စဉ်းစားကြစေလိုပါတယ် ( ၂ရ ) ( ရိုဟင်ဂျာ )

Foreign ResidentJune 11, 20123min503108

စဉ်းစားကြစေလိုပါတယ် ( ၂ရ )

( ရိုဟင်ဂျာ )

 

ရွာသူား တို့ရေ ။

အဘ က အပျင်းကြီးတဲ့ အတွက် ၊

ပုံမှန်အားဖြင့် ကိုယ်ကစတင်ပြီး

Post တင်ခဲ ပါတယ်ကွယ် ။

 

သူများတင်ထားတဲ့ Post တွေမှာ ၊

အဘ နှင့် သဘောမညီတဲ့ ၊

အချက်လေးတွေ တွေ့မှသာ ၊

အဲဒါကို အကြောင်းပြုပြီး Post တင်တာ ၊

များပါတယ် ။

 

ဒါပေမယ့် ၊ ဒီတစ်ခါတော့ ၊

ဘယ် ရွာသူားကမှ လက်ရှိအခြေအနေကို ၊

ဒီလို အတွေးအခေါ်ဆန်ဆန် သုံးသပ်ချက်မျိုး ၊

စရေးလာတာ မတွေ့ရတဲ့အတွက်က တကြောင်း ၊

အရမ်း လိုအပ်လာပြီလို့ ထင်တာက တကြောင်းကြောင့် ၊

 

ထုံးစံ အတိုင်းပါပဲ ၊

လူမိုက်ကြီး အဘကပဲ အမုန်းခံ ၊ အဆဲခံ ပြီး ၊

Post ရေးတင်လိုက်ရပါတယ် ။

သာသာလေးပဲ ဆဲကြပါနော် ။

 

အဘ ရဲ့ Personal အမြင်လေးပါ ။

 

အခု ရိုဟင်ဂျာ အရေးအခင်းကို ၊

အဘ ကတော့ ၊

တမင်တကာ အကွက်ကျကျ

လုပ်နေတယ်လို့ ထင်ပါတယ် ။

အမေစု နိုဘယ် ငြိမ်းချမ်းရေးဆု

သွားယူမယ့် အချိန်နှင့် ကွက်တိ ၊

တမင် အချိန်ကိုက် လုပ်တာပါ ။

 

အခုကိုပဲ ၊ အမေစု နိုင်ငံခြားရောက်တာနှင့် ၊

ရှိသမျှ သတင်းထောက် အားလုံးက ၊

အမေစုကို ဝိုင်းမေးတော့မယ် ။

 

၁ ။ ရိုဟင်ဂျာ အရေးအခင်းကို ဘယ်လိုမြင်လဲ ။

၂ ။ ရိုဟင်ဂျာတွေကို ဘယ်လိုသဘောထားလဲ ။

၃ ။ အစိုးရတပ်တွေရဲ့ ရိုဟင်ဂျာတွေအပေါ်

ရက်ရက်စက်စက် နှိမ်နင်းမှုကို ဘယ်လိုသဘောထားလဲ ။

 

သူတို့ရဲ့ ပထမ ရည်မှန်းချက် / အကွက် ဖြစ်တဲ့ ၊

တကမာ္ဘလုံးမှာ ရိုဟင်ဂျာ အသံဆူညံစေမယ့် ၊

ရိုဟင်ဂျာ အရေး Awareness ရစေချင်တဲ့ ၊

ရည်မှန်းချက် အောင်မြင်သွားပြီ ။

 

သူတို့အကြိုက်ဆုံး အခြေအနေ / ဒုတိယရွေ့ကွက်ကတော့ ၊

ရိုဟင်ဂျာတွေက တမင်တကာ ရန်စ / အသေခံ စတေး ။

အစိုးရတပ် နှင့် ရခိုင်တွေက ဒေါသအလျှောက် ၊

ရိုဟင်ဂျာတွေကို ရက်ရက်စက်စက် နှိမ်နင်း ။

 

ပြီးရင် အမေစု နိုင်ငံခြားရောက်တာနှင့် အမေစု ကို ၊

အစိုးရတပ်တွေရဲ့ ရိုဟင်ဂျာတွေအပေါ် ၊

ရက်ရက်စက်စက် နှိမ်နင်းမှုကို

ဘယ်လိုသဘောထားလဲ ဝိုင်းမေး ။

 

အဲဒီမှာ အမေစု အခု သွားယူမှာက ငြိမ်းချမ်းရေး နိုဘယ်ဆုလေ ၊

ဘယ်လိုလုပ်ပြီး လူသတ်နှိမ်နင်းတာကို ထောက်ခံလို့ ရမလဲ ။

အဲဒီတော့ ၊ အမေစုက မလွဲမရှောင်သာ အစိုးရတပ်ကို ရှုံ့ချရ ။

လူနည်းစု အသတ်ခံရသူများဘက်က ရပ်တည်ရ ။

အမေစု နှင့် စစ်တပ် ပက်ပက်စက်စက် ခွာပြဲ ။

 

နိုင်ငံတကာနှင့် အမေစုက 

ရိုဟင်ဂျာတွေဘက်မှာ နှုတ်မရအောင် ခြေတွေကျွံဝင် ။

နိုင်ငံတကာနှင့် အမေစုရဲ့ ထောက်ခံမှုနှင့်

ရိုဟင်ဂျာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်ဆလင် အထူးဒေသ တောင်း ။

အကွက်ကလေးက လှမှလှ ။

 

ခပ်ရိုးရိုး Emotional ဆန်ဆန် ၊

မြန်မာနိုင်ငံသားတွေကတော့ ။

အစိုးရတပ်ကို ရိုဟင်ဂျာတွေကို အတင်းသတ်ခိုင်း ။

အမေစုကို အားမရတဲ့အတွက် ရှုံ့ချ / ဆဲ ။

 

နောက်ဆုံး Chess Mate ဆိုပြီး ၊

ရိုဟင်ဂျာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၊

မွတ်ဆလင် ပြည်နယ် ပေးလိုက်ရတော့မှ ၊

ဟာ ကနဲဆိုပြီး ၊

သဘောတွေပေါက် ၊ နောင်တတွေရ ။

ဒါပေမယ့် နောက်ကျ ။

 

အင်းးး အဲလို အကြံအစည်သာ တကယ်ရှိရိုးမှန်ရင် ၊

ဒီတစ်ရက် နှစ်ရက်အတွင်းမှာ ၊

ရိုဟင်ဂျာတွေ ပက်ပက်စက်စက်

အသေခံဖို့ရှိတယ် ထင်တယ် ။

 

ဒါပေမယ့် ၊ အဘ စိတ်မပူပါဘူး ။

အဘ ထင်တယ် ၊ အစိုးရ ၊ စစ်တပ် နှင့် အမေစု ကော ၊

အဲဒီ အကွက်တွေမြင်လို့ ချုပ်တီးနေကြတယ် ထင်တယ် ။

 

စစ်တပ်က ရဲတပ်ဖွဲ့ ကိုပဲ အဓိက ရှင်းခိုင်းတယ် ။

အဓိက ပစ်တဲ့ ရဲတွေ ကိုင်တွယ်နေတာကလည်း ၊

ရိုးရိုး လေးတောင့်ထိုး ရိုင်ဖယ်တွေ များတယ် ။

Automatic Assault Rifle တွေ မဟုတ်ဘူး ။

ဒီတော့ နိုင်ငံတကာ စံ အရ လက်ခံနိုင်တယ် ။

 

အမေစု ကလည်း အလွန်အကျွံ

ဘာမှမပြောပဲ နှုတ်ပိတ်နေတယ် ။

ဒါပေမယ့် ၊ အမေစု ရဲ့သဘောထားကို ၊

အမေစု ရဲ့ သားတွေဖြစ်တဲ့

၈၈ ကျောင်းသားတွေကတဆင့် ၊

သွယ်ဝိုက်ပြီး ပြောထားတယ် ။

 

၈၈ ကျောင်းသား ကိုမြအေး တောင်မှ ၊

သူ့သမီး ဝေနှင်းပွင့်ဝသုန်ကိုတောင် ၊

နောက်ဆုတ်နေဖို့ ၊ နှုတ်ပိတ်နေဖို့ ပြောထားလိုက်ပြီ ။

 

အခြေအနေတွေ Escalated ဖြစ်လာမှာကို ၊

သေချာစောင့်ကြည့် သုံးသပ်နေပုံပဲ ။

 

အမေစု မေါ်လဝီ ဆရာတွေနှင့် တွေ့ဆုံတုံးက ပြောခဲ့တဲ့ ၊

နောက်ကွယ်က အကြံအစည်တွေ ရှိမှာကို သံသယ ဖြစ်မိတယ် ဆိုတာ ၊

အဘ အထင် အမေစုက စစ်တပ်ကို သံသယ ရှိတာ မဟုတ်ပဲ ၊

အစွန်းရောက် ရိုဟင်ဂျာတွေကို သံသယ ရှိတာကိုပဲ ဆိုလိုပုံရတယ် ။

 

နောက်ပြီး စစ်တပ်ရဲ့ အခုတုန့်ပြန်နေပုံ ကလည်း ၊

အာဏာပြန်သိမ်းချင်လို့ လုပ်နေပုံ လုံးဝမပေါက်ဘူး ။

တော်တော်ကို ထိန်းထိန်း သိမ်းသိမ်း လုပ်နေတယ် ။

 

အစိုးရ ၊ စစ်တပ် နှင့် အမေစု တို့ ၊

အချိတ်အဆက် မိမိ ၊ ဟန်ချက်ညီညီ ၊

သေသေချာချာ ညှိနှိုင်းပြီး တုန့်ပြန်နေပုံပဲ ။

 

ဒါပေမယ့် အစွန်းရောက် ရိုဟင်ဂျာတွေရဲ့ ၊

ရွေ့ကွက်တွေကလည်း အရမ်း ပိုင်နိုင်နေတယ် ။

( ဥပမာ ။  ။ ကိုယ့်အိမ် ကိုယ်မီးရှို့တာတွေ )

အမိ မြန်မာပြည် ကံကောင်းပါစေလို့ပဲ ၊

ဆုတောင်းပေးရတော့မှာပဲ ။

 

ရွာသူားတွေကို တိုက်တွန်းလိုတာကတော့ ။

အစွန်းရောက် ရိုဟင်ဂျာတွေရဲ့

စည်းချက်အတိုင်း လိုက်မက မိဖို့ပါပဲ ။

အဓိက ကတော့

ခဏလေး သည်းခံ ချုပ်တည်းပြီး စောင့်ကြည့်ဖို့ပါပဲ ။

 

အဘ ယုံကြည်ပါတယ် ။ အာမခံပါတယ် ။

ဘင်္ဂလားဒေရှ် အစိုးရတပ်တွေ ပါ ၊

ဒီကိစ္စထဲ ဝင်မပါလာ မချင်းတော့ ။

အဘတို့ရဲ့ နှစ်ပေါင်း ၆ဝ ကျော်

Battle Hardened ဖြစ်နေတဲ့ ၊

မြန်မာ့တပ်မတော်က

ဒီ အစွန်းရောက် ရိုဟင်ဂျာတွေကို ၊

ကောင်းကောင်း Handle လုပ်နိုင်မှာပါ ။

 

ဘယ် မြန်မာနိုင်ငံသား တစ်ယောက်မှ

လာကူစရာ မလိုပါဘူး ။

စိတ်ဓါတ် နှင့် ငွေကြေးသာ ထောက်ကူဖို့ပြင်ထားပါ ။

လူကိုယ်တိုင် လာကူပြီး ဒေါသအလျောက်

လက်လွန်ခြေလွန်တွေ ဖြစ်သွားတော့မှသာ ။

အဘ တို့ မြန်မာနိုင်ငံကြီး သမိုင်းတရားခံ ဖြစ်သွားမှာ ။

 

မမေ့ပါနှင့် ။

သူတို့ရဲ့ အဓိက ဦးတည်ချက်က ၊

နိုင်ငံတကာက လေးစားတဲ့ ၊

နိုင်ငံတကာရဲ့ ဒီမိုကရေစီ စံ ( Icon ) ထဲကတစ်ယောက်ဖြစ်တဲ့ ၊

အမေစုကို သူတို့ဖက်ကို ခြေကျွံသွားအောင် ခြောက်သွင်းနေတာပါ ။

အမေစု သူတို့ ထောင်ခြောက်ထဲ ဝင်သွားရင် ၊

Chess Mate  ပွဲပြီးသွားပါပြီ ။

 

သူတို့ ရိုဟင်ဂျာတွေဘက်က ၊

လူဦးရေ တစ်သန်းလောက်ထဲက ၊

လူ တစ်ထောင် နှစ်ထောင် စတေးဖို့ ၊

ဝန်လေးနေမှာ မဟုတ်ပါဘူး ။

 

