ဗိုက်ကလေးကို မွေးတဲ့နေ့

black chawJune 12, 20121min59276

မန္တလေး ဂဇက်မှ မိဘပြည်သူ ညီအစ်ကိုမောင်နှမများ မင်္ဂလာပါ ရှင်… အဲ….ခင်ဗျာ။
ဟေးဟေး… ဒီတစ်ခါလည်း skynet ရဲ့ နှုတ်ခွန်းဆက် စတိုင်အသစ်လေးနဲ့ နှုတ်ခွန်းဆက်သလိုက်တာပါ။
ဒီနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ဟာ ကျွန်ုပ်တို့ ရွာကြီး၏ ဆယ်လစ်ဗျစ်တီ စာရင်းဝင် ဗိုက်ကလေး (ခေါ်) စိန်ဗိုက်ဗိုက် (ခေါ်) ပေါက်စိန်ဗိုက် (ခေါ်) ပေါက်ဖေါ် ၏ (–) နှစ်မြောက် မွေးနေ့မင်္ဂလာဖြစ်ကြောင်း ရွှေတိဂုံဘုရား ရင်ပြင်ထက်မှ သတင်းထောက်တစ်ယောက်က သတင်းပေးပို့သွားပါသည်။ ဟဲဟဲ…မွေးနေ့ရှင် ကိုယ်တိုင်က သတင်းထောက်ဖြစ်နေတာပါဗျာ။ ပေါ့ပေါ့ပါးပါး လေးလေးနက်နက် ရှိလှသော ချဉ်ငံစပ် ကွန်းမန့်လေးများဖြင့် ကျွန်ုပ်တို့ ရွာသူားအပေါင်းအား စိတ်အညောင်းအညာပြေစေခဲ့သော မွေးနေ့ရှင် ပေါက်ဖေါ်အတွက် မွေးနေ့ဆုတောင်းလေးများ ချီးမြှင့်ကြပါရန် အကျိုးမျှော်လျက် နှိုးဆော်လိုက်ရပါသည် တမုံ့တကားတည်း။
မွေးနေ့ရှင် ပေါက်ဖေါ်တစ်ယောက် ဆော်ကြည် ထီပေါက်ပြီး နိဗ္ဗာန်ကို အမြန်ဆုံးရောက်ရပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ မွေးနေ့လက်ဆောင်အဖြစ် ဘီအီးတစ်သေတ္တာ ပေးပို့လိုက်ပါမည်။
ပျော်ပျော်ရွှင်ရွှင်
ဘလက်

76 comments

  • pooch

    June 12, 2012 at 9:36 pm

    “…..မိုးရာသီမှာ လောကကို အလည်လာတဲ့ ဗိုက်ကလေး တနှစ်ကူးပြန်ပြီပေါ့လေ။
    နှစ်ဦးရဲ့ ပထမဦးဆုံးနေ့မှသည် ခါတိုင်းထက် ပိုပြီး နှစ်ပေါင်းများစွာတိုင်အောင် ဆန္ဒရှိသလောက် ငယ်ရွယ်နုပျိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်ချီတက်နိုင်ပါစေလို့။……”

    “……စကားစပ်လို့ ပြောရရင် မျှော်လင့်ခြင်းဆိုတာ စိတ်နှလုံး ထဲမှာ နားခိုရင်း စာသားမပါတဲ့ တေးသွားကို မနားတမ်းသီဆိုနေတတ်တဲ့ အတောင်အလက်ကလေးတွေနဲ့ တစုံတရာ ပါလို့ အယ်မလီဒစ်ကင်ဆန်က ဖွင့်ဆိုသွားဖူးတယ်။……”

  • padonmar

    June 12, 2012 at 9:53 pm

    အယ်ဒီပြာစိန်ပေါက်ဖော်ဗိုက်ကလေးစိန်ပေါက်ပေါက်
    ရှည်ပါစေရှည်ပါစေ အသက်ရာကျော်။

    ပိုကြီးသော နားကပ်ကြီးလည်းပန်နိုင်ပါစေ။

  • surmi

    June 12, 2012 at 11:17 pm

    မွေးနေ.ရှင် ရေ ….
    မကျွေးချင်လည်းနေပါ အသက်ရှည်စေကြောင်းဆုတောင်းပေးလိုက်ပါမယ် ။
    “အများသူငါကို ကြည်သာရွင်ပြစေတဲ. ဗိုက်ကလေး …… အသက်ရှည်ကျမ်းမာပြီး အိမ်ထောင်ရေး
    ကံကောင်းပါစေ “

