ဒုတိယခရီးစဉ်မှာ ကိုယ်တိုင် အလုပ်ရှာဖွေနည်း

manawphyulayJune 10, 20121min581

ကျွန်တော်တို့ သုံးယောက် ကွာလာလမ်ပူကားဂိတ်ကို ချောချော မောမော ရောက်လာပြီးတဲ့ နောက်ကျွန်တော်လည်း သူငယ်ချင်း နှစ်ယောက်ကိုနှုတ်ဆက်ရင်း မိမိ နေခဲ့ဘူးသော သူငယ်ချင်းအိမ်ဆီသို့ထွက်ခွာလာခဲ့ပါတယ်ခင်ဗျာ။ ထိုစဉ်က ပါမစ်တွေ ပေးနေပြီမို့ မိမိလို အခုမှ ရောက်လာသူအတွက် အရင် လုပ်ခဲ့ဘူးသော စက်ရုံမှပြန်ခန့်ရန် ပါမစ်လိုတာကြောင့် တစ်ခြားမှာ အလုပ်ရှာဘို့ ကိုယ်တိုင်ကြိုးစား
ရတာပေါ့ခင်ဗျာ။ ပထမဆုံး ကိုယ်ရင်းနှီးခဲ့ဘူးသော မိတ်ဆွေ ဖုန်းနံပါတ်များကို ရှာဖွေ ဆက်သွယ်ပါတယ်။ဒါပေမဲ့ အသီးသီးက သူတို့ အလုပ်မှာ အဆင်ပြေနေကြပြီး ကျွန်တော့်အတွက် က နေရာ လပ်မရှိ
ဖြစ်နေတာကြောင့် ကိုယ်တိုင် အလုပ်ရှာဘို့ စားသောက်ဆိုင်နဲ့ ဘား(အရက်ဆိုင်-ဒစ်ကို)တွေရှိရာ ပီဂျေ(ပတ်တလင်း ဂျာယာ)ဘက်ကို ထွက်လာခဲ့ပါတယ်ခင်ဗျာ။ ပထမဦးဆုံး အင်တာဗျူး ဖြေတဲ့ဆိုင်က
မာတာဒိုး( အနောက်တိုင်း အီတလီ စားသောက်ဆိုင်)မှာဝင်ပြီး ဗျူးတာ အတွေ့အကြုံ ပထမတစ်ခေါက် ရှိပြီးသားမို့ စတင် ခန့်ပါတယ်ခင်ဗျာ။
အဲဒါနဲ့ နောက်ဖေး မီးဖိုချောင် နဲ့ စားပွဲထိုး အလုပ် တွဲလုပ်ရပါတယ်ခင်ဗျာ။ Garlic Rice(ကြက်သွန်ဖြူနဲ့ထမင်း)ချက်နည်းက ဒီလိုပါဗျာ။ပထမဆုံး ဆန်ဆေးပြီးကြက်သွန်ဖြူလေးတွေကို အခွံခွာပြီးထမင်း
ပေါင်းအိုးထဲကို ထည့်ပါ။ရေ သင့်တင့်ရုံ လက်ခလယ် တစ်ဆစ်ပေါ့နော်ထည့်ပြီး ဆီအနည်းငယ် ထည့်လိုက်ပါ။ပြီလျှင် မီးခလုတ်တပ်ပြီး စတင်ချက်လို်က်ပါက ကြက်သွန်ဖြူနံ့ သင်းနေတဲ့ ဆီလေးလက်နေတဲ့
Garlic Rice ကိုရပါပြီခင်ဗျာ။သူ့ကိုတော့ ပေါင်မုန့်၊အမဲသားကင်၊ကြက်သားကင်နဲ့ တွဲဘက် သုံးဆောင်လို့ရပါတယ်ခင်ဗျာ။လက်တွေ့ စမ်းသပ်ကြည့်ကြပါနော်။
အားလူးချောင်းကြော်ကတော့ လျှပ်စစ်နဲ့ အပူချိန် ၁၆၀’c လောက်ပေးထားတဲ့ ဆီပူထဲကို ထည့်လိုက်ပြီး အရောင် အသင့်အတင့် ရဲလာရင် ချလို့ရပါတယ်ခင်ဗျာ။သူကလည်း စတီးဇကာနဲ့ စစ်ပြီးသားပါ။ပြီးရင်
ဆီစုတ် စက္ကူပေါ်ချပြီး ဆီစစ်ကာ စားသောက်သူအတွက် အဆင်သင့် ဖြစ်ပါပြီခင်ဗျာ။အမဲသား၊ကြက်သားကတော့ လျှပ်စစ် မီးဖိုပေါ်မှာ သံဇကာတွေထားပြီး ကင်တာပေါ့နော်။ မြင်ဘူးကြမယ် ထင်ပါတယ်ဗျာ။
