ခင်မင်လေးစားစွာဖြင့်……..

Aung ManJune 11, 20121min14211

Web Administrator များ၏ စည်းကမ်းချက်များကိုလေ့လာဖတ်ရှုပြီး ဖြစ်ပါသည်…

ကျွန်တော်သည်ယခုမှ စတင် သိရှိသူ ဖြစ်ပြီး စာနယ်ဇင်းသဘာဝ သတင်းထောက်အတတ်ပညာ နှင့်

စာပေရေးသားခြင်း အတတ်တို့ မတတ်သေးပါ….

အလုပ်တဖက်နှင့် အာရုံစူးစိုက်နိုင်မှု.. အချိန်ပေးနိုင်မှု..မလောက်ငနိုင်ပါ…

member အပေါင်းတို့မှလည်းကောင်း…

သတင်းပညာတတ်ကျွမ်းသူ အဖွဲ့ဝင်များမှလည်းကောင်း…

မျှဝေပေးကြပါလျှင်….အထူးကျေးဇူးတင်ရှိပါသည်….

 

11 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 11, 2012 at 9:27 pm

    ဝင်ရေးရင်းနဲ့တစ်ဖြေးဖြေးနားလည်လာပါလိမ့်မယ်….
    အတွေ့အကြုံသည်အကောင်းဆုံးဆရာဖြစ်သည်တဲ့……
    ကိုအောင်မာန်ကိုကျွန်တော်တို့ဂေဇက်ဝိုင်းတော်သားများကကြိုဆိုပါတယ်….
    အတွေ့အကြုံကနေသင်ယူပါလို့လဲအကြံပေးချင်ပါတယ်….
    များများကလိများများတတ်များများပျက်၏….ဟိဟိ
    ဟုတ်တယ်ဟုတ်သဂျီးမင်း….
    နှစ်ထောင့်ဆယ့်တစ်အခြေခံဥပဒေအရသဂျီးသည်ပို့စ်တစ်ခုကို
    ှရှစ်ဆယ်ကွန်မန်းတစ်ခုကိုတစ်ဆယ်ပေးရာမှ…ယခုအခါတွင်
    အရေးပေါ်လိုငွေပြနေသဖြင့်ကဲရွာစားရေ……ခြောက်ကျပ်သာယူမဟေ့……

  • htoosan

    June 12, 2012 at 6:23 am

    ကြိုဆိုပါတယ် ကိုအောင်မန်းရေ ။ အပေါ်ဆုံးက writing guide lines လေးကလည်း အသုံးတည့်တယ်ခင်ဗျ။ link က
    http://myanmargazette.net/writing-guidelines

  • ဦးဦးပါလေရာ

    June 12, 2012 at 8:58 am

    ဘယ်ပိုစ့်မှ ကွန်မန်းမရေးရဲလို့ ဒီပိုစ့်ပဲ ဝင်လျှာရှည်တော့မယ်… 😀

    ကိစ္စမရှိဘူးဆရာလေး..
    ကြိုက်သလိုသာရေး…
    မုဆိုး စိုင်သင် တဲ့… စကားပုံအရှိသားကလား..
    အနီတွေ အစိမ်းတွေ လက်မမိုးထိုးမြေစိုက်တွေက သင်ပေးလိမ့်မယ်..
    ပြီးတော့ ဒီဆိုက်ကလူတွေက အားနာတတ်ပုံလဲ မရဘူး… ဆိုတော့…
    😀 😀

  • မောင်ပေ

    June 12, 2012 at 9:22 am

    အချိန်ရတိုင်း အရောက်လာခဲ့ပါ ချစ်မိတ်ဆွေ…။

  • kyeemite

    June 12, 2012 at 10:18 am

    ကြိုဆိုပါတယ်ဗျာ…ရသစာပေကောင်းကောင်းလေး
    ဒါမှမဟုတ် သတင်းထူး သတင်းဦး လေးတွေနဲ့…
    ဘာနဲ့ လာမလဲ မျှော်နေမယ်ဗျာ…

  • Khaing Khaing

    June 12, 2012 at 1:12 pm

    ကြိုဆိုပါတယ် အတစ်ကလေး ….. မျှော်နေမယ်နော် ပို့စ်အတစ်တွေ စောင့်ဖတ်နော် သများပို့စ်တွေကိုလည်း …… အဟဲ

    အပေါ်ကနောက်တာ အခုကအတည် နွေးထွေးစွာကြိုဆိုပါတယ် ……

  • ညလေး

    June 12, 2012 at 1:21 pm

    မန်းဂေဇက်ရွှာမှ နွေးထွေးပြူငြာစွာ ကြိုဆိုအပ်ပါသည်။
    အသစ် အသစ်သော ပိုစ့်တွေနဲ………သာယာငြိမ်းချမ်းသော
    အနာဂတ်စီသို……..

  • စနေ

    June 12, 2012 at 1:36 pm

    ရွာသားသစ်ရဲ့ …
    ပို့စ်အသစ် … ရေးဟန်အသစ်တွေကို မျှော်နေပါ၏ …… 🙂

  • manawphyulay

    June 12, 2012 at 2:55 pm

    အရင်ဆုံး စိတ်ထဲရှိတာ ချရေးကြည့်ပါ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ရေးတတ်လာပါလိမ့်မယ်။ ကြိုဆိုပါတယ်။ ပိုစ့်လေးတွေကိုလည်း မြင်ချင်ပါတယ်။

  • Aung Man

    June 13, 2012 at 10:08 pm

    ကြိုဆိုနှုတ်ဆက်ကြသူ member အပေါင်းနှင့်တကွ
    အားလုံးသော senior member များအားလုံးကိုလည်းကောင်း
    မအားလပ်သည့်ကြားမှ စိတ်ရှည်စွာဖတ်ရှုပေးကြသူများအားလုံးကို
    အထူး ကျေးဇူးတင်ရှိပါကြောင်း…

    ဖိတ်စာ ကျေးဇူးကြော်ငြာစာနဲ့တူသွားလို့…တော်သေးပြီ…

  • ရွာသား အသစ်
    ခဏလေးနဲ့တော့ လစ်မပြေးနဲ့။
    ရေးချင်တာကို ရေးတတ်သလောက်ရေးသာရေး။
    ကော်မင်းတွေကတော့ ပေးကြမှာအသေအချာ။
    (အဆဲခံရရင်လဲ စိတ်မလေနဲ့ ကြာရင်ရိုးသွာမယ်)
    ချီးမွမ်းလို့လဲ ကိုယ့်လူမမှတ်နဲ့
    အဆင်းတွန်းတတ်သူတွေရှိတယ်။
    အစိမ်းရလို့လဲမပျော်နဲ့
    အနီရလို့လဲစိတ်တွေချော်မသွားနဲ့။
    လောလောဆယ်တော့ ကျနော် ဆယ်မှတ်ယူပြီး ခင်ဗျားကို 2ကျပ်ပေးခဲ့ပြီ။
    ရွာသက်ရှည်အောင်တော့ နေ…………………..

Leave a Reply