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 12, 2012 at 11:33 pm

    ဟက်ပီးဘတ်ဒေးတီးလုံးတိုင်းဆိုပါ
    …………………………….
    ဗိုက်ဂလေး ဆိုရန်…………….
    ဟက်ပီးဘတ်ဒေး အိုင်းဒူး ဟက်ပီဘတ်ဒေး အိုင်းဒူး ဟက်ပီဘတ်ဒေး ဟက်ပီးဘတ်ဒေ ဟက်ပီးဘတ်ဒေ
    အိုင်းဒူ…..ဟူဟူဟူဟူ
    ………………………………
    ရွာသား ရွာသူ လိင်တူချစ်သူများဆိုရန်
    ဟက်ပီဘတ်ဒေ ယူးဒူ ဟက်ပီဘတ်ဒေ ယူးဒူ …ဟက်ပီဘတ်ဒေး ဟက်ပီးဘတ်ဒေ ဟက်ပီးဘတ်ဒေ
    ယူးးဒူ ..ဟူဟူ
    ………………………………
    မိုက်ကယ်ဂျော်နီအောင်ပု တစ်ယောက်ထဲဆိုရန်…………….
    ဒီဝိုင်းတွက်ဂို ခင်ဗျားရှင်းလိုက်..အေ့
    ဟက်ပီးဘတ်ဒေး ပျော်ခြင်ပျော် မပျော်ခြင်နေ
    တတ်နိုင်ရင်နေ့တိုင်းလုပ် ……… အေ့

  • ဗျောက်ဖောက်တဲ့ စိန်ပေါက်ပေါက်
    မရပ်မနား တတောက်တောက်။
    ခပ်နောက်နောက်လူ ဗိုက်ကလေး
    အရက်ပုလင်းဖက်လို့မွေး
    လကို နှစ်နဲ့မြှောက်မွေးရက်ရောက်
    မှတ်လို့လွယ်သလေး။။။။။။။။။။။။။။။။။။။။။။။။။။
    (12-6-12)ထူးခြားသောမွေးနေ့လေးပါကွဲ့
    မင်းအတွက် ဝီတစ်ဖာပို့လိုက်ပါမယ့်
    (ပျားတွေထည့်ထားတဲ့ ဖာပြောတာပါကွဲ့)

  • htoosan

    June 13, 2012 at 12:07 am

    ဗိုက်စိန်ပေါက် ..
    အပေါ်ကရေးထာသူများအားလုံး အတိုင်းပါဘဲ ။ 😀

  • ရွာစားကျော်

    June 13, 2012 at 9:25 am

    အူးဗိုက်
    အထက်မှာ ဆုတောင်းပေးသွားကြတဲ့ရွာသူားများ ၏ ဆုတောင်းသံများနဲ့ တလုံး(ဘီအီးမဟုတ်)တဝတည်း ပြည့်စုံပါစေသတည်း…

  • hein latt

    June 13, 2012 at 11:22 am

    တစ်ခုကျော်က ကိုထူးဆန်းရေးထားသလိုနှင့် အထက်ပါကွန်မန်.များအားလုံး ကျနော်ရေးသည်ဟုသဘောထားကာ နောက်တစ်ခေါက်ပြန်ဖတ်စေလိုပါဂျောင်း……..။

  • ရဲစည်

    June 13, 2012 at 11:42 am

    ကိုဗိုက်ကလေး
    မွေးနေ့မှာ….
    ကောင်းမွန်ရာ တစ်ခုခုပြုနိူင်ပါစေ
    စိ်တ်ချမ်းသာစရာ တစ်ခုခုပြုနိူင်ပါစေ
    အေးချမ်းမှု တစ်ခုခုပြုနိူင် ရနိူင်ပါစေ
    လိုအင်ဆန္ဒ တစ်ခုခုရနိူင် ပြုနိူင်ပါစေ

    မေတ္တာဖြင့်…

  • laypai

    June 13, 2012 at 12:40 pm

    မနေ့ ကထဲ က happy birth day လုပ် မလို့ ၊ ခေါင်းစဉ်သာ မြင် ရ ပြီး ဖွင့် မရ လို့ စောရီးပါ ကိုဗိုက်ကလေး ရေ။

    HAPPY BIRTH DAY TO ဗိုက်ကလေး!

