နယ်စပ်မြို.တစ် မြို.ရဲ……….ပေါက်ကွဲသံ…..(ရွှာသား သစ် မဟာ)

ma har oneJune 12, 20121min474

မူဆယ်-ကြယ်ဂေါင် ဖြတ်သန်းသည့် ဂိတ် တခု(ဓာတ်ပုံ – Renaud EGRETEAU )

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ ပြီးခဲ့သည့် စနေနေ့ ညပိုင်းက ဗုံးများ ဆက်တိုက် ပေါက်ကွဲ ခဲ့သည်။

ည ၁၁ နာရီခွဲ ခန့်က ဖြစ်ပွားသည့် ယင်းဗုံးပေါက်ကွဲမှု များကြောင့် မူဆယ်မြို့တွင် နေထိုင်သူများ ထိတ်လန့်နေကြကြောင်း နှင့် စီးပွားရေး လုပ်ငန်းများအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ဧရာဝတီ သို့ ပြောသည်။

“ဗုံးခုနစ်လုံးက တလုံးကို ငါးမိနစ်၊ သုံးမိနစ် လောက်ပဲ ခြားတယ်။ နောက်ဆုံး တလုံးကတော့ ၁၂ နာရီကျော်မှာ ပေါက်တယ်၊ ထိခိုက်မှုမရှိဘူး”ဟု မူဆယ် ဒေသခံ အမျိုးသားတဦးက ဆိုသည်။

ယင်း ဗုံး ခုနစ်လုံး ပေါက်ကွဲသည့် နေရာများမှာ မူဆယ်မြို့ ဟိုမွန် ရပ်ကွက်ရှိ ဒေါက်တာ ရောဘတ် ဆေးခန်း အနီး တလုံး၊ ဈေးရပ် ကွက် ရှိ အေးရင် ဆေးဆိုင် နှင့် SYH  MP3 MP4 အရောင်းဆိုင် ကြားတွင် တလုံး၊ ပြည်သူ့ဆေးရုံရှေ့ တလုံး ၊ ကျယ်ဂေါင် အလယ်ပေါက် ရွှေနန်းတော် ဂိတ်ရှေ့တွင် တလုံး၊ မန့်ဝိန်း ကျယ်ဂေါင် အဝင်ပေါက်တွင် တလုံး၊ ဟိုလား ကျေးရွာရှိ ကားလေးကွင်း ရဲကင်းတွင် တလုံး၊ ရထိုက် ဟိုတယ်အနီးတွင် တလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အများဆုံးပျက်စီးသွားသောနေရာမှာ ရွှေရာစု ဟိုတယ်ဖြစ်ပြီး ယင်းဟိုတယ်ရှိ အလယ်ပန်းခုံ ပျက်စီးသွား ကြောင်း၊ ညဉ့်နက်ပိုင်းဖြစ်၍ လူ ထိခိုက်သေဆုံးမှု မရှိကြောင်း မူဆယ်မြို့နေ ကိုအောင်ဆန်းဦး က ပြောပြသည်။

မူဆယ်ဒေသခံ အမျိုးသားတဦးကလည်း“အဲ့ဒီအချိန်မှာ ဘောလုံးပွဲ ကောင်းနေတဲ့အချိန်။ ဘောလုံးပွဲကြည့် နေတော့ ဗုံးပေါက်ကွဲ သံကြားရတာ တော်တော်ကျယ်တယ်။ လူခြေတိတ်တဲ့ အချိန်ဆိုတော့ တော်တော် ကံကောင်းသွားတယ် ။ လူကတော့ ထိခိုက်မှု မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးမှုများ ရှိကြောင်း၊ သက်ဆိုင်ရာက လက်သည်တရားခံကို စုံစမ်း ဖော်ထုတ်ရန် စီစဉ်နေကြောင်း မူဆယ် တောင်ရပ်ကွက်မှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

“ဗုံးပေါက်တဲ့ရက်မှာတော့ ညနက်သန်းခေါင် ပြန်လာတဲ့သူတွေကို စစ်ဆေးမှုတွေ လုပ်ပါတယ်။ အခုထိတော့ မဖမ်းမိသေးဘူး။ ရပ် ကွက် လုံခြုံမှုကိုလည်း ပိုပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါတွေကြောင့် အခုဆိုရင် မူဆယ်က ပြည်သူတွေ တော်တော် ထိတ် လန့်မှုတွေ ဖြစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ဧပြီ၂၂ ရက် နေ့ နံနက် ၅ နာရီ ခွဲခန့်ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် စစ်ဆေးရေး ဂိတ်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကာ တာဝန် ထမ်း ဆောင်နေသည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး ဧပြီ ၂၈ ရက်တွင် လည်း မူဆယ်မြို့ ရထိုက်ကုမ္ပဏီ ရှေ့တွင် ဗုံးတလုံး ပေါက်ကွဲ၍ ဆိုင်ကယ်စီးသူ တဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

အောက်ပါ လင့်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

.irrawaddy.org/?slide.

မန်းဂေဇက် ရွှာသားတစ်ယောက် ရဲ.ဦးဦးဖျားဖျား ပိုစ့်လေးဖြစ်ပါ ဂျောင်း………..

သူကြီးနှင့်တကွ ရွှာသူားအားလုံးကို  …….ခမင်လေးစားလျက်

မဟာ

4 comments

  • kai

    June 12, 2012 at 2:07 pm

    ရွာသားသစ်မို့.. ကြိုဆိုပါတယ်..
    သတင်းက.. တော်တော်လေးကြိုးစားပမ်းစား ကူးလိုက်ရပုံပေါ်ပါတယ်.. :mrgreen:
    နောက်ဆို.. စည်းကမ်းလေးလိုက်နာပေးပါနော…

    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

    • မောင်ပေ

      June 12, 2012 at 2:24 pm

      သဂျီးနော်
      ရိုးရိုးပြောလဲ ရတဲ့ဟာ
      ဘာတဲ့
      “kai says:
      သတင်းက.. တော်တော်လေးကြိုးစားပမ်းစား ကူးလိုက်ရပုံပေါ်ပါတယ်.. :mrgreen:
      ဟီဟိ

  • captainamerica

    June 12, 2012 at 2:28 pm

    ဒီလောက်ပြသနာတွေရှုပ်နေရတဲ့ကြားထဲ ဗုံးဖောက်တဲ့ကောင်တွေ ဘယ်သူပဲဖြစ်ဖြစ် တူသော
    အကျိုးပေးကြပါစေ။ဝဋ်လည်ကြပါစေ။ :angry:

  • ma haw

    June 12, 2012 at 2:48 pm

    ဘယ်ဥကပေါက်တဲ့ကောင်တွေလုပ်လိုက်ပြန်ပြီလဲဟင်
    အလုပ်တဖက်နဲ့ဆိုတော့ တကယ်ကို လိုက်မမှီတော့ဘူး
    နေ့လည်တွေက နက်သုံးလို့မရတော့ အဆက်ပြတ်ချင်နေပြီများများတင်ပေးနော် 🙂

Leave a Reply