2000 Group ( B-20 ) သဝဏ်လွှာ (၄၅) by May Aye Oo

Swal Taw YwetJune 11, 20125min830

သဝဏ်လွှာ (၄၅)

by May Aye Oo on Friday, May 18, 2012 at 8:28am ·

 

 အလှူခံပါရစေ .. ရှင် …. ။

 

ပညာရေးအလှူ

အခမဲ့ဆေးခန်း

ပြည် – ပရဟိတကျောင်း

ဂန္ဓမာ စက်မှုရပ်ကွက်၊ ပြည်မြို့။

၂၆-၂ရ မေလ ၂၀၁၂

 

တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း (ကျန်စစ်မင်း) သည်

စိတ်နှလုံးပူပန်ခြင်းကြောင့် ကျရသော ပြည်သူအပေါင်း၏ မျက်ရည်၊ နှပ်၊ ချွေးတို့ကို

ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပေးအံ့ ..။

တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း  သည်

ပြည်သူအပေါင်းအား လကျင်္ာလက်ဖြင့် ထမင်းမုန့်ကိုပေးအံ့၊

လက်ဝဲလက်ဖြင့် အဝတ်အထည်ကိုဝေအံ့ ..။

ငါ၏ပြည်သူအပေါင်းသည် အမိရင်ခွင်ရှိ ကလေးသူများကဲ့သို့ ဖြစ်ကြလတ္တံ့ .. ။   ။

(ကျန်စစ်မင်းကျောက်စာ-ထီးလှိုင်ရှင်စေတီ)

 

ကျန်စစ်မင်းကြီးရဲ့ ပြည်သူတွေပေါ်ထားတဲ့ မေတ္တာ၊ စေတနာ နဲ့ ဂရုဏာ ကို ခံစားနိုင်၊ မြင်နိုင်တဲ့ .. ကျောက်စာပါ..။

ကျမတို့လဲ .. တတ်နိုင်သလောက် .. ပညာရေး ဝေးကြ ခက်ခဲကြရှာတဲ့..၊ ကျန်းမာရေး စောင့်ရှောက်မှု ဝေးကြ ခက်ခဲကြရှာတဲ့

အဆွေအမျိုးများ..၊ ကလေးများ ကို တတ်စွမ်းသမျှ ကိုယ်စွမ်း၊ ာဏ်စွမ်း ရှိသမျှ ကူညီကြပါစို့..။

 

ပညာသင်နှစ် အသစ် စတော့မှာမို့ ပညာရေး အလှူတွေ၊ ပညာရေးထောက်ပံ့မှုတွေ ပြန်စ တော့မှာပါ..။

 

အခုကတော့ ပညာရေးထောက်ပံ့မှုရဲ့ (ဒီ ပညာသင်နှစ် ၂၀၁၂-၂၀၁၃ အတွက် ) ပထမခြေလှမ်းပါ..။

 

ဗလာစာအုပ် – ၁၆၀ဝ × ၂၀ဝ ဒါဇင် (ပြည်၊ ကျောက်ကွင်း) = ၃ သိန်းနှစ်သောင်းကျပ်

လဲလူရွာ – ကိုယ်ထူကိုယ်ထကျောင်း အတွက် ဆရာ/မ ငှားပေးရန် ၄သိန်း (တစ်နှစ်စာ) × ၂ ဦး = ၈ သိန်းကျပ်

အခမဲ့ဆေးခန်းအတွက် ဆေးဝယ်ရန် = ၂ သိန်းခွဲ ကျပ်

ပြည်-ပရဟိတကျောင်း စတင်ထူထောင်ရန် – မြေ ၂၃ဝ ပေ × ၂၀ဝ ပေ = ၄၅ သိန်း ကျပ်

ကလေးများအတွက်ကျောင်းဆောင် ခြေတံရှည်၊ ပျဉ်ခင်း၊ ပျဉ်ကာ = ၁၈ သိန်း ကျပ်

နလန်တောင်ရွာဘုန်းတော်ကြီးကျောင်းအတွက် ဆိုလာ မီးအိမ် – ၃သောင်းခွဲ ကျပ်

 

တတ်နိုင်သ နည်းများမဆို ပါဝင်နိုင်ကြပါတယ်..။

မိုးစက်မိုးပေါက်ကလေးတွေကနေ.. မြစ်ချောင်းအင်းအိုင်တွေ ပြည့်ကြရတာဘဲမို့လား.. ရှင်..။

 

 – x –x – x  – x –x – x  – x –x – x –

 