  • Moe Z

    June 13, 2012 at 3:10 pm

    ဪ .. မနေ့ကဆိုတော့ နောက်ကျသွားပြီပဲ
    မွေးနေ့မှာပျော်ရွှင်ပါစေဆိုပြီး ဆုတောင်းပေးစရာမလိုတော့ဘူး :mrgreen:
    နောက်ထပ် နောက်ထပ် မွေးနေ့ပေါင်းများစွာကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေနော် ..

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 4:49 pm

    ဥစွာပထမ….
    ကျနုပ်၏ တစ်ဆယ့်ခြောက်နှစ်မြောက် မွေးနေ ့ကို အရးတယူ အချိန်လု တင်ပေးရှာသော ဘဘကီး အူးဘလက်ချောအား
    အထူးတလည် ကျေးဇူးအုပကာရ တင်ရှိကြောင်း ပြောပါရစေ ခင်ဗျ။
    ထို ့နောက်…
    မွေးနေ ့ဆုတောင်း ပေးနေကြသော ချစ်လှစွာသော ၄စားအပ်ရပါသော မန်းဒလေးဂေဇတ်ရွာမှ အန်လ်ခယ်လ် ကိုကို ၊ အန်တီ မမ၊
    ဘဒါးသားညီနောင်၊ စစ်စတား နှမတို ့အားလည်း ထိုနည်း၎င်း ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ထပ်လောင်း ပြောလိုပါ၏ ခင်ဗျ။

    ကျနုပ်၏ ယမန်နေ ့က ကျရောက်ခဲ့သော တစ်ဆယ့်ခြောက်နှစ်မြောက်မွေးနေ ့၌ အန်ခယ်လ်ဂျီး အူးဘလက်ချောနှင့် မွေးနေ ့ဆုတောင်း ပေးဂုန်ကြသော မိတ်ဆွေများအပေါ် မွေးနေ ့ရှင် တစ်အူးအနေနှင့် တာဝန်မကျေခဲ့မှုအတွက် လွန်စွာ စိတ်မကောင်းလှသဖြင့် ကျနုပ်ကိုယ်ဒိုင် ရင်ထုမနာဖြစ်ခဲ့ရပါသည်ခင်ဗျား..။ ဒေါက်..ဒလောက်…ဒေါက် ( ရင်ထုသံ )

    အချိန်မီ လေးစွားစွာ စာပြန်နိုင်ခြင်းမရှိခဲ့သော ငမိုက်သား ငဗိုက်အား ထုလိုကပု၊ ထိုးလိုက ကျိုး၊ ရိုက်လိုကနာ ၊ သတ်လိုက သေ၊
    ကြိုက်သလို အပစ်ပေးကြမည်ဆိုပါက ကျေကျေနပ်နပ်ကြီး ထွက်ပြေး…အဲလေ….ကျေကျေနပ်နပ်ကြီး ခံယူမည်မှာ မလွဲဧကန် မုချ အမှန်ပင် ဖြစ်ပါသည်ခင်ဗျား။

    ကျနုပ်နှင့် မွေးနေ ့ထပ်တူကြပါသော ဘဘကီးစီတီဇန်ကြီးအားလဲ ရွာသူ၊သားများ ပေးကြသော ဆုမွန်ကောင်းများကို ကျနုပ်နှင့်အတူ ထပ်တူညီစွာ ရရှိပါစေကြောင်း ဆုတောင်းပေးပါတယ်ခင်ဗျား..။

    မွေးနေ ့၌ ပြုခဲ့သမျှသော ကောင်းမှုကုသလိုလ် အစုစုအားလဲ ဒဂျီးအူးခိုင်နှင့်တကွ ချစ်လှစွာသော ရွာသူသားများ ရရှိပါစေကြောင်း
    တစ်ဆယ့်ခုနစ်ရှစ်ကြိမ်တိတိ အမျှဝေပါတယ်ခင်ဗျား..။..ဒဂျီးရေ..အမျှ..

