ဈေးတန်းထဲသို ့အလည်တစ်ခေါက်

aye.kkJune 11, 20124min11943

မြန် မာ နိုင် ငံ နှင့် ၊ တ ဖက် ထိုင်း နိုင် ငံ နယ် စပ် မြို ့လေး ဖြစ် သော ၊ တာ ချီ လိတ်-မယ်ဆိုင် ချစ် ကြည် ရေး တံ တား အ နီး ရှိ ၊ မယ် ဆိုင် မြို ့ စ နေ နေ ့ည နေ ခင်း ဈေး တန်း လေး သို ့အ လည် ရောက် စဉ် က ၊ ရိုက် ထား သော ပုံ လေး များ ဖြစ် ပါ သည်။

စ နေ ဈေး နေ ့၊ ည နေ ခင်း ဈေး တန်း လေး ပါ။

အ ပေါ် က ပုံ နဲ ့ နည်း နည်း လေး ကွဲ ပါ တယ်။

သ ရေ စာ မုန့် ဆိုင် နဲ ့ကြက် ကင် ဆိုင် လေး မြင် ရ ပုံ။

သူ တို ့ဆီ က ယာဉ် ထိန်း ရဲ..။။

အ ချို ့က လည်း ဈေး လာ ခင်း တာ နောက် ကျ နေ ။

အ ချို ဖျော် ရည် ရောင်း ချ နေ သည့် ဈေး ခုံ လေး ကို တွေ ့ရ သည် ။ (သောက် လို ့တော့ ကောင်း ပါ သည်)

နိုင် ငံ ခြား သား တွေ လည်း ဗီ ဒီ ယို ရိုက် ကြ သည်။

ဈေး လာ လည် သူ နှင့် ဝယ် သူ တွေ။

ကင် ပြီး သား အ သား များ ကို လည်း စား သုံး ရန် အ သင့် ရောင်း ချ သည်။

အ ထည် များ ချ ခင်း ရောင်း ကြ သည်။

ပ လက် ဖောင်း အ ရှေ ့ဖက် လှည့် ၍ လည်း ရောင်း ကြ သည် ။(အ ခု မှ ခင်း နေ တုံး)

ပ လက် ဖောင်း ပေါ် က ခွေး က လေး ၊ ဈေး သည် တစ် ဦး က အ င်္ကျီ ဝတ် ထား ပေး ။ (မေး ကြည့် မိ တော့ အေး မည် စိုး ၍ ဟု ပြော ပါ သည်)

မယ် ဆိုင် ချောင်း ဘေး ည နေ ရှူ ခင်း လေး တွေ ့မြင် ရ ပုံ။

ရေ ပေါ် ဈေး ဆိုင် (သူ တို ့အ ခေါ် အ ဝေါ်)၊ စား သောက် ဆိုင် တန်း လှမ်း မြင် ရ ပုံ။

ဒါ က တော့ တံ တား ပေါ် မှာ ၊ ထိုင်း တွေ သူ တို ့ဘက် ကမ်း ပြန် လာ နေ ကြ တဲ့ ပုံ ။

တံ တား ပိတ် ခါ နီး ဆို တော့ ပြန် ကုန် ကြ ပြီ။

အား လုံး လည်း စိတ် အ ပန်း ပြေ မည် ဟု ယူ ဆ မိ ပါ သည်။။

43 comments

  • pooch

    June 11, 2012 at 11:24 pm

    ဝင်လည်သွားပါတယ် အန်တီအေး။
    မယ်ဆိုင်ချောင်းလေးက ရေကျနေတယ်မှတ်တာပဲ။ တခါ သွားလည်တုန်းက ရေတော်တော်များတယ် ထင်တယ်။ တခေါက်ပဲ ရောက်ဖူးတာပါ။
    မရောက်တာ ကြာနေပြီ။ သူတို့ ဈေးတန်းက မုန့်တွေ စားကောင်းတာတော့ မှတ်မိတယ်။ သုံးလည်း သုံးပျော် ဝယ်လည်း ဝယ်ပျော်တယ်။

