ရန်ကုန်မြို့ တော်တော်များ ရပ်ကွက်တွေ လမ်းမတွေကို ကွန်ကရစ်လမ်းတွေခင်း ပြီးသကာလ ….. စိတ်ညစ်စရာတွေက တစ်နည်းတစ်ဖုံထပ်ကြုံခဲ့ရပြန်ပါတယ် ……… လမ်းကြားတွေ လမ်းမပေါ်တွေ မှာ ကလေးမဟုတ် သူငယ်မဟုတ် အသက်ကြီးသူတွေက ဘောလုံးကန်နေကြတာလေးတွေပါ …… ညနေရုံးဆင်းချိန် လူသွားလူလာများချိန်တွေ ရာသီဥတုသာယာချိန်တွေဆို ဘောလုံးထွက်ကန်ကြတယ် အသက် ၁၆ နှစ်မပြည့်သေးတဲ့ကလေးတွေ ကစားစရာနေရာမရှိလို့ လမ်းတွေပေါ်တက်ကန်တယ်ဆိုတာ မြင်ကောင်းသေးပါတယ် … အခုဟာက လူပျိုပေါက်တွေ အသက် ၃၀ နီးပါလူတွေ ကန်ရင်လည်း အားနဲ့မာန်နဲ့ လမ်းပဲသွားရမလား သူတို့ဘောလုံး ဂိုးအောင်ပဲ စောင့်ရမလား ထိုင်အားပေးရမလား …… စိတ်တွေက ဇဝေဇ၀ါဖြစ် အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ် .. လမ်းသွားလမ်းလာတွေကို အနှောက်အယှက်ဖြစ်သလို ကားတွေကိုလည်း အနှောင့်အယှက်ဖြစ်ပါတယ် ဘောလုံးတွေက ကားအောက်တွေဝင် ကားသမားတွေက ဘောလုံးကန်သူများကြောင့် ရှိန်လျော့ရ ရပ်ရနဲ့ နောက်ပီကွန်ကရစ်လမ်းသစ်တွေခင်းနေစဉ် ပြီးတဲ့တဖက်ကို လမ်းကျောပိတ်ကာ တစ်ဖက်က ကားအသွားလုပ်ရင် ပိတ်ထားတဲ့ဘက်ခြမ်းမှာ အုပ်စုလိုက်ဘောလုံးကန်နေကြတာကို  နေရာတော်တော်များများမှာ တွေ့မြင်နေရပါတယ်

 

တစ်နေ့ကျွန်မရုံးပြန် မြို့ထဲလမ်း ၄၀ ၀န်းကျင်လောက်က လမ်းကျဉ်းကလေးမှာ လူလတ်ပိုင်းတွေ အုပ်စုလိုက်ဘောလုံးကန်နေကြတယ် …… ထိုနေရာကို ကျွန်မဖြတ်စဉ် ကျွန်မမျက်နှာ တည့်တည့်ကိုဘောလုံးလာမှန်တယ် ကျွန်မတော်တော်လေးကို ဒေါသလည်းထွက် ရှက်လည်းရှက်သွားမိတယ် သူတို့ကတော့ အေးဆေးပဲ ကျွန်မလည်း ပူထူပြီး ဘောလုံးကိုခြေနဲ့တအားကန်ပလိုက်တယ် ဒါမျိုးအဖြစ်က ကျွန်မမကြာခဏကြုံတွေ့နေရတယ် ကျွန်မက လူငယ်ပိုင်းမဟုတ်တော့တော်သေးတယ် အမျိုးသမီးငယ်တွေဆို အရမ်းကိုရှက်မယ့်အဖြစ်မျိုးဖြစ်သလို အိနြေ္ဒလည်းတော်တော်မဲ့ပါတယ် ……..

ပြီးခဲ့တဲ့အပတ် ကြာသပဒေးနေ့က ရွှေတိဂုံဘုရား တောင်ဘက်မုဒ်မှာရှိတဲ့ ဦးသန့်အုပ်ဂူနဲ့ အဖွားဒေါ်ခင်ကြည်ဂူဗိမာန်တွေရှိတဲ့နေရာရှေ့မှာ ဘောလုံးကန်နေတာကိုတွေ့ခဲ့ရပြန်တယ် ထိုနေရာက သမိုင်းဝင်ပုဂ္ဂုလ်တွေရဲ့ ဂူဗိမာန်နေရာတွေပါ တစ်ခြားနိုင်ငံသားတွေ မြင်ခဲ့ရင် ဒီလိုနေရာမျိုးမှာ သရုပ်ပျက်ကစားတာတွေမပြုလုပ်သင့်ဘူးလို့ ကျွန်မမြင်မိတယ် …….

စိတ်ထဲရှိတာမြင်တာလေးတင်ပြခြင်းပါ …….

About Khaing Khaing

- - has written 38 post in this Website..