    အားလုံးပဲ မင်္ဂလာမွေးနေ ့များစွာ ပိုင်ဆိုင်ကြပါစေဟု အူးဗိုက်ကလေးမှလဲ ပြန်လည် ဆုတောင်းပေးပါရစေခင်ဗျား.။

    ဘဘကြီး အန်ခယ်လ် အူးဘလက်ခင်ဗျား..
    စာပြန်ပေးတာနောက်ကျနေသာ တားတားလေးငဗိုက်ကို ခွလွှတ်ပါခင်ဗျား..
    ဘီအီးတိုက်မည်ဆိုပါက ကျေနပ်အောင်လည်း တောင်းပန်ပေးပါ့မယ်ခင်ဗျား..

    ၄စားစွာဖြင့်
    တဆယ့်ခြောက်နှစ်နှင့် တစ်ရက်သား မောင်မောင်ဗိုက်
    ဟိုက်စ်…

    • Moe Z

      June 13, 2012 at 4:58 pm

      တစ်ဆယ့်ခုနစ်ရှစ်ကြိမ်ဆိုတော့ 17 x 8 = 136 ဆိုတော့ မဖြစ်နိုင်ဘူး 😆
      17 + 8 = 25 ဟုတ်လားဟင်င်င် :mrgreen:

  • စိန်ဗိုက်ဗိုက်

    June 13, 2012 at 5:10 pm

    တဂျီးရေ..
    တားကို မယုံဘူးတဲ့
    တားက ရုပ်ကလေးက နုချင်ပါရက်နဲ ့မျက်နှာလေးက ဖျက်နေလို ့သာ ရင့်နေဒါ..
    အမှန်က ဆယ့်ခြောက်နှစ်နဲ ့ တစ်ရက်ပဲ ချိတေးဒဲ့ ဟာဂျီးကို
    ဟာဗျဲ.ဟာဗျဲ..

  • ဦးဦးပါလေရာ

    June 13, 2012 at 5:13 pm

    စိန်ဗိုက်ပေါက်
    နင့်အသက်က တနှစ်ထက်တနှစ် ကြီးသွားတာလား ငယ်သွားတာလား…
    မူးမူးနဲ့ မတွက်တတ်တော့တာလား…. ?

    • စိန်ဗိုက်ဗိုက်

      June 13, 2012 at 5:15 pm

      ဟောကြည့်.
      ပြောလေကဲလေ..မန်းလေပြဲလေ..ပါလား..
      မယုံကြဘူးလား..
      လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ရိုက်ထားတဲ့ ဓာတ်ပုံပြရမလား..ပြော…
      😛

  • ကိုရင်စည်သူ

    June 13, 2012 at 5:55 pm

    ကိုဗိုက်ရေ.. မနေ့က အင်တာနက်မရလို့ နောက်ကျသွားတယ်ဗျာ..
    Happy Birthday! မွေးနေ့လက်ဆောင်အနေနဲ့ ဗေဒင်နည်းနည်းတွက်ပေးမယ်နော့
    ကိုဗိုက်က ၁၂ရက်နေ့ မွေးတော့ ၃ ဂဏန်းသမား။ ကျနော်နဲ့ ရက်ချင်းတူတယ်။
    (မွေးလတော့တူဘူးနော့)
    – ၃ ဂဏန်းသမားတွေ ဘဝအစမှာ အရမ်းခက်ခဲလေ့ရှိတယ်။ မိဘအထောက်အပံ့ သိပ်မရတတ်သလို မိမိရည်းမှန်းထားသမျှကို
    သူများထက်ပိုပြီး ခက်ခက်ခဲခဲ ကြိုးစားမှ အောင်မြင်လေ့ရှိတယ်။ အောင်မြင်သွားရင်လဲ
    သူများနဲ့ မတူတဲ့ အောင်မြင်မှုမျိုးပေါ့ (တွမ်ခရုဟာ သုံးဂဏန်းသမားပါ။ အသေးစိတ်သိလိုပါက သူ့သမိုင်းကိုလေ့လာကြည့်ရန်)
    ဒါကတော့ ၃ ဂဏန်းသမားတွေအတွက် ကျွန်တော့်အဘဆရာ ဟောပေးသွားတဲ့ အဟောပါဗျာ..