    • aye.kk

      June 12, 2012 at 11:29 am

      pooch,..
      ပထမဆုံးပေးတဲ့မှတ်ချက်လေးကိုဝင်ဖတ်ရတာ၊ဝမ်းသာပီတိဖြစ်မိရပါတယ်..
      မယ်ဆိုင်ချောင်းလေးကမိုးဦးနောက်ကျနေလို ့ထင်ပါတယ်..
      အခုချိန်ထိရေကအရမ်းနည်းနေပါသေးတယ်..
      ငွေတန်ဘိုးတည်ငြိမ်အောင်လုပ်နိုင်ထားတဲ့အတွက်ငွေကတန်ဘိုးရှိနေတော့…
      သုံးရတာသုံးပျော်တာပေါ့နော်..
      ပိုက်ဆံတဘတ်ဆိုတာမုန်.ဝယ်စားလို ့ရတဲ့အနေထားရှိပါတယ်..။
      ငွေကြေးစနစ်ကောင်းမွန်မှုရှိတာအားကျစရာပါပဲ။။

  • မောင်ပေ

    June 11, 2012 at 11:31 pm

    beer သောက်ရင်းဝင်ကြည့်မိတာမို့ ကြက်ကြော်ဝါးသွားကြောင်းရယ်ပါ

  • ကိုရင်မောင်

    June 12, 2012 at 4:13 am

    သတ်သတ်ရပ်ရပ် လေးနဲ့ခုလို့ ညဈေ းတန်းအဖြစ်
    လမ်းပေါ်မှာ သူရောင်းခွင့်ပြုထားတာ သဘောကျမိသဗျာ…
    ခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးပါ aye kk ရေ….

    • aye.kk

      June 12, 2012 at 7:49 pm

      ကိုရင်မောင်,..
      ကွန်မင့်လေးအတွက်…
      ဝမ်းသာမိပါတယ်လို ့ပြောလိုက်ပါရစေနော်…။။

  • kai

    June 12, 2012 at 5:41 am

    ဖတ်လို့ရသလောက်.. “လက်ဖက်ရည်သောက်ပါ.”.တဲ့..
    နိုဆီပူးတွဲပါတယ်ဆိုပဲ..

    အဲဒါ.. ဘယ်နိုင်ငံအခြမ်းက ဆိုင်းဘုတ်လဲဟင်င်..

  • aye.kk

    June 12, 2012 at 6:16 am

    သူကြီး,..
    မြန်မာနိုင်ငံအခြမ်းဘက်ကပါ..။
    တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတား
    အလည်ကနေရိုက်ထားတာမို့၊မြန်မာနိုင်ငံဘက်အခြမ်း
    (ချောင်းဘေးကပ်လျှက်)က
    ဝမ်းတီး(လဖက်ရည်)ကုမ္ပဏီကကြေဌာထားတဲ့..
    ကြော်ဌာဆိုင်းဘုတ်ကြီးပါသွားတာပါ..။

  • MaMa

    June 12, 2012 at 7:11 am

    ဆိုင်းဘုတ်တွေက မြန်မာလိုရော၊ ထိုင်းလိုရော တွေ့ရတယ်နော်။
    စကားပြောတော့ရော ဘာစကား ပြောကြသလဲ မသိဘူး။
    ဈေးဆိုင်တန်းလေးကြည့်ရတာ ပျော်စရာ၊ သွားတောင် လည်ချင်တယ်။
    ဒါပေမယ့် မအေးရဲ့ မျှဝေမှုကြောင့် ထိုင်ရာကမထရပဲ ရောက်ခဲ့ရပြီ။

