မြန် မာ ့သမိုင်းတွင်ထင်ရှားခဲ ့သော……….မြို ့ရွာများနင် ့စေတီပုထိုးများ(၂)

မုတ္တမမြို ့…..

မူလအမည်ရင်းမှာ“မောတမော”ဖြစ်သည်။“မော ့တမော ့ဖြစ်သည်ဟုလည်းဆိုသည်။

ကျောက်ကိုတမော ့ကျောက်ညွှန် ့ကျောက်ဖျာကိုမော ့တမော ဟုခေါ်သည်။ကျေက်ဖျာကျောက်ညွှန် ့တွင်

တည်ထားသောကြောင် ့မော ့တမော ့မြို ့ဟုမွန်တို ့ကခေါ်သည်။

ထိုမှတဆင် ့မုတ္တမဖြစ်လာသည်……။

မိုးနဲမြို ့

ရှမ်းဘာသာစကားဖြစ်သည်…။

မိုင်းခင်းမှဆင်းသက်လာသည်။အဖွားမြိုဟုအဓိပါယ်ရသည်……။

မတူပီမြိူ ့

မတူ=မတူချင်းလူမိူး ပီ=ကြီးသည်ဟုအဓိပါယ်ရသည်…။။မတူပီအနီးရှိရွာကလေးများကိုမတူသဲဟုခေါ်သည်….။။

သဲ=ငယ်သည်ဟုဆိုလိုသည်……။။

မိုးကုတ်မြို ့

ရှမ်းဘာသာစကားမိုင်းကတ်(မြို ့အေး)မှရွေ ့လျောလာသည်ဟုယူဆရသည်….။။အခိူိူကလည်းရှမ်စကားမိုင်းကွတ်မှဆင်းသက်လာသည်ဟုဆိုသည်…။


မြို ့ခမောက် မြို ့ဒယ်အိုးဟုအဓိပါယ်ရသည်……။။

မြစ်ကြီးနားမြိူ ့

မြစ်ကြီး(ဧရာဝတီ)အနားတွင်ရှိသောကြောင် ့မြစ်ကြီးနားမြို ့ဖြစ်လာသည်ဟု

မှတ်တမ်းတင်ထားသည်…။။

မြစ်ကြီးနားမှမြစ်ဆုံထိ ၂၈မိုင်ဝေးသည်…..။။

မအူပင်မြို ့

ရှေးဂျင်မခါနာကလပ်အနီးတွင်မအူပင်ကြီးတပင်ရှ်ခဲ ့၏။။။။။

ညောင်ပင်တပင်ကမ်ူလိုက်၍အပင်သေသွားသည်။။။။

၁၉၁ဝ ပြည် ့နှစ်တွင်အပင်ဟောင်းအနီးတွင်အပင်သစ်တပင်စိုက်ခဲ ့သည်

မုဒုံမြို ့

မွန်မြို ့ဖြစ်သည်။

မွန်ဘာသာ မု သည်အစွန်း ဒုံသည်မြို ့ဖြစ်သည်….။။အစွန်းကျသောမြို ့ဟုဆိုလိုသည်……..။။

မကွေးမြို ့

ဧရာဝတီမြစ်ကိုအကြောင်းပြု၍မကွေးမြို ့ဟုခေါ်သည်….။။

မကွေးမြို ့ဖြစ်လာမည် ့ဒေသတွင်မြစ်ကွေ ့လျက်ရှိသည်။မြစ်ကွေ ့မှမြစ်ကွေး မြစ်ကွေးမှမကွေး

ဖြစ်လာသည်ဟုဆိုသည်……။။

ဝန်ခံချက်။ ။စာရေးဆရာမောင်ဋ္ဌကည်သန် ့၏မြန်မာ ့မြို ့ရွာဒေသဝေါဟာရ(၂၀၀)မှရေးသားတင်ပြပါသည်။

ယခုစာအုပ်ကိုပေးဖတ်ပါသော“သူငယ်ချင်းလေးသန် ့ဇော်အောင်” အားကျေးဇူးတင်ရှိပါသည်……။။

ချစ်ခြင်းမေတ္တာဖြင် ့

မိုးမင်းသား

9 comments

  • water-melon

    June 10, 2012 at 7:35 pm

    ကိုမိုးမင်းသားရေ
    ရှဲရှဲပါတော့
    နောက်ထပ်ရှိသေးရင် တင်ပါအုန်းနော်
    ဒါနဲ့ ရွာထဲက ရွာသူားတွေရော ကိုယ်ရဲ့နာမည်လေးတွေပေးဖြစ်ပုံလေးတွေပြောပြစေချင်ပါတယ်
    ှုဥပမာ၊ ၊ ဖရဲသီး လို့ဘာလို့ပေးတာလဲ
    အံဇာတုံးလို့ ဘာလို့ပေးတာလဲ စသည်ပေါ့
    အဟီ