    ဘယ်လမှာပဲ ဖြစ်ဖြစ် ၃-ရက်၊ ၁၂-ရက် ၊ ၂၁-ရက် ၊ ၃၀-ရက်တွေမှာ မွေးရင်တော့ အဲဒီလူကို ၃-ဂဏန်း သမားလို့ ခေါ်ရမှာပဲ။ သူတို့က မျက်နှာ သွယ် တတ်ကြပါတယ်။ သူတို့ရဲ့ မျက်နှာကို ကြည့်ရင် အစဉ်သဖြင့် အေးအေး ဆေးဆေး ရှိတတ် ကြပါတယ်။ ဘယ်လိုနေရာကို ရောက်ရောက် အဆင်ပြေအောင် နေထိုင်တတ်ကြတယ်။ သဘာဝ မကျအောင် ထုပ်ထားတဲ့ စည်းကမ်း ဥပဒေတွေကို တလေးတစား လိုက်နာကြတယ်။ အလုပ် ဝတ္တရား ကိုလည်း အလွန် ရိုသေ တတ်ကြတယ်။

    သူတို့နဲ့ သင့်တော်တဲ့ အရောင် တွေကတော့ ခရမ်းရောင် ၊ မရမ်းရောင် ။ ပန်းနုရောင်တွေ ဖြစ်တယ်။

    ကျောက်မျက် ရတနာ ထဲမှာဆိုရင် ဂေါ်မုတ် ကျောက်ဟာ ၃-ဂဏန်းသမားနဲ့ သင့်တော်တဲ့ ကျောက်ပဲ။

    ၃-ဂဏန်း သမားတွေ အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကောင်းတဲ့ ရက်တွေကတော့ အင်္ဂလိပ်လရဲ့ ၃-ရက် ၊ ၁၂-ရက် ၊ ၂၁-ရက်တွေဟာ ပထမတန်းစား ကံကောင်းတဲ့ နေ့တွေပဲ။ ၆-ရက် ၊ ၁၅-ရက် ၊ ၂၄-ရက်တွေဟာ ဒုတိယတန်းစား ကံကောင်းတဲ့ နေ့တွေပါပဲ။ ၉-ရက် ။ ၁၈-ရက် ။ ၂၇-ရက်တွေဟာ တတိယတန်းစား ကံကောင်းတဲ့နေ့တွေပါပဲ။

    ၃-ဂဏန်းသမားတွေ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ ဦးခေါင်းပိုင်းမှာ အများဆုံး ဖြစ်တတ်တယ်။ ပြီးတော့ အကြောရောင် ရောဂါ ၊ အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။

    သူတို့အတွက် အကောင်းဆုံး ဓာတ်စာကတော့ နာနတ်သီး ဖြစ်တယ်။ ဒုတိယ သင့်တော်တာ ကတော့ ဆီးဖြူ သီးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ၃-ဂဏန်း သမားတွေဟာ နာနတ်သီး တစ်လှည့် ဇီးဖြူသီး တစ်လှည့် မှန်မှန်ကြီး စားစား ပေးသွားဖို့ လိုပါတယ်။

    • စိန်ဗိုက်ဗိုက်

      June 13, 2012 at 6:16 pm

      တိုရင်စိရေ..
      ကိုရင်ဟောပေးတာတွေက ကွက်တိပါပဲဗျာ.
      များတို ့နဲ ့ သင့်တော်တဲ့ အရောင် တွေကတော့ ခရမ်းရောင် ၊ မရမ်းရောင် ။ ပန်းနုရောင် ဆိုဒေ့ါကာ..
      ဖြစ်သေးပါဘူး..ဟိဟိ..
      နာနာတီးနဲ ့ ဇီးဖြူသီးကိုပဲ မီကြာမီကြာ ဝါးပေးပါဦးမယ်ခင်ဗျား..
      ကျေးဇူးတင်ပါတယ်ခင်ဗျား..
      ကိုရင်လဲ မြန်မြန်လူထွက်..အဲလေ..သင်္ဘောမြန်မြန်တက်လို ့ အိုကေစိုပြေနိုင်ပါစေခင်ဗျား.