အဲဒါတွေ လုပ်ရတဲ့ အပြင် မိမိတို့ ဆိုင် အလုပ်သမားတွေအတွက် စားဘို့ပါ ချက်ရတာပေါ့ခင်ဗျာ။ သူဌေးက မင်းချက်တတ်သလိုချက်တဲ့။ကျွန်တော်ကလည်းအရင် တစ်ခေါက်က စားသောက်ဆိုင်မှာ part-time
ဆင်းခဲ့ဘူးတာရယ်။ အမေရှိတုန်းက အမေ့ဘေးမှာ မယောင် မလည် ကြည့်ခဲ့ဘူးတာတွေက သင်ခန်းစာပေါ့နော်။ယောကျင်္ားလေး ထမင်း၊ဟင်း ချက်တတ်စရာ မလိုဘူးလို့ ထင်သူတွေရှိကြပေမဲ့ တစ်ကယ်တမ်း
နိုင်ငံခြားမှာ ကိုယ်တစ်ယောက်တည်းနေရတဲ့ အခါ သိကြလာမှာပါခင်ဗျာ။ငတ်ရင် ချက်တတ်လာပြီ မဟုတ်လားဗျာ။ ကျွန်တော်လည်း အမေပြောဘူးတဲ့ ဆန်ပေါ်ကိုရေ လက်ခလယ် တစ်ဆစ်က ထမင်းအနေတော်
ရတယ်ဆိုတာ မှတ်ထားလို့ အခုတစ်ကယ် နဖူးတွေ့ ဒူးတွေ့ကြုံတော့မှ အမေရဲ့ ပြောစကားဟာ သားအတွက် တစ်အားပါ အမေ။ကျေးဇူးပါ။အမေ ကောင်းရာဘုံမှာ စံစားနိုင်ပါစေ။ဟင်းချက်တော့လည်း အမေ
ပြောဘူးတဲ့ ဆီသတ်ချက်နည်း။ လုံးချက်နည်းတွေက တော်တော် အသုံးဝင်လှပါတယ်ခင်ဗျာ။အစ်မနဲ့ ညီမကြားက ကျွန်တော် အမေ့အိမ်မှာ ထမင်းအိုးချောင် မဝင်ဘူးပေမဲ့ အမေပြောခဲ့တာတွေ။ချက်တာတွေကို
တစေ့တစောင်းကြည့်ခဲ့တဲ့အတွက် ဒုက္ခမရောက်တော့ဘူးပေါ့အမေရယ်။ဆီသတ်ချက်ရင် ထောင်းရမယ်လေ ကြက်သွန်၊ငရုတ်သီးတွေ။လုံးချက်က အားလုံးထည့်နယ် ဆီထဲ့ မီးဖိုပေါ် တင် မဟုတ်လား။အဆင်ပြေ
သလို ချက်ရတာပေါ့နော်။ဒါနဲ့ ကျွန်တော်လည်း နာမည်ရတာပေါ့ စားလို့အဆင်ပြေကြလို့လေ။
နောက်တော့ သူဌေးက ညဘက်အပြင်သွားရင် တစ်ဆိုင်လုံး သော့ခတ်သွားတတ်လို့ ခဏတစ်ဖြုတ် အပြင် ထွက်ချင်တဲ့ ကျွန်တော်အခက်တွေ့လို့ ပြောပေမဲ့ မရတာကြောင့် ဗဟုသုတနဲ့ အပြင်ထွက်တာ နှစ်သက်
တဲ့ ကျွန်တော် လစာတိုးပေးပေမဲ့ နှုတ်ဆက် ထွက်ခွာခဲ့ပါတယ် ခင်ဗျာ။မင်းတို့်အတွက်ပဲ ကြည့်တတ်တဲ့သူတွေမို့ ငါ့အတွက် အလုပ် မရှားပါဘူးပြောရင်းနောက်အလုပ်တစ်ခုပြောင်းဘို့ ဘားဆိုင်တွေ ဘက်ဆီ သို့
လှမ်းခဲ့ပါတယ်ခင်ဗျာ။အခန့်သင့်စွာပဲ ကုန်တိုက်ကြီး တစ်ခု အတွင်းက ဘားကြီး တစ်ခုမှာ အလုပ်ရခဲ့ပါတယ် ခင်ဗျာ။ မန်ဘိုကင်း ဆိုတဲ့ ဘားဆိုင် အကြီးကြီးပေါ့ဗျာ။အလယ်မှာ ဘားဝိုင်းကြီးရယ် ။အီတလီ တီးဝိုင်း
ရယ်။ စနိုကာခုံရယ် အစုံပါတာပေါ့ခင်ဗျာ။ ပိုင်ရှင်က စင်င်္ကာပူက သူဌေးမကြီးပါ။ပထမ တစ်ရက်မှာ ဘား ဝိတ်တာလုပ်ရပါတယ်။နောက်ရက်ကျတော့ ဘား မန်နေဂျာက ကြိုက်လို့ ဘားတန်ဒါ အလုပ်ဝင်လုပ်ရပါတယ်
ခင်ဗျာ။ဘားတန်ဒါက အရက်စပ်ရတာပေါ့နော်။အဲဒီမှာ အတွေ့အကြုံတွေ ထပ်ရတာပေါ့ဗျာ။
