ကျောက်ဖြူ

marblecommetJune 11, 20121min15919

ကမ်းစပ် ဂ ငယ်ကွေ့လေးဆီက

လှိုင်းရိုက်သံသဲ့သဲ့လေး လွင့်လာတယ်…..။

အနောက်တောင် မုတ်သုန်လေရယ်

ဆားငံရနံ့ရယ်…

ပင်လယ်ကဗွီးနဲ့

အုန်းပင်တန်းကို

တညီတညွတ်တည်း နမ်းကြတယ်…..။

ကျောက်စရစ်သားဖြူဖြူနဲ့

မြိုု့မုဒ်ဦးစာသားပြာပြာမှာ

သူ့က္ကန္ဒြေကို ခင်းပြလို့

ပြာမှောင်မှောင်ပင်လယ်ဝက

ဝပ်ပျနေတဲ့ မြို့ကလေးလေ……။

အင်္ဂလိပ်စာရေးဆရာကြီး

မောရစ်ကောလစ် နေဖူးခဲ့တဲ့မြို့ကလေး

နှစ် 180 သက်တမ်းကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့

ငါ့ရဲ့မြို့ကလေး….

တန်ခိုးကြီးဘုရားများနဲ့

ရေပေါ်ရေအောက်

မြေပေါ်မြေအောက်

တန်ဖိုးကြွယ်ဝလွန်းတဲ့

မြို့ကလေး….။

ငါ့ရဲ့ ပုန်းကွယ်နေတဲ့အလှတရားလေး

ငါချစ်တဲ့မြို့ကလေးဟာ..

တစ်ခါတစ်ရံများမှာ

ဘင်္ဂလားပင်လယ်အော်ရဲ့

လေဆင် လေရိုင်းတွေကို ကြောက်ရရုံကလွဲလို့

ပကတိတည်ငြိမ်အေးချမ်းလွန်းတဲ့

ချက်မြှုပ်ဌာနေလေး..။

အခုတော့

မြို့ကလေးရေ့..

ဘင်္ဂလားတစ်ဖက်ကမ်းက

အရိုင်းအစိုင်းရန်စွယ်တွေက

ရှိနေပေမဲ့….မကြောက်နဲ့

ဘာကိုမှ မကြောက်လေနဲ့မြို့ကလေးရေ့

သင်ဟာ အမှန်တရားအတွက်

သစ္စာတိုင်ခဲ့တာ….

နှစ်ပေါင်း (180)တောင်

ကျော်လွန်လာခဲ့ပြီဖြစ်လို့ပါပဲ။ ။

ကမ်းဝေး

……..

အခုရက်ပိုင်း စိတ်ထဲ တော်တော်ထိရှနေလို့

ရေးလိုက်တာ..

ကျောက်ဖြူအကြောင်းကို

သမိုင်းအချက်အလက်အစုံအလင်နဲ့

စုံစုံလင်လင်နဲ့ တစ်ခေါက်

ပြန်ရေးပါဦးမယ်

အခုကမနေနိုင်လွန်းလို့ ချရေးလိုက်တာ….။

19 comments

  • nigimi77

    June 11, 2012 at 7:15 am

    မြန်မြန်ရေးပါ ကိုကမ်းဝေး

    စောင့်ဖတ်နေပါမယ် ။

  • Shwe Tike Soe

    June 11, 2012 at 8:49 am

    ကိုကမ်းရေ.. ကောင်းတယ်ဗျို. ထပ်ရေးအုံးမယ်ဆိုတော့ ထပ်ခံစားအုံးမှာပေါ့ ရေးရေး စောင့်ဖတ်နေမယ်…
    ရင်ထဲက ပွင့်ကန်ထွက်လာတဲ့ အမျိုးချစ်တဲ့စိတ်နဲ. စကားတန်ဆာဆင်ထားတဲ့ တန်ဖိုးရှိတဲ့ ကဗျာတွေကို ရေးချလိုက်စမ်းပါ ကိုကမ်းကြီးးးးးးးးးးးးးးးးးးးးးးးးး

  • blackchaw

    June 11, 2012 at 8:56 am

    အစကနေ အဆုံးအထိ
    ပေါ့ပေါ့ပါးပါး လေး ဆွဲခေါ်သွားနိုင်တာကိုက
    ကဗျာဆရာရဲ့ အရည်အချင်းပါပဲ ဗျာ။
    နည်းနည်းလေး တိုသွားတာကလွဲလို့
    ကြိုက်တယ်ဗျာ။
    လေးလေးစားစား
    ဘလက်။

  • ahnyartamar

    June 11, 2012 at 9:56 am

    ကိုကမ်းရေ…အကာမဲ့ပြီး အနှစ်အပြည့်ရှိတဲ့ ကဗျာကောင်းတပုဒ်ပါ။ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ တကယ့်ကို အံ့ဝင်ဂွင်ကျဖြစ်ပြီး မျိုးချစ်စိတ်အပြည့်အဝပါတဲ့ ကဗျာလေးပါ။

