲ့ နံမည်တွေ တပ်မပြောနိုင်တာတော့ ခွင့်လွှတ်ပေးပါ။
သူကြီးကိုတော့ အထူးပြောစရာမလိုဘူးလို့ထင်ပါသည် ။ အားလုံးက အမြဲကျေးဇူးတင်နေကြတာမို့လို့ပါ ။

အခုတော့ အမြန်ရေးတင်လိုက်တဲ့ အတွက် ဘယ်သူတွေဘယ်လောက်လှုမယ် နုုတ်ကတိ ပေးထားကြပြီ ဆိုတာကို နောက်မှပြန်တင်ခွင့်ပြုပါ။

အားလုံးရဲ ့အမြင်..
အားလုံးရဲ ့သဘောထား..
ဂေဇက်ရဲ ့စည်းလုံးညီညွတ်မှုအားပြသပါစို ့လား..။။ aye.kk

မျိုးချစ်စိတ်ဆိုတာကို ဒီလိုနေရာမှာမှ မပြရင် ဘယ်လိုနေရာမှာ သွားပြကြမှာလဲဗျာ။
မျိုးချစ်သူ
ဘလက်

လောလောဆယ် နုတ်ကတိရထားသည့် စာရင်း။
၁။ Foreign Resident .. ငါးသိန်း
၂။ ဦးဦးပါလေရာ .. တစ်သိန်း
၃။ ဘဘဘလက်ချော .. ငါးသောင်း
၄။ ထူးဆန်း .. တစ်သိန်း
၅။ Ye Yint Hlaing .. တစ်သိန်း
၆။ May Flower .. ငါးသောင်း
၇။ Hnin Phyu .. တစ်သိန်း
၈။ Padonmar .. တစ်သိန်း
၉။ ရွှေမင်းသား .. ငါးသောင်း
၁၀။ komingalar .. တစ်သိန်း
၁၁။ Thihayarzar .. ငါးသောင်း
၁၂။ Shwe tallart .. တစ်သိန်း … စုစုပေါင်းနုတ်ကတိ .. ၁၄ သိန်းရရှိပြီးဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxx
11-6-2011 တွင် စတင်ကောက်ခံရရှိငွေ

၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်)

xxxx

ယနေ့ 12.6.2011 ..

၁။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း)
၂။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
၃။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)

နေ့လည် တစ်နာရီ အထိ ဖြစ်ပါသည်။

၄။ မအိ …. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
၅။ ကိုမြင့်စိုးလတ် … ၂၀၀၀ဝ ကျပ် (ကျပ် နှစ်သောင်း)

ညနေ ၆း၁၅ နာရီ အထိဖြစ်ပါသည်။

110 comments

  • htoosan

    June 12, 2012 at 7:56 pm

    ကိုနိုဇိုမိက သုံးသောင်းထည့်ဝင်ပါမည်ဆိုသည့် အကြောင်း ဘဘဘလက်မှ သတင်းပေးပို့လာပါသည်။

  • minn zaw

    June 13, 2012 at 6:23 am

    လေးပေါက်ရေ
    ကျွန်တော်မန္တလေးကို နေ့တိုင်းလိုလို ရောက်ဖြစ်တာမို့ ကျွန်တော်လာခဲ့ပါ့မယ်။
    ဒါပေမယ့် လေးပေါက် ဘီယာတိုက်ရမယ်။ ok ?။

  • hein latt

    June 13, 2012 at 10:10 am

    ကြိုဆိုပါတယ် ကိုမင်းဇော်ရေ ကျနော်လည်း mandalay ကပါ။
    အလှုငွေထည်.ချင်သော်ငြားလည်း အဆံမရှိလို.အမြှီးကုပ်နေရပါ၏။
    လာခဲ.လျှင် ဘီယာမတိုက်နိုင်သော်ငြား ရေခဲရေနှင်.ဝမ်းနှုတ်ဆေးတော.ကျွေးနိုင်ပါဂျောင်း။

    • ဦးဦးပါလေရာ

      June 13, 2012 at 11:20 am

      အခုလို ကွန်မင့်လေးနဲ့ ဝင်အားပေးတာလဲ တတပ်တအားပါပဲ…
      ဒီအလှူမှာ စိတ်ဓါတ်နဲ့/ထောက်ခံအားပေးမှု့နဲ့ ပါဝင်တယ်လိုပဲ မှတ်ယူပါတယ်ဗျာ…

  • Foreign Resident

    June 13, 2012 at 11:35 am

    အာရုံနောက်တယ် ။

    အစိုးရ ကိုယ်စား လက်ခံပေးနေတဲ့ ၊
    မီးသတ် ဦးစီး ဋ္ဌာန ကိုလှူလိုက်ရင် ဘယ်လိုလဲ ။

    အစိုးရက စစ်တွေမှာ ဘင်္ဂါလီတွေအတွက်လည်း ၊
    ဒုက္ခသည် စခန်းတစ်ခုဖွင့်ထားတယ်ပြောတယ် ။

