ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍

chityimhtooJune 10, 20121min11910

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကိုတွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ရ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မငြိမ်သက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူများကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊

အရေးအကြီးဆုံးမှာ နိုင်ငံတော် အေးချမ်းသာယာရေးပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ပါတက်ရောက်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်သတင်းများနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့တင်ပြပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များအတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။
http://www.thithtoolwin.com/2012/06/blog-post_5039.html

10 comments

  • chityimhtoo

    June 10, 2012 at 11:30 pm

    အားလုံးကမျိုးချစ်စိတ်နဲ့တော့ရေးကျတာပါဘဲ။

  • Oo Oo

    June 10, 2012 at 11:35 pm

    အခြေအနေအရ…
    အမျိုးသားရေးသတိပိုရှိအောင် တပ်လှန့်လိုက်တာလို့ထင်ပါတယ်။
    ရန်သူဆိုတာကလည်းလျှော့မတွက်သင့်ဘူးလေ

  • chityimhtoo

    June 10, 2012 at 11:44 pm

    အင်းခုနောက်ပိုင်းဖေ့ဘုတ်ပုံတွေမှာကုလားတွေပုံကိုစာတန်းထိုးပြီးများများတင်ရမှာ..ခုဟာကမီးလောင်နေ
    တဲ့ပုံအောက်မှာ လုံထိန်းတွေပုံနဲ့ပြတော့ မီးကိုလုံထိန်းတွေကရှိူ့သလိုဖြစ်နေတယ်။နောက်ပြီးကုလားတွေ
    ကလည်းအကွက်ကျလွန်းတယ် ကိုယ့်အိမ်ကို ကိုယ်မီးနဲ့ရှိူ့ပြီးထွက်ပြေးတာ ကမ္ဘာ့မီဒီယာအမြင်မှာကုလား
    တွေအိမ်ကိုဒီဘက်က မီးရှိူ့တယ်လို့မြင်မယ်…

  • ahnyartamar

    June 11, 2012 at 12:15 am

    ရခိုင်ပြည်နယ်သတင်းများနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့တင်ပြပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များအတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။

    သတင်းကို စာပေစီစစ်ရေးသာတင်ရလို့ကတော့ အချိန်နဲ့တပြေးညီ ဘယ်လိုလုပ် သိနိုင်တော့မှာလဲ။

  • အားပေးသူ

    June 11, 2012 at 11:22 am

    ဟုတ်ပါတယ် အမှန်ကိုသိနိုင်ဖိုက ကခဲယဉ်းသွားပါပြီ
    ဥပမာ မိုးပေါ်ထောင်ပစ်တယ် ဆိုတာတို့ ဘာတို့
    စစ်သားက အခန်းအနားကလွဲလို့ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဖူးဗျ
    မောင်တောအရေးအခင်းကို ဆိုလိုတာပါ

  • kks240979

    June 11, 2012 at 1:03 pm

    လူကြီးကတော့ လူကြီးစကားပဲပြောပါမည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ထိခိုက်နစ်နာနေမှုမှန်သမျှ ဖော်ထုတ်ပေးကြပါ ဂျာနယ်လစ်အပေါင်း ခင်ဗျား။ ကိုယ်မှန်တယ်ထင်ရင် ကိုယ်လမ်းကိုယ် ဆက်လျှောက်ရုံသာရှိပါသည်။

  • Lwin Aung

    June 11, 2012 at 1:15 pm

    If Media can not describe truly/ openly , our country can not solve the any problem liked the Rohinjar ( Bengali ) problem and go to dark deeply. If it happen more big problem, the media blocker may be No.1 culprit.

  • Dote Kha

    June 11, 2012 at 2:37 pm

    အခု မြန်မာပြည်မှာ ရေပန်းအစားဆုံး သတင်းကတော့ ဒီရခိုင်သတင်းပါပဲ။ အပြင် ဂျာနယ်တွေမှာရော၊ အင်တာနက် တစ်ခွင်မှာပါ ဒီသတင်းက ထိပ်ဆုံးက ရောက်နေတာပါ။ ဂျာနယ်တွေမှာ လွန်လွန်ကဲကဲ ရေးထားတာတွေကို စာပေစိစစ်ရေးနဲ့ တားဆီးလို့ ရနိုင်ပေမယ့် အင်တာနက် စာမျက်နှာတွေပေါ်မှာတော့ တားဆီးဖို့ ခက်ပါသေးတယ်။ အင်တာနက်ပေါ်က လွန်လွန်ကဲကဲ ရေးထားတဲ့ သတင်းတွေကိုပါ တားဆီးနိုင်ရင် သိပ်ကောင်းမှာပါ။

  • Aung

    June 11, 2012 at 10:10 pm

    တို့ကတော့ တို့ကတော့ အရေးကြီးလို့ ခေါ်ပြောတယ်လို့ ထင်ပါသည်။
    ဆူပူမှု ကိုအားပေးစေသော သတင်းများ
    နိုင်ငံတော်အတွက် ကမာ္ဘ့အလည် မှာဒုက္ခ ရောက်နိုင်စေတဲ့ သတင်းများ
    အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ထွင်းရအောင် ဖြစ်စေတဲ့ သတင်းများ
    မပါဝင်စေလို လို့ပါ ဂျာနယ်များ သည်းခံပေး စေလိုပါသည် ခင်ဗျား…….

Leave a Reply