ဘယ်သူလိမ်နေတာလဲ ( ဖြေပေးကြပါ )

မြသဲ ( 17082011 )June 12, 20121min32139

မနက်ကပဲ ကျွန်မ သူဂျီးတို့မြေမှာနေတဲ့ ဦးလေးနဲ့စကားပြေဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ယနေ့ဟော့ဖြစ်နေတဲ့ ရခိုင်အရေးပဲပေါ့။ ပြောရင်းပြောရင်းဒေါသတွေ ထွက်လာ ခဲ့ရပါ တယ်။ သူကတော့ ကျွန်မမှားနေတယ်လို့ပြောပါတယ်။ အဲဒါကတော့ဘာလဲဆိုတော့ ရခိုင်အရေးမှာ ပြည်တွင်းမီဒီယာတွေနဲ့ အစိုးရပေါင်းပြီးကျွန်မတို့ ကိုလိမ်နေ တယ်တဲ့။ ကျွန်မကပြောလိုက်တယ် BBC VOA ကသာလိမ်နေတာ။ သတင်းမှားတွေဖြန့်နေတာ လို့ပြောတော့ သူက ကားဈေးလေးချပေးတာနဲ့ နင်တို့က အစိုးရကို အကောင်း မြင် နေ တာတဲ့။ တကယ်တော့လိမ်နေတာ ပြည်တွင်း မီဒီယာတဲ့။ BBC VOA က အမှန်တွေပဲပြောတာတဲ့။ ဘုန်းကြီးတွေကိုကျတော့ သတ်ပြီး ဒီကုလားတွေကိုမသတ်တာဟာ အစိုးရ ရဲ့မရိုးသား မှု့ပဲတဲ့။ ကျွန်မကပြောလိုက် တယ်။ နိုင်ငံတကာသတင်းအမှားတွေကြောင့်သာပိုလုပ်ရကိုင်ရခက်နေတာလို့။ သူကပြောတယ်။ နင့်နားမှာရှိတဲ့သူတွေကို အကုန်မေးကြည့် ပါ။ ဘယ်သူ လိမ်နေတာလဲလို့ တဲ့။ နင်တယောက်ပဲအစိုးရကို အကောင်းမြင်နေတာပါတဲ့။ ဘယ်သူမှဒီအစိုးရကိုမယုံပါဘူးတဲ့။ မျက်စိဖွင့်ပါ နားစွင့်ပါတဲ့။ ထောင်ကျနေ တာနဲ့တူတဲ့ နိုင်ငံထဲမှာနေပြီး သူတို့ ပြောသမျှမယုံပါနဲ့တဲ့။ ဒီပြသနာမှာသူတို့ က ကျွန်မတို့မြန်မာနိုင်ငံတွင်းမှာ နေတဲ့သူတွေရဲ့ ခံစားချက် စိုးရိမ်ပူပန်မှု့ အမျိုးသားရေး ဆိုတာတွေ ထည့်မတွက်ပဲ နိုင်ငံရေး တိုက်ကွက်တွေနဲ့ပဲ စဉ်းစား စကားပြောနေတာ သတိထားလိုက်မိတယ်။ အဲတော့ကာ ပြည်ပ မှာနေတဲ့ သူတွေထဲက တော်တော် များများက အနောက်အုပ်စုနဲ့ တသားထဲလို့ ခံစားလိုက်ရပါတယ်။  ဒီအရေးမှာ အားကိုးရာကတော့ ကိုယ့်ပြည်တွင်းမှာပဲရှိတယ်လို့လဲ ခံစားလိုက်ရပါတယ်။ ပြည်ပမှာ ရှိတဲ့သူတွေက အားမကိုးရတဲ့အပြင် ပြသနာကို ဘက်လိုက်မှု့တွေနဲ့ သုံးသပ်နေကြတယ်လို့လဲမြင်မိပါတယ်။ နောက် BBC VOA တို့ရဲ့လွှမ်းမိုးမှု့ကလဲတော်ရုံမဟုတ်တာ သိလိုက်ရတယ်။ ဒီဖြစ်ရပ်မှာ ကျွန်မကပဲ BBC VOA ကိုအဆိုးမြင်နေ တာလား။ ကျွန်မကပဲ မှားနေတာလား။ ရွာသူားတွေကော ဘယ်လိုမှတ်ချက်များပေး ချင်လဲသိချင် ပါတယ်။

39 comments

  • မသဲရေ အဲဒီလူကို ပြန်ပြောလိုက်စမ်းပါဗျာ.
    မြန်မာပြည်က လူတွေက အရင်တုန်းကလို သတင်းစာတစ်စောင်ထဲဖတ်နေရတဲ့ သူတွေမဟုတ်တော့ဘူးလို့။
    နိုင်ငံတကာနဲ့တစ်ပြေးညီ သတင်းတွေကို သိနေသူ သိသလောက်ဖြန့်ပေးနေသူတွေရှိနေပြီလို့
    ဆိုတာကို သူသိအောင်လို့

