*** သောကတွေနဲ့ လုံးထွေးရင်း
သွေးလန့်စရာကောင်းတဲ့ အချိန်နာရီတွေကို
သူတို့ ဖြတ်ကျော်နေကြလေရဲ့။
ယုတ်မာ ပက်စက်တဲ့ လူတစုက
သူတို့ ရပ်တည်နေကြတဲ့ မြေလွှာပြင်ကို
ပြာပုံအဖြစ် ဖန်တီးခဲ့ကြတယ်။

*** အသက်တွေကို ချွေမွတ်ရုံနဲ့ မကျေနပ်သေး
တနပ်စာကို မီးရှိုးဖျက်စီးရုံနဲ့ မကျေနပ်သေး
အများသောက်သုံး ရေကန်ကိုတောင်
အဆိပ်ခပ်လိုက်သေးတယ်။
လူမဆန်မှုက ကန်းကုန်ပါလေရော….။
အဲ့ဒီ အစတေးခံ လူသားတွေအတွက်
ဘယ်မလဲ သောက်သုံးရေ
ဘယ်မလဲ တနပ်စာ
ဘယ်မလဲ ကြောတခင်းစာ
ဘယ်မလဲ သောက၏ခုံလုံရ။

*** ဒီမိုကရေစီ တော်လှန်ရေးတလျှောက်
ကျနော်တို့ ထောပနာပြုခဲ့တဲ့ ဘီဘီစီ
ကျနော်တို့ အားကိုးခဲ့တဲ့ ဘီဘီစီ
ခုတော့…
ပြည်ပကျူးကျော်သူတွေရဲ့ ဒေါက်တိုင်အဖြစ်
အရှက်မရှိ ရပ်တည်နေလေရဲ့…။
အဖြစ်မှန် သတင်းအချက်အလက်တွေကို
ဂုဏ်သရေမဲ့ ပြောင်းပြန်လှန်လေရဲ့…။
အော်…
သနားစရာကောင်းလိုက်တာ
မြန်မာပိုင်း အစီစဉ် ဘီဘီစီ ဝိုင်းတော်သားတို့ရေ။

*** အဲဒီ ၂% ရာခိုင်နှုံးထဲမှာ
ကိုယ့်ဘာသာ
ကိုယ့်လူမျိုး
ကိုယ့်ယဉ်ကျေးမှု
ကိုယ့်နိုင်ငံ၊ ကိုယ့်အချုပ်အခြာအာဏာကို
အသက်စတေးပြီး ကာကွယ်ခဲ့ကြသူတွေပါတယ်။
ပြည်ပကျူးကျော်ရန်ကို
ခေတ်အဆက်ဆက် တွန်းလှန်ခဲ့ကြသူတွေပါတယ်။
တချိန်တုန်းက…
မေတ္တာရှင် ပြည်သူ့အလယ်မှာ
စိတ်ချမ်းသာသာ ဘဝရှင်သန်ခဲ့ကြသူတွေ။
နောက်ပြီး…
တနေ့လုပ်ခ လစာနဲ့ မမျှတတာရယ်ကြောင်း
ဝမ်းရေးအတွက်
ငရဲရွာကို ရွှေပြည်တော်အမှတ်နဲ့
အုပ်ချုပ်သူ၊ မြူဆွယ်သူတချို့ရဲ့မက်လုံးကို
ယုံမှတ်လို့ ပုံအပ်တဲ့သဘော သဘာဝတွေကြောင့်
ပြည်မကို စွန့်ခွါလာခဲ့ကြတဲ့
၎-၅-၆ ရွာက သွေးချင်း ဗမာတချို့ကလဲ
ခုတော့…
အစတေးခံ ၂% ရာခိုင်နှုံးထဲမှာ
သောကတွေကို ရခိုင်တွေနဲ့အတူ မျှဝေနေကြရတာပေါ့လေ။

*** အဲဒီ ကျူးကျော်သူ ဘင်္ဂလီ ရိုဟင်ဂျာဆိုသူ တွေကြောင်း
သောကတွေကိုပွေ့ဖက်
အသက်ကို ဖက်မှာထုပ်ရင်း
သွေးပျက်စရာကောင်းတဲ့
ညဥ့်နက်တွေရဲ့အရေတွက်တွေနဲ့
အမြဲကြုံခဲ့ရတဲ့ ကျီးလန့်စာစားဖြစ်ရပ်တွေကို
ကျနော်တို့…
ဘယ်တုန်းက မှတ်တမ်းတွေ လုပ်ခဲ့ကြလို့လဲဗျာ။

*** ကုလားနဲ့ပတ်သတ်လာရင်
ရခိုင်တွေက ကြိုတင်မြင်နိုင်ပေမဲ့
သူတို့ရဲ့ သတိပေးသံတွေကို
ကျနော်တို့က ပျက်ရည်ပြုခဲ့ကြတယ်လေ။
ထားလိုက်ပါတော့…
ရင်နာလို့ မဆုံးလို့ပါ။
ဒါပေမဲ့
ထားခဲ့လို့မရတဲ့ မပြောမဖြစ်ပြောရမဲ့ အရာတခုက
မေတ္တာသ္မားယောင်ယောင်
ဆေးခါးထဲမှာ သကြားအုပ်ကာ
ရွှေပြည်အေးတရား လက်ကိုင်ထားကြတဲ့
လူ့အခွင့်ရေးကိုဗန်းပြနေကြတဲ့
ဖောက်ပြန်ရေးသ္မား မီဒီယာအုပ်စုတွေ
လုပ်စားနိုင်ငံရေးသ္မားတွေ
သူတို့တွေ မွှေးလိုက်တဲ့မီးတောင့်ကြီးက
ငါတို့အားလုံးအတွက်
အပူမီးတွေ တောက်လောင်ခဲ့ရပါပြီကော။

*** ပကတိအနေထားကို ပြောင်းပြန်လှန်ယင်း
ကီးဘုတ်ဆိုတဲ့ ကျည်ဆန်
လူမျိုးတုန်း သေစေတဲ့အသံ
အဲဒါတွေကို ပိုင်ထားတဲ့
ဘီဘီစီ စတာတွေရဲ့ ရပ်တည်ဟန်
ပက်စက်ယုတ်မာတဲ့ ဘင်္ဂလီတွေရဲ့ အကြံဥာဏ်အောက်မှာ
မရှုမလှ၊ ယူကြူးမရ
ဘဝပျက်ခဲ့ကြရတဲ့ သူတို့တွေအတွက်။
နောက်ပြီး…
ကျနော်တို့ အမျိုးဘာသာ သာသနာရဲ့ရန်
အမျိုးသာရေးလက္ခဏာရဲ့ရန်
လူသားမျိုးနွယ်စုတွေရဲ့ရန်
အဲ့ဒါတွေကို ခုခံခဲ့ကြတဲ့
၂%ရာခိုင်နှုံးသော အစတေးခံလူသားများအတွက်
ကျနော်တို့ ဝိုင်းရံမပေးသင့်ဘူလားဗျာ
စာနာမပေးသင့်ဘူးလားဗျာ
မသနားသင့်ဘူးလားဗျာ
အမှန်တရားအတွက်
အားလုံး မပါဝင်သင့်ဘူးလားဗျာ…။

 

 

facebook မှ ကူးယူဖော်ပြသည်..။

About we R one

has written 65 post in this Website..

https://5tds.wordpress.com/