အမေစုအတွက် ရခိုင်သားတဦးရဲ့ ကဗျာ

we R oneJune 11, 20121min20416

ချစ်ခဲ့ပါတယ်အမေရယ်
အမေ့ကို မြင်မြင်ချင်း မျက်ရည်လည်းကျခဲ့ဖူးတယ်
အမေလက်ဝှေ့ယမ်းပြတဲ့အခါ
” ဟေး ” ခနဲအော်လိုက်တဲ့ လူတွေထဲ
သားလည်းပါခဲ့ဖူးတယ် . . .

အမေရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ
အမေရွေးကောက်ပွဲ မဝင်သည်ဖြစ်စေ
အမေဟာ ကျနော်တို့ရဲ့ခေါင်းဆောင်
အမေဟာ ကျနော်တို့ရဲ့အမေ
တခါမှ မငြိုငြင်ခဲ့ဖူးအမေ . . .

အမေဟာ ဗမာတို့ရဲ့အမေမဟုတ်
အမေဟာ ကရင်တို့ရဲ့အမေမဟုတ်
အမေဟာ ကချင်တို့ရဲ့အမေမဟုတ်
အမေဟာ ကျနော်တို့ရခိုင်တွေရဲ့အမေမဟုတ်
ပြည်ထောင်စုတစ်ခုလုံးရဲ့အမေလို့
ဟောဒီရင်ထဲမှာ ဆူးစူးသလို
မှတ်ယူ နစ်ဝင်နေခဲ့တာပါ အမေ . . .

ကျောက်နီမော်က ရခိုင်သူလေးလည်း
အမေရဲ့ သမီးပါပဲ အမေ
သူဟာ လူမဆန်သူသုံးယောက်ရဲ့
အနိုင်ကျင့်စော်ကားခံရရုံသာမက
လည်မျိုနုန ကို ဓါးနဲ့ဟက်တက်လှီး
မသေခင် ဘယ်လောက်ညီးတွားခဲ့ရမယ်ဆိုတာ
ကြားယောင်ကြည့်ပေါ့ အမေ . . .

တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက်
ကျနော်တို့ လူမျိုးတွေထဲက စိတ်ဆတ်သူတွေသတ်မိတော့
အမေပြောတဲ့စကားကို ကြားယောင်ပြီး သိပ်ရှက်မိတယ် အမေ
အားကြီးသူဆိုတာ အားငယ်သူကို
စာနာသနားရတယ် ဆိုလား ဘာဆိုလား အမေ
ဟုတ်ပ ဟုတ်ပ . . . ကျနော် အကိုတွေ
မလိမ်မာ တခါမိုက် ရာဇဝင်တောင်တွင်လိုက်သေးတယ် အမေ . . .

ဆူးလေမှာလည်း ရန်ကုန်က
မြန်မာမွတ်ဆလင်ပါ ဆိုသူတွေလည်း ဆန္ဒပြ
အမေက လည်း မော်လဝီဆိုသူကြီးတွေကိုနှစ်သိမ့်
ပြဇတ်ကနေကြတဲ့အလား တညီတညွတ်
ကျနော်ဆို ပြည်ထောင်စုသားရခိုင်လူမျိုးဆိုတဲ့
ဂုဏ်တောင်ရှိလားမရှိလား မသိတော့
ကျနော်တို့ဟာ အဘိုးဗိုလ်ချုပ်ကိုယုံလို့
ပြည်ထောင်စုအလံအောက်ကို ခိုခဲ့ကြတာပါ အမေ
ကျနော်တို့ထက် သူတို့က ပိုအရေးကြီးနေသလား ???

အခု မောင်တောမြို့မှာ ကျနော်တို့ သားချင်းတွေ
မီးလောင်တိုက်သွင်းခံရ ဓါးနဲ့ခုတ်ခံရ ဒုတ်နဲ့ရိုက်ခံရ
ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသမှာ
ဒီလိုလုပ်ခံရတာအမေ . . . ပြောပါဦးလေ
အားကြီးသူတွေ . . . အားနွဲ့သူတွေ . . .

