အ မှတ် ရ နေ သော စ ကား များ

aye.kkJune 11, 20121min14823

အ ဖေ က စ ကား ပြော လျှင် ဒုတ် ထိုး အိုး ပေါက် ပြော တတ် ပါ သည်…..။
အ မေ နှင့် က လုံး ဝ မ တူ ၊ သူ ဥ ပ မာ ပေး သည့် စ ကား များ သည် ၊
နား ဝင် ချို မြ ခြင်း မ ရှိ သည် က များ ပါ သည် ။

အ ဖေ ပြော နေ ကျ စ ကား များ သည် ၊ နား ဝင် ချို မြ မှု မ ရှိ ပါ သော် လည်း တန် ဘိုး ရှိ ပါ ၏ …

ထို အ ထဲ မှ အ မှတ် ရ နေ သော စ ကား များ အား ။ ယ ခု ရက် ပိုင်း အ တွင်း ။ စိတ် မှ ပြော ချင် စိတ် တို ့ဖြစ် ပေါ်
ခံ စား ခဲ့ ပါ သည် ။ သို ့ဖြစ် ၍ ကျ မ ပြော ပြ ချင် သည့် ။ အ မှတ် ရ နေ သည့် စ ကား များ အ တိုင်း ပြန် လည်
ပြော ပြ လို ပါ သည်….။

“လောက် သည် ချီး တော ထဲ ၌ သာ ပျော် ၏ ”..။
လောက် သည် အင် မ တန် ရွံ ့ မုံး စ ရာ ကောင်း သော သ တ္တ ဝါ ဖြစ် ၏…။
ထို ့ ကြောင့် လောက် သည် ။ မ စင် ၌ သာ ပျော် မွေ ့၏ တဲ့..။

လူ သည် အ သိ ဉာဏ် ရှိ သော သူ ဖြစ် ၍ ၊ ဆင် ခြင် တုံ တ ရား ရှိ ၏ ..၊ လူ သည် ဆင် ခြင် တုံ တ ရား ရှိ သ ဖြင့် တန် ဘိုး ရှိ ၏ တဲ့ …။

ဆင် ခြင် တုံ တ ရား မ ရှိ သော သူ (ဝါ) တ နည်း ပြော ရ လျှင် အ သိ ဉာဏ် မ ရှိ သော သူ သည် ၊ လောက် နှင့် အ တူ တူ ပဲ ၊ ထူး မ ခြား နား ဟု အ ဖေ က ပြော ဆို ဆုံး မ ဘူး ပါ သည်။

လော က ၌ ဆင် ခြင် တုံ တ ရား မ ရှိ သော သူ သည် ၊ အင် မ တန် ရွံ ့မုံး စ ရာ ကောင်း ၏ ဟု လည်း ၊ အ ဖေ က ပြော ပါ သည်…။

ထို ့ ကြောင့် လောက် နှင့် တူ သော လူ သည် မ ကောင်း မှု အ ရာ ၌ သာ မွေ ့ပျော် နေ တတ် ၏ တဲ့ …။

“ချီး တော ထဲ က လောက်” ၊ “လောက် နှင့် တူ သော လူ” မ ဖြစ် စေ ရန် အ ဖေ က အ မှတ် ရ သော စ ကား များ ဖြင့် ။
ဥ ပ မာ ပေး ခါ အ နှိုင်း ပြ ပြီး ၊ ကျ မ အား ပြော ပြ ထား ပါ သည်..။

“ချီး ဆို သည် မှာ နံ သည်” “မ ကောင်း မှန်း” ကို အ ထူး ပြော စ ရာ မ လို ၊ လူ တိုင်း သိ ပြီး သား ဟု ပြော ပါ သည်။

“ချီး ကို ဒုတ် ဖြင့် မွှေ လျှင် လွန် စွာ အ နံ ့ နံ လေ” “မ ခံ နိုင် အောင် ပို ဆိုး လေ” ဟု အ ဖေ က ပြော ဆို ပါ သည် ။
ချီး ဆို တာ နံ နေ မှန်း သိ လျှက် ၊ ဒုတ် ဖြင့် မွှေ ပါ က……

အ လွန် နံ လေ ပင် မ ဟုတ် လား ဟု လည်း ပြော ပါ သည်။ “ပြ ဿ နာ” ဆို သည် မှာ “မ ကောင်း မှန်း” လူ တိုင်း သိ ၏ တဲ့..။