ဒါကြောင့် ။

သည်းခံပါ ။

စောင့်ကြည့်ပါ ။

လိမ္မာ ပါးနပ်ပါ ။

 

အင်းးးးး ။

ဒီတစ်ခါလည်း ။

မြို့ မေတ္တာထင်မကပဲ ။

နိုင်ငံ မေတ္တာ အထိပါရပြီး ၊

ဝိုင်း ဆဲ တာ ခံရအုန်းမယ် ထင်တယ် ။

 

ဒါပေမယ့်လည်း ။

တောယုံဆဲတာနှင့်တော့ မတိုးတော့တဲ့ ။

ဟဲ ဟဲ ။

 

အဘ Foreign Resident ။

108 comments

  • Foreign Resident

    June 11, 2012 at 8:57 am

    Eleven Media Group
    ကျောက်ဖြူခရိုင် ရမ်းမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁ဝ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျှင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။

    • Foreign Resident

      June 11, 2012 at 9:41 am

      ၁ ။ သံတွဲကို အယ်ကိုင်ဒါတွေ လာမယ် ဆိုပြီး
      ရခိုင်ဖက်က လူတွေ အဖတ်များတဲ့ MG မှာ သတင်းတင်တယ် ။
      ၂ ။ အဲလို အခြေအနေ တင်းမာနေတဲ့အချိန်မှာမှ
      ဟိုကျေးဇူးရှင်တွေကလည်း လာတယ် ပြန်တယ် ။
      ၃ ။ အဲဒီ ကျေးဇူးရှင်တွေ ပြန်တာကိုလည်း
      တောင်ဂုတ်ကို ဖုန်းဆက် အကြောင်းကြားသူကလည်း ရှိတယ် ။
      ၄ ။ ဖြစ်မယ့် မနက် မောင်တော မြို့မ ဗလီမှာ သွားပြီး ၊
      တောင်ဂုတ် အဖြစ်အပျက်ပုံတွေ သွားဝေတယ် ။
      အဲဒါမှတော့ ဖြစ်ပြီပေါ့ ။

      ၅ ။ အခုနောက်ဆုံး ၊ ရေကန် အဆိပ်ခပ်ပြန်ပြီ ။

      အရင်တုန်းကတော့ မဖြစ်ဖြစ်အောင်နှင့် ၊
      အခုကတော့ မပစ်ပစ်အောင် ၊
      လုပ်နေသလိုပဲ ။

      • စိန်ဗိုက်ဗိုက်

        June 11, 2012 at 11:26 am

        ဒီ လဖွတ်သွေးကြွကောင်တွေ တစ်ကမ္ဘာလုံးမှာ တစ်ယောက်မကျန် အကုန်ရှင်းပစ်ရမှာ
        သူ ့တို ့အဖွဲ ့ထဲက တစ်ကောင်ကောင် ကျန်ခဲ့ရင်တောင် တစ်ချိန်မှာ သွေးအေးအေးနဲ ့ ခွေးကျင့်ခွေးကြံ ကြံမဲ့ကောင်တွေ
        သိပ်မကြာခင်က ရိုဟင်ဂျာဆိုပြီး မြန်မာနိုင်ငံထဲ လှေနဲ ့ခိုးဝင်လာကြတာ မှတ်မိသေးတယ်..
        လ.၀.က တွေ ရဲတွေက ပြန် ကန်ထုတ်လို်က်တော့ ဘယ်လိုဘယ်လို အမေဒီကန် ရောက်သွားလဲမသိဘူး..
        အမေဒီကန်ရောက်တော့ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံက ရိုဟင်ဂျာပါဆိုပြီး အော်တယ်..
        သူတို ့ပြောတဲ့စကား ဘယ်သူမှ နားမလည်လို ့ သဂျီးတောင် စကားပြန်ပေးဖို ့လူလိုတယ်ဆိုပြီး ပြောဖူးသလားမသိ..
        စကားမစပ် ပြောချင်တာက သဂျီးတို ့ဆီမှာလဲ ဒီကောင်တွေ ခြေချပြီး တစ်ဆတစ်ဆနဲ ့ ကမ္ဘာကိုပါ မြိုဖို ့ အစီအစဉ်ရှိတယ်ဆိုတာလေးပါ

        အပေါ်က အဘဖောပြောတဲ့ စနစ်တကျ ဖန်တီးထားတယ်ဆိုတာက ဒီကွန်းမန် ့ကိုဖတ်ယုံနဲ ့ သိသာပါတယ်..

    • hein htet

      June 11, 2012 at 3:05 pm

      အခု 2း30 တွင် အကြမ်းဖက်သူများမှ လက်နက်ဖြင်ပစ်ခတ်၍ တိုင်းရင်းသားသုံးယောက်သေဆုံးသွားကြောင်းသတင်းရပါသည်။ စောင့်ကြည့်နေရုံပါအုံး၊ သည်းခံပါအုံးဟု အကြမ်းဖက်သမားများကိုပြော၍မရပါ။ ကိုယ်ချင်းစာကြည့်ပါ။ ကိုယ်သာရခိုင်တွင်ဆိုပါက သည်းခံပါအုံးဟုပင်ပြောနိုင်မည်မထင်ပါ။ နိုင်ငံရေးသမိုင်းကနောက် အခုသေနေတာကအရင်ဖြစ်ပါသည်။
      ရခိုင်တွင်ဖြစ်သောပြသနာသည် လူမျိုး၊ ဘာသာ၊ သာသနာနှင့် မဆိုင်ပါ။
      အကြမ်းဖက်လုပ်ရပ်ကိုလုပ်နေသော သူများသည် အကြမ်းဖက်သမားများဟု သာယူဆပါသည်။ အကြမ်းဖက်သမားများကို အပြတ်နှိမ်နင်းရန်
      နိုင်ငံ၏ကာကွယ်ရေးတပ်မတော်ကြီး၏တာဝန်ကြီးတစ်ရပ်ပင်ဖြစ်ပါသည်။ မည်သည့် အချိန်ကိုမှစောင့်စရာမလိုပါ။ အကြမ်းဖက်၍ ပစ်ခတ်နှိမ်နင်းခြင်းသာ ဖြစ်ပါသည်။ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်သော ကျည်တစ်တောင့်ကို တစ်သက်နှင့်တစ်ကိုယ် တောင့်တမိပါသည်။
      ရခိုင်တွင်ဖြစ်ပေါ်နေသောအရေးအခင်းအမြန်ဆုံအဆုံးသတ်ပါစေ
      အစိုးရမှ အမြန်ဆုံးဖြေရှင်းပေးစေလိုပါသည်။ ကာကွယ်ရေးတွင် အစစ်အမှန်တာဝန်ရှိပါသည်။
      နိုင်ငံပိုင်အစိုးရသတင်းစာမှစသည့်အမှုကိုယနေ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ မီဒီယာများကိုခေါ်ယူသတိပေး ခြိမ်းခြောက်သည်ဟုသိရသည့်အတွက် စိတ်မကောင်းဖြစ်မိပါသည်။
      အချို့သတင်းများကိုလည်း ပြည်သူများမှ အမှန်အတိုင်းသိလိုကြပါသည်။ သတင်းအမှောင်ချထားသောခေတ်ကုန်လွန်သွားပြီဟုထင်မိပါသည်။
      အမှန်တကယ် တာဝန်ရှိသော နိုင်ငံပိုင်မီဒီယာကိုလည်း အရေးယူပေးပါ။
      ရခိုင်တွင် ရှိသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား လွန်စွာ စိုးရိမ်ပူပင်သောကရောက်နေပါသည်။

    • Foreign Resident

      June 11, 2012 at 7:50 pm

      The Voice Weekly
      အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး

      ရန်ကုန်၊ ဇွန် ၁၁

      ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရန်
      လှုံ့ဆော်ဦးဆောင်ကြသူများတွင် ပါဝင်သည်ဟု ယူဆရသူ
      ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက
      ယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

      အဆိုပါဖြစ်စဉ်တွင် ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင်
      သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး ။
      စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊
      ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ်ဝယ်ယူထားသော
      ၎င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော စာရွက်စာတမ်းများနှင့်အတူ
      သက်သေအထောက်အထားခိုင်လုံစွာဖြင့်
      ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။

      Very Very Good Job, Well Done !!!!!

      အဲလို မိလိုက်စမ်းပါကွာ ။
      တပ်မတော်ကော ၊ သမ္မတကြီးကော ၊ အမေစု ပါ ၊
      အံကြိတ် သည်းခံပြီး စောင့်နေတာ အဲဒါမျိုးပဲ ။
      စောင့် နေရတာ ကြာ ကြာ လှဘီ ။

      အဲဒါသာ သေချာလို့ကတော့ ပွဲပြီးပြီ ရွာသူားတို့ရေ ။

      အယ်လ်ကိုင်ဒါ ဆိုတာနှင့် ၊
      အမေရိကန်ကြီး နှင့် အနောက် နိုင်ငံကြီးတွေရော ၊
      သူတို့ရဲ့ အနောက် နိုင်ငံ မီဒီယာ တွေရော ၊
      အားလုံး ကိုယ့်ဖက် ရောက်လာမှာ ။

      အမေစု လည်း နိုင်ငံ ရပ်ခြားရောက်ရင် ၊
      ခပ်မာမာ ပြောလို့ရဘီ ။

      • Thel Nu Aye

        June 11, 2012 at 9:19 pm

        ဒီလိုသက်သေတွေများများရလို့ကတော့ ဘာမှစိုးရိမ်စရာမရှိတော့ဘူး။ ခိုင်မာဖို့ပဲလိုတယ်။ သတင်းကောင်းပဲအဘရေ။ ကျေးဇူးပါ။ ဒီသတင်းလေး အချိန်နဲ့တပြေးညီတင်ပေးလို့။ ရိုဟင်ဂျာ ဆိုတာအယ်ခိုင်းဒါးလက်ကိုင်ဒုတ်ဆိုတာသေချာလို့ကတော့ ခေါင်းမော့ရင်ကော့ပြီးမောင်းထုပ် လိုက်မယ်။

      • htoosan

        June 11, 2012 at 10:12 pm

        ဘဖောပြောလို့ သွားရှာတာ မတွေ့တော့ဘဲ အခု ဒါပြန်တက်နေတယ်။

        The Voice Weekly Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက “စိစစ်ဆဲ Case ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ အချက်အလက်များ ခိုင်မာပြည့်စုံချိန်တွင် တရားဝင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါသည်” ဟု အကြောင်းပြန်လာသည့် အတွက် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ရန်နှင့် အမျိုးသား လုံခြုံရေးကို ရှေးရှု၍ ဖယ်ရှားထားပါကြောင်း၊ အဆိုပါ သတင်း၏ နောက်ဆက်တွဲ ဖြစ်စဉ်များကို စစ်တွေမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်များက ခိုင်လုံတိကျသော သတင်းရင်းမြစ်များထံမှ ဆက်လက် စုံစမ်းထားသည်များ ရှိသော်လည်း တရားဝင် သတင်း ထုတ်ပြန်ပြီးမှသာ ပြန်လည် ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

        (ကျွန်တော့်စိတ်ထဲ နဲနဲ့ သံသယ ရှိနေတာ အဲကမော္ဘဇ က စစ်တွေ ကို မပျံတော့ဘူး ဆိုပြီးဖတ်လိုက်မိတယ်။ အခု သမီးမိတယ် ဆိုတာအဲကမော္ဘဇ မှာ ဆိုလို့ ။ ကျွန်တော် မသေခြာဘူးနော်။ )

  • Shwe Tike Soe

    June 11, 2012 at 8:58 am

    ကျွန်တော် အဘပို.စ်ကို သေသေချာချာ စဉ်းစားဖတ်သွားပါတယ်…
    အခု ကျွန်တော်တို. အဘပြောသလို ဘာမှ စဉ်းစားမနေပဲ… စိတ်ဓာတ်နဲ. ငွေကြေးသာ ထောက်ကူဖို. အသင့်ပြင်ထားပါ ဆိုတဲ့အတိုင်း ပြင်ထားပါတယ် အဘ….