အခုတော့နားလည်းသွားပြီအမေ
မော်လဝီတွေကို နှစ်သိမ့်ခဲ့သမျှ
ပြည်ထောင်စုသားရခိုင်တွေဘက်ကြတော့
လှည့်တောင် အကြည့်မခံရတဲ့ဘဝ
နာတယ် အမေ နာတယ်
ဟောဒီ ရင်ဘတ်က တဆစ်ဆစ်နာတယ် . . .

ဟိုးနှစ်ပေါင်းထောင်ချီဆီက
အမေတို့နဲ့တနွယ်ထည်းစီးဆင်းခဲ့တဲ့သွေးတွေကလည်း
နာတယ် အမေ နာတယ်
အခုတော့ ကျနော်တို့ရခိုင်တွေမှာ
အဘိုးဗိုလ်ချုပ်လည်း ကွယ်လွယ်သွားပြီ
အမေ ကိုလည်း မေ့လိုက်ပါပြီ
နေသာသလို နေပါအမေ
မနေသာတဲ့ သားတို့ ညီအကို နိုင်ငံသားတွေ
လေညာကဆင်းပြီး ဝင်ပါကြပါလိမ့်မယ် . . .

နေသာသလိုသာ နေလိုက်ပါတော့အမေ
ကျနော်တို့လည်း နာသာသလိုသာ နာလိုက်ပါတော့မယ် . . .

မာဃလုလင်

်facebook.com မှာ ကူးယူဖော်ပြသည်..။

16 comments

  • htoosan

    June 11, 2012 at 12:41 pm

    ဒေါ်အောင်ဆန်းစုကြည် ရင်ထဲသို့လည်းထိုးဖောက်မြင်နိုင်ကြပါစေ ။
    လူထုခေါင်းဆောင် တစ်ယောက်အနေနဲ့ ထိန်းသင့်သာထိန်း ၊ ပြောသင့်သာပြောရမှာပါ။ လုပ်သင့်တာ သာ လုပ်ရမှာမို့ နားလည်ပေးနိုှုင်ကြပါစေ ဟုသာ..

  • Thu Wai

    June 11, 2012 at 4:38 pm

    ဘဝအဆက်ဆက်လဲ သံသရာကို တစ်ယောက်ထဲလည်ခဲ့ရပြီးပြီ အခုလဲ ဘယ်သူ့ကိုအားကိုးနေတာလဲ
    ကိုယ့်ဟာကိုဆော်ချင်ဆော် လိုအပ်ရင်လဲ ကျုပ်က ဝင်ပါဖို့ အသင့်ဗျ နောင်ကြီးရ။

  • လင်းဝေ

    June 11, 2012 at 4:50 pm

    အားလုံးရတက်မအေးဖြစ်နေကြရတဲ့ စိမ့်ဝင်ကျူးကျော် ရန်စခံရမှုကြီး။
    ဒီနေ့ဆိုရင် ပိုဆိုးလာမှာကို ကြောက်နေကြရတဲ့ ကိစ္စကြီး။
    ရခိုင်ပြည်နယ်အပြင် အခြားဒေသတွေကို မကူးစက်ပါစေနဲ့လို့ ဆုတောင်းနေကြရတဲ့ ကိစ္စကြီး။
    ဒီလို ကိစ္စကြီးအပေါ်မှာ ကမာ္ဘက သိတဲ့ မြန်မာတစ်ယောက်အနေနဲ့ ရပ်တည်ချက်ကို နှုတ်ပိတ်မနေသင့်ဘူးလို့ ထင်ပါတယ်။ တစ်ခုခုတော့ လုပ်သင့် ပြောသင့်ပါတယ်။
    အဆင်ပြေသလို ငြိမ်နေလို့ မဖြစ်ပါဘူး။ စကားမှားမှာ စိုးရိမ်ပြီး မပြောပဲ နေရအောင် သာမန်ပြည်သူမှ မဟုတ်တာဗျာ။