“ပြ ဿ နာ” ဖြစ် မှန်း သိ လျှင် ၊ အ ဖြေ မ ရှာ ,မ ဆွေး နွေး , မညှိ နှိုင်း ဘဲ နှင့် ပြ ဿ နာ က ပြီး ဆုံး နိုင် မှာ မ ဟုတ် ဟု အ ဖေ က ပြော ပါ သည် ..။

ပြ ဿ နာ ကို ပြ ဿ နာ မှန်း သိ နေ ပါ လျှက် နှင့် ၊ ပြ ဿ နာ မ ဖြစ် ဖြစ် အောင် ထပ် မံ ၍ အ ပြစ် သ ဖွယ် ပြော ဆို ပြီး မီး မွှေး နေ မည် ဆို ပါ က ၊ အ ကျိုး မ ရှိ သည့် အ ပြင် ၊ ပို ၍ ဆိုး မည် သာ ဖြစ် ကြောင်း ၊ ဥ ပ မာ ပေး ခါ အ နှိုင်း ပြ ပြီး ပြော ဆို ပါ သည်။

တ ရက် တွင် အစ် ကို က ၊ စာ က လေး ငှက် များ ကို လေ သေ နတ် ဖြင့် ပစ် ချ ခါ ၊ အ မွေး နှုတ် ၍ သူ ငယ် ချင်း များ နှင့် အ တူ မီး ကင် စား ကြ ပါ သည်။

အ ဖေ က တွေ ့ မြင် သော အ ခါ ။ “ နှံ ပြီ စုတ် ငှ က်” က လက် တ ဆုတ် စာ မျှ သာ ။ င ရဲ က တော့ ဆယ် ပိ ဿာ ဟု အစ် ကို အား ပြော ပါ သည်…။

နှံ ပြီ စုတ် ငှ က် သည် ။ လူ ၏ လက် တ ဆုတ် စာ မျှ ပင် ။ ရှိ လင့် က စား ။ သူ ့အ သက် တစ် ချောင်း ကို သတ် ပြီး မှ စား ရ သ ဖြင့် ။ ငါး ပါး သီ လ ကျိုး ပေါက် ၍ ။ အ ပြစ် က ကြီး မား လှ သည် ဟု ၊ အ ဖေ က ဥ ပ မာ ပေး ခါ အ နှိုင်း ပြ ပြီး ပြော ဆို ပါ သည်။

ယ ခု လတ် တ လော တွင် ၊ ကျ မ အ နေ ဖြင့် ဘာ ဖြစ် နေ မှန်း မ သိ ၊ အ ဖေ ပြော သော စ ကား များ ကို ၊ စိတ် ထဲ တွင် ပြန် လည် ၍ သ တိ ရ နေ ပါ သည်။
အ ဖေ ပြော သော စ ကား များ က ။ ကျ မ အ တွက် ။ အ မှတ် ရ နေ သော စ ကား များ ဟု ဆို ခြင် ပါ သည်။။

23 comments

  • SkyHeart WinKo

    June 11, 2012 at 1:55 am

    နောင်ဆိုသတ်သတ်လွတ်ဘဲ စားပါတော့နော်။

  • aye.kk

    June 11, 2012 at 7:09 am

    Sky Heart Winko,…ရေ
    လတ်တလောကြားနေရတဲ့ရခိုင်သတင်းတွေကြောင့်….
    ဆင်ခြင်တုံတရားမရှိတဲ့သူတွေကြောင့်….
    ပြဿနာကိုဖွနေတဲ့သူတွေကြောင့်..
    စဉ်းစားယင်း,အိပ်မပျော်နိုင်ပဲမိုးလင်းသွားတယ်လေ…
    ဒါနဲ ့ပဲအဖေပြောတဲ့စကားတွေကိုအမှတ်ပြန်ရနေလို ့ရေးလိုက်မိတာပါ…။
    သက်သက်လွတ်ကမစားနိုင်သေးပါဘူး…။
    သူများအသက်တော့ပုရွက်ဆိပ်လေးတောင်မသတ်ရဲပါဘူး…
    ငယ်ငယ်ကတည်းကအမေကဘုရားတွေလိုက်ပို ့ရင်…
    ဘုရားတန်ဆောင်းကနံရံဆေးရေးပန်းချီထဲကဘုရားဖြစ်စဉ်ဇတ်တော်လာနိပါတ်တွေထဲက
    အပြစ်လုပ်ရင်အပ္ပါယ်ငရဲရောက်ရခါ၊ဆီဒယ်အိုးနဲ ့အကြော်ခံရပုံတွေတွေ ့မြင်ပြီးကတည်းကကို
    အပြစ်ဖြစ်မှာကြောက်စိတ်ဝင်ပြီး,အပြစ်ဆိုတာကြီးကိုမလုပ်ရဲပါဘူး..။
    အသက်မသတ်ပေမယ့်၊သတ်သတ်လွတ်တော့မရှောင်နိုင်သေးပါဘူး…။
    ကွန်မင့်အတွက်ကျေးဇူးတင်ပါတယ်…။။

