ရယ်စရာများ

khinmintatthuJune 22, 20101min622

အဖေမှာလို့

သားဖြစ်သူဧ။်မင်္ဂလာဦးညတွင် အဖေဖြစ်သူက သူ့သားအားဤသို့မှာသည်။
”ငါ့သားမင်းမိန်းမအပျိုစစ်ရင် သေနတ်ကိုမိုးပေါ်ထောင်ပြီးတော့

ပစ်လိုက်၊ မစစ်ရင်တော့မင်းမိန်းမကို ပစ်သတ်လိုက်”
ပထမည
”သားဖြစ်သူဧ။်အိမ်မှ မိုးပေါ်သို့သေနတ်ထောင်ပစ်သံကို ကြားလိုက်ရသည်။”
ဒုတိယည
”သားဖြစ်သူဧ။်အိမ်မှ သူ့မိန်းမအားသေနတ်နှင့် ပစ်သတ်သည့်အသံကိုကြားလိုက်ရသည်။”

အဖြစ်ဆိုးတဲ့သူခိုး

စခန်းမှူး းမင်းကိုဘယ်အိမ်ကနေမိတာလဲ။
သူခိုး းကျွန်တော့်အိမ်ကနေကျွန်တော့်ကိုပြန်ဖမ်းမိတာပါ။
စခန်းမှူး းဟ၊ ဘယ်လိုဖြစ်လို့တုန်း။
သူခိုး းဒီလိုပါဆရာ၊ ကျွန်တော့်အိမ်မှာကျွန်တော ်ပစ္စည်းခိုးထွက်ဖို့အတွက် ပြင်ဆင်နေတုန်း ဘယ်ကမှန်းမသိတဲ့
အမူးသမားတစ်ယောက်က အိမ်ထဲကိုဝင်လာပြီး ကျွန်တော့်ကိုလည်းမြင်ရော ”သူခိုးဗျို့၊သူခိုး”လို့အော်လို့
ကျွန်တော်ဒီကိုရောက်လာတာပါ ဆရာရယ်။

သည်းခံတတ်သောမိန်းမ

ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂ဝ ကျော်နေပြီ၊ စညားကတည်းက ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊ ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန် တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

နံပါတ် ၄၁

အရူးထောင်တစ်ခုတွင်ဖြစ်သည်။ ညအချိန်၌ မည်သည့် အခန်းကမှန်းမသိ “၄၀၊ ၄၀၊ ၄၀” ဟုအကြိမ်ကြိမ်ရေရွတ်နေသံကို
ကြားနေရသည်။ ညစောင့်လည်း အိပ်မရ၍ ဘယ်သူအော်နေလဲ သိချင်သဖြင့် အခန်းတိုင်းကိုလိုက်ချောင်း၏။ အခန်း
အားလုံး ကိုလိုက်ကြည့်သော်လည်း တရားခံကိုမတွေ့။ ရေချိုးခန်း၊ အိမ်သာကို သွားကြည့်တော့လည်းမတွေ့၊
နောက်ဆုံး စတိုခန်းထဲမှ ထိုအသံထွက်နေကြောင်း သိရသဖြင့် စတိုခန်း တံခါးကိုဆွဲဖွင့်သည်။ အထဲမှ ဂျက်ချထားသဖြင့်
ဖွင့်မရ။ အခန်းကို ပတ်ချာလည်လိုက်ကြည့်တော့ ချောင်းကြည့်လို့ရသော အပေါက်တစ်ပေါက်ကို တွေ့သဖြင့် ထိုအပေါက်
မှချောင်းကြည့်လိုက်သည်။ ချောင်းကြည့်ပြီး မကြာမှီ အထဲမှထုတ်တစ်ချောင်းနှင့် ထိုးလိုက်သဖြင့် ညစောင့် မျက်လုံးတစ်ဖက်
ပေါက်သွားသည်။ အခန်းထဲရှိလူထံမှ “၄၁၊ ၄၁၊ ၄၁” ဆိုသည့် အသံကိုဆက်ကြားရသည်။

ကျွန်မ လာခဲ့မှာပေါ့

ခြောက်လွှာရှိသော ကန်ထရိုက်တိုက် တစ်တိုက်၏ မြေညီထပ်၌ အလွန်လှပသော အမျိုးသမီး တစ်ယောက်နေ၏။ထိုတိုက်၏
အပေါ်ဆုံးထပ်၌ ယောကျင်္ားပီသ၍ လူမိုက်ပုံ အနည်းငယ်ပေါက်နေသော အမျိုးသားတစ်ယောက်နေ၏။ တစ်နေ့ ထိုအမျိုး
သားက အပြင်မှ ပြန်အလာ မြေညီထပ်တွင်နေသော အမျိုးသမီး နှင့်ဆုံသည်။
အမျိုးသမီး “ကျွန်မရှင့်ကို အရမ်းကြောက်တာပဲ”
အမျိုးသား “ဘာကြောင့်လဲ၊ ငါကမင်းကိုဘာလုပ်နေလို့လဲ”
အမျိုးသမီး “ကျွန်မကို အဓ္ဓမ ကျင့်မှာကြောက်တာရှင့်”
အမျိုးသား “မင်းက အောက်ဆုံးထပ်မှာနေတာ၊ ငါကအပေါ်ဆုံးထပ်မှာနေတာ မင်းကိုဘယ်လိုလုပ် အဓ္ဓမကျင့်လို့ရ
လဲ”
အမျိုးသမီး “ဒါဆို ကျွန်မရှင့်ဆီလာခဲ့မယ်လေ”

အကြံကောင်း

ကျောင်းသားများအားဆရာမက အသားတွေကိုမပုပ်မသိုးအောင်ဘယ်လိုထားမလဲ ဟုမေးလိုက်သည်။
ကျောင်းသားများက အမျိုးမျိုးဖြေကြသည်။ ထိုထဲတွင် အတန်း၏နောက်ဆုံးခုံ၌ အိပ်ငိုက်နေသော ပီတာက လိုက်မဖြေ။
ထို့ကြောင့် ဆရာမက ပီတာ့အား ထခိုင်း၍ ထိုမေးခွန်းကိုပင် ထပ်၍မေးလိုက်သည်။ ပီတာဖြေပုံက
“မသတ်ပဲ ထားလိုက်ပါမယ် ဆရာမ”

ဘာကြောင့်သေ

ရင်ခွဲရုံတစ်ခု၌ လူတစ်ယောက်အားမည်သည့်ရောဂါဖြင့် သေသည်ကို ခွဲစိတ်စစ်ဆေးကြသည်။ စစ်ဆေးပြီးနောက် အထက်
သို့ အစီရင်ခံစာ ကိုဤသို့တင်လိုက်သည်။ လူနာသည်ရင်ကွဲ၍သေဆုံးသည်။

မှတ်ချက်။ ။ မေးလ်ထဲမှ တစ်ဆင့်ပြန်လည်ဝေမျှလိုက်ခြင်းဖြစ်သည်။

2 comments

  • wunnakoko

    June 23, 2010 at 4:24 am

    ရယ်ရတယ်။ နောက်ထပ်ရေးပါဦး။ ဟာသလေးတွေ။

  • snow

    June 23, 2010 at 6:16 am

    ဟုတ်တယ်ထပ်ရေးပေးအုံးနော်

Leave a Reply