    • we R one

      June 11, 2012 at 5:11 pm

      ဟုတ်တယ် ကိုလင်းဝေ ရယ်.. ကျွန်မလဲ အဲလို အားမရဘူး ဖြစ်နေတယ်..။

  • အရီး Khin Latt

    June 11, 2012 at 5:18 pm

    မိခင်ကောင်း ဆိုတာ ကိုယ့်ကလေးနဲ့ သူများကလေး အကြောင်းတစ်ခုကြောင့် နှစ်ဖက်ရန်ဖြစ်ပြီ ဆိုရင် အကြောင်းရင်းမှန် မသိသေးခင် ကိုယ့်ကလေးကြောင့် ထိခိုက် မိတဲ့ သူ ကို အရင်တောင်းပန် ရပါတယ်။
    ထိခိုက်သွားမိပြီကိုး။
    နောက်ပိုင်းမှာ ပြသနာ ကို အသေးစိတ် ရှာဖွေပြီး အမှန်တရားကို ဖော်ထုတ် ပါလိမ့်မယ်။

    ဒေါ်အောင်ဆန်းစုကြည် လုံးဝ မညံ့ပါဘူး။
    ရှင်တို့ ကျွန်မ တို့ထက် အများကြီး တော်ပါတယ်။ အရည်အချင်း ပြည့်ပါတယ်။
    သူလုပ်ရမဲ့ တာဝန်၊ သူပြောရမဲ့ စကားတွေ ကို ပြင်ဆင် ပြီးသားဖြစ်မှာပါ။
    ကျွန်မ တော့ သူ့ကို အကြွင်းမဲ့ ယုံပါတယ်။
    အပြင်မှာ သူပြောလာမဲ့ စကားတွေကိုလဲ ကျွန်မ မျှော်လင့်ချက်ကြီးကြီး နဲ့ စောင့်နေပါတယ်။

    ဒါပေမဲ့ တစ်ဘက်က လဲ
    သူမ တန်ခိုးရှင် တစ်ယောက် မဟုတ်ပါဘူး။
    လူထဲက လူတစ်ယောက်မို့ မှားနိုင်ပါတယ်။
    အဲဒီလို များ မတော်တဆ အမှားဖြစ်ခဲ့ရင်
    စေတနာ နဲ့ မှားတဲ့အမှား၊ သူပြန်ဆင်ခြင်မဲ့ အမှား ကို ကျွန်မ တို့ ဘာလို့ လက်ညိုးထိုး အပြစ်တင်မှာလဲ။

    ရှင်တို့ရော၊ ကျွန်မ ရော သူ့လောက် တိုင်းပြည် နဲ့ ပြည်သူတွေကို စေတနာ ထားနိုင်လို့လား။
    သူ့လောက် ပညာရေးရာ အရည်အချင်း၊ လူမှုဆက်ဆံရေး အရည်အချင်း ပြည့်ဝ ရဲ့လား။
    ဒီလို မဟုတ်ဘဲ နဲ့ ကိုယ့်အလို မဟုတ်ရင် “ငတုံး” ဆိုတဲ့ ပုံစံနဲ့
    အလားကား အော်နေသူများ ရှိခဲ့ရင်ကိုယ်ဘာလဲ ဆိုတာ ကိုယ့်ကိုယ်ကို မှန်ထဲ အရင်ပြန်ကြည့်လိုက်ကြပါဦး။

    • we R one

      June 11, 2012 at 5:26 pm

      ်အရီးလတ် ပြောတာ ကို ကျွန်မ အပြည်အဝ နားလည် သဘောပေါက် လက်ခံပါတယ်..။ ကျွန်မတို့ဘက်ကလည်း သူ့လို့ ကမာ္ဘသိ မြန်မာ တစ်ယောက်ရဲ့ ရခိုင် လူထုအတွက် သိသိသာသာ တစ်ခုခု လုပ်ပေးဖို့ ကို မျှော်လင့်နေတာ ကိုလည်း အရီးလတ် နားလည်လိမ့်မယ်ထင်ပါတယ်..။