  • komingalar

    June 11, 2012 at 9:04 am

    ဘဖောကိုဘယ်သူမှဝိုင်းမဆဲပါဘူး
    ဝိုင်းတောင်ချီးကျုးရမှာပါ
    ဒါအမှန်တွေပါ
    ဒီအရှုတ်တွေမြန်မြန်ပြီးပါစေတော့ဗျာ

  • nigimi77

    June 11, 2012 at 9:07 am

    ဦးဖောရေ ။

    ကူးယူခွင့်ပြုပါ ။

    • Foreign Resident

      June 11, 2012 at 9:51 am

      ရပါတယ် ကို nigimi77 ရယ် ။
      လူတွေ များများ ဖတ်မိစေချင်လို့ကို MG မှာရေးတင်ထားတာပဲ ။
      စီးပွားဖြစ် ရေးစားတဲ့ Media မှ မဟုတ်တာကွယ် ။

      • Foreign Resident

        June 11, 2012 at 10:22 am

        အဲ အဲ ။ မေ့လို့ဗျ ။
        ကို nigimi77ရေ ။
        အဘကို Credit မပေးရင်နေပါ ။
        Mandalay Gazette ကိုတော့ Credit ပေးရမယ်ဗျ ။
        MG ပေါ်ရေးတင်သမျှ စာတွေက
        သူကြီးလည်း တဝက် ဆိုင် / ပိုင် သွားပြီဗျ ။ 😛

        • nigimi77

          June 11, 2012 at 2:20 pm

          Mandalaygazette ကို Credit ပေးထားပါတယ်ဗျာ ။

          ဦးဖော ကိုလည်း Credit ပေးထားပါတယ်

          ကျေးဇူးတင်ပါတယ် ။

  • komingalar

    June 11, 2012 at 9:21 am

    အဘဖောရေ
    အမေစုအနေနဲ့ ကျွန်မတို့နိင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိပါဘူး
    နယ်စပ်မှာဖြစ်နေတာ သောင်းကျန်းသူတွေပါ လို့ပြောရင်ရောဖြစ်နိင်လားဗျ
    ကျွန်တော်ညာဏ်မမှီပါဘူး
    နိင်ငံခေါင်းဆောင် ငြိမ်းချမ်းရေးဆုရှင်တယောက်အတွက်ကျွန်တော်လဲပူပါတယ်
    သမတကြီးကိုလဲကိုယ်ချင်းစာပါတယ်
    မနေ့ကအားလုံးအေးချမ်းသွားပြီထင်နေတာ
    ကိုသီဟရာဇာ link ကိုဖတ်ပြီး
    ဒီမနက်စိတ်ကိုညစ်သွားတာဘဲ

  • naung

    June 11, 2012 at 9:29 am

    အဘဖော ပြောတာတွေကို
    လုံးဝထောက်ခံပါတယ်

  • htoosan

    June 11, 2012 at 9:42 am

    ဘဖောရေ.. လုံးဝ သဘောတူပါတယ် .. စိုးရိမ်နေတာ အဲ့ဒါပါဘဲ။။။
    အခြားဆိုဒ်များသို့လည်း အတတ်နိုင်ဆုံးဖြန့်ဝေပေးစေချင်ပါသည်။

    • Foreign Resident

      June 11, 2012 at 9:59 am

      ကို htoosan ရဲ့ ။

      အဘ ကိုယ်တိုင်တော့ မဖြန့်ရဲပါဘူးကွယ် ။
      အဘ Identity သိပ်ပေါ်သွားမယ်ကွယ့် ။
      တခြားသူတွေက ဝင် ဖြန့်ဝေပေးရင်တော့ ။
      အဘ ဘက်က ကန့်ကွက်စရာ မရှိပါဘူးကွယ် ။

      သိစေချင် ၊ လိမ္မာ ပါးနပ်စေချင် လို့ကို ၊
      အမုန်းခံ ၊ အဆဲခံ ပြီး ရေးတင်နေတာပဲဟာ ။

  • amatmin

    June 11, 2012 at 9:50 am

    အဘဖောရေ..
    လူမိုက်ကြီးအဘပါလားလို့ မြင်ကြည့်လို့ကို မရပါလားနော်.. 🙂
    နောက်ကွယ်က ပက်သက်မှုတွေအပေါ်.တွေးပြထားတာကို အင်မတန်ကြိုက်ပါတယ်ဗျ..
    သူတို့ကတော့ရှေ့တိုးဖို့ ပဲကြိူးစားနေမှာ ဆိုတော့..
    တိုးမရ.ဆုတ်မရ.အနေအထားကို ဒီဘက်က
    ဘယ်အချိန်ထိများ ထိန်းထားရမယ်မသိ..
    -ဘင်္ဂလားက ဝင်ထိန်းမဲ့အချိန်ထိလား.. (သူ့လူသေရင်တော့ ဝင်မှာပဲ)
    -နိုင်ငံတကာ.ဝင်ပြောမဲ့အထိလား.. (တဘက်ဘက်က အသေအပျောက်များမှဝင်မယ်ထင်တယ်)
    -သူတို့ဘာသာ နောက်ဆုတ်မဲ့အထိလား.. (မဖြစ်နိုင်ဘူး ထင်ပ)
    -ကိုယ့်စစ်တပ်က တိုက်ထုတ်အောင်မြင်တဲ့အထိလား (သူတို့လိုချင်တာနဲ့ကွက်တိ)
    ဘယ်လိုပုံစံ နဲ့များထိန်းသိမ်းသွားမလည်း သိချင်ပါဘိ အဘရယ်..

    • Foreign Resident

      June 11, 2012 at 10:14 am

      ” လူမိုက်ကြီးအဘပါလားလို့ မြင်ကြည့်လို့ကို မရပါလားနော် ”

      ကို amatmin က ။
      အဘ ပက်ပက်စက်စက် မိုက်တာတွေ ၊
      မမြင်ဘူးသေးလို့ ပြောတာပါကွယ် ။ 😛
      ဟဲဟဲ ။ ဆက်ပြောရင် ဘေးတွေ ရောက်ကုန်တော့မှာပဲ ။ 😛

      ” ဘယ်အချိန်ထိများ ထိန်းထားရမယ်မသိ ”

      အနဲဆုံး ။
      အမေစု နိုဘယ် ငြိမ်းချမ်းရေးဆု ယူပြီးတဲ့ အချိန် အထိ ၊
      ဒါမှမဟုတ် သူတို့ရဲ့ အကြံတွေ ပေါ်ပြီးတဲ့ အချိန် အထိ ၊
      ဒါမှမဟုတ် အမေစု သဘောထားကို ပြတ်ပြတ်သားသား ကြေငြာပြီးချိန် အထိ ၊

      အစိုးရ ၊ စစ်တပ် ၊ အမေစု နှင့် ပြည်သူတွေ ၊
      ကျစ်ကျစ်ပါအောင် လက်ချင်း ခိုင်ခိုင်တွဲပြီး ၊
      အံကြိတ် ၊ သည်းခံ နေရအုံးမယ် ထင်တယ် ။

      အေး ၊ အမေစု နိုင်ငံခြားက ပြန်လာပြီးရင်တော့ ။
      ဟင်း ဟင်း ဟင်း ။

      • amatmin

        June 11, 2012 at 10:29 am

        ကျနော်တို့ အစိုးရ.စစ်တပ်.ပြည်သူ.အားလုံးသည်းခံဖြတ်သန်းနိုင်ခဲ့ကျရင်..
        နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ ပြည်တွင်းအကွဲအပြဲတွေလည်း
        ဒီမုန်တိုင်းနဲ့ အတူပါသွားဖို့.
        မျှော်လင့်ပါတယ်..

        အဘရေ..ဖေ့ဘွတ်ခ်မှာ ပြန်ရှယ်လိုက်သဗျ.. 🙂

  • natthamee

    June 11, 2012 at 9:52 am

    ကျေးဇူးတင်ပါတယ် အဘဖော၊ ဒီရိုဟင်ဂျာတွေက မြန်မာနိုင်ငံလာပြီးလူပါးဝနေတာ။
    အရင်ကတော့ ရဲနဲ့ စစ်တပ်က ဒီရိုဟင်ဂျာတွေကို အသေပစ်စေချင်တာ။
    အခုတော့ ရှင်းသွားပါပြီ။

  • thar ag

    June 11, 2012 at 10:01 am

    အဘ ရှေ့နောက်စဉ်းစား ပြီးရေထားတဲ့ ဒီပို့က တော်တော် လေးကို လေးနက်တဲ့စာသားတွေကို တွေ့ရပါတယ် ဒီစာကို ရေးဘို့အတွက် ဖတ်ရတဲ့ ဆိုက် တွေက ခေါင်းတောင် ဖြူနိုင်ပါတယ် ကျွန်တော်တို့ တရက်တရက် လှည်ပတ် ကြည့်နေတာတောင် မနည်းဘူး အဘ မကြာမကြာ ရေးပေးဘို့ လေးစားစွာ ပန် ကြားအပ် ပါတယ်

  • Thu Wai

    June 11, 2012 at 10:06 am

    Al-Queda ရဲ့ တိုက်ရိုက် စေခိုင်းမှု အရ
    … သွေးကြွနေတဲ့ ရိုဟင်ဂျာ အသေခံ တပ်သားတစ်ချို့ မြို့တော် ခန်းမ အပါအဝင် လူစည်ကားရာတွေမှာ အသေခံ ဗုံးခွဲဖို့ ရန်ကုန်ကို အဖွဲ့တွေခွဲပြီး လာနေကြပြီလို့
    သတင်းရထားပါတယ်။
    သတင်းတွေကိုဖြန့်ရသလောက်ဖြန့်ပေးပါ
    အရမ်းအရေးကြီးနေလို့ပါ
    ဒီရိုဟင်ဂျာတွေရဲ့နောက်မှာက အယ်ကိုင်ဒါကတိုက်ရိုက်ကွပ်ကဲနေလို့ပါ
    ပြည်သူတွေသိအောင်အမြန်ရှဲပေးကြစေလိုပါတယ်မြန်မာ့မျိုးချစ်များ

  • monarch

    June 11, 2012 at 10:06 am

    အဲ့ လို ဖြစ်လာရင်တော့လဲ အစိုးရရော အမေ စု ရော ဝင်မပါ ဘဲနဲ့ မျိ ုးချစ်လူ ငယ်တွေ စုပြီး ဒီ ဘင်ဂလီ တွေ ကို သွားသတ်ရုံ ဘဲ ရှိ တော့တာ ပေါ့ ရခိုင် နဲ့ မြန်မာတွေ သွေး မနဲ ပါဘူးကျွန်တော် တို ့မြေ ကိုတော့ တလက်မ မှ ဒီ ကောင်တွေ ကို ခွဲ မပေးနိုင်ဘူး အစိုး ရက စွမ်းအားရှင် ဆိုတဲ့ကောင်မျိ းတွေ ထုတ်သုံးရင် ရတာ ဘဲ အ ချင်းချင် သတ် ဖို ့ရိုက်ဖို ့တောင် သုံးခဲ့ သေးတာ ဘဲ အဘ ပြောသလို ဖြစ်ခဲ ့ရင်ပြော ပါတယ် အဘ ပြောတာတွေ ချွင်းချက်မရှိလက်ခံ ပါတယ်

  • မှော်ဆရာ

    June 11, 2012 at 10:12 am

    အဘဖောရေ … မထင်တဲ့ အကွက်လေးတွေကို ထောက်ပြသွားတာ ကျေးဇူးပါဗျာ ..
    ဖေ့ဘုတ်မှာ ကူးယူ တင်ပြခွင့်ပြုပါ …။
    စည်းလုံးညီညွတ်မှုအတွက် အရေးကြီးတဲ့ စာတစ်ပုဒ် လို့ ယူဆမိလို့ပါ ..။

    • Foreign Resident

      June 11, 2012 at 10:17 am

      ရပါတယ် ကို မှော်ဆရာ ရယ် ။
      လူတွေ များများ ဖတ်မိစေချင်လို့ကို MG မှာရေးတင်ထားတာပဲ ။
      စီးပွားဖြစ် ရေးစားတဲ့ Media မှ မဟုတ်တာကွယ် ။

      • Foreign Resident

        June 11, 2012 at 10:20 am

        အဲ အဲ ။ မေ့လို့ဗျ ။
        အဘကို Credit မပေးရင်နေပါ ။
        Mandalay Gazette ကိုတော့ Credit ပေးရမယ်ဗျ ။
        MG ပေါ်ရေးတင်သမျှ စာတွေက
        သူကြီးလည်း တဝက် ဆိုင် / ပိုင် သွားပြီဗျ ။ 😛

        • မှော်ဆရာ

          June 11, 2012 at 10:34 am

          စာမူအတိုင်း တင်ပေးလိုက်ပါတယ်ခင်ဗျား…

  • Shwe Ei

    June 11, 2012 at 10:13 am

    ဂလိုဆိုတော့လဲ တိုင်းပြည်အခြေနေက ရင်လေးစရာကြီးပါလား FR ရဲ့။ ကိုယ်တိုင်တွေးကြည့်ဖို့ ဉာဏ်မမီတဲ့အကြောင်းအရာတွေကို အများသိစေဖို့ ဖြန့်ဝေပေးတဲ့ FR ကိုလေးစားပါတယ်ဗျာ။

  • shwe kyi

    June 11, 2012 at 10:20 am

    တကယ့်ကိုစဉ်းစားစရာပါပဲ။ အများကြီးတွေးထားပြီးထောက်ပြပေးတဲ့ အဘကို ကျေးဇူးပါ။
    အန်တီ ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်ပါစေ။
    ကိုယ့်လူမျိုးတွေအတွက်ရင်ပူတာတော့အမှန်ပဲ။

  • ကိုရင်မောင်

    June 11, 2012 at 10:40 am

    ဘဖေါ့ စဉ်းစားသလို..ဖြစ်နေမယ်ထင်တယ် ဒါလောက်ဆူဆူပူပူဖြစ်နေတာကို
    ရဲရော စစ်တပ်ရော ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ်နေတာ…
    ဒေါ်အောင်ဆန်းစုကြည်ကလဲ ရိုဟင်ဂျာ ကိစ္စ ဘာမှမဟသေးတာ
    အချိန်မတန်သေးလို့ထင်ပါတယ်…
    ခုလိုစဉ်းစားပေးတာ ကျေးဇူးဘဲ…..