  • Thel Nu Aye

    June 11, 2012 at 5:32 pm

    အခုတလောက ပြသနာကိုမီးမွှေးရုံမက ဓါတ်ဆီပါလောင်းနေကြတော့ ပိုခက်ကုန်တာပေါ့အမအေးရယ်။

  • aye.kk

    June 11, 2012 at 5:54 pm

    သဲနုအေးရေ..
    အစ်မတို ့တုံးကနှစ်(၅၀)ခံစားခဲ့ရပြီးပြီ..
    အခုခေတ်ကလေးတွေကို
    အာဏာရှင်လောင်းရိပ်အောက်ပြန်မရောက်စေချင်တော့ဘူး…
    ဆင်ခြင်တုံတရားမရှိတဲ့လူတွေကြောင့်ဘင်္ဂါလီတွေခိုးဝင်လို ့ရခဲ့တာလေ…
    ဘာမဆိုငွေရဘို ့ပဲသိတဲ့လူတွေကြောင့်(ချီးတောထဲကလောက်ကောင်တွေ)ကြောင့်..
    မြေမျိုလို ့လူမျိုးမပြုတ်..
    လူမျိုမှလူမျိုးပြုတ်ရတော့မယ်…
    မမြလေးပြောသလိုပဲပြောလိုက်တော့မယ်..
    ပြောကိုမပြောချင်တော့ဘူးဆိုသလိုပါပဲလေ..။။

    • Thel Nu Aye

      June 11, 2012 at 8:22 pm

      အမအေးရေ အာဏာရှင်လောင်းရိပ်အောက်တော့ပြန်ရောက်မှာမဟုတ်လောက်တော့ပါဘူး။ စိုးရိမ်မိတာတခုတော့ရှိတယ်။ ဒီရိုဟင်ဂျာတွေက ဘယ်နိုင်ငံကမှ လက်မခံချင်ကြဘူး။ သူ့မူရင်း နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေရှ့်ကတောင် လက်မခံချင်တော့ အနေအစားချောင် တဲ့ မြန်မာနိုင်ငံကိုပဲတိုးဝင်လာပြီး နိုင်ငံသားဖြစ်ဖို့ကြိုးစားတာကို အစိုးရအနေနဲ့ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုရင်တော့ အစ္စရေးနဲ့ ပါလစတိုင်းလို့ နယ်လုတိုက်ပွဲတွေ အဒွန့်ရှည်သွားမှာကို ပဲစိုးရိမ်မိပါတယ်။ နောက်ပြီးသူတို့နောက်ကွယ်က လူတွေက ဗုံးခွဲကျွမ်းကျင် သူ တွေ ဖြစ်နေလေတော့ ဒီပြသနာအဓွန့်ရှည်လာရင် ကျွန်မတို့မြေပြန့်မှာပါစိုးရိမ်စရာ အခြေ အနေတွေဖြစ်လာမှာကိုပဲပူမိပါတယ်။