  • ရဲစည်

    June 11, 2012 at 10:58 am

    Dear Mr Come
    I like your poem but I don’t know about the poem.
    big big thumb 🙂

    Your friend,
    Valor D mar Zar Kiri Yar

  • kyeemite

    June 11, 2012 at 10:59 am

    ိုကိုယ်ချင်းစာနာမိပါတယ် ကိုကမ်းရေ..
    ရခိုင်ပြည်နယ်တစ်ခုလုံးအမြန်ဆုံးအေးချမ်းသွားပါစေ
    ……………………..
    nigimi77 ရေ..အသွားအလာဆင်ခြင်ကရုစိုက်ပါဗျို့…

  • may flowers

    June 11, 2012 at 12:26 pm

    ကဗျာလေးက ကောင်းလွန်းလို့ လက်မထောင်အားပေးသွားပါတယ်။ ကျောက်ဖြူမြို့လေး အမြဲအေးချမ်း

    နေစေဖို့ ဆန္ဒပြုရင်း…………….။

  • marblecommet

    June 12, 2012 at 2:51 am

    ကိုတပ်မရေ့……
    ကိုကျီးမိုက် ပြောသလို
    ခင်ဗျားလည်း သွားလာရေး
    ဂရုစိုက်ပါဗျို့…..
    ကိုတိုက်..ကိုဘလက်…ကိုအညာတမာ
    မစ္စတာဗလာဒီမာဇာခရီယာ….ကိုကျီးမိုက်….
    မေဖလားဝါးရေ့…..အားပေးတာကျေးဇူး
    ကဗျာရည်ရေးနိုင်အောင်ကြိုးစားပါ့မယ်ဗျာ..
    ……
    ရခိုင်ပြည်ကြီးငြိမ်းချမ်းပါစေလို့တော့
    ပြည့်ပြည့်မပြည့်ပြည့် နေ့တိုင်းဆုတောင်းနေပါရဲ့ဗျာ
    နေ့တိုင်းလည်း စိတ်ဆင်းရဲနာကျင်ရပါရဲ့ဗျာ…
    ခင်တဲ့….

  • kai

    June 12, 2012 at 5:01 am

    ကျောက်ဖြူကိုတော့.. ဘယ်သူမှတို့ထိရဲဦးမယ်မထင်..
    ဆိုတော့..
    ကျောက်ဖြူမှာ “(သွား)ကစား”ပြီ ဆိုရင်တော့.. မြန်မာပြည်ဟာ အင်မတန်အန္တရာယ်များတဲ့.. လမ်းပေါ်ခြေချမိပြီ ဆိုချင်မိတယ်..

    ဒီခေတ်မှာ.. ချိုင်းနားပိုက်လိုင်းကို.. ထိရဲမှာ.. တနိုင်ငံပဲရှိတယ်..။

    • Foreign Resident

      June 12, 2012 at 8:09 am

      သူကြီးရေ ။

      အယ်ခိုင်ဒါ မွတ်ဆလင် အစွန်းရောက် တွေ နှင့် ၊
      တရုတ်ကြီး နှင့် တိတိလင်းလင်း တွေ့လို့ကတော့ ၊
      ပွဲက ကြည့်ကောင်းပြီပဲ ။

      ကျနော်တို့ အရင်က ကစားခဲ့တဲ့ ၊
      Command & Conquer, General Game ရဲ့ ၊
      အဓိက Story Line တစ်ခု က ၊

      လူ့အခွင့်အရေး ဘာညာကြောင့် အမေရိကန် Force တွေက ၊
      နူကလီးယား ဗုံးကို မသုံးနိုင်တဲ့ အတွက် ၊
      နောက်ဆုတ်ပေးနေရတဲ့အချိန်မှာ ။
      တရုတ်ကြီးက အဲဒီ အမေရိကန် နည်းပညာတွေ ၊
      အကြမ်းဖက်သမားတွေလက်ထဲ အရောက်မခံနိုင်ဘူး ဆိုပြီး ၊
      အကြမ်းဖက်သမားတွေ အပေါ်ကို ၊
      ဘယ်သူတွေသေသေ ဆောက်ဂရုမစိုက်ဘူး ဆိုပြီး ၊
      အနုမြူဗုံး ကြဲချပြစ်လိုက်တယ်လေ ။