      • အရီး Khin Latt

        June 11, 2012 at 5:36 pm

        အရီးနားလည်ပါတယ်။
        အရီးလဲ ကိုယ့်သွေးချင်း တွေအတွက် ဆတ်ဆတ်ခါနာပါတယ်။
        ဖြစ်နိုင်ရင် ကိုယ်တိုင်တောင် အဲဒီကို သွားပြီး ကာကွယ်လိုက်ချင်ပါတယ်။
        သိတဲ့ အတိုင်း – ဒါပေမဲ့ ဆိုတဲ့ စကားကို ဘဲ အရှက်မရှိ ပြောရင်း ကီးဘုတ်ကို လက်နက် လို သုံးပါရစေတော့။

        ဒီတော့ ကိုယ်မလုပ်နိုင်တာ ကို လုပ်ပေးနေတဲ့ သူ ကို ယုံကြည်ကြတာပေါ့။
        သူ့ကြောင့် အခြေအနေအများကြီး ကောင်းလာတာ လက်တွေ့ဘဲ။
        ရခိုင် ဆိုတာလဲ သူ့သွေးသားရင်း လို့ သူ့ရင်ထဲမှာ ထားမယ် ဆိုတာ အရီးတော့ အပြည့်အဝ ယုံပါတယ်။

        အချိန်လေး နဲနဲ ထပ်စောင့်ကြည့်ပါဦး။
        အချိန်ကျရင် သူဘာပြောမလဲ အရီးတို့စောင့်ကြည့် ကြတာပေါ့။

    • ငပွကြီး

      June 11, 2012 at 10:35 pm

      အရီးလတ်ပြောတာကိုအပြည့်အဝထောက်ခံပါတယ်
      ဒေါ်စုက လောလောဆယ် အစိုးရမဟုတ်တဲ့အတွက် သူစိတ်ရှိတောင်မှလုပ်လို့မရသေးတဲ့အနေအထားပါ
      ဒီကဗျာကိုရေးတဲ့သူကိုလဲ လုံးဝ ကန့်ကွက်တယ် တင်တဲ့သူကိုလဲ လုံးဝ ကန့်ကွက်တယ်
      မကျေနပ်လဲ မတတ်နှိင်ဘူး ကဗျာထဲကလို ရင်နာလဲ နာသာနာလိုက်
      လောလောဆယ်ဒေါ်စုရဲ့အနေအထား အခြေအနေကိုတောင် မသုံးသပ်တတ်ဘဲနဲ့ ဒီလိုရေးတာ တင်တာဟာ ရိုးသားသောစိတ်လုံးဝမဟုတ်တဲ့ မနာလိုစိတ်ကိုဘဲ မြင်တယ်
      အရီးလတ်ရေ နီနေတာတွေ့လို့ ပြန်စိမ်းခဲ့ပါတယ်..

  • sunny123

    June 11, 2012 at 5:53 pm

    မိန်းမတစ်ယောက်ကိုမင်းတို့ဘာကြောင့်အကုန်အားကိုးနေတာလဲ ငါတို့တွေ ခလေး မှ မဟုတ်တာ….
    တို့ကိုယ် တိုင် ကိုယ့်လူမျုုိုး ကိုယ်တိုင်းပြည်ကို ကာကွယ် ရမယ် တို့ရခိုင်တိုင်းရင်းသားတွေ သူတို.ကိုကြောက် လို.
    ထွက်ပြေးရတာ ရင်တော. နာသားလား………