      • aye.kk

        June 12, 2012 at 6:03 am

        သဲနုအေးရေ…
        သဲနုရဲ ့အယူအဆ၊စိုးရိမ်ပူပန်မှုလေးက
        ကောင်းမွန်သင့်မြတ်လှပါတယ်..။
        သူတို ့ကအကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ရမယ်ဆိုရင်
        လက်မတွန် ့တဲ့သူတွေပါပဲ..။
        အဓွန် ့ ရှည်သွားနိုင်ပါတယ်။
        ဇွန်၈ရက်နေ ့ည(၈)နာရီကလွှင့်သွားတဲ့…
        သမ္မတကြီးပြောတဲ့မိန် ့ခွန်းပြောတဲ့အထဲက
        ကောက်နှုတ်ပြီးပြောချင်တာက…
        ရခိုင်အရေးဟာတပြည်လုံးကိုသာကူးစက်ပြီး
        ကျယ်ကျယ်ပြန် ့ပြန် ့ဖြစ်ခဲ့ ရင်..
        နိုင်ငံတည်ငြိမ်ရေး၊ဒီမိုကရေစီဖော်ဆောင်ရေးနဲ ့
        ဖွံ ့ဖြိုးတိုးတက်ရေးကိုအကြီးအကျယ်ထိခိုက်ဆုံးရှုံးမယ်
        လို ့လည်းသူမိန် ့ခွန်းထဲမှာထောက်ပြ
        သတိပေးထားတာမို ့စိတ်ပူပြီးပြောမိရပါတယ်..
        အာဏာရှင်လောင်းရိပ်အောက်ကတော့ပြန်မရောက်ရင်အကောင်းဆုံးပါသဲနုရေ..။
        အန်တီတို ့ဘဝတွေကလည်းလောင်းရိပ်မိထားတာကြာလာ
        ခဲ့တော့အရမ်းစိတ်ပူမိပါတယ်..။။

  • စိန်ဗိုက်ဗိုက်

    June 11, 2012 at 6:26 pm

    သွေးတိုး စမ်းနေတယ်လို ့ထင်ပါတယ်ဗျား..
    ဘယ်လိုနည်းလမ်းသုံးပြီး ဖြေရှင်းမလဲ၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကြိုမတွေးနိုင်သေးပါ
    ဒီကိစ္စတွေဟာ စနစ်တကျဖန်တီးခဲ့တယ်ဆိုရင် စနစ်တကျ ငြိမ်ဝပ်ပိပြားအောင် မထိန်းသိမ်းနိုင်ခဲ့ကြဘူး
    ဘယ်လူမျိုးတွေ သွေးဆူကြလဲ ဘယ်လူမျိုးတွေဟာ ဘယ်အချိန်မှာ ဘယ်လိုတုန် ့ပြန်တတ်သလဲ..သိထားသင့်သပေါ့.

  • aye.kk

    June 11, 2012 at 6:41 pm

    သွေးတိုးစမ်းနေသလားပဲ..
    စနေနေ ့ည(၁၂)နာရီလောက်ကလည်း…
    မူစယ်မှာဗုံး(၅)လုံးတဆက်တည်းကွဲတယ်ဆိုပဲ…။
    ဆင်ခြင်တုံတရားနည်းတဲ့သူတွေ(ဘယ်သူတွေ)ရဲ ့လက်ချက်လည်း..
    ဆိုတာစောင့်ကြည့်ရဦးမှာအမှန်ပါပဲ..။။

    • pooch

      June 11, 2012 at 10:30 pm

      ဟင်.. ဟုတ်လား အန်တီအေး သူငယ်ချင်းကို ဖုန်းဆက်ကြည့်အုန်းမှပဲ။ ဘာတွေများ ဖြစ်ကုန်တယ် မသိဘူး။

      • aye.kk

        June 12, 2012 at 5:41 am

        poosh,..ရေ
        (၁၁)ရက်နေ ့(၂ဝးဝ၂)အချိန်သျှမ်းသံတော်ဆင့်မှာတင်တဲ့
        သတင်းကိုဖတ်ကြည့်မိတာဗုံးကွဲတာ(၉)လုံးတဲ့..
        အချက်ခြာကျသည့်နေရာ၆ ခုခန် ့တွင်ဗုံး(၉)လုံး
        ဆက်တိုက်ပေါက်ကွဲတာဆိုပြီးသိရပါတယ်..။
        လမ်းဘေးစည်ပင်သာယာခုံတချို ့ပျက်စီးသွားတယ်လို ့သိရတယ်..
        လူအသေအပျောက်တော့မရှိဘူးတဲ့…။
        ရပ်ရွာအေးချမ်းသာယာမှုမရှိတာကိုပြတာပါပဲ..
        အဖေပြောတဲ့စကားပြောရသလို…
        ပြောလိုက်ချင်ပါတော့တယ်….
        “လောက်နဲ ့တူတဲ့လူ”တွေရဲ ့လုပ်ရပ်တွေပါပဲလို ့လေ…။။