  • aye.kk

    June 12, 2012 at 8:29 am

    မမရေ..
    နှစ်နိုင်ငံနယ်စပ်ဆိုတော့မြန်မာလိုရော၊ယိုးဒယားလိုရော
    ဆိုင်းဘုတ်တွေမှာရေးပြီးကြေဌာပြီး၊ကြော်ဌာထားကြတာပါ..။
    ဒီမှာကရှမ်း,လားဟူ,ဗမာ,ထိုင်းစကားတွေအသုံးများကြပါတယ်..
    ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ဖြစ်လို ့၊ထိုင်းဖက်အခြမ်းကမယ်ဆိုင်မြို ့မှာ
    လည်းဗမာတွေအတော်များများနေထိုင်လုပ်ကိုင်စားသောက်ကြပါတယ်..။
    ထိုင်းရဲ တွေကိုတော့အခွန်ပေးဆောင်ကြရပါတယ်။
    အများအားဖြင့်ရှမ်းနဲ ့ထိုင်းစကားအသုံးများပါတယ်။
    စနေနေ ့တိုင်းညနေခင်းမှာဈေးတန်းရှိပါတယ်၊(၄)နာရီနောက်ပိုင်းလာရောက်ရောင်းချကြတာပါ..။
    လည်ချင်စရာလေးပါလို ့ပြောပြလိုက်ပါရစေ။။

    • MaMa

      June 12, 2012 at 8:46 am

      တစ်ပတ်လုံးမှာမှ စနေတစ်ရက်ပဲ ဈေးဖွင့်တာလား မသိဘူးနော်။
      ညနေ ၄ နာရီနောက်ပိုင်းမှ လာရောင်းကြတယ်ဆိုတော့ တံတားပိတ်ချိန်က ဘယ်အချိန်လဲ သိချင်သား။ 😛

      • aye.kk

        June 12, 2012 at 2:55 pm

        မမရေ,….
        ထိုင်းနိုင်ငံနယ်စပ်၊မယ်ဆိုင်မြို ့မှာက..
        ဈေးကြီးတွေကအထင်ကရနှစ်ဈေးတောင်ရှိပါတယ်…
        မယ်ဆိုင်ဈေးကြီးကအမြဲတန်းဖွင့်ထားပါတယ်….
        မွန်းလွှဲနောက်ပိုင်းမှာဈေးသိမ်းကြပါတယ်..
        ကော့ဆိုင်းဈေးကတော့ညနေခင်းဈေးပါ..
        မွန်းလွဲနောက်ပိုင်းဖွင့်ထားတာ..
        အဲဒီဈေးတွေကတော့ပုံမှန်နေ ့စဉ်အမြဲတန်းဖွင့်ထားပါတယ်..
        မယ်ဆိုင်မြို ့မှာချစ်ကြည်ရေးတံတားအနီးမှာစနေဈေးဆိုပြီး…
        စနေနေ ့ညနေ(၄)နာရီနောက်ပိုင်းပုံမှန်ခင်းကျင်းပြီးလာရောက်ရောင်းချကြပါတယ်..
        အစားအသောက်,အဝတ်အထည်တွေ,ရိုးရာအရုပ်တွေ,လာရောက်ရာင်းချတတ်ပါတယ်..။
        တံတားကမြန်မာဘက်ခြမ်းနံနက်ဝ၆းဝဝနာရီကနေညနေ၁၈းဝဝနာရီအထိပါ..
        ယိုးဒယားဘက်ကမြန်မာထက်နာရီဝက်အချိန်စောတာမို ့..
        မြန်မာဖက်အခြမ်းကနာရီအတိုင်းယူပြီး၁၈း၃ဝမှပိတ်ပေးပါတယ်..။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 12, 2012 at 9:44 am

    ကျုပ်တို့ရွာမှာလည်း ချိုင်းနားတောင်းလို့ခေါ်တဲ့
    အဟောင်းဈေးတန်းတစ်ခုရှိတယ် တစ်နေ့လိုက်ရိုက်ပြီးလုပ်စားအုန်းမယ်

  • weiwei

    June 12, 2012 at 9:52 am

    လည်ချင်စရာကောင်းတဲ့နေရာလေးတစ်ခုပဲ …
    ဓါတ်ပုံတွေမြင်ရတာနဲ့တင် တကယ်ရောက်သွားသလိုခံစားလိုက်ရတယ် …

    • aye.kk

      June 13, 2012 at 6:40 am

      wei wei,…ရေ
      ကွန်မင့်အတွက်ဝမ်းသာမိပါတယ်..
      အလည်လာဖို ့ဖိတ်ခေါ်ပါရစေနော်။။