    အဲတော့ အစိုးရ မီးသတ် ဦးစီး ဋ္ဌာန ကိုလှူလိုက်ရင် ၊
    ဘာ လူမျိုးတွေ ၊ ညာ လူမျိုးတွေ ၊
    ဘာ ဘာသာ တွေ ၊ ညာ ဘာသာ တွေ ၊
    ပြောစရာ မလိုတော့ဘူးပေါ့ ။
    နားညီး တော်တော် သက်သာသွားမယ် ။

    ရွာသူားတွေ ဆုံးဖြတ်ကြပါ ။

    • Foreign Resident

      June 13, 2012 at 12:39 pm

      ကို Black ရယ် စိတ်မဆိုးပါနှင့် ။

      အဘ လည်း အဆင်လေးများ ပြေမလားလို့ ၊
      ကြားချပေးကြည့်တာပါကွယ် ။

      ကဲ ၊ ကဲ ၊
      အဘရဲ့ ဒီအကြံကို ပြန် ရုတ်သိမ်းပါတယ်ကွယ် ။

  • htoosan

    June 13, 2012 at 12:05 pm

    ဘဖောရေ .. ကျွန်တော်တို့ တစ်ဦးတစ်ယောက်ပြောတာနဲ့ ဝေဝါးမသွားပါနဲ့ ။ အာရုံတွေ အနောက်မခံလိုက်ပါနဲ့လား ။
    Target Date က ၃ဝ ရက်နေ့မို့ အဲ့ဒီ့ နေ့ နားမှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး အလှုရှင်တွေရဲ့ ရင်တွင်းကဖြစ်စေချင်တာကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ကြတာပေါ့ ။

    • Foreign Resident

      June 13, 2012 at 12:43 pm

      ဟုတ်ကဲ့ပါ ကို htoosan ရယ် ။
      အဘ လည်း အဆင်လေးများ ပြေမလားလို့ ၊
      ကြားချပေးကြည့်တာပါကွယ် ။
      အဘ ကို ခွင့်လွှတ်ပါကွယ် ။

  • Foreign Resident

    June 13, 2012 at 12:53 pm

    ကဲ ၊ ကဲ ။
    ကြောင်ဝတုတ်ရေ ။
    မင်းကြားတဲ့ ၊ မြင်တဲ့ အတိုင်းပဲ ။
    အဘ တောင် တောင်းပန်နေရပြီ ။
    မျိုးချစ်စိတ်တွေက သိပ်နိုးကြားနေကြတဲ့ ၊
    အချိန် နှင့် အခြေအနေ ကို ရောက်နေတယ် ။
    အဲတော့ မင်း လက်လျှော့လိုက်တော့ ။
    ကဲ ၊ သူကြီးမင်း ကော ဘာများပြောချင်သေးသတုန်း ။

  • ရွာစားကျော်

    June 13, 2012 at 2:52 pm

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတိ္တစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အဝတ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

    ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
    ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
    ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
    ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
    ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀
    ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
    ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀
    ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
    ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀
    ဦးဝမ်စိန် (ဥက္ကဌ၊ မောရဝတီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
    ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀
    ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀
    Fresh Air Con ကျပ်သိန်း ၁၀၀
    လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀
    Eleven Media Group ကျပ်သိန်း ၂၀
    ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀
    သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀
    ဒါရိုက်တာ ဝိုင်း ကျပ် ၁၅ သိန်း

    အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀ဝ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀ဝခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

    လှူနေကြပြီ… သူများတွေ လှူနေကြပြီ..

  • minn zaw

    June 13, 2012 at 3:12 pm

    အင်း ကိုဟိန်းလတ်ရေ ရေခဲရေတော့ တိုက်ပါ။ ဝမ်းနှုတ်ဆေးတော့ မတိုက်ပါနဲ့။ မိုးတွေရွာနေတယ်ဗျ။
    ဟီး ။။ ကိုဟိန်းလတ် မတိုက်လဲ ကျွန်တော် တိုက်မယ်ဗျာ။ လေးပေါက်ရယ် ကိုဟိန်းလတ်ရယ် မန္တလေးက
    ရွာသားတွေရယ် ကျွန်တော်ရယ် ဆုံကြမယ်ဗျာ။ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ ok,?