  • swelet khut

    June 11, 2012 at 7:43 pm

    ဘာဖြစ်လို့ ဒေါ်စုနဲ့ အန်အယ်လ်ဒီ ကိုဒီကိတ်စမှာအတင်းဝင်ပါ၊ အတင်းတစ်ခုခုပြောပါလုပ်နေကြတာလဲ။
    လက်ရှိတာဝန်ရှိတာဘယ်သူလဲ။ အစိုးရပဲ။ သူတို့လုပ်ပါလိမ့်မယ်။ သူတို့လုပ်တာ လောလောဆယ်မှာ ဒေါ်စု တို့ပြောတာ လုပ်တာထက်ထိရောက်အောင်လုပ်နိုင်ပါတယ်။ တကယ် လုပ်ရမဲ့တာဝန်ရှိတဲ့သူတွေလုပ်ခိုင်းကြလေ။ လုပ်လဲလုပ်နေကြပါတယ်။၈၈ သမားတွေပြောတာနဲ့ ဒေါ်စုကပါပြောသင့်တယ် သွားမလုပ်နဲ့လေ။ ဟိုကတကိုယ်ရေတကာရသမား။ ဘာမှတရားဝင်အဖွဲ့အစည်းလဲမဟုတ်။ တစ်ချိန်မှာ ဒီအနေအထားကနေ ထပ်တိုးတက်လာနိုင်လောက်တဲ့အနေအထားရှိသူတွေမဟုတ်ပါဘူး။ ဒီလိုပြောလို့ သူတို့ကို စော်ကားတာမဟုတ်ဘူး။ အမှန်ပြောတာ။ အန်အယ်လ်ဒီဆိုတာ တစ်ချိန်မှာ အစိုးရတောင်ဖြစ်၊နိုင်တာ။ လုပ်တာ။ ပြောတာ။ သတိနဲ့လုပ်နေရတဲ့အနေအထားပါ။ ဒီပလိုမက်ဆိုတာရှိတယ်။ ဘာဖြစ်လဲု့ အန်အယ်ဒီကို ထောင်ချောက်ထဲအတင်း ဆွဲသွင်းချင်တာလဲ။ ကျွန်တော့အမြင်ကတော့ တကယ်တာဝန်ရှိတဲ့သူတွေ သူတဲု့ရဲ့ ပလန်အတိုင်းလုပ်ပါစေ။ ကိုယ်က စေတနာပါဆိုပီးသွားပြော၊ သွားလုပ်လဲု့ဖြစ်မလား။ သူတဲု့မှာ အာဏ၊ လုပ်ပိုင်ခွင့်တွေရှိပါတယ်။ အခုအချိန်ဟာ အရမ်း ဆန်းစတစ်ဖြစ်တဲ့အနေအထားမှာရှိပါတယ်။ ကိုယ်က ဘယ်အချိန်မှာ အစိုးရကိုကူမလဲ မပြတ်စောင့်ကြည့်နေပါ။ လိုအပ်တဲ့အခါလက်တွဲဖို့ ဝန်မလေးပါနဲ့။

  • အလင်းဆက်

    June 11, 2012 at 8:11 pm

    we R one..
    မတွေ ့ရတာကြာပြီ.။

    အခု လို ကဗျာကောင်းလေး တစ်ပုဒ်နဲ ့အတူ..တွေ ့ရတော့ ဝမ်းသာမိတယ် ။
    ကျေးဇူးတင်ပါတယ်..ဗျ ။

  • kai

    June 12, 2012 at 3:28 am

    မြန်မာလူထုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို သွေးခွဲတဲ့.. ကဗျာပဲ..
    အဲဒီလိုမြင်ပါတယ်..

    ကြားထဲက.. ဘာသာရေးချွန်တွန်းလေးပါ.. ပါလိုက်သေး..
    ရခိုင်လူမျိုးမွတ်ဆလင် .. မရှိတာကျနေတာပဲလေ..

    အနိစ္စ…

    မွတ်ဆလင်ဆိုတာ.. အစ္စလမ်ဘာသာ ကိုးကွယ်ယုံကြည်သူ..

    mus·lim/ˈməzləm/
    Noun: A follower of the religion of Islam.

    ဗမာလည်းဖြစ်နိုင်တယ်.။ မွန်လည်းဖြစ်နိုင်တယ်.။ ကချင်လည်းဖြစ်နို်တယ်…။ ကရင်လည်းဖြစ်နိုင်တယ်..
    ရှမ်းလည်းဖြစ်နို်င်တယ်..
    အမေရိကန်လည်းဖြစ်နိုင်တယ်..