  • ကြောင်ကြီး

    June 12, 2012 at 10:13 am

    ထိုင်းတက္ကသိုလ်ကျောင်းသူလေးတွေရဲ့ ကျောင်းဝတ်စုံက အာရှတိုက်မှာ ဆက်စီအဖြစ်ဆုံးဒဲ့… အဲဒါမျိုးကြတော့ ဘဒူမှတင်ဂျဝူး….။ 🙁

    • မောင်ပေ

      June 12, 2012 at 10:18 am

      ဖတ်ရတာနဲ့တင် မြင်ဖူးချင်စိတ် အရမ်းဖြစ်မိတယ်ဗျာ
      အူးကြောင် ပြန်ရှဲပေးဘာ

    • aye.kk

      June 12, 2012 at 11:32 am

      ကိုကြောင်ကြီးတင်ပေးပါ့မယ်..
      မျှော်နော်..။

  • etone

    June 12, 2012 at 10:30 am

    အန်တီအေးရေ … အတော်စည်တဲ့နေရာလေးပဲနော် … ။
    နယ်စပ်နေရာလေးတောင် …. အမှိုက်သရိုက်အတော်နည်းတယ် … …. စည်းကမ်းရှိတယ်လို့ ပြောရမယ် … ။ ဈေးဆိုင်ခန်းတွေက ကိုယ်ရောင်းချင်သလို ရောင်းလို့ရတာမျိုး ၊ ဦးရာလူစနစ်မျိုးလားဟင် …. ။

    အကျီ င်္ဝတ်ထားတဲ့ ခွေးလေးက ချစ်စရာလေး … ကြည့်ရတာ သူဝတ်နေကျဖြစ်မယ်ထင်တယ် .. ရှိုးအပြည့်နဲ့ ငြိမ်ငြိမ်လေးထိုင်နေတယ် …. 🙂
    ဓါတ်ပုံတွေ မြင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် ။

    • aye.kk

      June 12, 2012 at 1:03 pm

      အိတုံ,…ရေ
      ဒီမိုကရေစီဖွံ ့ဖြိုးတဲ့နိုင်ငံကနယ်စပ်အစွန်အဖျားမြို ့လေးမှာတောင်စည်းကမ်းရှိတာ….
      အားကျစရာပါ…။(အမှိုက်ကလမ်းမှာပစ်ခွင့်မရှိဘူး)ပစ်တာတွေ ့ရင်တော့ဒဏ်ငွေ(၅၀၀)ဘတ်လို ့ပြောတာပဲ…။
      ဦးရာလူစနစ်ပါ..
      ဈေးရောင်းဘို ့သတ်မှတ်ထားပေးတဲ့ဧရိယာ(နေရာ)ကအကျယ်ကြီးပဲ..
      သတ်မှတ်ထားတဲ့နေရာမှာ..
      ကိုယ်ကြိုက်တဲ့နေရာမှာဝင်ရောင်းပါပဲ..။
      စကားများတာမျိုးလည်းမရှိဘူး..
      အရင်ရောက်လာတဲ့သူကသူကြိုက်တဲ့နေရာသူခင်းဘဲ..
      နောက်ကျမှရောက်လာသူကလည်းလွတ်တဲ့နေရာမှာတွေ ့ရင်ဝင်ခင်းပဲ..။
      ခွေးလေးကလူသွားလမ်းပေါ်မှာတွေ ့လို ့ဓါတ်ပုံရိုက်မိတာ..
      လိမ္မာတဲ့ပုံလေးကချစ်စရာအကောင်းသားလို ့ထင်မိတယ်..။။

