မြန်မာရုပ်သံနှင့် သတင်းစာများတွင် ရေဘေး အလှူ သတင်းဖေါ်ပြရန် အတွက် ဆန်ဆိုင်များမှ ဆန်အိ်တ်များ ဌားရမ်း

parparaziJune 22, 20101min1537

မြန်မာ့ရုပ်သံများနှင့် စစ်အစိုးရပိုင် သတင်းစာများမှ တဆင့် နိုင်ငံတော် အစိုးရမှ ဘူးသီးတောင်နှင့် မောင်တောတွင် ရေဘေး အကူအညီ ပေးနေကြောင်း ဖေါ်ပြရန်အတွက် ခရိုင်တာဝန်ရှိသူများက ဆန်ဆိုင်များမှ ဆန်အိတ်များကို ဌားရမ်းခဲ့သည်ဟု ဆန်ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

သူက “ မနေ့က ဝန်ကြီး ၃ ဦးပါတဲ့ ဆွေသုံးဆွေ အဖွဲ့ မောင်တောကို ရောက်လာပါတယ်။ သူတို့ ရောက်လာတဲ့ အခါ မောင်တော ခရိုင်က နေပြီး ရေဘေး ဒုက္ခသည်တွေ အတွက် အကူအညီတွေ ဘယ်လို စီစဉ် ပြင်ဆင်ထားတယ်ဆိုတာကို ဝန်ကြီးတွေကို ပြသဖို့လိုတဲ့အတွက် ခုလို မောင်တော ဆန်ဆိုင်တွေဆီက ဆန်အိတ်တွေကို ဌားရမ်းခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မနေ့က မောင်တောသို့ ရောက်ရှိလာသော ဆွေသုံးဆွေ အဖွဲ့မှာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးမောင်မောင်ဆွေ၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေတို့ ဖြစ်ကြသည်။

“ဆန်အိတ်ကတော့ သူတို့ အိတ် သုံးဆယ်ခန့် ရသွားပါတယ်။ ဆန်ဆိုင်အများစုကတော့ ခုလို ခယကကနေပြီး ဆန်အိတ်တွေ ဌားရမ်းနေတာကို သိတဲ့အတွက် ဆိုင်ကို ပိတ်ပြီး ရှောင်ထွက် သွားကြပါတယ်။ ခုလို အာဏာပိုင်တွေကို ဌားရမ်းလိုက်တဲ့ ဆန်အိတ်တွေကို ပြန်ရဖို့ မလွယ်တဲ့ အတွက် ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

၎င်းပြင် မောင်တော ခယကနှင့် မယက တာဝန်ရှိသူများကလည်း မောင်တောဈေးကြီးမှ တခြား အသုံးအဆောင် ပစ္စည်းများကိုလည်း ဌားရမ်းသွားခဲ့သည်ဟု တခြား ဈေးဆိုင်ပိုင်ရှင် တဦးက ပြောသည်။

“ဝန်ကြီးတွေ ပြန်သွားတဲ့ အခါ ငွေ မဟုတ်ရင် ပစ္စည်းတွေ ပြန်ပေးမယ်ဆိုတဲ့ ကတိနဲ့ မောင်တော တာဝန်ရှိသူတွေက မောင်တော ဈေးကြီး အတွင်းမှာရှိတဲ့ ဈေးဆိုင်တွေက မိုးကာစတွေ၊ ခြင်ထောင် တွေ၊ လုံချည်တွေ၊ ထဘီတွေ၊ စောင်တွေ ပီးရင် အိုးခွက်ပုဂံတွေကို ဌားရမ်းသွားပါတယ်။ ခုလို ဌားရမ်းနေတာကို သိတဲ့အတွက် ဈေးဆိုင်ပိုင်ရှင်တွေက ဆိုင်ကို ပိတ်ပြီး ရှောင်တိမ်းသွားကြပါတယ်။ အရိပ်အခြေအနေ မသိတဲ့ ဈေးဆိုင်ပိုင်ရှင်တွေက သူတို့ဌားရမ်းတဲ့ ပစ္စည်းတွေကို ပေးလိုက် ကြရပါတယ်။”

အဆိုပါ ဌားရမ်းလိုက်သော ပစ္စည်းများတွင် နိုင်ငံတော် အလှူ၊ ပြည်နယ် ပယက အလှူ စဖြင့် စာတန်းများထိုးကာ ဝန်ကြီးများက ကျေးရွာ ရယက တာဝန်ရှိသူများကို ပစ္စည်းများ လွဲပြောင်းကာ ဓါတ်ပုံများ ရိုက်ယူခဲ့ကြသည်ဟု သိရသည်။