  • ကြောင်ကြီး

    June 11, 2012 at 10:46 am

    လွယ်ဗဒယ်ဗျာ… ရန်ကုန်တိုင်းဝံကျီးဂျုပ် ပြောသလိုဗဲ မီဒီယာတွေကို လွှဲချလိုက်တာပေါ့….။ သူတို့လုပ်လို့ အခြေအနေဆိုးဗာဒယ်လို့…. ဟေး…မြန်မာပြည်ဂျီး ရဒေါ့မယ်ကွ နောက်ထပ်အာဏာရှင် အုပ်ချုပ်ရေးစနစ်တခု…။ 🙁

  • မုန်းအောင်ချစ်

    June 11, 2012 at 10:48 am

    အဘရေ..ရှယ်ခွင့်ပြုပါ..

  • dr jessica

    June 11, 2012 at 11:24 am

    I also think that there must be some reason why Daw Aung San Su Kyi keep quiet for these Bingali’s affair. This is the reasonable thoughts of Aba Fore. Thanks a lot.

  • mayjuly

    June 11, 2012 at 11:40 am

    ကြုံတဲ့နေရာမှာ ကြုံ သလို share ရန်အတွက် ကူးယူခွင့်ပြုပါ …..

  • htet way

    June 11, 2012 at 11:45 am

    အဘခင်ဗျား
    ဒီပို့စ်လေးကို ဖတ်ပြီး အားလုံး စဉ်းစားနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။
    တွေးပြတာလေးကို လေးစားကျေးဇူးတင်ပါတယ်။

  • ahnyartamar

    June 11, 2012 at 11:48 am

    အမေစု မေါ်လဝီ ဆရာတွေနှင့် တွေ့ဆုံတုံးက ပြောခဲ့တဲ့ ၊
    နောက်ကွယ်က အကြံအစည်တွေ ရှိမှာကို သံသယ ဖြစ်မိတယ် ဆိုတာ ၊
    အဘ အထင် အမေစုက စစ်တပ်ကို သံသယ ရှိတာ မဟုတ်ပဲ ၊
    အစွန်းရောက် ရိုဟင်ဂျာတွေကို သံသယ ရှိတာကိုပဲ ဆိုလိုပုံရတယ်။

    ဒေါ်အောင်ဆန်းစုကြည် ခေါင်းထဲမှာလည်း ဒီ ရိုဟင်ဂျာကိစ္စအတွက် အမေးတွေ၊ အဖြေတွေ တန်းစီနေမှာပါ။ နိုင်ငံတကာမီဒီယာတွေ ရဲ့မေးခွန်းတွေအတွက် အဆင်သင့်ပြင်ထားမှာပါ။
    အဘဖော ရဲ့ ကြိုတင်တွေးခေါ်နိုင်မူကိုလေးစားရပါတယ်။

  • char too lan

    June 11, 2012 at 11:49 am

    အဘကသာ .. အဆဲခံချင်တယ်ပြောနေတာ.. ဆဲတဲ့ကောင်ကတော့ အရူးပဲ နေမှာ 😀
    ကူးတယ် ယူတယ် ဦးဖောရေ… ခွင့်ပြုပါ ။

  • myanmarcitizen

    June 11, 2012 at 11:52 am

    အဘဖော ရေအရမ်းကောင်းတဲ့ post ပါခင်ဗျာ။ လက်မထောင် ဖတ်ရူအားပေးသွားပါတယ်ခင်ဗျာ။ အဘဖော စိတ်မပူဘူးဆိုလို့ စိတ်သက်သာရရတယ်။ အမေစုလဲ အကောင်းဆုံးကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အမေစု ခရီးစဉ်ကလဲ ၁၃ ရက် နေ့ကနေ ၃ဝ ရက်နေ့အထိဆိုတော့ တော်တော်ကြာတာပဲနှော်။

    “အဘ ယုံကြည်ပါတယ် ။ အာမခံပါတယ် ။
    ဘင်္ဂလားဒေရှ် အစိုးရတပ်တွေ ပါ ၊
    ဒီကိစ္စထဲ ဝင်မပါလာ မချင်းတော့ ။
    အဘတို့ရဲ့ နှစ်ပေါင်း ၆ဝ ကျော်
    Battle Hardened ဖြစ်နေတဲ့ ၊
    မြန်မာ့တပ်မတော်က
    ဒီ အစွန်းရောက် ရိုဟင်ဂျာတွေကို ၊
    ကောင်းကောင်း Handle လုပ်နိုင်မှာပါ”
    ဘင်္ဂလားဒေရှ် တပ်ပါလာရင်တော့ ကျွန်တော်စစ်ထဲဝင်ပြီး ချမယ်ဗျာ။

  • Thel Nu Aye

    June 11, 2012 at 11:59 am

    ထောက်ခံပါတယ် အဘရေ။ အဘပြောတာတွေက ကျွန်မတို့စိတ်ပူနေတာတွေနဲ့ကွက်တိပါပဲ။ အမေစု ရဲ့ နိုင်ငံခြားခရီးစဉ်ကိုလဲစိုးရိမ်နေမိပါတယ်။ သေချာပေါက် ဒီပြသနာကိုဖြေရှင်းရတော့မှာပါ။ အနောက် အုပ်စု က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံထဲဆွဲသွင်းချင်နေတာမို့ အပြုသဘောဆောင် တဲ့ မေးခွန်းတွေဖြစ် လာ မှာတော့မဟုတ်မှာသေချာပါ တယ်။ ဖြေဖို့ခက်တဲ့ ဘေးကျပ်နံကျပ်မေးခွန်းတွေသေချာပေါက် လာနိုင်တာမို့ စိုးရိမ်မိပါတယ်။ သို့သော် စကားရေး ရာကော၊ ဘာသာစကားကျွမ်းကျင်မှု့ပါပိုင်နိုင်တဲ့ အမေစုမို့ အမှားယွင်းတော့ကင်းလိမ့်မယ်လို့ ကိုယ့်ငါး ချဉ်ကိုယ်ချဉ်ပြီး ယုံကြည်ထားလိုက်ပါတယ်။ သို့သော် ဒီခရီးစဉ်နဲ့ ပါတ်သက်လို့ စိတ်မအေးတာတော့တော်တော်ကိုမအေးပါဘူး။ ဒါပေမဲ့ မနေ့က ဦးသိန်းစိန်ကြေငြာချက်ဟာ အမေစုသဘောထားပါပါနိုင်တာကြောင့် ဒီခရီးစဉ်မှာ အမေစု နိုင်နိုင် နင်းနင်းဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်တော့ ဒီခရီးစဉ်အပြီးမှာဒီပြသနာဟာ အနောက်အုပ်စုမ ပါတော့ ပဲ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာကြားပြသနာပဲကျန်တော့မှာမို အစိုးရအနေနဲ့ဖြေရှင်းလို့ ပိုလွယ်ကူသွားလိမ့်မယ် လို့လဲ မျှော်လင့်မိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ခေတ်အဆက်ဆက်ငြိမ်နေတာကြည့်ရရင်တော့ ဒီတခါလဲသူ့ဖိအားပါလာနိုင်စရာမရှိဘူးလို့ မျှော်လင့်ရတာပါပဲ။ ပြသနာကတော့ အဲဒီရိုဟင်ဂျာတွေကို ပင်လယ်ထဲက ကျွန်းတကျွန်းအပိုင်စားပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်သီးခြားပေးလိုက်ရင်တော့ ပြီးမလားပဲ။ အခုဟာက သူတို့ကိုဘယ်သူမှလက်မခံနိုင်တာကပြသနာစတာပဲ။ အဲတော့ လွတ်လပ်ခွင့်အပြည့်ရပြီး အနေချောင်တဲ့ မြန်မာနိုင်ငံကို မျက်စိကျနေတာမဆန်းပါဘူး။ သူတို့ နေစရာမရှိသမျှတော့ ဒီပြသနာက ငြိမ်းနိုင်မှာမဟုတ်ပါဘူး။ အဲတော့ ရိုဟင်ဂျာတွေကိုတဖက်လှည့်နဲ့ မြန်မာနိုင်ငံသားဖြစ်အောင်လုပ်ခဲ့တဲ့ မှတ်ပုံတင် အတုတွေထုပ်ပေးခဲ့တဲ့ တာဝန်အရှိဆုံးသူတွေဟာ လဝက တွေပဲမို့ သူတို့ကိုလဲဖြေရှင်းခိုင်း ဖို့လိုမယ်ထင်တယ်နော်အဘ။

  • ကိုရင်မောင်

    June 11, 2012 at 12:01 pm

    အင်….ကုလားချချင်လို့စစ်ထဲဝင်..တကယ်လဲသွားတိုက်ခိုင်းရော
    ငြိမ်းချမ်းရေးတိုင်းရင်းသားအဖွဲတွေဖြစ်နေမှာ..ဟုတ်ပေဖြစ်နေအုံးမယ် myanmarcitizen လေးရေ..

    • minn zaw

      June 11, 2012 at 11:40 pm

      အင်း ရန်ကုန်နဲ့ တခြားမျို့တွေ ဘုံးခွဲ တဲ့နေ့ ကျွန်တော်တို့ နီးစပ်ရာကောင်တွေကို သတ်မယ့်နေ့ပါပဲ။

  • Mလုလင်

    June 11, 2012 at 12:06 pm

    Facebook မှာ ကူးတင် လိုက်ပါကြောင်း။

  • Gipsy

    June 11, 2012 at 12:07 pm

    ကျုပ်ကတော့ စစ်ထဲ ဝင်မရတဲ့ အရွယ်ရောက်နေပြီမို့…
    လိုအပ်တဲ့နေရာတွေမှာ အားတက်သရော ကူညီသမှု ပြုပေးမှာပါ…
    ဒါဟာလဲ နိုင်ငံသားတိုင်းရဲ့ တာဝန်တရပ်ဖြစ်ပါကြောင်း…..။

  • ရွာစားကျော်

    June 11, 2012 at 12:38 pm

    Foreign Resident says:
    အဘ ကိုယ်တိုင်တော့ မဖြန့်ရဲပါဘူးကွယ် ။
    အဘ Identity သိပ်ပေါ်သွားမယ်ကွယ့် ။
    တခြားသူတွေက ဝင် ဖြန့်ဝေပေးရင်တော့ ။
    အဘ ဘက်က ကန့်ကွက်စရာ မရှိပါဘူးကွယ် ။

    အဘ Identity သိပ်မပေါ်အောင် share ပါမည်.. ဟဲဟဲ
    တပုဒ်လုံးလည်း share ပါမည်
    အထူး ပြောချင်တဲ့ အပိုဒ်လေးတွေကို ဖြတ်ပြီးတော့လည်း share ပါမည်
    အမေစု အကြောင်းစပ်မိရင်.. အမေစုနေရာက ရေးထားတဲ့ အပိုဒ်လေးကို share ပါမည်
    သမ္မတကြီးနဲ့ တပ်အကြောင်းပြောရရင် အဲဒီ ရေးထားတဲ့ အပိုဒ်လေးကို share ပါမည်
    ဟိုမှာ ဒီမှာ ကြုံတဲ့နေရာမှာ ကြုံ သလို share ရန်အတွက် ကူးယူသွားပါပြီ…

  • Lwin Aung

    June 11, 2012 at 12:45 pm

    Thank you for your post. Bengali should go to Palestine for friend with Israel.
    And another fact, we should welcome to Israel investments at the Rakhine Industrial zone.