    အဲ..
    ဂျပန်လည်းဖြစ်နိုင်တယ်..
    ဂျာမန်လည်းဖြစ်နိုင်သေးတာပဲ..။

    ဒီလိုအချိန်မှာ.. ရှေးစွန်းစွဲတွေကို.. သိပ်ပြီးပင့်မြှောက်ခိုင်းလို. သွေးထိုးလို့ကောင်းတယ်..
    လွှတ်ထားရင်..

    ကျုုပ်ပါ.. မွတ်ဆလင်လာလုပ်နေဦးမယ်..
    ကယ်တော်မူပါ.. ဗုဒ္ဓ :mrgreen:

  • ငပွကြီး

    June 12, 2012 at 9:13 am

    (kai says:

    မြန်မာလူထုနဲ့ဒေါ်အောင်ဆန်းစုကြည်ကို သွေးခွဲတဲ့.. ကဗျာပဲ..
    အဲဒီလိုမြင်ပါတယ်..

    ကြားထဲက.. ဘာသာရေးချွန်တွန်းလေးပါ.. ပါလိုက်သေး..)
    ကျွှန်တော်လဲ ဒီလိုဘဲပြောချင်တာပါ သူကြီးလိုမျိုးလှလှပပ မပြောတတ်တော့ ဒေါသသံပါနေတယ်..

  • shwe kyi

    June 12, 2012 at 11:14 am

    အန်တီကို ယုံကြည်ပြီးစောင့်ကြည့်ပေးကြပါ။ အန်တီကို သူတို့သွားငိုပြတုန်းက အခုအရေးအခင်းတွေ
    မဖြစ်သေးပါဘူး။ ကမ္ဘာကသိတဲ့ခေါင်းဆောင်တစ်ယောက် သတင်းထောက်တွေရှေ့မှာ စကားမှား
    သွားလို့ မဖြစ်ပါ။ အားလုံးသောအဖြစ်အပျက်တွေဟာ ကြောက်စရာကောင်းလောက်အောင်ချောင်ပိတ် ဖမ်းတာပါ။ အကွက်ကျကျစီစဉ်ထားတာပါ။ သတိရှိကြပါ။ ကိုယ့်မြေမှာနေပြီးစော်ကားခံရတဲ့အတွက်
    ရခိုင်တမျိုးသားလုံးနဲ့ ထပ်တူဝမ်းနည်း ဒေါသဖြစ်ရပါတယ်။ သွေးမကွဲပါစေနဲ့ရှင်။
    အခံရခက်နေတာကိုလည်းနားလည်ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေဆဲပါ။

  • မွန်မွန်

    June 12, 2012 at 5:41 pm

    ဒီလိုငြိမ်နေတာတောင်မှ နိုင်ငံတကာမှာ ရခိုင်တွေ နှိပ်စက်နေပါတယ်လို့ သတင်းတွေဖြန့်နေတာလေ..အခုချိန်မှာ ငြိမ်နေလိုက်တာ အကောင်းဆုံးလို့ ထင်တာပဲ..လူတွေအကုန်လုံးဘေးကင်းတဲ့ နေရာမှာ ခိုလှုံနေပြီး သူတို့ ဖျက်ဆီးနေသမျှကို စောင့်ကြည့်နေလိုက်ရင် သူတို့ အဆိုးဆိုတာ ပေါ်လာမှာပါ…ဘာမှမလုပ်တာတောင် ကိုယ်ဆိုးဖြစ်နေတာ နည်းနည်းလေးလုပ်ကြည့်လိုက်ရင် နိုင်ငံတကာကို တက်အော်ကြပါလိမ့်မယ်..အဲဒီ နိုင်ငံတကာမှာလည်း သူတို့လူတွေ အများကြီးပါ။ နည်းနည်းစိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်လိုက်ပါ။ လုပ်ရမှာက ခိုလှုံနေရတဲ့ ကျွန်မတို့ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်တွေကို လုံခြုံရေးနဲ့ တပ်မတော်က ကာကွယ်ပေးဖို့ပါပဲ…

Leave a Reply