      • etone

        June 12, 2012 at 1:44 pm

        အန်တီအေးရေ .. ပြန်ရှင်းပြပေးတာ ကျေးဇူးပါနော် …. ။
        ဒီနိုင်ငံမှာတော့ … ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းနေဆဲဖြစ်တာတောင် … အမှိုက်တွေ ကြုံသလို ပစ်ချတဲ့ စိတ်ဓါတ်တွေ ပြင်မရသေးဘူး ။ ဒီမှာလည်း လူစည်ကားရာနေရာတွေမှာ အမှိုက်ပစ်လျှင် ဒဏ်ရိုက်သင့်တယ် .. ဒါဆို တဖက်တလမ်းက … ဘဏ္ဍာငွေ ပိုထွက်လာမယ်ထင်တယ် …. ။ အဲ့ဒီ ပိုက်ဆံနဲ့ …. မျဉ်ကြားတေ ွထင်အောင်ပြန်တား … ၊ ကားမှတ်တိုင်တွေပြင် ၊ အမှိုက်ပုံးတွေထားပေး … စတာတွေ ပြန်သုံးနိုင်လျှင် အရမ်းကောင်းမှာပဲ .. ။ (စိတ်ကူးယဉ်ကြည့်တာ ) 🙂

        • aye.kk

          June 12, 2012 at 3:06 pm

          အိတုံရေ,..
          မြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့တိုင်းရင်းသားတွေ,နိုင်ငံသားစစ်စစ်တွေပေါ့နော်..
          နိုင်ငံသားကြီးပီသတဲ့စိတ်ရှိတဲ့သူတွေ..
          ကိုယ့်ဆွေကိုယ့်မျိုးကိုတန်ဘိုးထားတဲ့သူတွေ..
          အမျိုးသားရေးတာဝန်အသိရှိတဲ့သူတွေမှာ..
          အမြဲတန်းဖြစ်ပေါ်နေတဲ့ရင်ထဲကဆန္ဒအမှန်တွေပါပဲ..
          ခုတော့စိတ်ကူးနဲ ့ပဲအဆုံးသတ်ရမှာလားဆိုတာ..
          မချင့်မရဲစိတ်ကဖြစ်မိရပါတယ်ကွယ်..။။

  • Shwe Ei

    June 12, 2012 at 10:52 am

    မရောက်ဖူး မသွားနိုင် နေရာတွေကို ဓါတ်ပုံကနေတဆင့် အလည်သွားခွင့်ပေးတာ ကျေးကျေးပါဗျာ။ 😛

  • z-Z

    June 12, 2012 at 12:13 pm

    ဒါ့ပုံတွေကြည့်ပြီး တာချီလိတ် မှာနေခဲ့ရတဲ့ အချိန်လေးတွေကို ပြန်သတိရမိသားးး
    တာချီလိတ်နဲ့မယ်ဆိုင်က ဟိုဘက်ကမ်းဒီဘက်ကမ်းတာဆိုတယ် တိုးတက်မှုအပိုင်းမှာတော့
    တော်တော်လေးကိုကွာတယ် …. ပြန်လည်သတိရ လွမ်းဆွတ် တမ်းတ အောင် ဒါ့ပုံတွေ တင်ပေးတာ ကျေးဇူးပါ … 🙂

  • စနေ

    June 12, 2012 at 12:22 pm

    အန်တီ့ ဓါတ်ပုံတွေကို ကြည့်ပြီး
    ဈေးထဲက လိုချင်တာတွေကို ယူသွားပါတယ်ရှင့် … 🙂
    မရောက်ဖူးတဲ့နေရာကို ဓါတ်ပုံကြည့်ပြီး ဝင်လည်သွားပါတယ် ……. 🙂

  • Ma Ei

    June 12, 2012 at 12:59 pm

    မအေးရေ…
    တစ်ကယ်ကို အလည်လာချင်အောင်ပါဘဲ…
    အင်္ကျ ီဝယ်၊ကြက်ကြော်စား၊အချိုရည် သောက်လို့
    တစ်ဈေးလုံးပတ်ခဲ့တယ်နော်…