  • ရွှေထီး

    June 11, 2012 at 1:17 pm

    အဘဖော ပြောမှပဲ နည်းနည်းသဘောပေါက်သလိုရှိသေးတယ်…အင်း စောင့်ကြည့်ရမှာပေါ့လေ..
    facebook ပေါ်တင်ဖို့အတွက် ကူးယူသွားပါတယ်..ခင်ဗျား…..

  • နေဝန်းနီ

    June 11, 2012 at 1:43 pm

    အဘရေ့……… အဲဒိလိုမမြင်တတ်လို့ ကျွန်တော်ချက်ထိုးတိုင်းရှူံးတာ ဝန်ခံပါတယ်………

    • Foreign Resident

      June 12, 2012 at 7:30 am

      ” မမြင်တတ်လို့ ကျွန်တော်ချက်ထိုးတိုင်းရှူံးတာ ဝန်ခံပါတယ် ”

      အင်းးးးး အကြံကောင်းလေး ပေးရမယ်ဆိုရင်တော့ ။
      မမြင်တတ် မကြည့်တတ်လို့ ထိုးတိုင်း ရှုံးရတာ ဆိုသတော့ကာ ။
      နောက်ဆိုရင် မြင်စရာ ကြည့်စရာ မလိုတဲ့ ဟာကိုပဲ ထိုးရင်တော့ ၊
      အဆင်ပြေလောက်မယ် ထင်ပါ့ ။ ဟီဟိ ။

      နောက်တာနော် ။ အဘနီ ။
      Comment အတွက် ကျေးကျေး ။ 😛

  • အဂျစ်

    June 11, 2012 at 1:47 pm

    ကျွန်တော်သိသလောက်ကတော့ ကျွန်တော်ပြည်ပ သက်တမ်း ၈ ၉ နှစ်မှာ ဒီလူတွေနဲ့ အလုပ် အတော် တွဲလုပ်ဖူးတယ် ဒီလောက်အကွက်ကျကျစီမံနိုင်လောက်တဲ့ အရည်ချင်းရှိမယ်လို့မထင်ဘူး နောက်မျိုးချစ်စိတ်ကြပြန်တော့လဲ ငွေရဖို့ဆို သားသမီးအရင်းကိုတောင်လိုက်တောင်းခိုင်းတယ် ၊ အချင်းချင်း တယောက်ပြေလည်ရင်တယောက်ကချွန်တယ် ၊ တယောက်ချင်းစီမှာရှိတဲ့အတ္တကြတော့ လူတိုင်း လူတိုင်း ကသူ အမှန် သူအကောင်း ထင်နေလို့ ၅ ယောက်ရှိရင် ၄ စုကွဲတယ် ၁ ယာက်ကတော့ အားလုံးနဲ့တဲ့တယ် ပြီးရင် စကားဟိုပို့ဒီပို့ ၊ နေက်နှုပ်မလုံကြဘူး အဘ ထင်သလို့ ကြီး ကြီး မားမား ကြံစည်နိုင်တဲ့လူရှိရင်တောင် လိုက်လုပ်နိုင်မယ်မထင်ဘူး ၊ လုပ်ခဲ့ရင် သူတို့ကပဲဖော်လိမ့်မယ်၊ သိပ်ကြာကြာမစောင့်ကြည့်ရပါဘူး ၊အခုပုံစံ လူအနဲစုက မသီနားမလည်တဲ့ အများစုကို သူတို့အကျုးိတွက် အသုံးချသွားပုံပဲ

  • အဂျစ်

    June 11, 2012 at 1:59 pm

    malay မှာဇတ်လမ်းတွေအများကြီး အဘရေ အခြား muslim တွေကတောင် သူတို့နဲ့ကင်းကင်း နေကြတာ ကျွန်တော်က burglish test engine နဲ့ရေးနေရလို့များများမရေးနိုင်ဘူး အဘရေ.. ..
    သဂျီး ၊အဘနဲ အန်ကယ်သစ်မင်း တို့စာတွေကို အတွေးအခေါ် နဲ့ သဘောထား တွေကြောင့် လေးစားမိပါကြောင်း…

  • tra

    June 11, 2012 at 2:12 pm

    အဘရေ ဒီတိုက်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ခုမှ ကျွနန်တော့်ခေါင်းထဲက မေးခွန်းရှင်းသွားတယ် ………..
    ကျေးဇူးတင်ပါတယ်

    လူများများသိအောင် ပြန်လည်မျှဝေခွင့်ပြုပါ။

  • နွယ်ပင်

    June 11, 2012 at 2:14 pm

    အဘရေ ကောင်းလွန်းလို့ သဘောကျလွန်းလို့ ကူးယူသွားပါတယ် …

  • Dote Kha

    June 11, 2012 at 2:26 pm

    သုံးသပ်ပြသွားတာက တော်တော်ကို ကောင်းပါတယ်။ ရိုဟင်ဂျာဘက်က အကွင်ဆင်တယ်။ ဒေါ်စုနဲ့ မြန်မာပြည် အစိုးရဘက်ကလည်း အကွက်ကို မြင်တယ်။ ဒီတော့ အစိုးရိမ်လွန်စရာတော့ မလိုပါဘူး။ ဒီအချိန်မှာ လိမ္မာ ပါးနပ်ပါဆိုတာက အထက်ပိုင်းနဲ့ ဆိုင်သွားပြီလို့ ထင်ပါတယ်။ သည်းခံပါ၊ စောင့်ကြည့်ပါ ဆိုတဲ့ စကားကတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ဆိုင်သွားပြီလို့ ပြောနိုင်မလားပဲ။

  • nigimi77

    June 11, 2012 at 2:35 pm

    သူများဆီက ကူးယူပြီး ထပ်မံအားဖြည့်ပါမယ် ။

    =================

    ဘာသာရေးနဲ ့ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုး လှုံ ့ဆော်နေသော မီဒီယာ။

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းရရင်ပြီးရော၊ နာမည်ကြီးရင်ပြီးရောဆိုတာထက် ပိုကျော်လွန်ပြီး

    ရည်ရွယ်ချက်ရှိရှိနဲ ့ ဖွနေတဲ့ Eleven Media Group ဟာ ပြဿနာတွေ ကြီးထွားအောင် ဖန်တီးလှုံ ့ဆော်နေတာမို ့ မရိုးသားပါ။

    ဒီလိုလုပ်နေတာဟာ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းနဲ ့အတူ နောက်ကွယ်က ဒီပြဿနာဖြစ်အောင် ဖန်တီးနေတဲ့လုပ်ရပ်ရဲ ့

    ဆောင်ရွက်ချက်လို ့ သက်သေတစ်ခုအနေနဲ ့ မီဒီယာလိုင်းကနေ အကွက်ကျကျ စီစဉ်မှုဆိုတာပါဘဲ။

    ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦးက အောက်ဖေါ်ပြပါ ရေးသားဖေါ်ပြချက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှုအစအဆုံးကို

    အသေးစိတ် သုံးသပ်ကြည့်ရှူနေကြသူတွေအနေနဲ ့ ဒီပြဿနာရဲ ့ အခြေခံဟာ ဘယ်သူတွေလည်းဆိုတာ ကြည့်တတ်

    မြင်တတ်ကြမှာပါ။

    ကျွန်တော်က မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ EMG ကထုတ်သမျှ edition အားလုံးကို တစ်စောင်မကျန် ( ပိုက်ဆံအကုန်ခံပြီး )

    စောင့်ဝယ်ဖတ်ကာ Eleven အတွက်ချည်းပဲ တစ်လကို ငွေ ၆၅၀ဝ လောက်သုံးနေတဲ့ EMG ပရိတ်သတ် (ဘက်မလိုက်တဲ့

    မြန်မာစစ်စစ်) ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦးပါ။ မကြိုက်တာရေးမိလို့ နာမည်ပြောင်းခေါ်လည်း

    ဘာတတ်နိုင်မှာတုန်းဗျာ။

    EMG ဟာ ဘယ်စာစောင် ဘယ်ဂျာနယ်ကမှ ခဏခဏမပြောတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို ethic, ethic နဲ့

    တဖွဖွပြောတဲ့ဂျာနယ်မို့လည်း သတင်းတင်ပြရာမှာ လူမျိုး၊ ဘာသာ၊ အဖြစ်အပျက်၊ ရှုထောင့်မရွေးဘဲ အလယ်ကနေခဲ့တယ်၊

    နေနေတယ်၊ နေဦးမယ်လို့ အမြဲယုံကြည်ပြီး EMG ကိုအားပေးခဲ့တယ်၊ ဒါတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကထိ EMG က

    ဒီလိုပဲလို့ထင်ခဲ့တာပဲ။

    ဒါပေမယ့် Leading Media တစ်ခုဖြစ်တဲ့ EMG က တောက်လျှောက်ကိုင်စွဲလာတဲ့ ethic policy ကို လွတ်လိုက်ပြီလား၊

    အရမ်းသိချင်လာပါတယ်၊ ဘယ်သွားမလဲ Eleven? ဘာတွေလုပ်နေတာလဲ Eleven? ကိုယ့်မူဝါဒကို လွှတ်ချလိုက်တာလား?

    လွှင့်ပစ်လိုက်တာလား? ကိုယ့်ကိုကိုယ် ဘယ်ရောက်နေမှန်းတောင် မမြင်တော့တာလား? EMG ကဆရာတွေ ဘာဖြစ်ကုန်တာလဲ?

    တောက်လျှောက်အကောင်းလား? အစကတည်းက ဒီလိုလား?

    အခုရခိုင်ကိစ္စမှာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကွယ်၊ အလယ်က သတင်းသမားသာ တင်ပြတာမမှန်ခဲ့ရင်၊ ဘက်လိုက်ဇောင်းပေး

    biased လုပ်ခဲ့ရင် လူမျိုးရေး၊ ဘာသာရေးဆူပူတာ ပိုကြွလာမယ်၊ နှစ်ဖက်လုံး မလိုအပ်ဘဲအသက်စည်းစိမ်တွေ ပိုဆုံးရှုံးမယ်၊

    သေးတဲ့အမှု ပိုကြီးလာမယ်ဆိုတာဆိုတာ ဆရာတို့လို တက္ကသိုလ်ကလူတွေ အပါအဝင် ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG

    ဝိုင်းတော်သားများအားလုံး၊ စာတစ်ကယ်ဖတ်သူအားလုံးနားလည်မှာပါ။

    ပထမ- ရခိုင်အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရပြီး ပစ္စည်းယူ၊ အသတ်ခံရတယ်၊ ဘယ်သူကပဲလုပ်လုပ် ရဲပိုင်တဲ့ criminal case ရာဇ

    ဝတ်မှုသာ ဖြစ်တယ်၊ ဒီရက်ပိုင်းဖြစ်သွားတဲ့ ဆရာဝန်မတစ်ဦး ကို သူ့မိတ်ဆွေက ဓါတ်ဆီလောင်း မီးရှို့သတ်တာ၊ ၁၆ လမ်းက ၁၀

    တန်းဖြေထားတဲ့ ကောင်မလေးတစ်ယောက် လူသတ်၊ ပစ္စည်းယူ၊ မီးရှို့သတ်ခံရတာ၊ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို

    လိင်တူ ယောင်္ကျားချင်းမုဒိမ်းကျင့်၊ ပါးစပ်ပိတ်လူသတ်သွားတာ စတဲ့ဖြစ်စဉ်တွေနဲ့ ဘာမှမကွာလှတဲ့ ဖြစ်စဉ်တူတစ်ခုပါပဲ။

    ပြီးခဲ့တဲ့လပိုင်းက ဂျပန်မတစ်ယောက်ကို မြန်မာနှစ်ယောက် မုဒိမ်းကျင့်ပြီး သတ်ပစ်တယ်၊ ဥပဒအရနောင်ကျဉ်နေအောင်

    မြန်မာပြည်မှာ ဒါကိုလက်မခံဆိုပြီး၊ ထိထိရောက်ရောက်သေဒဏ်ပေးဆော်ထည့်တယ်။ ဒီဟာတွေမှာလည်း ဘယ်ဘာသာဝ

    င်ကလုပ်တယ်လို့ ဘယ်မီဒီယာကမှမရေးဘူး၊ ရေးစရာလည်းမလိုဘူး၊ ရဲကအရေးယူ၊ ထိရောက်တဲ့အပြစ်ဒဏ်ချ၊

    ဥပဒေပိုင်းဆိုင်ရာအရ ပြီးပြီ။ မြန်မာနိုင်ငံထဲမှာဖြစ်တယ်၊ မြန်မာတည်ဆဲရာဇဝတ်ဥပဒေနဲ့

    ထိထိရောက်ရောက်ကိုင်ထည့်လိုက်ရင်ပြီးနေပြီ။

    ဘာမှဆက်ဖြစ်စရာမရှိဘူးလေ၊ ဒီဟာလေးကို EMG က စဖွတယ်၊ အင်မတန်ထိလွယ်ရှလွယ်တာကို လွယ်လွယ်ရေးချတယ်၊