      အော် Game ထဲက Imaginary Story Line လေး ပြောပြတာပါ ။

    • marblecommet

      June 12, 2012 at 3:16 pm

      သကြီးခင်ဗျား
      လောလောဆယ်တော့….
      ကျောက်ဖြူကို အပြင်က လာထိဖို့
      မလွယ်ပါဘူး…
      ကုန်းတပ် ရေတပ်ရှိတယ်
      ရေတပ်ဆိုလည်း တကယ့် ပင်လယ်ဝ
      မှာတပ်စွဲထားတာ..
      ဒါပေမဲ့ ….
      ကျောက်ဖြူအထဲမှာလည်း ကုလားတွေအများကြီး
      ကျွန်တော်က ကျောက်ဖြူတစ်ခုတည်း
      ကွက်ပြီးပူတာ မဟုတ်ပါဘူးဗျာ..
      အမှိုက်ကစ ပြသာဒ်မီးလောင်ဖြစ်ရပ်မျိုး
      ဖြစ်မှာစိုးလို့ပါ…
      အဘ ဖော ကွန့်မန့်မှာတောင်ဖတ်လို်က်ရသေးတယ်
      ရမ်းဗြဲမှာ ကုလားမနှစ်ယောက် ရေကန်ကို
      အဆိပ်ခပ်ဖို့လုပ်တယ်ဆိုတာ
      ရမ်းဗြဲနဲ့ကျောက်ဖြူဆိုတာ ကျွန်းတစ်ကျွန်းထဲက
      လမ်းတစ်လမ်းနဲ့
      တောင်မြောက်သွယ်တန်းထားတဲ့မြို့ဗျာ….

  • Foreign Resident

    June 12, 2012 at 7:45 am

    အဘတို့ကတော့ ၊
    တွေးပုံခေါ်ပုံတွေ ကန့်လန့် ဖြစ်သလားတော့ မမေးနဲ့ ။

    အခုကြည့် တခြားသူတွေက ကဗျာ နှင့် မျိုးချစ်စိတ်
    အကြောင်းတွေးတယ် ။

    အဘ ကတော့ ကိုကမ်းကြီး Avatar က
    ဘယ်လိုလုပ် ကောင်မလေး ချောချောပုံ ဖြစ်ရသလဲ တွေးတယ် ။

    တွေးပုံကိုက မဟုတ်တာပါ ။ 😛

    • Azzurri

      June 12, 2012 at 7:56 am

      ချောပါဘူးဂျာ..
      မျက်ချိဂျီးက လည်း ပြူးသေး..နှာခေါင်းကလည်း အကျီးဂျီး
      အသက်လည်း မငယ်တော့ ..သမီးတယောက်လည်း ရှိတဲ့..
      ဘုရားစူး တီလုပ်မ ဂျီး ….

      အိုဘယ့် ခရစ်စတယ်လ် လျူ လေးနဲ့များ ကွာချက်…
      😀

      • Foreign Resident

        June 12, 2012 at 8:16 am

        အောင်မာ ဂီဂီ ။
        နင်က သူများသွား ကဲ့ရဲ့ နေတယ် ။
        နင် ပန်ပန်လေး တင်ထားတဲ့ ၊
        ” သတင်း…အတင်း…အဖျင်းဌာန ” Post
        ဖတ်ပြီးပြီလား ။
        မဖတ်ရသေးရင် သွားဖတ်လိုက်ဦး ။

        ဘာရယ် မဟုတ်ပါဘူး ။ ဟီဟိ ။
        Post လေးတွေ Comment လေးတွေက ၊
        သိပ်ကောင်းတယ် လို့ ပြောမလို့ပါ ။ 😛

        • Azzurri

          June 12, 2012 at 8:24 am

          တွေ့ပါ့ တွေ့ပါ့ …မယ်ပုချ် က သများ တပါတ်လှည့်လိုက်တိုင်း ချာလပတ် ရမ်းရမ်း သွားလို့..
          စိတ်နာနာနဲ့ ရင်ဖွင့်ထားတာ မလား ..အာဟိ….

          ပြောပါတယ်. သများက ကြပ်တတ်ပါတယ်ဆို …
          ဂနေ့ ဘယ်သူ့ ကို ကြပ်ရပါ့ …..???
          😀

      • marblecommet

        June 12, 2012 at 3:24 pm

        အိုက်လူဂျီးက
        သူမကြီးဂိုပဲ..ခလုတ်တိုက်နေတယ်
        ကျုပ်က သူ့အသက် သူ့ခလေး..
        အကုန်မေ့ထားဒါ….
        ……
        အိုက်ဒါကို..ဘုုန်းကြီးဂို လူသေအလောင်းခွဲပြပြီး
        ကမဌာန်းရှုခိုင်းသလို
        ဒါပဲ လာလာဆွနေတယ်…..
        ဝမ်းနည်းထှာအေ…..အာဟင့်….

  • MaMa

    June 12, 2012 at 9:00 am

    မောင်ကမ်းရေ-
    ကဗျာဆရာ စာစီပြလိုက်တာ ကျောက်ဖြူအလှ ပေါ်လွင်သွားရတယ်။
    အားကျလှပါဘိတောင်းးးးးးးးးးးး
    🙂

  • မောင်ပေ

    June 12, 2012 at 2:24 pm

    ကမ်းဂျီးရေ..
    ရင်တွင်းက ခံစားချက် တွေဟာ
    စာလုံးအဖြစ် ဖတ်လိုက်ရတော့
    မောင့်မျက်ရည်ဝိုင်းခဲ့ရတယ်ကွာ

  • maung khinmin

    June 21, 2012 at 8:24 pm

    ခံစားချက်တိုင်း…ကဗျာရေးနိုင်တဲ့…လက်
    ကျုပ် အမှတ်အပြည့်ပေးခဲ့ပါရဲ့……..

Leave a Reply