  • etone

    June 11, 2012 at 8:36 pm

    အန်တီအေးရေ … လူချင်းတူပေမယ့် ခံယူချက်နဲ့ အဓိပ္ပါယ်ထားပုုံခြင်းကွာခြားလို့လည်းပါမယ်ထင်တယ် …
    ကိုယ်လည်း အကျိုးမရှိပဲ သူတပါးဘဝကိုပျက်ဆီးစေချင်ကြတယ် … စိတ်ဓါတ်မကောင်းတဲ့လူတွေရဲ့ အသွင်သဏ္ဍန်လို့ ဆိုရမလားပဲနော် … ။

    • aye.kk

      June 12, 2012 at 6:44 am

      etone,…ရေ
      မှန်ပါတယ်..
      အခြေခံစိတ်ဓတ်ညံ့ဖျင်းတဲ့(ဆင်ခြင်တုံတရားမရှိသူတွေ)
      ရဲ ့လုပ်ရပ်အသွင်သဏ္ဌန်များကနေ…
      ရခိုင်အရေးဖြစ်ပေါ်စေလာခဲ့တာလို ့ထင်မြင်ယူဆမိပါတယ်..။
      အဓိကကျတဲ့ပြဿနာရေသောက်မြစ်ကြီးကတော့…
      (ငွေရရင်ဘာမဆိုလုပ်ရဲတဲ့၊အမျိုးသားရေးတာဝန်အသိမရှိတဲ့သူတွေကြောင့်ပါပဲ)

      • etone

        June 12, 2012 at 10:59 am

        ငွေရရင်ဘာမဆိုလုပ်ရဲတဲ့၊အမျိုးသားရေးတာဝန်အသိမရှိတဲ့သူတွေကြောင့်ပါပဲ

        ဆိုတာ … ထောက်ခံမိပါတယ် အန်တီအေးရေ … ။
        ဘင်္ဂါလီတွေ … ရခိုင်ထဲရောက်နေတာနဲ့ပတ်သတ်လို့ ….. လူဝင်မှုကြီးကြပ်ရေးအနေနဲ့ … သတင်းစာရှင်းလင်းပွဲတွေ ဘာတွေ လုပ်ဦးမလားလို့ … နားစွင့်နေတာ …. အခုထိတော့ မကြားမိသေးဘူး ။ 🙄

  • kai

    June 12, 2012 at 5:46 am

    “ချီး ကို ဒုတ် ဖြင့် မွှေ လျှင် လွန် စွာ အ နံ ့ နံ လေ” “မ ခံ နိုင် အောင် ပို ဆိုး လေ” ဟု အ ဖေ က ပြော ဆို ပါ သည် …ချီး ဆို တာ နံ နေ မှန်း သိ လျှက် ၊ ဒုတ် ဖြင့် မွှေ ပါ က……အ လွန် နံ လေ ပင် မ ဟုတ် လား ဟု လည်း ပြော ပါ သည်။

    အဲဒီစာလေးဖတ်ပြီး.. တကယ်ကို အသက်ဝင်လာတာ..
    အနံ့တောင်.. နံလာသလိုပဲ..။
    ထိရောက်တဲ့..ဥပမာပါခင်ဗျား… :mrgreen:

  • aye.kk

    June 12, 2012 at 6:25 am

    သူကြီး..
    သူကြီး၏ထင်မြင်ချက်ကိုကျေးဇူးတင်ပါသည်..။
    ယခုဖြစ်နေတဲ့ရခိုင်အရေးပြဿနာကိုအဖေပြောပြဘူးတဲ့စကား
    နဲ ့ချိန်ထိုးမိပြီး၊အမှတ်ရနေသော
    စကားများဆိုပြီးpostတင်ခဲ့မိတာပါ။
    ဘာသာရေး၊လူမျိုးရေး၊အဓိကရုန်းဖြစ်လာစေနိုင်တဲ့အရေးအသားမျိုးကိုတတ်နိုင်သမျှကိုမီဒီယာတွေရှောင်ကြစေချင်ပါတယ်..
    အခုရခိုင်ပြည်နယ်မှာဖြစ်တဲ့ရာဇဝတ်မှုကို၊ဘာသာရေး၊လူမျိုးအမြင်ကြောင့်ဖြစ်ရသယောင်ရေးသားထားတဲ့
    အချို ့သတင်းမီဒီယာတွေကြောင့်၊ပိုပြီးပြဿနာ
    ကမသေးပဲပိုပြီးကြီးထွားလာနိုင်စေပါတယ်..
    ဘာနဲ ့တူလည်းဆိုရင်..
    အဖေပြောတဲ့စကားလိုပြဿနာမှန်းသိနေလျှက်..
    အဖြေမရှာ၊မဆွေးနွေး၊မညှိနှိုင်းဘဲနဲ ့တော့ပြဿနာကပြေလည်သွားမှာမဟုတ်ပါဘူး…။
    အခုဟာကရခိုင်အရေး(ပြဿနာ)ကို၊အရေးအသားအလွှဲအမှား
    ဖော်ပြတဲ့သတင်းသမားမီဒီယာအချို ့ကအဖေပြောတဲ့
    စကားလိုပါပဲ..
    နံနေတဲ့ချီးကိုဒုတ်နဲ ့မွှေရင်..
    နံပါတယ်ဆိုမှပိုပြီးနံလေ,ဆိုသလိုဖြစ်နေပါတယ်…
    ပြဿနာကိုအပြစ်လုပ်ပြီးပြဿနာရှာမီးမွှေးတာမျိုးမဖြစ်ရအောင်
    အဖေပြောနေကြစကားကိုအမှတ်ပြန်ရယင်း..
    ရေးသားလိုက်မိတာပါလို ့ပြောပြလိုက်ပါရစေ..။။

  • မောင်ပေ

    June 12, 2012 at 9:40 am

    အန်တီအေးရေ ကွန်မင်ကို သေချာဖတ်ရင် ချီးပုံမှတ်ပြီး ဝင်လာတဲ့ လောက်ကြီး ကို တွေ့မယ်ဗျ

    • aye.kk

      June 12, 2012 at 11:43 am

      ကိုပေ,…
      ရခိုင်အရေးတွေးတွေးပြီးဒေါသဖြစ်နေတာ..
      ကိုပေရဲ ့ကွန်မင့်လေးကြောင့်စိတ်လန်းသွားရပါတယ်..။
      ကျေးဇူးတင်စွာဖြင့်..
      ခင်သည့်..
      အစ်မအေး။။

  • ငပွကြီး

    June 12, 2012 at 12:07 pm

    လောက်ဆိုတာ ချီးထဲမှာဘဲပျှော်တဲ့အမျိုးလေ ကတ္တီပါခင်း ရွှေခင်းနဲ့ထားလဲ သူကမပျှော်နှိင်ဘူး…

    aye.kk အဖေပြောတဲ့စကားတွေဟာ တကယ်တန်ဖိုးရှိပါတယ်… လောက်လိုလူ မဖြစ်အောင်ကြိုးစားရမယ်
    ဖြစ်နေခဲ့ရင်လဲ အချိန်မှီပြင်ဖို့ ကြိုးစားရမယ်…ချီးဆိုတာနံတတ်မှန်းသိသိကြီးနဲ့ ပိုနံအောင် တုတ်နဲ့ မမွှေကောင်းဘူးလေ….

    • aye.kk

      June 12, 2012 at 6:34 pm

      ငပွကြီးရေ,…
      မင်းအယူဆလေးကမှန်ပါတယ်ကွယ်။
      အစ်မပြောချင်တာက..
      လောက်ဆိုတာမျိုးကမစင်မှာမှမွေ ့ပျော်တာလေ…။
      လောက်နဲ ့တူတဲ့သူတွေကိုပြုပြင်ဖို ့ကမလွယ်လောက်ဘူး။
      ချီးဆိုတာနံမှန်းသိလျှက်ကဒုတ်ထိုးပြီးမွှေတဲ့
      သူရှိကြလို ့သာဒီလိုပြဿနာတွေကြီးထွားလာရတာပါ
      လို ့ပြောပြပါရစေကွယ်။။