  • မောင်ပေ

    June 10, 2012 at 7:56 pm

    ဖတ်အပြီးမှာ ဗဟုသုတ ရပါတယ်ဗျာ ။
    ဖရဲသီးပြောသလို… “မိုးမင်းသား” ဆိုတဲ့ နာမည် ယူခဲ့ပုံလေးလဲ ပြောပြပေးပါဦး ။

    • water-melon

      June 10, 2012 at 8:10 pm

      ကိုပေကရော ဘာလို့ ကိုပေလို့ ပေးရတာလဲ
      အမြဲတမ်းပေပေတေတေနေလို့လား

      ကျွန်တော် ဖရဲသီး နာမည်ပေးခဲ့ပုံက တက္ကသိုလ်တုန်းက သူငယ်ချင်းတွေပေးခဲ့တာ
      ပထမနှစ်စာမေးပွဲဖြေပြီးတော့ ဆရာမတွေကို ဖရဲသီးနဲ့လိုက်ကန်တော့လို့
      အဟီ ဒါနဲ့ဖရဲသီးဖြစ်သွားတာ နာမည်က

  • အလင်းဆက်

    June 11, 2012 at 6:13 pm

    မိုးမင်းသမီး.လို ့ အမည် မယူ ဖြစ်ခဲ့ပုံလေးရော…ပြီးတော့ ..
    တောင်ကြီးတို ့…. တောင်တွင့်ကြီးတို ့.တောင်သူကုန်းတို ့..အကြောင်းလည်း..ရှင်းပြပေးစေချင်ပါတယ် ။

    အဟိ ။

  • moe minthar

    June 11, 2012 at 6:15 pm

    ဖရဲရေ………..

    တော်သေးတာပေါ ့….ရေးရကိူးနပ်ပါတယ်လေ…….

    ကိုယ်တို ့ရဲ ့ဖရဲလေးကဗဟုသုတ…ရတယ်ဆိုလို ့လေ…..

    ဖရဲရေ……ပထမအပိုင်းရှိသေးတယ်လေ……အားပေးပါဦးနော်…..

    ×××××××××××××××××××××××××××××××××××××××××××××××××××××××

    ကိုပေ…..

    ကျေးကျေးဗျာ………..

    နှစ်ယောက်စလုံးအတွက်…တခါတည်းဖြေပေးလိုက်တယ်နော်……

    ကျနော်ကကြာသပတေးသားလေ…..

    နာမည်အရင်းက….ကြာသပတေးနံနဲ ့စပြီးသောကြာနံနဲ ့ဆုံးထားတယ်လေ….

    ဒါကြောင် ့….အွန်လိုင်းပေါ်ကသူငယ်ချင်းနဲ ့တိုင်ပင်ပြီးတော ့

    မိုးမင်းသား……လို ့ပေးလိုက်မိတယ်….

    မလှလို ့လား…..ဟိ….ဟိ

    ကိုပေတို ့…မဟာရာဇာတို ့…ကိုပေါက်တို ့ကိုလည်းမေးပေးပါဦး…

    ဖရဲရေတာဝန်ယူပေးရမယ်နော်……

    ဖရဲရေနောက်ထပ်တင်ပြပေးပါဦးမယ်…..စောင် ့ဖတ်ပေးဦးကွာ…..
    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • moe minthar

    June 11, 2012 at 6:19 pm

    အလင်းဆက်ရေ…..

    ဘာမိုးမင်းသမီးလည်း……သားသားရှက်ရှက်

    အလင်းဆက်ရဲ ့နာမည်ဖြစ်တည်ပုံလေး

    ပြောပေးဦးလေ…..

    ဖရဲလေးပူဆာထားလို ့ဗျ……..

  • သားဦး၊မြေးဦး

    June 11, 2012 at 7:34 pm

    (၅)နှစ်တာနေဖူးပေမယ့် မိုးမင်းသားပြောမှသိတော့တယ်ဗျာ။

    မကွေးမြို ့
    ဧရာဝတီမြစ်ကိုအကြောင်းပြု၍မကွေးမြို ့ဟုခေါ်သည်….။။
    မကွေးမြို ့ဖြစ်လာမည် ့ဒေသတွင်မြစ်ကွေ ့လျက်ရှိသည်။မြစ်ကွေ ့မှမြစ်ကွေး မြစ်ကွေးမှမကွေး
    ဖြစ်လာသည်ဟုဆိုသည်……။။

  • အလင်းဆက်

    June 11, 2012 at 8:05 pm

    ကျွန်တော့် နာမည် အလင်းဆက်..ပေးဖြစ်ပုံလေးကို တင်ပြ ဖူးပါတယ်ဗျာ ။
    http://myanmargazette.net/77861/arts-humanities/politician-musician-celebrity-interviews-profiles

    အဲဒီမှာကြည့်လို ့ရတယ်နော် ။
    ကဲ..မိုးမင်းသမီး.လို ့ နာမည် မပေးဖြစ် ပုံလေး……လုပ်ပါဦး

  • မိုး မင်းသား

    June 14, 2012 at 6:23 pm

    သားဦးမြေးဦးရေ…………………

    ရေးရကိူနပ်ပါဘိကွယ်…………………………..

    ကျေးကျေးနော်

Leave a Reply