  • ဆူး

    June 13, 2012 at 8:55 pm

    ကြည့်ရင်းနဲ့ မျက်စိလည်သွားတာလား ကွန်မန်း မတက်တာလား တော့ မသိတော့ဘူး။
    ဆူး က နေ တဆင့် လှူပေးချင်တဲ့ အလှူရှင်များလည်း ဆူး ကို ဆက်သွယ်လို့ ရပါတယ် ဆိုတဲ့ အကြောင်း အတိအလင်းကြေညာပေးပါတယ်နော်။

    • htoosan

      June 13, 2012 at 9:53 pm

      ကျေးဇူးပါ ဆူးရေ ။

  • htoosan

    June 13, 2012 at 9:51 pm

    သူကြီး သတင်းစာ အတွက် အလုပ်တွေရှုပ်နေတယ်ထင်တယ် ။ ရွာထဲဝင်တာ မတွေ့မိဘူး။
    သူ ငွေကောက်ခံရမှု့မှတ်တမ်း sticky မလုပ်ပေးနိုင်ခင် အများမြင်အောင် ဒီမှာလည်း update လုပ်သွားပါ့မယ်။

    strong>11-6-2011 တွင် စတင်ကောက်ခံရရှိငွေ

    ၁။ ကိုဝင်း မိသားစု .. ၁၅၀၀ဝ ကျပ် (တစ်သောင်းငါးထောင်ကျပ်)

    xxxx
    ့ 12.6.2011 ..

    ၁။ ကိုလွင်အောင် … ၁၀၀၀၀ဝ ကျပ် (ကျပ် တစ်သိန်း)
    ၂။ ဒေါ် Aye .KK .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
    ၃။ ကိုကြောင်လေး .. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)

    နေ့လည် တစ်နာရီ အထိ ဖြစ်ပါသည်။

    ၄။ မအိ …. ၅၀၀၀ဝ ကျပ် (ကျပ် ငါးသောင်း)
    ၅။ ကိုမြင့်စိုးလတ် … ၂၀၀၀ဝ ကျပ် (ကျပ် နှစ်သောင်း)

    ညနေ ၆း၁၅ နာရီ အထိဖြစ်ပါသည်။
    xxxxxxxxxxxxxxxxxxxxxxxxxxxxx

    ၁၃-၆-၂၀၁၂

    ၁။ ကိုထွန်းလင်း .. ၅၀၀၀ဝ ကျပ် ( ကျပ် ငါးသောင်း) (ကိုရွာစားကျော် နေပြည်တော်)
    ၂။ ဦးဦးပါလေရာ .. ၁၀၀၀၀ဝ ကျပ် ( ကျပ် တစ်သိန်း)
    ၃။ ထူးဆန်း .. ၁၀၀၀၀ဝ ကျပ် ( ကျပ် တစ်သိန်း)

    ညနေ ရး၁၁ နာရီထိ ။

    ၄။ မရွှေကြည် … ၂၀၀၀ဝ ကျပ် (ကျပ် နှစ်သောင်း)

    ည ၉း၃၅ နာရီ

  • htoosan

    June 13, 2012 at 11:36 pm

    အလှုငွေပို့တာ ကျွန်တော်တို့ လက်ဝယ် မရောက်သေးလို့ဆိုပြီး စိတ်ပူနေတဲ့ ကိုရဲရင့်လှိုင်ရေ .စိတ်ပူနေမှာစိုးလို့ ။ မနက်ဖြန် သွားယူဖို့ ချိန်းထားပြီးသားဆိုတာလေး အသိပေးပါရစေ။

  • သုနောင် မန်း

    June 15, 2012 at 5:43 pm

    လှူတဲ့လူတွေ အတွက် သာဓု သာဓု သာဓု ပါဗျာ.. ကိုယ်တိုင် မလှူနိုင်လို့ သာဓုပဲ ခေါ်လိုက်တယ်…

  • the best

    June 15, 2012 at 6:21 pm

    မနေ ့က SKYNET ကပြသွားတဲ့
    ရခိုင် နဲ ့ အစ္စလာမ်ဘာသာဝင် တို ့ဆွေးနွေးပွဲ လေးကို အထူးကြိုဆိုပါတယ်။
    လက်ချင်းချိတ်ပြီး ဓါတ်ပုံ ရိုက်ထားတဲ့ ပြကွက်က ကျက်သရေအရှိဆုံးပဲ။

  • eipu

    June 16, 2012 at 8:49 am

    တက်နိုင်သလောက်ပါဝင်လှူဒါန်းပါ့မယ်။

  • htoosan

    June 16, 2012 at 9:02 pm

    ကျေးဇူးပါ eipu ရေ ။ နည်းတယ် များတယ် မဟုတ်ပါ ။ အားလုံးဝိုင်းဝန်းတာပါဘဲ ။ အနီးစပ်ဆုံးတစ်ဦးဆီသာ ဖုန်းဆက် ဆက်သွယ်လိုက်ပါနော်။

Leave a Reply