အလုပ်ဝင်တာနဲ့ အင်္ဂလိပ်လိုကလွဲပြီး ဘာ ဘာသာစကားမှ မပြောရပါဘူးခင်ဗျာ။ ပရက်စလေ အကျီင်္ပုံဝတ်ရပြီး(မြင်ဘူးကြမယ်ထင်ပါတယ် ပရက်စလေ ဝတ်တာလေ ပုံထဲမှာ)ကော်လာ ရှည်ထိပ်ချွန်၊လက်စည်းနဲ့
အောက်က ဘောင်းဘီအနက် ဝတ်ရပါတယ်ခင်ဗျာ။ညနေ ၅နာရီမှ နံနက် ၃နာရီ အထိပါ။ညနေဆိုရင် ရေမွှေးဆွတ်။ခေါင်းပြောင်အောင်ဖီး ဂျယ်လီ ကြိုက်တာထည့်ပြီး သပ်သပ်ရပ်ရပ် ဝတ်ရတာပေါ့နော်။မင်းသား
တွေ ရုှံးအောင် ပြင်ရတယ်လေ။ဒါမှ ဆိုင်မှာ အားလုံး ကြည့်လို့ကောင်းပြီး သူဌေးမကြီး ကြိုက်မယ် မဟုတ်လား။အားလုံးစားဘို့ကိုတော့ ကျွန်တော်ကပဲချက်တတ်သလို ချက်ပြီး အတူတူ စားကြတာပေါ့ခင်ဗျာ။ဒီလိုနဲ့
ဗဟုသုတရစရာလေးတွေပြောပြမယ်နော်။ ရေတစ်ခွက်လောက်လို့ ဘယ်လိုပြောမလဲ ခင်ဗျာ။အားလုံးက a cup of water လို့ ပြောကြမယ် မဟုတ်လား။ဘားမှက အဲလို မဟုတ်ဘူး skyjuice တဲ့ sky ဆိုတာက
မိုးကောင်ကင် juice က အရည် ။ကောင်းကင်ကရတဲ့ အရည်တဲ့ (skyjuice)၊ရှင်းပါတယ်နော်။ကြက်ဥကြော်ကို ခင်ဗျားတို့က fry egg လို့ ပြောမယ်ဟုတ်။မဟုတ်ဘူးဗျ omelette လေ။သူ့နေရာနဲ့ သူ သုံးကြတာကို
ပြောပြတာပါနော်။ screwdriver,sidecar စတာတွေကြားရင် ဝက်အူလှည့်တွေ သုံးဘီးတပ် ဆိုက္ကား မထင်ကြနဲ့အုန်းနော်။အရက်ကို စပ်ထားတဲ့ပေါ်မှာ မူတည်ပြီး နာမည်တွေပေးထားတာပါ။ B-52,AK-47 အားလုံး
ဗုံးကြဲလေယာဉ်၊သေနတ်တွေ မထင်ကြနဲ့နော် ။အရက်တွေအားလုံး တစ်ပက်စီ စပ်ထားလို့ ပြင်းတယ်။ဗုံးလိုအကြီးအကျယ် မူးစေမယ်။ စက်သေနတ်လို့ အဝင်မှာ ပူဆင်းပြီး ရင်ထဲမှာ အပူပေါင်းစုံဆင်းပြီးမူးယစ်စေလို့
နာမည်တွေကို အမျိုးမျိုးပေးထားတာပါနော်။အဲဒါတွေပြောနေတာနဲ့ အရက် လိုင်းထဲ ရောက်သွားပြီနော်။သိချင်သူများ သီးသန့်ပြောပြပေးပါ့မယ်။ အတွေ့အကြုံပါနော်။အရက်ကို စွဲစေအောင် မိမိစိတ်အလိုလိုက်ခဲ့ကြ
သော ဘား အလုပ်သမားများ ဒုနဲ့ဒေးပါ။ကျွန်တော်ကတော့ ကိုယ့်အကြောင်းကိုယ်သာသိမို့ အတွေ့အကြုံ သိအောင် သောက်ခဲ့ဘူးပါတယ်။ မစွဲခဲ့ပါဘူးဗျာ။စိတ်သာ အဓိက ပါနော်။ကျွန်တော့်ရဲ့ ဒုတိယမြောက်အလုပ်
ကလေးက အဆင်ပြေစွာ သုံးလတာဖြတ်သန်းပြီး ချိန်မှာတော့ ပါမစ်အသစ်တွေ ထပ်ပေးတာကြောင့် မိမိ အရင် လုပ်ခဲ့ဘူးသော စက်ရုံမှ သူဌေးက ပြန်ခေါ်တာကြောင့် ဘားကို နှုတ်ဆက်ရင်း အထည် စက်ရုံဆီသို့
ခြေဦး တစ်ဖန်ပြန်လှည့်လာခဲ့ပါတော့တယ် ခင်ဗျာ။ ဆက်ပါအုန်းမယ်နော်။ကျေးဇူးတင်လျက်ပါ။