  • ညလေး

    June 12, 2012 at 1:30 pm

    မမအေးရယ်…….ဗိုက်ဆာလို……ကြက်ကင်နဲ…..ဖျော်ရည်လေး မ သွားပြီနော်……

  • Khaing Khaing

    June 12, 2012 at 1:46 pm

    ဈေးဝယ်လို့ကောင်းမယ့်နေရာနဲ့တူပါတယ် ……. နယ်စပ်ဆိုဘယ်နယ်စပ်မှလည်းမရောက်ဖူးသလို မြန်မာနိုင်ငံအတွင်းတောင် အစုံအစိမလည်မပတ်ဖူးခဲ့ပါဘူး အခုလိုရွာသူရွာသားတွေ ဝေမျှတဲ့ပုံလေးတွေ နဲ့ ပဲ နေရာအစုံရောက်ဖူးခဲ့ပါတယ် …… ကျေးဇူးတင်ပါတယ် မမအေး

  • manawphyulay

    June 12, 2012 at 2:26 pm

    ခုမှပဲ အန်တီအေးနဲ့ အတူ မယ်ဆိုင်ဈေးကို ရောက်တော့တယ်။ ကဲ ရေပေါ်ဆိုင်တမ်းက စားသောက်ဆိုင်မှာ သွားစားကြမယ်လေ အန်တီအေး ကျွေးမှာမလား.. ဆိုင်လေးတွေလည်း ဝယ်ဖို့တဲ့ လှည့်ပြီး လျှောက်ကြည့်ဖို့ကောင်းတယ်နော်။ ဈေးတွေကရော ကြီးလားဟင်..

  • aye.kk

    June 12, 2012 at 3:25 pm

    ရွှေအိရေ..
    ကွန်မင့်လေးအတွက်ဝမ်းသာမိပါတယ်ကွယ်။
    ———————————————-
    z-Z,..ရေ
    ပြန်လာလည်ပါအုန်းတခေါက်လောက်နော်။
    ———————————————–
    မအိ..
    ဖိတ်ခေါ်ပါတယ်…
    မောရှမ်းမြေ(တာချီလိတ်)ကနေပေါ့နော်..။
    ———————————————————-
    ညလေး,…
    အချိုရည်လေးတွေကအနံ ့အရသာစုံလို့ပါပဲကွယ်။
    ———————————————————–
    ခိုင်ခိုင်,..ရေ
    ထီပေါက်ရင်အလည်ခေါ်မယ်နော်..
    အဲဒီခါမငြင်းရဘူးနော်..
    ကွန်မင့်လေးကြောင့်အားတက်မိပါတယ်ကွယ်။
    ————————————————————-
    မနောရေ…
    တကယ်သာလာခဲ့နော်..
    အဲဒီခါမငြင်းရဘူးနော်..
    ဗိုက်တင်းအောင်ဧည့်ခံမှာပါနော်..
    ဈေးမကြီးပါဘူးကွယ်။။

  • မမအေး
    အဲဒီနေရာလေးကို တကယ်ရောက်ဘူးချင်တယ်ဗျာ။
    အေးချမ်းတဲ့နေရာလေး။
    မြစ်ငယ်မြို့မှာ လခချဈေးဆိုတာရှိတယ်
    တစ်လ တစ်ကြိမ်လခချတဲ့နေ့မှာ ဖွင့်တဲ့ဈေးလေးပါ။
    သွားရိုက်ပြီးတင်ပေးအုံးမယ်။ အားတဲ့တစ်နေ့ပေါ့။

  • shwe kyi

    June 12, 2012 at 4:01 pm

    အန်တီအေးလို့ပဲခေါ်ပါရစေနော်။
    သန့်ရှင်းပြီးစည်းကမ်းရှိတယ်နော်။
    အန်တီအေးပြောပြလို့ တော်တော်လေးလည်းသိရပါတယ်။
    ကျေးဇူးပါ။

    • aye.kk

      June 12, 2012 at 4:10 pm

      ရွှေကြည်ရေ..
      အန်တီအရွယ်မို ့အန်တီလို ့ပဲခေါ်ပါနော်..
      ကွန်မင့်လေးအတွက်ဝမ်းသာမိရပါတယ်ကွယ်။။

  • aye.kk

    June 12, 2012 at 4:06 pm

    ကိုပေါက်,..
    အရောက်လာနိုင်ပါစေလို ့ဆုတောင်းမိတယ်..။
    ကိုပေါက်ကိုဘုရားဖြူပို ့ပေးချင်တယ်၊အရမ်းအေးချမ်းတဲ့နေရာလေးမို ့ပါ။
    ကိုပေါက်လက်ရာနဲ ့ဆိုအရမ်းရှယ်မှာပဲ…။။

  • မမအေးရေ
    ဒီနှစ်ပိုင်းခရီးထွက်ဘို့ အခွင့်ကြုံနေသလိုဘဲ။
    မရောက်ဘူးထင်မိတဲ့နေရာတွေရောက်ရောက်နေတာ ။
    လာခွင့်ကြူံချင်ပါ၏.