    • မိုးတိမ်

      June 14, 2012 at 12:25 am

      ၃ဝ ရက် ၆လ မှာမွေးတဲ့ ကျွန်တော်ကာဟင်………
      ၃ ဂဏန်းသမားတွေက မဟုတ်ရင် ခပ်ကြမ်းကြမ်းပြန်ဗျင်းချင်တဲ့စိတ် များသလိုပဲနော်။
      ကျန်တဲ့အချိန်တွေမှာတော့အေးဆေးပါဘဲဆိုတာဟုတ်ပါတယ်။
      တရုတ်လိုကြက်နှစ်မှာမွေးတာဗျ။
      ကိုရင်စည်သူ ကျွန်တော်လဲ ကိုင်ရိုရဲ ့ဂဏန်းဗေဒင်ကို ငယ်ငယ်က ဖတ်ပြီးလေ့လာဖူးတယ်။
      ခုတော့ဘာမှမမှတ်မိတော့ပါဘူး။
      စိတ်လဲမဝင်စားတော့ပါဘူး။အကြောင်းကြောင့် အကျိုးဖြစ်လာရတာကို လက်ခံပြီးကတည်းကပါ။
      သို့သော် အကြောင်းမကောင်းအောင်လုပ်ရင်တော့ အကျိုးမကောင်းအောင် ပါဝင်ဖို့လဲ
      ဝန်မလေးပြန်ဘူး။ဒီတော့ ကျွန်တော်လဲ အကျိုးမကောင်းနှိုင်ဘူးပေါ့ဗျာ။

  • MaMa

    June 13, 2012 at 7:13 pm

    (အကြောရောင် ရောဂါ ၊ အကြောတက်ရောဂါ ၊ ဖြစ်တတ်တယ်။)
    ဗေဒင်မှန်ကြောင်း avatar က သက်သေပြနေတယ်။ 😆

    • စိန်ဗိုက်ဗိုက်

      June 13, 2012 at 7:40 pm

      ပုလင်းဖင်လောက် မျက်မှန်ကြီးတပ်ပြီး တစ်နေကုန် စာကြည့်နေမှတော့ အကြောတက်ပြီပေါ့ ဂျီးဒေါ်ရာ 😯
      အပေါ်က ဆုတောင်းပေးကြသော ပုဂ္ဂိုလ်များကို တစ်ဦးချင်းဆီ ကျေးဇူးတင်ကြောင်း မပြောနိုင်တာ ခွလွှတ်ပါဦးဗျာ..
      အားလုံးကို ကျေးဇူးတင်ပါတယ်..သဂျီး၂လုံးပြူးကို ကြောက်လို ့ပါ..နားလည်ပေးပါ.ကားဝယ်ပေးဘာ..ခင်ဗျား..

  • သားဦး၊မြေးဦး

    June 13, 2012 at 7:49 pm

    အင် အူးဗိုက်က မွေးနေ ့လက်ဆောင်ကားဝယ်ခိုင်းနေပီ။
    အူးဗိုက်ရေ ကနေ ့တော့ ဘီအီးမသောက်ပါနဲ ့တော့။

    • စိန်ဗိုက်ဗိုက်

      June 13, 2012 at 7:59 pm

      ဂေ့..
      ဘာပေါဒါရဲ..ဂေ့.

  • သားဦး၊မြေးဦး

    June 13, 2012 at 8:15 pm

    အင် အမူးလွန်နေပီလားဗျ။
    လေတွေတက်နေပါရော့လား။မတိုက်ချင်ဘူးလား ဘီယာပြောတာနော်။

  • ကြောင်ကြီး

    June 14, 2012 at 10:03 am

    လှောင်အိုက်တဲ့
    မှောင်မိုက်ငယ်
    မောင်ဗိုက်ရယ်
    စောင်နှိုက်ဝယ်
    ကြောင်ကိုက်တယ်
    အောင်ထိုက်မကယ်နိုင်…။
    happy birthday Mr Bike 🙂

Leave a Reply