    မွတ်ဆလင်ကုလား usage သုံးပြီး comment တွေရေးခွင့်ပေးတယ်၊ ဘယ်ဘာသာဝင်လို့ ရေးကတည်းက သွားပြီ၊

    တင်ပြတာမမှန်တော့ဘူး၊ နောက်ဆက်တွဲ ဘာဖြစ်လာမလဲ သိသင့်တယ်၊ သိသိကြီးနဲ့လွယ်လွယ်ရေးချတယ်၊ လွယ်လွယ်ဖတ်တဲ့

    လူအုပ်စုတစ်စုကသွေးကြွတယ်၊ ရပ်ရန် မဟုတ်တဲ့ ဆက်ရန်တွေဖြစ်လာတယ်၊ Eleven ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့

    သတ်ကြစေချင်တော့…

    ဒုတိယ- တောင်ကုတ်မှာ လူ ၁ဝယောက်(ဆရာကတော့လူလို့ပဲ မြင်မိလို့၊ ဥပဒေအရတော့ နိုင်ငံသားကဒ်တရားဝင်ရှိတဲ့

    လက်နက်မဲ့ မြန်မာနိုင်ငံသား ၁ဝယောက်) ကို အခြားသံတုတ်၊ တုတ်ကိုင် နိုင်ငံသား ၂၀ဝ ကျော်က မသေမချင်း

    ဦးနှောက်တွေပွင့်ထွက်တဲ့ထိ ရည်ရွယ်ပြီးစောင့်ပြီးဝိုင်းရိုက်သတ်တယ်၊ သူတို့ ဘာလုပ်မိလို့များဒီလိုတောင် လုပ်ခံထိရတာလဲ၊

    သူတို့ကတရားခံတွေမို့လား၊ မြန်မာနိုင်ငံမှာ ဒီလောက်ကြီးတောင် ဥပဒေမဲ့လုပ်ရသလား၊ ဘာသာရေးအဆုံးအမရှိသူတိုင်း၊

    တရားရှိသူတိုင်း ယဉ်ကျေးပြီးသူတိုင်း ဒီဖြစ်ရပ်ကိုလက်ခံစရာမရှိပါဘူး၊ သူငယ်ချင်း နိုင်ငံခြားက တက္ကသိုလ်ဆရာတွေကတောင်

    phone နဲ့ mail နဲ့ မေးတယ်၊ ဘယ်ကစလဲ၊ ပြောပြတော့ ဒီကိစ္စကသေးသေးလေးပဲ၊ ဒီလောက်ကြီးသွားရသလား၊

    မင်းတို့ိုလိုဘာသာတရားလေးစားတဲ့နိုင်ငံမှာ ဒီလိုဥကဒေမဲ့လွယ်လွယ်လေးသတ်တာတွေ ရှိနေပြီလားမေးတယ်၊ ဆရာ့မှာ

    ရှက်စိတ်အပြည့်နဲ့အဖြေမရှိခဲ့ဘူး၊ ဆရာက ဥပဒေသမားမို့ ဥပဒေရှုဒေါင့်ကပဲကြည့်တတ်တယ်။ လူဆယ်ယောက်သေတာကို

    နောက် လူတွေကပျော်နေရလောက်အောင် မြန်မာတွေကစိတ်ဓါတ်က ဆိုးဝါးအကြမ်းဖက်စိတ်ရှိခဲ့လို့လားဗျာ။ EMG လုပ်ရပ်က

    နိုင်ငံတကာမှာ မြန်မာသိက္ခာကျစေတာပေါ့၊ ရခိုင်ပြည်နယ်ကို နိုင်ငံခြားက လာရောက်လည်ပတ်ချင်သူ၊ ရင်းနှီးမြှပ်နှံချင်သူတွေ

    ဘယ်လာရဲတော့မလဲ၊ မျက်တောင်တဆုံးပဲ ဆက်ကြည့်တတ်တော့ EMG က ဆက်ဖွနေတယ်၊ ဆက်ဆွနေတယ်၊

    ဘယ်ဂျာနယ်ကမှ ရခိုင်အရေးနဲ့ပတ်သက်ရင် သတိကြီးကြီးထား မတိမ်းစောင်းစေဘဲ မဖွဘဲရေးတယ်။

    The Voice တို့လို့ဂျာနယ်အကြီးတွေတောင် ပြသနာပိုကြီးထွားမသွားစေချင်လို့ media သမားပီပီသသနဲ့ comment

    တွေကိုပိတ်ထားတယ်၊ Eleven ကတော့ လွယ်လွယ်ရေးခွင့်ပေးလို့ comment တွေ အပြန်အလှန် ရိုင်းရိုင်းစိုင်းစိုင်း

    ဆက်ရေးကြပြန်တယ်၊ ဆရာသိသလောက် ဘယ်မြန်မာလူမျိုးမှမရိုင်းပါဘူး၊ Eleven Site ထဲမှာ

    ဘယ်သူမှဖတ်လို့မရလောက်အောင် ဆဲဆိုနေတာတွေက မြန်မာ reader တွေ ရေးတင်တာလို့ ကျွန်တော်တော့မယုံကြည်ဘူး။

    EMG ကလူတွေပဲ ပြသနာကြီးထွားလာအောင် comment တွေထိုင်ပေးနေသလား ထင်ရလောက်အောင်ပါပဲ။ Eleven

    ကဘာဖြစ်စေချင်တာလဲ? ဆက်ပြီးတော့ သတ်ကြ ၊ ဆူပူကြဖြစ်စေချင်တော့…

    တတိယ- မောင်တောကိစ္စဖြစ်လာတယ်၊ တစ်ဖက်ဖက်ကို အလွန်အကျွံ နှိပ်ကွတော့ ပြန်ကြွတတ်တာ မသိလို့လား၊ comment

    တွေ၊ သတင်းတွေ တစ်ဖက်သတ်ဖြစ်ကုန်တယ်၊ တောင်ကုတ်မှာ လူ ၁ဝယောက်ကို မသေမချင်း ဦးနှောက်တွေပွင့်ထွက်တဲ့ထိ

    ရိုက်သတ်ခံရတဲ့ ဓါတ်ပုံတွေကိုတောင် မတင်ခဲ့တဲ့ Eleven က မောင်တောမှာ မီးရှို့တာ၊ အပြန်အလှန်ချကြတာတွေကို

    အချိန်နဲ့တစ်ပြေးညီ update လုပ်တင်ပေးလာတယ်၊ အာဃာတလား၊ racists လား၊ သတင်းသမားလား၊ လူဖတ်များ

    စောင်ရေများ စေချင်တာလား၊ ကြားဝင်လှုံဆော်တဲ့ အပြုအမူတွေကို ဘာလို့ရွေးလုပ်ချင်ရသလဲ၊

    ဘာတွေကိုအမြတ်ထုတ်ချင်နေတာလဲ Eleven? ၊ အလယ်ကလူတွေရဲ့ လုပ်ရပ်က ဒီလိုပဲလား? တစ်ရက်ရက်မှာ EMG ဟာ

    ဒီကိစ္စကို တာဝန်ယူရမှာပါ။

    စတုတ္တ- ဒီနေ့ Eleven ရဲ့လုပ်ရပ် (၃) ခုက စာဖတ်သူတွေကို စိတ်အပျက်စေဆုံးပါပဲ၊ သတင်းခိုင်မာမှုကိုတောင် မစောင့်နိုင် EMG

    ရဲ့ ဖွရရင်ပြီးရော မူဝါဒကို သေချာမြင်လာရပါတယ်၊

    ၁။ GTC ကျောင်းသားတစ်ဦး စစ်တွေမြို့လယ် အားကစားရုံနားမှာသေတဲ့ကိစ္စ၊ ဘာကြောင့်သေရသလဲ

    အတိအကျမသိသေးပါဘူးတဲ့၊ ဒဂုံတက္ကသိုလ်ကဆရာတွေတောင် စစ်တွေတက္ကသိုလ်က အသိတွေကို

    သာမန်ဖုံးလေးတစ်ချက်ဆက်တာနဲ့တင် အကြမ်းဖျင်း၊ ဟုတ် မဟုတ်သိနိုင်တဲ့ကိစ္စပဲဟာ၊ အတိအကျမသိသေးရင်မရေးပါနဲ့လား

    ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများရယ်၊ ဆရာတို့ဟာကလည်း ဖွလိုက်ရရင်ပြီးရော လုပ်လိုက်ပြန်ရော၊

    ဖြစ်တာက အဆောင်ပိုင်ရှင်နဲ့ GTC ကျောင်းသား ရခိုင်ချင်း ပြသနာဖြစ်လက်လွန်ပြီးသတ်မိတဲ့ကိစ္စ၊ မောင်တောလူမျိုးရေး၊

    ဘာသာရေး သတင်းနဲ့ တစ်မျက်နှာတည်းမှာထားပြီး ရောသမမွှေလိုက်တယ်၊ လွယ်လွယ်ဖတ်မိတဲ့ လူအုပ်စုတစ်စုကို

    သွေးကြွစေပြန်တယ်၊ ကျောင်းသားအသတ်ခံရတယ်၊ ကုလားတွေကြောင့်၊ သတ်ပစ်ကြ၊ သေကျေမှုတွေဆက်ဖြစ်ကြပြန်ရော၊

    ဘယ်သူ့လက်ချက်မှန်းမသိရသေးဘဲ ethic ဆရာကြီးတွေက ethic လုံးဝမရှိဘဲ လက်သွက်သွက်ရေးချနိုင်တာကို(

    အံ့ဩမကုန်နိုင်ဖွယ် ) တွေ့ရပြန်တယ်။ စာတစ်ကယ်ဖတ်တဲ့ သူတွေကို လိမ်လို့မရပါဘူးဗျာ၊ အေးအေးချမ်းချမ်းနေလိုသူတွေ

    EMG ကြောင့်ပူလောင်လာရပြန်တယ်။

    ၂။ အစိုးရထုတ်သတင်းစာ တစ်စောင်မှာမှ မပါသေးတဲ့ ခရေကုန်းဘောင်ရွာကကျောင်းဆရာမနှစ်ဦး ဒါးဒါဏ်ရာတွေနဲ့

    အသေရောက်လာတဲ့ သတင်းဦး၊ သတင်းထူးကြီးကလည်း ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး

    တာဝန်ကြေကြေ အတိုင်အဖောက်ညီညီ လျှောက်ဖွလိုက်တာပဲဖြစ်နေပြန်တယ်၊ လုံးဝမသေချာဘဲနဲ့၊ လုံးဝမမှန်ဘဲနဲ့ Eleven က

    ဆူပူအုံကြွမှုတွေဖြစ်၊ စစ်တပ်က ကိုင်မှ၊ အာဏာသိမ်းမှရမယ်လို့၊ နှပ်ကြောင်းပေးချင်တာလား၊ တစ်တိုင်းပြည်လုံးက

    အသေအကျေဒုက္ခခံ၊ အသက်ထောင်သောင်းများစွာပေးပြီး စစ်ဖိနပ်အောက်ကရလာတဲ့ ဘာမှသက်တမ်းမကြာသေးတဲ့

    ဒီမိုကရေစီစနစ်ကလေးကို အသေသတ်၊ ပြောင်းပြန်လှန်ချင်နေတာလား?၊

    ကလောင်သွားထက်တာကို အမြတ်ယူချင်တာလား၊ လုပ်သူ ခံရသူ ကြားမှာ အမြတ်ထွက်သူရှိတာ မဆန်းပေမယ့် စတုတ္ထ

    ဒေါက်တိုင်Eleven ကတော့ နောက်ပြန်လှည့်ဖို့ ဘေးတီးပေးနေ၊ အဆင်းဘီးတပ်ပေးနေသလိုပါပဲ၊ လူတစ်ဖွဲ့ကနောက်လူတစ်ဖွဲ့ကို

    ဘာကြောင့်ပဲသတ်သတ်၊ သူ့ငရဲ သူသွားမှာပါပဲ၊ ဘယ်ဘာသာတရားမှာမဆို လူမသတ်ရဆိုတာ ပညတ်ပြီးသားပါ။

    ကုလားကိုသတ်တယ်ပြောပြော၊ ရခိုင်ကိုသတ်တယ်ဆိုဆို၊ လက်စားချေတယ်ပြောပြော၊ ဘာသာရေး၊ လူမျိုးရေး

    ကြိုက်တဲ့ခေါင်းစဉ်တပ်ပြီး လူသတ်ပါ၊ ကိုယ်သေတဲ့အချိန်မှာ တစ်ဦးချင်းတစ်ယောက်ချင်း သွားရတဲ့ဘုံအဆင့်ဆိုတာ

    ကျိန်းသေပေါက် ဘာသာတရားတိုင်းမှာရှိပြီး သတ်မှတ်ပြီးသားပါ။ဘာကြောင့်များ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG

    ဝိုင်းတော်သားများအားလုံး လူတွေအချင်းချင်း(ဆရာကတော့ လူလို့ပဲ မြင်မိလို့ ၊ ကုလား၊ ရခိုင် ၊ တရုပ်၊ အင်္ဂလိပ်၊ ခရစ်ယာန်၊

    အသားအရောင်၊ ယုံကြည်တာပဲကွာမယ်) သတ်ဖြတ်သေကျေတာတွေဖြစ်အောင် ဘာလို့ မမှန်သတင်းတွေနဲ့

    လမ်းကြောင်းပြောင်းလှုံဆော်ချင်နေရတာလဲ၊ ကုလားတစ်မျိုးလုံးကို သတ်တော့ရော၊ ရခိုင်တွေသေတော့ရော

    ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံး ဘာတွေများစီးပွားရေးအမြတ်ထွက်လာမလဲ၊ တစ်ခုခုကို

    ခုတုံးလုပ်ပြီး နင်းတက်ချင်တဲ့ စိတ်ဓါတ်က EMG ရဲ့ မူဝါဒလား?