“ဈေဆိုင်တွေက ဌားရမ်းတဲ့ ပစ္စည်းတွေကို ဝန်ကြီးတွေနဲ့ ပြည်နယ် အဆင့် တာဝန်ရှိသူတွေက ရေဘေး ဒုက္ခသည်တွေ တချို့နဲ့ ကျေးရွာရယက အဖွဲ့ဝင်တွေကို လွဲပေးတယ်။ ခုလို လွဲပေးတဲ့ အခါ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အဲဒီ ဓါတ်ပုံတွေကို ဗွီဒီယို ဖိုင်တွေကို နိုင်ငံတော် အစိုးရက ရေဘေး ဒုက္ခသည်တွေကို ကူညီ နေပါတယ် ဆိုပီး မြန်မာ့ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေက ဖေါ်ပြကြမှာ ဖြစ်ပါတယ်။ ဝန်ကြီးတွေ ပြန်သွားတဲ့ အခါ ရေဘေး အကူအညီတွေထဲက တချို့ကို ခယကနဲ့ မယက တာဝန်ရှိသူတွေက ကျေးရွာရယက ဥက္ကဌဆီက ပြန်ယူပြီးတော့ ယူထားတဲ့ ဈေးဆိုင်တွေကို ပြန်ပေးကြမှာ ဖြစ်ပါတယ်။ ဒါက သူတို့ လုပ်နေကျ အလုပ် ဖြစ်ပါတယ်” ဟု ဈေးဆိုင်ပိုင်ရှင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အထက်မှ ဝန်ကြီး အဆင့် ရှိသူများ ဆေးရုံနှင့် ကျောင်းများကို လာစစ်တိုင်း ဒေသခံ အာဏာပိုင်များမှ ယခုကဲ့သို့ ပြုလုပ်လေ့ရှိကြောင်းကို ဘူးသီးတောင်မှ ဆေးဆိုင်ပိုင်ရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ ဝန်ကြီးတွေ ဆေးရုံကို လာစစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက အပြင်ဆေးဆိုင်တွေက ဆေးတွေကို ယူပြီး ဆေးရုံမှာ စုပုံထားပါတယ်။ ဝန်ကြီး မြင်တဲ့အခါ ဆေးရုံမှာ ဆေးတွေ အလုံအလောက်ရှိတဲ့ သဘောပေါ့။ ဝန်ကြီး စစ်ဆေးပြီး ပြန်သွားတဲ့ အခါ ဆေးတွေကို ဆေးဆိုင်တွေကို ပြန်လည် ပို့ပေးပါတယ်။ ဆေးဆိုင်တွေက ဆေးတွေကို မဌားရမ်းလို့ မရပါ။ မဌားရင် သူတို့ ဆေးဆိုင်ကို ဖွင့်ခွင့် မပေးပါဘူး။ ဒါကြောင်း ဆေးဆိုင်တိုင်းလိုလိုက အထက်က လူကြီးတွေ ရောက်တိုင်း ဆေးတွေကို ဌားရမ်းရပါတယ်”ဟု ပြောသည်။

ထိုကဲ့သို့ ဝန်ကြီးများ ကျောင်းများက်ို စစ်ဆေးရန် လာသည့် အခါလည်း မြို့ပေါ် ဌာနဆိုင်ရာများမှ ကွန်ပျူတာများကို ဌားရမ်းပြီး ကျောင်းခမ်းမတွင် ထည့်ထားက ကျောင်းသားများကို ကွန်ပျူတာ ရှေ့တွင် ထိုင်ခိုင်းပြီး ဓါတ်ပုံများ ရိုက်ကာ သတင်းစာများနှင့် ရုပ်သံများတွင် ဖေါ်ပြကြကြောင်း သိရသည်။

ယခုကဲ့သို့ ပြုလုပ်သည့် အစီအစဉ်မှာ ဗိုလ်ချုပ် ခင်ညွန့် ထောက်လှမ်းရေး ညွန်ချုပ် ဖြစ်ကတည်းက သူ၏ တပည့်တပန်းများ စတင်လုပ်ခဲရာမှ ယခုထိ တည်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Source : Narinjara News

7 comments

  • snow

    June 22, 2010 at 7:35 am

    အတုအယောင်လုပ်ရတာဝါသနာပါပုံပဲ
    အရှက်ကိုမရှိကြပါလား
    အရှက်မရှိတဲ့မျက်နှာနဲ့အကြည့်ညိုခံချင်သေးတယ်

  • yannaingech

    June 22, 2010 at 10:37 am

    အခုလိုအဖြစ်အပျက်မျိုး အနည်းနဲ့အများတော့ ရှိမှာပါ။ ဒါပေမယ့် အမြဲတမ်းဒီလိုချည်းပဲတော့ မဖြစ်နိုင်ဘူး…

  • ghost

    June 22, 2010 at 10:45 am

    ဒါ…ငှားရမ်းတာမဟုတ်…ဒမြတိုက်တာ ဘာတဲ့ ဆွေ ၃ဆွေတဲ့လား ဝရမ်းထုတ်ပါမည်။
    wanted!
    မိရင် ဆွေတစ်ဆွေ ၂၅ပြား နန်း ပေးမည်

  • snow

    June 23, 2010 at 6:32 am

    ဘူတွေလဲ အဲဆွေတွေက

  • etone

    June 24, 2010 at 2:43 am

    စောက်ရှက်ကိုမရှိဘူး ……… ။ မရှိတာကိုဟန်လုပ်ချင်သေးတယ်။

  • Pyaung Gye

    August 23, 2010 at 3:43 am

    ပညာရှိကြီးများ၏ ဉာဏ်နီဉာဏ်နက်
    တွေလေ

  • winkyawaung

    October 11, 2010 at 11:56 am

    ကိုခင်ညွှန့်လက်ထက်ကလဲ ကတ္တရာလမ်းခင်းတာကို အောက်က ဝါးကတ်တွေခံပြီး နေ့ချင်း၊ ညချင်း ပြောင်း ပြောင်းပြီး လမ်းဖွင့်ပွဲတွေ လုပ်တယ်ဆိုပဲ ဗျာ..။ ယခုလဲ…

Leave a Reply