Smart Phone အသစ်တစ်မျိုး တီထွင်နိင်ခဲ့

Wai PhyoeJune 12, 20121min1386

လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

မျက်နှာပြင်ပေါ်မှ လိုအပ်သလို ဖောင်းကြွထွက်လာမည့် ပကတိ ခလုတ်များနှင့်မခြား ထိတွေ့ ခံစားနိုင်သည့် ခလုတ်များသည် မလိုသည့် အချိန်တွင် ဖန်သားပြင်တွင်းသို့ ပြန်ဝင်သွားပြီး ဖန်သားပြင်ကို ပုံမှန်အတိုင်း ပြန်ပြားနေစေမည့် စနစ်ကြောင့် ထိတွေ့မျက်နှာပြင်သုံး နည်းပညာနယ်ပယ်ကို တစ်ခေတ်ဆန်းစေခဲ့ပြီဟု Tactus ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Smart Phone

6 comments

  • ba gyi

    June 12, 2012 at 3:13 pm

    ကောင်းပါ့၊ မျက်မမြင်တွေအတွက်ပါအစဉ်ပြေနိုင်မယ်ထင်ပါရဲ့နော်။
    သတင်းထူးလေး ကျေးကျေးပါဗျား။

  • laypai

    June 12, 2012 at 4:38 pm

    ၅၀၀ဝ တန် စင်းကဒ် အထွက်၊ အဲ ဒီ စမတ်ဖုန်း လဲ တကမ္ဘာ လုံး အဖြန့်။
    ဘာ ပြော ကောင်း မလဲ ဝယ် ကိုင် မှာ။

  • မောင်ကောင်း ကို

    June 12, 2012 at 6:37 pm

    ဂျာနယ်ထဲမှာတွေ့မိတယ်နော်။

  • Dote Kha

    June 12, 2012 at 7:10 pm

    နည်းပညာတွေကတော့ တစ်မျိုးပြီးတစ်မျိုး မြင့်မားလာ၊ တီထွင်လာကြတာပါပဲ။ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ကတော့ လက်လှမ်းမမှီနိုင်သေးဘူး။ အဲဒါတော့ မကောင်းဘူး။

  • k19

    June 15, 2012 at 3:46 pm

    ဟုတ်တယ်…ပေး…10

  • cum min

    June 20, 2012 at 4:27 pm

    အင်း
    ကောင်ပါတယ်
    အသစ်တွေထုတ်နိုင်တာ
    ဈေးကကော
    အဲတာလဲလိုသေးတယ်လေ

Leave a Reply