 

သဝဏ်လွှာ (၄၄)

 

“If you can’t feed a hundred people, then feed just one.” – Mother Teresa

ပြည် – ပရဟိတ ဘုန်းတော်ကြီးကျောင်း စ, တင် တည်ထောင်ရန် အလှူရှင်များ ဖိတ်ခေါ်ခြင်း။

ဂန္ဓမာ စက်မှုရပ်ကွက်၊ ပြည်မြို့။

 

ကျမတို့ ပဲခူးတိုင်းအနောက်ဘက်ခြမ်းက ကျောက်ကွင်းရွာကလေးကနေ ဗဟိုပြုပြီး  သာသနာရေး၊ ပညာရေး နဲ့ လူမှုရေး တွေ ကူညီခဲ့တာ..၊ လိုအပ်တဲ့နေရာတွေမှာ ရေတွင်း၊ ရေကန် တူးပေး၊ စာကြည့်တိုက်ဖွင့်ပေး၊ ကျေးရွာလေးတွေက စာသင်ကျောင်းတွေ၊ ကလေးတွေ၊ လူငယ်တွေ အတွက် ပညာရေးဆက်နိုင်ဘို့ ကျောင်းဆောက်ပေးခဲ့၊ ဖတ်စာအုပ်၊ ဗလာစာအုပ် အစရှိတဲ့ စာရေးကိရိယာတွေ ကူညီခဲ့၊ တစ်ဦးချင်းပညာရေးထောက်ပံ့မှုတွေလဲပေးခဲ့ပါတယ်..။ ကလေးအများစုကို မူလတန်း ပညာ သင်နိုင်အောင် ကူညီပေးခဲ့ပါတယ်..။ တစ်ချို့ကိုတော့ အလယ်တန်းအဆင့်ထိ သင်နိုင်အောင် ကူညီနိုင်ခဲ့ပါတယ်..။

 

Our group has been providing humanitarian supports and developments such as establishing wells, village libraries; renovating/improving/rebuilding village schools; supporting students to continue their educations by providing text books, exercise books and stationaries and also education aid programs (scholarships for outstanding and also for normal students) to all the villages and areas those we could cover by setting the Kyauk Kwin village as a base. We could help most of the children to complete their primary level education and some to complete their secondary level education (junior high).

 

ဒါပေမဲ့ အဲဒီကလေးတွေ မူလတန်း၊ အလယ်တန်း တွေက အောင်လာကြရင်.. ကျမတို့ ဘယ်လို ဆက်ကူညီကြမလဲ.. ဆိုတာ ကျောက်ကွင်းဆရာတော် နဲ့ ဆွေးနွေးကြရင်း ဆရာတော်က ပြည်မြို့ ပေါ်မှာ ပရဟိတ ကျောင်းကလေး စ, ပြီး ထူထောင်ချင်ပါတယ်.. တဲ့..။ ကျမတို့ ကျောင်းဆောက်လှူထားတဲ့ နလန်တောင်တို့၊ လဲလူတို့၊ ကျောက်ကွင်းရွာ တို့ က ကလေးတွေ.. လဲ.. မူလတန်းလွန် အဆင့် ရောက်လာကြရင်.. အနဲဆုံး ဝက်ထီးကန်မြို့ပေါ်ကို တက်ပြီး၊ ၈ တန်း၊ ၉တန်း၊ ၁ဝ တန်း တက်ကြရပါတယ်..။ အဆောင်ခ၊ ထမင်းစရိတ် နဲ့ အထွေထွေစရိတ် တွေ မတတ်နိုင်ကြတော့၊ ကျောင်းဆက် မတက်နိုင်ကြတော့ဘူးပေါ့..။ စာသင်ဖို့လဲ စိတ်ဝင်စား၊ အရည်အချင်းလဲ ရှိတဲ့ ကလေးတွေကို ပညာရေး ဆက်ပေးချင်ပါတယ်..။

 

But what got us is that what and how shall we continue to help those students after they finish their primary and secondary level educations? We had a discussion upon that matter with the honorable monk from Kyauk Kwin village monastery and the comment was to establish a monastic education school in a town called Pyay. For the students who finish primary level education and reach secondary level and high school level from Nalan Taung, Lal Lu and Kyauk Kwin villages where we donated village Post Primary school, they have to continue their high school level classes in Wat Htee Kan Township. The expenses for Dorm, daily meals and general expenses are too much burden for them to continue their education. But we would like to help outstanding students who has will and potential to continue their education.

