မန္တလေးမြို့ သေဆုံးခြင်း (ဆို-လင်းလင်း)

aks aksJune 10, 20121min802

Death of Mandalay

 

မိမိရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ပိုပိုပြီး အရေးကြီးလာပြီလို့

ထင်ပါတယ်။ လင်းလင်းရဲ့သီချင်းလေးကလည်း ရင်ထဲကို ထိရှစေတာမို့ အားလုံးအတွက် ထပ်ဆင့်

မျှဝေပေးလိုက်ပါတယ်။

 

မန္တလေးမြို့ သေဆုံးခြင်း

 

သွယ်ဝိုက်ပြီး ငါလေမပြောချင်

ဗမာ့သမိုင်းများစွာ စောင့်ထိမ်းခဲ့ရာ

ကျွန်တော်မွေးတဲမြို့ မရှိတော့ပါ

 

ဘယ်သူတွေလဲ ဒီမြို့ထဲမှာ

ဟိုအရှေ့ရပ်က အိမ်နီးချင်းတွေ

မျက်လုံးမှေးမှေး အကြည့်နဲ့ပါ

 

မေးခွန်းများစွာ ငါလေတွေးရင်း

ကျုံးကြီးလည်း ခေါင်းနစ်ချင်ပြီ

သမိုင်းပေါင်းများစွာ ငါလေတွေးရင်း

နားနှစ်ဖက်ပိတ် ရှက်လို့နေမိ…

 

တစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့

ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…

 

အလည်လွန်ပြီး ငါလေမောရင်

မြို့ထဲလမ်းမှာ ရေကြည်တစ်ပေါက်သောက်စရာ

ရေအိုးများလည်း မရှိတော့ပါ

 

ဘယ်သူတွေလဲ ဒီမြို့ထဲမှာ

အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ

ဘာသာစကားများလည်း တို့နဲ့မတူ

 

မေးခွန်းများစွာ ငါလေတွေးရင်း

ကျုံးကြီးလဲ ခေါင်းနစ်ချင်ပြီ

သမိုင်းပေါင်းများစွာ ငါလေတွေးရင်း

နားနှစ်ဖက်ပိတ် ရှက်လို့နေမိ

 

ဪ… တစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့

ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း…

 

 

2 comments

Leave a Reply