    ၃။ မောင်တောက ကန်တော်ကြီးသောက်ရေကန်ကို ဘင်္ဂလီတွေကအဆိပ်ခပ်ထားတယ်ဆိုတဲ့ကိစ္စ၊ ဒီသတင်းကိုအတည်ပြုဖို့ EMG

    ကအတည်ပြုနိုင်ဖို့ဆက်သွယ်နေပါပြီတဲ့၊ လုပ်ချလိုက်ပြန်ပြီ။ တကယ့်ရှက်စရာပါ။ ၈၈ အရေးအခင်းက

    ထွက်ခဲ့တဲ့စာစောင်တွေလောက်တောင် Eleven အဆင့်မရှိတော့ပါ။အတည်မပြုရသေးတာကိုဘာလို့ရေးရတာတုန်း၊ ethic

    တွေဘယ်ရောက်သွားပြီလဲ၊ စိတ်တော့မဆိုးပါနဲ့၊ ဆရာကတော့ ဥပမာသတင်းလေးတစ်ခုရေးမိတော့မယ်၊

    ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားတွေ မနေ့ညက တောင်မြင်းပြိုင်ကွင်းလမ်းက EMG ရုံးချုပ်မှာ

    မကောင်းတဲ့အမျိုးသမီးတွေအုပ်စုလိုက်နဲ့ ပါတီပေးညလုံးပေါက်မူးရူးကခုန်ပျော်ပါးပြီးရှိနေခဲ့ပါတယ်၊ ဒီသတင်းကိုအတည်ပြုဖို့

    EMG ကိုဆက်သွယ်နေပါတယ်။ ဒီလိုဆိုဘာဖြစ်လာမလဲ၊ ကိုယ့်ဆရာတွေ မပျော်တော့တာသေချာပြီ။

    ဒီလိုလေးရေးလိုက်မိတာတောင်မှ ကိုယ့်ဆရာတွေ ကျွန်တော့်ကို သတ်ချင်လောက်အောင် ဒေါသထွက်စေ၊ စိတ်ကြွစေရင်

    သောက်ရေကန်ကို အဆိပ်ခပ်ထားတယ်ဆိုတဲ့ အတည်မပြုရသေးတဲ့ သတင်းကြီးကလည်း အခုဖြစ်နေကြတဲ့ ဘက်နှစ်ဘက်ကို

    ဘယ်လောက်အတိုင်းအတာအထိ ဒေါသတွေဖြစ်စေ၊ သေကျေစေမလဲ မစဉ်းစားတတ်တာလား?၊ ဖွလိုက်ရရင်ပြီးရောလား၊

    မီဒီယာတစ်ခုရဲ့ဖြောင့်မတ်မှု၊ သတင်းတစ်ခုရဲ့ ခိုင်မာတိကျမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်စေနိုင်သလို၊

    သေကျေစေနိုင်ပါတယ်။ ဥပဒေသမားတစ်ဦး နဲ့ သတင်းသမားတစ်ဦးမှာ အခြေခံအကျဆုံးက ရိုးသားဖြောင့်မတ်မှုရှိခြင်းပါပဲ၊

    အခုလို Online မှာ Open Source သတင်းတွေ အများကြီးရနိုင်ချိန်မှာတောင် သတင်းအမှားတွေ၊ သတင်းအလိမ်တွေ၊

    ဒီလိုလေးတော့ဆော်လိုက်ဦးမှ အောက်တန်းကျစိတ်ဓါတ်တွေနဲ့ လုံးဝတည်ငြိမ်အေးချမ်းဖွံ့ဖြိုးနေတဲ့ဒေသတစ်ခုကို ၁ဝ

    ရက်အတွင်း လုံးဝဆိုးရွားသွားစေလောက်အောင် လူမျိုးရေးအဓိကရုဏ်းတစ်ခုပေါ်ထွက်လာအောင်နောက်ကွယ်ကနေ

    ဘေးတီးလှုံဆော်ဖန်တီးချင်တဲ့မူဝါဒရှိနေတာ၊ စာမဖတ်ဖြစ်ကြတဲ့လူအများစုကို မျိုးချစ်စိတ်အရင်းခံသယောင် စည်းရုံးလှုံဆော်

    ဆူပူစေတာ၊ ရလဒ်က ရခိုင်ပြည်နယ်ရဲ့ လူနေမှုပုံရိပ်တွေ ကျဆင်းစေတာ၊ စီးပွားရေးတွေ ပုံမှန်မဖြစ်စေတော့တာ၊

    လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားစေတာ၊ ပေါ်လာတဲ့အမြတ်က EMG ကိုပိုမိုထင်ပေါ် စောင်ရေတက်

    အရောင်းကောင်းစေချင်တာ၊ EMG က ငါတို ့ဖက်ကမျိုးချစ်တွေ Patriotic တွေ လို့ ထင်ရအောင်လုပ်ပြပြီး နိုင်ငံရဲ့ လူတိုင်းရဲ့

    လက်ရှိပန်းတိုင် နှစ်ပေါင်းများစွာစောင့်စားနေကြတဲ့ ဒီမိုကရေစီပန်းတိုင်ကို ဝေဝါးလမ်းကြောင်းပြောင်းပစ်နေတာ၊

    ဘာမှစာဖွဲ့စရာတောင်မရှိ (ကုန်ကုန်ပြောရရင် တစ်ရက်တိုက်စရာတောင်မရှိ၊ နေ့ဝက်နဲ့ အပြီးရှင်းပစ်လို့တောင်ရ) တဲ့

    လူလက်တစ်ဆုပ်စာကြောင့် စစ်တပ်ကဝင်လာမှသာ၊ တပ်ဝင်လာပါတော့လား၊ စစ်တပ်ကသာ ကယ်တင်နိုင်တော့မယ်လို့

    တစာစာအော်ခေါ်ပြီး အမြင်နောက်ပြန်ဆွဲနေတာ၊ နိုင်ငံပုံရိပ်ကို အဆုံးထိဆွဲချပစ်တာတွေဟာ မြန်မာ Journalist

    တစ်ယောက်အနေနဲ့ ရှက်တတ်ရင် ရှက်ပြီးသေပစ်ချင်စရာပါပဲ။ စစ်တပ်ပိုင် မြဝတီ Eleven

    လို့တောင်အမည်ပြောင်းပေးရတော့မှာပါ။

    ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG ဝိုင်းတော်သားများအားလုံးသိသင့်တာက အမှန်သတင်းမီဒီယာတွေဟာ

    (နောင်အနာဂတ်တကယ်ရှိတဲ့) နိုင်ငံတိုင်းမှာ အသက်သွေးကြောပါပဲ၊ နောင်အနာဂတ် နိုင်ငံတော်သစ်ဆီကို

    လူတိုင်းလူတိုင်းချွေးသံ၊ အားမာန်အပြည့်နဲ့ ချီတက်နေချိန်မှာ လိမ်ဆင်မမှန်သတင်းအပြည့်နဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့ EMG

    ဝိုင်းတော်သားများရဲ့ နောက်ပြန်ဆွဲချ၊လှုံဆော်ရန်တိုက်ပေးနေတဲ့လုပ်ရပ်က ဆရာတို့ တက္ကသိုလ်အသိုင်းအဝ

    ိုင်းအတွက်တော့ရှက်ဖွယ်လိလိပါ။ ဘယ်သူတွေ ဘာပြောပြော မှန်တာတွေကိုပဲ သိချင်ဖတ်ချင်လို့ Eleven အတွက်ချည်းပဲ

    တစ်လကို ငွေ ၆၅၀ဝ လောက်သုံးနေတဲ့ ဆရာကတော့ နောက်လကစပြီး တစ်ခြားဂျာနယ်ပြောင်းဖတ်တော့မယ်ဗျာ။

    ရွှေမြန်မာတွေ မျက်လုံးဖွင့်ကြည့်ကြပါ။ ထလော့၊ မြန်မာ၊ မြန်မာ၊ ထလော့၊

    တစ်ရက်ရက်မှာ EMG ဟာ ဒီကိစ္စကို တာဝန်ယူရမှာပါ။

    (ရေးသားသူ – ဒဂုံတက္ကသိုလ် ဥပဒေဌာနက ဆရာတစ်ဦး။

    • Passing By

      June 11, 2012 at 4:23 pm

      ဒီ post ကြီးကို Rohinja press လားဘာ လားမသိတဲ့ Website မှာလည်း တင်ထားတယ်ဗျ ..
      မှန်မမှန်တော့ မပြောတတ်ပါဘူး .. ဒါပေမယ့် ..
      ကျွန်တော့်အထင် Rohinja ရဲ့ကိစ္စ က အတော်ခေါင်းခြောက်စရာကောင်းတဲ့ ကိစ္စဗျ
      သူတို့ကို ပေးနေရအောင်လည်း သူတို့က မြန်မာနိုင်ငံကိုတကယ်ခိုလှုံမယ် သူတွေမဟုတ်
      သူတို့ကို ပစ်သတ်ရအောင်လည်း သူတို့က လူဦးရေ များကြီးဖြစ်နေတယ် (အင်တာနတ်ထဲမှာ ငါးသိန်း (၅၀၀၀၀၀) လို့ရေးထား)
      နိုင်ငံထဲကနေမောင်းထုတ် မယ်ဆိုရင်တော့ မဆိုးဘူး .. !
      အဓိကက ဘာသာရေး အဓိကရုန်းမဖြစ်ဖို့ဘဲဗျ ..
      ရိုဟင်ဂျာနဲ့ မူဆလင်ဘာသာ နဲ့တွဲမပြောနဲ့၊
      ရိုဟင်ဂျာကို ကုလားလို့မသုံးနှုန်းနဲ့
      ဒါဆို ဘာသာရေးအဓိကရုန်းမဖြစ်လောက်ဘူးထင်တယ် ..
      မြန်မာ့မြေကို မြန်မာမာဘဲပိုင်တာလေ .. ပြီးတော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အတွက်လည်း အဖြေကရှိပြီးသား ထိုင်းဝန်ကြီးချုပ်ပြောသွားသလို ပြောလိုက် ..
      ဒီလိုဆို .. ဘယ်နိုင်ငံကမှလည်း ဝင်ပြီးစွတ်ဖက်နေမှာ မဟုတ်တော့ဘူး ..
      အကြောင်းပြချက်ကလည်း ရှိပြီးနေပြီ လေ သူတို့ကိုခေါ်ထားတယ် .. မြွေပွေးခါးပိုက်နှိုက်လုပ် တာခံလိုက်ရတယ် ပေါ့ ..
      CIA ထံက အကူအညီနည်းနည်းတောင်း .. ရိုဟင်ဂျာ နဲ့ အယ်လ်ကိုင်ဒါနဲ့ ဆက်စပ်မှုရှိတယ် ဆိုတာပြ .. ဒါဆို အလိုအလျောက် အကြမ်းဖက်သမားစာရင်း ဝင် သလိုလိုဖြစ်သွားမယ် ..
      ပြီးရင် နယ်နိမိတ် မှာ တပ်ခိုင်ခိုင်မာမာချ .. ဒါမှမဟုတ် နယ်ခြားစောင့်တပ်တွေထား ..
      ပြသနာ ကို အဆုံးစွန်ဖြေရှင်း ပေးသွားမယ်လို့ President ကပြောသွားတယ်.. ကျွန်တော်တွေးမိတာ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေကို မောင်းထုတ်ရုံက တပါး အခြား ဖြေရှင်းစရာလည်း မရှိဘူးထင်တယ် ..
      ရခိုင်လူမျိုးတွေက သူတို့ကို ပြန်လက်ခံဖို့ဆိုတာ လုံး ဝ မဖြစ်နိုင် ..
      (သတင်းအရ)
      သူတို့ရှိတဲ့ နိုင်ငံတိုင်း ဦးနှောက်ခြောက်ရတာ လည်း တပုံကြီး ..
      .. ဒါပေမယ့် တစ်ခုပေါ့ .. ရိုဟင်ဂျာ ကလေးမဖြစ်ခဲ့လို့ ဒီလိုပြောတာပါ ..
      ရိုဟင်ဂျာ တွေရဲ့ ဘက်ကနေပြန်စဉ်းစားကြည့်မယ်ဆိုရင်လည်း .. သနားစရာ ..
      သူတို့မှာ နိုင်ငံလည်းမရှိ၊ ပညာလည်း မတတ်၊ …. တကယ်တော့ ရိုဟင်ဂျာ တွေက အပြစ်တင်ရင် အပြစ်တင်ရမှာ သူတို့ဗျ .. ဘယ်သူလည်းဆိုတာတော့ သမိုင်းပြန်ဖတ်ပေ့ါဗျာ .. မြန်မာနိုင်ငံ မှာ တော့ ရိုဟင်ဂျာတွေက ရစရာအကြွေးမရှိပါဘူး .. တင်နေတဲ့ အကြွေးတွေဘဲရှိတယ် ..

