တောင်ကြီးမြို့နယ် တောင်နီကျေးရွာရှိ မူလဈေးကို (2.6.2012)တွင် ပုဒ်မ (188) ထုတ်ပြန်ပြီး ဈေးပိတ်ကာ ဈေးသစ်သို့ပြောင်းရွေ့ဖွင့်လှစ်ရန်ဆောင်ရွက်ခြင်းအပေါ် ကျေးရွာလူထုနှင့် ပြည်သူများက မခံမရပ်ဖြစ်ပြီး စုဝေးဆန္ဒဖော်ထုတ်ခဲ့ပါကြပါသည်။(7.6.2012)ရက်နေ့တွင်လည်း ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွတ်တာ် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(1)ကိုယ်စားလှယ် ဦးဥာဏ်လင်းထံသို့ ထိုကျေးရွာရပ်မိရပ်ဖနှင့် ဈေးကော်မတီအဖွဲ့ဝင်များက (11.6.2012)ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး (12.6.2012)ရက်နေ့တွင် မူလဈေးဟောင်းအား ပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း လာရောက်ဆွေးနွေးတင်ပြကြရာ ဦးဥာဏ်လင်းမှပြည်သူများ၏ကိုယ်စား ရှမ်းပြည်နယ်အစိုးရ၀န်ကြီးချူပ်ထံသို့ စာဖြင့်တောင်နီဈေးဟောင်းအား (12.6.2012)တွင်ပြည်လည်ဖွင့်လှစ်ပေးရန် မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ အစိုးရအဖွဲ့မှ ပြည်သူ့ဆန္ဒအရ ဈေးဟောင်းအားပြန်လည်ဖွင့်လှစ်စေခဲ့ကြောင်း သိရှိရပါသည်။ ဒါဟာပြည်သူများဟာ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က ပြည်သူ့လိုအပ်ချက် ဒို့ဆောင်ရွက်ချက်ဆိုတဲ့အတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယခုအကြောင်းအရာအား ပမထာထားပြီး ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်အတွင်မှကိုယ်စားလှယ်များဟာဖြင့် ယခုလို ပြည်သူ့လိုအပ်ချက်များကို ဆောင်ရွက်ပေးစေလိုကြောင်း ယခုပို့နဲ့အတူတင်ပြအပ်ပါသည်။(သွားပြီးငိုက်မနေနဲ့နော် :D)

About anybody

any body has written 4 post in this Website..