  • aye.kk

    June 12, 2012 at 6:00 pm

    ကိုပေါက်..
    လာခွင့်ကြုံနိုင်ပါစေ..။

  • Dote Kha

    June 12, 2012 at 7:20 pm

    သူတို့နိုင်ငံရဲ့ လမ်းအလယ်က တိုင်တွေပေါ်မှာ ဂဋ္ဌုန်ရုပ်တွေ တင်ထားတာများလားပဲ။ အဲဒီနားက ကျွန်တော်တို့ မြန်မာပြည်ဘက်အခြမ်းမှာရော ခြင်္သေ့ရုပ်တွေ မရှိဘူးလား။ ဒါမှမဟုတ် သမ္မတကြီး ဦးသိန်းစိန် အရုပ်တွေ မရှိဘူးလား။ မရောက်ဖူးလို့ မေးကြည့်တာပါ။
    “ကင် ပြီး သား အ သား များ ကို လည်း စား သုံး ရန် အ သင့် ရောင်း ချ သည်။” ဆိုတဲ့ စာသားရဲ့ အထက်က ပုံထဲမှာတော့ ကျွန်တော်တို့ဆီက ဘုန်းကြီးဆောင်းထီးများ ဖြစ်နေမလားပဲ။ မရောက်ဖူးတဲ့နေရာဆိုတော့ ဗဟုသုတ ရပါတယ်။ ကျေးဇူးတင်ပါတယ်။

    • flamingo

      June 13, 2012 at 5:48 am

      ဦးသိန်းစိန်အရုပ်ကိုမြင်ချင်နေပြီလား။။
      မလုပ်ပါနဲ့မိတ်ဆွေရယ်..

  • aye.kk

    June 12, 2012 at 8:00 pm

    Dote Kha,..
    လမ်းအလယ်ကတိုင်တွေပေါ်မှာကပန်းဆွဲ
    အလှတွေလုပ်ထားတာပါ..။
    မြို့ကိုကျက်သရေအလှဆောင်ထားတာပေါ့နော်..။
    သူတို ့ရဲ ့မြို ့တော်ဝန်စည်ပင်ကဆောင်ရွက်မှုတွေပေါ့နော်..။
    တိုင်းပြည်ကိုချစ်တာအလုပ်နဲ ့လက်တွေ ့ပြသထားသလိုပါပဲ..။။
    သူတို ့ဆီကဈေးရောင်းတဲ့
    အခါအသုံးပြုတဲ့ထီး(အမိုးအကာ)ပါ…။

  • z-Z

    June 13, 2012 at 5:35 pm

    အန်တီအေးရေ… တာလော့ဈေးလေးကိုလည်း ရိုက်ပြီးတင်ပါအုံးဗျ … 😀

  • aye.kk

    June 13, 2012 at 6:12 pm

    ရိုက်ထားပြီးပြီ..
    ဒီညပဲတင်လိုက်မယ်..။။

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 6:26 pm

    လည်လည်သွားချင်မိပါရဲ့ဗျာ…

  • aye.kk

    June 14, 2012 at 8:45 am

    စိန်ဗိုက်ဗိုက်…
    ဆန္ဒပြည့်ဝပါစေ..
    ဆုတောင်းပေးသည်အေးကေကေ။။
    —————————————-
    သားဦး၊မြေးဦး..
    ရောက်ရင်မနှေး..
    ကြိုတင်ပြောပေးနော်..။
    ခင်တတ်တဲ့..
    အန်တီအေး။။

Leave a Reply