 

အကယ်၍ ဝက်ထီးကန်မြို့ပေါ်မှာဘဲ ပရဟိတကျောင်းလုပ်ခဲ့ရင် အထက်တန်းကျောင်းသားအထိဘဲ လက်ခံလို့ရမှာပါ..။ ပြည်မြို့ပေါ်မှာ ဆိုတော့ တက္ကသိုလ် အဆင့်ထိ ကူညီပေးလို့ရတာပေါ့..။ ကျမတို့ တစ်ခါက ကူညီပေးခဲ့တဲ့ သူနာပြု ဒီပလိုမာ ကျောင်းသားလိုမျိုးဆိုရင်.. အဆောင်စရိတ်၊ စားစရိတ် သက်သာသွားမှာလေ..။

 

If we help establish the school in Wat Htee Kan Township, we could only support up to high school level but if we establish the school in Pyay, we could support up to College/University level. Just like the student we supported for Diploma in Nursing. It will weight down their expenses for Dorm and daily meals.

 

ဒါကြောင့် ပြည်မြို့ပေါ်မှာ နေရာရှာကြည့်ကြတော့ ပြည်မြို့ ဂန္ဓမာရပ် က သာသနာ့မြေ ပါမစ်ကျပြီး ပေ ၂၀ဝ × ၂၃ဝ အကွက်ကို ၄၅ သိန်းနဲ့ ရပါမယ်..။ ဒီစာသင်နှစ်အမှီ အမြန်ဆုံး ကလေးတွေ ထားလို့ ရအောင်.. နလန်တောင်လို..၊ လဲလူရွာကလို ကျောင်းကလေး တစ်ဆောင် အမြန်ဆောက်လိုက်ရင် ၁၈ သိန်းကျပါမယ်..။ စုစုပေါင်း ၆၃ သိန်းပေါ့..။ တတ်နိုင်တဲ့ သူများ နဲ့ အဖွဲ့များ အနေနဲ့ ဆိုရင်.. တစ်ဦးတည်း အလှူရှင်တောင် ဖြစ်ချင်လို့ရပါတယ်..။ ဒီငွေ ပမာဏ နဲ့ ပရဟိတ ကျောင်းတစ်ကျောင်းရဲ့ ပင်မ မ,တည် အလှူရှင် အဖြစ် ခံယူနိုင်ကြ ပါတယ်..။

 

As we continue our research, there is a valid land site (with 200 x 230 in feet) for sale with 4.5 million kyats. And if we build a school building as like in Nalan Taung and Lal Lu villages to be able to start before this year intake, it will cost another 1.8 million kyats. Total 6.3 million kyats for both land and the building. If there’s anyone who would like to be a main donor (maybe individual or maybe a group) we are more than welcome to contact us to 2000.donation.group@gmail.com or directly to Honorable Monk of Kyauk Kwin village monastery

 

U Thilar Sarra, Honorable Monk of Kyauk Kwin village monastery

Ph : 09-4957 6771

Kyauk Kwin Village

Wat Htee Kan Area

Pyay District, Pegu Division.

 

The amount of money is not the thing that counts but the will and your generosity. Let’s help our future stars shine as they’re meant to be and as bright as they’re supposed to be.

 

နည်း၊ များ မဆို ကုသိုလ်ပါဝင်လို သူများ ကျမရဲ့ email    2000.donation.group@gmail.com  ကိုဆက်သွယ်လို့ရပါတယ်..။

 

ကျောက်ကွင်း ဆရာတော်ကို တိုက်ရိုက်ဆက်သွယ်ရင်လဲ ရပါတယ်..။

 

ကျောက်ကွင်းဆရာတော် ဦးသီလာစာရ

ဖုန်း – ဝ၉-၄၉၅ရ ၆၇၇၁

ကျောက်ကွင်းကျေးရွာ

ဝက်ထီးကန်နယ်မြေ

ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။

 

ဒီစာသင်နှစ်အမှီ ကလေးတွေကို ကူညီနိုင်အောင် ကြိုးစားချင်တာမို့ ကမ်းလင့်လက်များနဲ့ ကုသိုလ်ရှင်များကို ဖိတ်ခေါ်လိုက်ပါရစေ .. ..။

 

ဝိုင်းဝန်းလိုက်ကြအုံးစို့ရဲ့ … နော် ….။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

Dear MG Villagers, our MG villager ( Daw May Aye Oo ) is trying to support as much as she can, Please try to support her as much as you can. OK?

Dear Readers,

Please try to help others whom needed.

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

( Yangon, Myanmar )