    • Ko Par Myanmar

      June 11, 2012 at 8:00 pm

      Dear Sir,

      I read your comment and appreciate on your over view understanding. What every happened in this world, first thing to remember is to think and make consideration with common sense. Please make more share your comment as much as you can because we want Myanmar people to have higher IQ and thinking for every case. Your comment has enlighten the people to think what is right and what is wrong.

      I condemn every one who is involving in crime against humanity.

      We all are men kind and we need to have humanitarian sympathy.

      KPMMR.

    • NAJA

      June 12, 2012 at 2:46 pm

      ဒီပို့ကိုရေးတဲ့ ဒဂုံတက္ကသို်လ် ဥပဒေဌာနက ဆရာတစ်ဦးရဲ့ ရည်ရွယ်ချက်က EMG ကို တိုက်ခိုက်လိုရင်းလား၊ တစ်ကယ်ပဲ သူကိုယ်တိုင် လူ့အခွင့်အရေးတွေ တရားမျှတမှုတွေနဲ့ပြည့်စုံနေလို့ပဲ ဒီလိုရေးတာလား သေချာတော့မသိ…

      ကျွန်တော်သိတဲ့ ဒီနေ့အခါ အင်တာနက်ထဲက တရားမျှတသူတွေမှာ နှစ်မျိုးရှိပါတယ်
      တစ်- ကိုယ့်ကိုမထိသေးသမျှ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေ တွင်တွင်ပြောတတ်တဲ့လူမျိုးတွေပါ (တစ်ကယ်မှာတော့ နားကိုက်လာလျှင် ပါးပြန်ရိုက်ကြမည့်လူများ)
      နှစ်- အမှန်တစ်ကယ် သဘောထားကြီးရင့်ပြီး ဒီမိုကရေစီအနှစ်သာရတွေ ခံစားသိမြင်ပြီးတဲ့လူတွေ ဆိုပြီး နှစ်မျိုးခွဲမြင်ပါတယ်..

      ဒီဆရာကိုတော့ဘယ်ထဲပါမယ်မသိ…

      “လူူသားအားလုံးအတူတူ၊ လူ့အခွင့်အရေး” ဆိုတဲ့စကားလုံးတွေကို ကျွန်တော် ရာနှုံးပြည့်မယုံကြည်ပါ…(တစ်ခါတစ်ခါ ဒိုင်းကာအဖြစ်သုံးကြတာများမြင်ရင် ချဉ်တောင်ချဉ်မိပါရဲ့) တစ်ကမ္ဘာလုံးဟာ တစ်တိုင်းပြည်ထဲ၊ တစ်လူမျိုးထဲ၊ ယဉ်ကျေးမှုတစ်ခုထဲ မဟုတ်သေးသမျှတော့.. မျိုးချစ်စိတ်တွေ၊ ဘက်လိုက်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေရှိနေဦးမှာပါ…

      ဒီနေရာမှာ ပို့စ်ပိုင်ရှင်ဆရာကိုမေးလိုပါတယ်..
      EMG ကို ဘက်မလိုက်ပဲ
      ကုလားတွေမီးရှို့နေတဲ့ပုံတွေ အဆက်မပြတ်တင်ပေးတာကို လှုံ ့ဆော်မှုလို့ဘာအတွက်မြင်ရတာလဲ?
      နိုင်ငံခြားသတင်းဌာနကြီးတွေကိုယ်တိုင်က ရိုဟင်ဂျာတွေကို မြန်မာတွေက အနိုင်ကျင့်နေတယ်လို့ ထင်မြင်ယူဆ ရေးနေကြတာကို မသိလို့လား?
      တရားမျှတပါတယ်ဆိုပြီး သေနေတဲ့ရိုဟင်ဂျာတွေပုံတွေပါတင်စေချင်တာလား?
      (ကျွန်တော့်စကားတွေဟာ မီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ဖို့အားပေးအားမြှောက်လုပ်နေသလိုဖြစ်နေပြီထင်ပါတယ်.. သို့သော် သို့သော်ပေါ့လေ လူတွေအားလုံး ဘက်လိုက်တယ်ဆိုတာဘာလဲသိကြတာပါပဲ)
      အဲဒါကို ကာကွယ်တဲ့အနေနဲ့ ဖျက်ဆီးနေတဲ့လူတွေဟာဘယ်သူတွေဆိုတာ ပြဖို့ တင်ပေးတယ် လို့မှတ်ချက်ပြုတင်ပေးထားတဲ့အတွက် EMG ဘက်လိုက်ခဲ့တယ်ဆိုရင်တောင် မြန်မာတွေအတွက်ဘက်လိုက်တာဖြစ်လု့ိ ခွင့်လွတ်ပါတယ် (ကျွန်တော်ကတော့ တစ်ကမ္ဘာလုံး လူတွေ အကုန်အတူတူလို့ မမြင်နိုင်သေးလို့ခွင့်လွှတ်ပါ၊ ဘက်လိုက်တဲ့စိတ်မဖျောက်နိုင်သေးဘူး၊ အဲလိုပဲ ဘင်္ဂါလီရွာထဲမှာ လေချွန်ပြီးလဲ တစ်ယောက်ထဲမသွားရဲသေးဘူး၊ မျက်ကန်းမျိုးချစ်ဆိုဆို ဘက်လိုက်တယ်ဗျာ ကိုုယ့်မြန်မာတွေဘက်က)
      EMG ကိုဘာပြောပြော သူဟာမကြာသေးခင် မြစ်ဆုံအရေးတုံးက ရှေ့ကတက်တက်ကြွကြွ မြန်မာတစ်မျိုးသားလုံးအတွက် ပါဝင်ထားတာ မမေ့သင့်သေးဘူး…

      P.S
      မြန်မာတွေ မမိုက်ရိုင်းပါဘူး ဆိုတဲ့ စကားလုံးမျိုးတွေနဲ့လဲ မှိုင်းမတိုက်သင့်ဘူးဗျ
      ကျွန်တော်တို့မြန်မာတွေ တော်တော်မိုက်ရိုင်းနေကြပြီခင်ဗျာ.. ပြောရတာတော့စိတ်မကောင်းပါဘူး.. အားလုံးတော့ မဆိုလိုပါဘူး အများစုတော့ဖြစ်ကောင်းဖြစ်ပါမယ်..
      အွန်လိုင်းသုံးပြီးအမြင်ကျယ်ကြပါပြီဆိုတဲ့ လူတွေ တစ်နေ့တစ်နေ့ တစ်ခုခုဖြစ်လိုက်တာနဲ့ ဘာမှမသိခင် အပြန်အလှန်ဆဲနေကြတာက အရင်ဗျာ.. သူများတွေကိုသာ ဘာသာရေးအစွန်းရောက်တွေ ဘာတွေပြောကြပြီး ကိုယ်တိုင်တော့ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး သေချာမသိပဲ အစွန်းရောက်နေတဲ့ လူတွေက မြန်မာနိုင်ငံမှာ ပိုများနေတယ်ဗျို ့..
      အဲဒါတွေကို ပြင်ဖို့နည်းလမ်းကိုသာရှာပါ..
      စကားလုံးမှိုင်းတွေနဲ့ မဟုတ်တာတွေ မမြင်နိုင်အောင် မကာသင့်တော့ဘူး..

  • Aung Man

    June 11, 2012 at 2:38 pm

    Foreign Resident ခေါ် အဘ ခင်ဗျား..

    ကျွန်တော် member အသစ်ပါ..
    သဘောတူုထောက်ခံပါတယ်..အခြားcomment များသို့ကူးယူခွင့်ပြုပါ..စိတ်ဝင်စားသူများအတွက်Direct Link ပေးလိုက်ပါ့မယ်..မူရင်းအတိုင်းဖေါ်ပြလိုက်မယ်..ဒါမျိုးcomment တွေရှာနေတာမတွေ့သေးပါ..
    ကျေးဇူးတင်ပါတယ်…memberများအားလုံးသို့……

  • အရီး Khin Latt

    June 11, 2012 at 2:43 pm

    ကိုအဘဖော

    ရှင်ရေးသမျှ တွေထဲမှာ ဒီလောက် ကျက်သရေရှိတဲ့ စကားတွေလောက် ကျက်သရေရှိတာ မတွေ့ဖူးဘူး။
    စောစောစီးစီး မှာ သာဓု ခေါ်ပြီးဖတ်သွားပါတယ်။
    အားလုံးဟာ Right Time မှာ Right Words & Messages တွေပါဘဲ။

    {{ အမေစု နိုဘယ် ငြိမ်းချမ်းရေးဆု သွားယူမယ့် အချိန်နှင့် ကွက်တိ ၊ တမင် အချိန်ကိုက် လုပ်တာပါ}}
    အဲဒါအများကြီး ဖြစ်ဖို့ များပါတယ်။
    ဒီလိုမျိုး စနစ်တကျ တွေးခေါ် ရေးပေးတာ တကယ်ကြီး ကျေးဇူးတင်ပါတယ်။
    ဘာမှန်း ရေရေရာရာ မသိတဲ့ အခြေအနေမှာ ဘာမှ လုပ်ဖို့ မတတ်နိုင် ကျွန်မ တို့ အဖို့ အဆိုးမြင် အတွေး တွေ နဲ့ “ဆဲ” နေမဲ့ အစား ကိုယ့် ကို စားသွားနိုင်တဲ့ အချက် တွေ ကို သတိ နဲ့ မသိမသာ နောက်ဆုတ်ပြန် ကြည့် လိုက်တာ အကောင်းဆုံးပါဘဲ။

    ပွဲကြည့်စင် ပေါ်က နေ ဟိုလို လုပ်၊ ဒီလို လုပ် အော် နေလဲ အကျိုး မဖြစ်ပါဘူး။
    ကောင်းတာက မှားသွားနိုင်မဲ့ အကွက် တွေ ကို သတိပေး ပြီး ကျန်တာ ကတော့ ကွင်းထဲ က ကစား သူတွေ ကို ယုံလိုက်ဖို့ ပါဘဲ။
    ဒီတစ်ခါတော့ ရှေ့တန်း ရော နောက်တန်း ရော၊ ဘယ်၊ ညာ အရံ လူတွေပါ ညီညီညာညာ နဲ့ ကစား နိုင်ကောင်း ရဲ့ လို့ တော့ ဆုတောင်း နေပါတယ်။

    ကျွန်မ တို့ရဲ့ ချစ်သော မြန်မာပြည် အမှန်တကယ် ဖွံ့ဖြိုး တိုးတက်ပါစေ။
    လူအချင်းချင်း လှည့်ဖျားခြင်း၊ အနိုင်ကျင့်ခြင်း၊ ကျေးဇူးရှင်ကို စော်ကားခြင်း နဲ့ မတရားလောဘ များ ကင်းရှင်းကြပါစေ။

    လေးစားစွာဖြင့်

    BTW –
    လက်မတွေ များလှချေလား။ ကျွန်မ လဲ FB ပေါ်မှာ တင်ပါရစေ။
    (လက်မ များကို မဟုတ်၊ ရှင့် စာတွေကို ပြောတာဖြစ်၏) 😉

Leave a Reply