  • မဟာ ထမိန်ကြီးဝါဒ

    June 12, 2012 at 2:50 pm

    အဲဒါကြောင့် သည်းခံကြ…သည်းခံကြလို.ပြောတာ။ ဒီရိုဟင်ဂျာတွေ ဘယ်လောက်ပဲ ကိုယ့်နိုင်ငံသားရခိုင်
    တွေက စော်ကားနေပါစေ..ဘုန်းကြီးတွေကို လည်လှီးသတ်နေပါစေ..ဒေါ်စုပြောတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်
    ကသာ သူတို.အပေါ်အောင်နိုင်စေမှာပါ..ကျနော်တို.ရဲ. ဗုဒ္ဒမြတ်စွာဘုရားကလည်း သည်းခံခြင်း လမ်းစဉ်ကို
    ကျင့်သုံးခဲ့တာပဲ။ အောင်ခြင်းရှစ်ပါးမှာတောင် သည်းခံခြင်းတရားကို အဓိကထားပြီးကျင့်သုံးခဲ့တာပါ..
    နောက်ဆုံး ရခိုင်ပြည်နယ်တနယ်လုံး ရိုဟင်ဂျာလက်ထဲပါသွားလည်း ဘာဖြစ်လည်းနော..မြန်မာနိုင်ငံကြီး
    အကျယ်ကြီးပါ တခြားပြည်နယ်တွေ နေလို.ရသေးတာပဲ..အခုတောင် မြေဈေး အိမ်ဈေးတွေ အရမ်းတက်နေ
    တာ ကိုုယ်တောင် ဝယ်နိုင်သေးတာမဟုတ်ဘူး..ပါသွားလည်း အေးတာပဲ။ အဲဒီတော့ လူမျိုးရေးနှင့်ဘာသာ
    ရေး ဆွဲစိမတွေးစေလိုကြောင်း….

  • aye.kk

    June 12, 2012 at 3:54 pm

    မဟာထမိန်ကြီးဝါဒ,..ရေ
    မြန်မာနိုင်ငံဆိုတာ..
    သူ ့ကျွန်သဘောက်ဘဝလက်အောက်ရောက်ခဲ့ကြလို ့
    နှစ်ပေါင်းတရာကျော်တိုင်အောင်
    အာဇာနည်သူရဲကောင်းတွေရဲ ့အသက်သွေးချွေးမြောက်များစွာပေးဆပ်ခဲ့ကြရတာပါ..
    အမျိုးသာသနာရောင်ဝါထွန်းလင်းနိုင်စေဘို ့အတွက်..
    ဗိုလ်ချုပ်အပါအဝင်အာဇာနည်သူရဲကောင်း(၉)ဦးရဲ ့အသက်သွေး,ချွေးမြေခ
    ကျဆုံးပေးဆပ်ပြီးမှရယူခဲ့ကြရတာမေ့လို ့မရနိုင်ပါဘူး…
    ကိုယ့်နိုင်ငံကိုယ့်လူမျိုးရေးအတွက်..
    လူမျိုးပြုတ်မဲ့အရေး,…
    ကိုယ့်နိုင်ငံပိုင်မြေ,….
    တလက်မတောင်အကျူးကျော်မခံရရေးအတွက်..
    ကိုယ်စီတာဝန်အမျိုးသားရေးအသိရှိဘို ့ကလိုအပ်လှပါတယ်..
    ဒါကြောင့်လည်းအဖေကအသိဉာဏ်ရှိဘို ့လိုအပ်လှတဲ့အတွက်..
    ဥပမာထိရောက်အောင်ပေးပြီးဆုံးမခဲ့တာပါ..
    အဖေ့စကားကမှတ်သားစရာဖြစ်နေတာမို ့
    ရခိုင်အရေးကိုကြည့်ပြီး..
    စိတ်ထဲကအမှတ်ရနေတာကိုပြန်လည်ချရေးလိုက်တာပါလို ့ပြောပြလိုက်ပါရစေ..။။
    ဆင်ခြင်တုံတရားမရှိတဲ့သူတွေကြောင့်မင်းမဲ့စရိုက်ဆန်
    ပြီးပြဿနာတွေမကြီးသင့်ပဲကြီးမားခဲ့ရတယ်လို ့ပဲထင်မြင်မိပါတယ်။။။

  • manawphyulay

    June 12, 2012 at 4:14 pm

    ခိုင်းနှိုင်းတင်ပြထားပုံလေးက ရိုးရှင်းပြီး နားလည်လွယ်တယ်။ အင်း ဒီပိုစ့်လေး ဖတ်မိပြီးတော့ အရေးကိစ္စလေးတွေ တွေးစရာ တစ်ပုံတစ်ပင် ရရှိသွားပါတယ်။

  • aye.kk

    June 12, 2012 at 6:21 pm

    မနောလေးရေ..
    နားလည်တယ်ဆိုလို ့…
    ကျေးဇူးတင်ပါတယ်ကွယ်။

Leave a Reply