    • Thel Nu Aye

      June 12, 2012 at 6:13 pm

      “မြန်မာပြည်က လူတွေက အရင်တုန်းကလို သတင်းစာတစ်စောင်ထဲဖတ်နေရတဲ့ သူတွေမ ဟုတ်တော့ဘူး”

      ဟုတ်တယ်နော်လေးပေါက်။ နောက်တခါအဲလိုပြောရမယ်။ မနက်ကတော့ ဒေါသထွက်နေတာ နဲ့ ပြောမိပြောရာပြောလိုက်တာ။ ဘာမှမထိရောက်လိုက်ဘူး။ သူကကြီးပဲ အနိုင်ပိုင်းသွားတာ။

  • laypai

    June 12, 2012 at 3:52 pm

    အဖြစ်မှန် ကို သိသိ ကြီး နဲ့ ဇွတ်ငြင်း နေတာ။
    ဂျပန် ကြီး သေ ပြီး တည်း က ပြည်ပ မီဒီယာက သတင်းထောက် တွန့် နေ ကြတာ တာ။
    မလာ ရဲ ဘဲ ရမ်း မပြောနဲ့ လို့။
    မယုံ ရင် ရခိုင် ကို လာ ကြည့် လို့ ပြော လိုက် ပါ ဗျာ။
    သူငယ်ချင်း တယောက် က မောင်းတော ဘက် က မို့ ရဲ ရဲ ပြောရဲ တာ။

    • Thel Nu Aye

      June 12, 2012 at 6:22 pm

      ဟုတ်ပါတယ်။ ဒီနေ့ပဲစစ်တွေကသူငယ်ချင်းနဲ့တွေ့တယ်။ သူလဲတော်တော်စိတ်ထိခိုက်နေလို့ အလုပ်တောင်နားလိုက်ရတယ်တဲ့။ ဟိုမှာသူ့အမျိုးတွေကျန်ခဲ့တာကိုး။ သူကပြောတယ်။ သတင်း တွေမှာဖေါ်ပြနေတာ နဲနဲလေး။ ဟိုမှာတအားအခြေအနေဆိုးနေတယ်တဲ့။ အဲဒါပြောပြလဲမရ။ ခက်တာပဲနော့။

  • etone

    June 12, 2012 at 3:56 pm

    အစ်မသဲနုအေးရေ …
    ကျွန်မပြောနေကြစကားလေး ငှားသုံးချင် သုံးပါနော် … ကြောင် ကြာကြာ ရေမငုတ်ပါဘူး ဆိုတာလေ … ။ ပြည်တွင်းနေလူထုနဲ့ … ပြည်ပနေလူထု .. တစ်ခါတစ်လေတော့ .. အထင်မြင်လွဲတာမျိုးတေ ွရှိတတ်ပါတယ် … ။

    အရင်ကတော့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်လံဖားတွေအပိုဆောင်းပြီးရေးခဲ့တာမျိုးတွေ ရှိတော့ … VOA,BBC တို့ကလာတဲ့ တစ်တစ်ခွခွဝေဖန်တဲ့ သတင်းကိုမှ အမှန်လို့ ထင်နေကြတာမျိုးရှိတယ် … ။ အခုဆိုလျှင် အရင်ကထက်ပိုပြီး သတင်းပွင့်လင်းမှု ရှိလာလို့ …. အဖြူအမည်းကို … လူတွေကိုယ်ပိုင် ဉာဏ်နဲ့ ဆုံးဖြတ်လို့ ရနေပါပြီ … ပြည်ပနေတဲ့ အစ်မရဲ့ ဦးလေးလည်း … အရင်ကလမ်းစဉ်အတိုင်း .. အစိုးရကို အကောင်းမမြင်သေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် …. ။ ဒီအချိန်မှာ ပြုပြင်ပြောင်းလဲတာတွေ ဆက်တိုက်လုပ်နေ ၊ ကြိုးပမ်းနေတာကြောင့် ……. ဒီအမြင်တွေ ပြောင်းလဲဖို့က .. အစိုးရဘက်က အလုပ်နဲ့ သက်သေပြမယ်လို့တော့ ထင်မိပါတယ် … ။

    နည်းနည်းလေး အချိန်ပေးပြီး စောင့်ကြည့်ကြရအောင်လားနော် …… ။ အဲ့ဒီအချိန်ကြမှ ထပ်ဝေဖန်လည်း … အချိန်မနှောင်းသေးပါဘူး ….. ။ 🙂

    • ကြောင်ဝတုတ်

      June 12, 2012 at 4:05 pm

      ဒီကြောင်က ရေတောင်မကူးတတ်ဘူး… ရေငုပ်ခိုင်းရင် အကြာကြီး ငုပ်သွားမှာနော်…

      ရေမကူးတတ်တဲ့-
      ကြောင်ဝတုတ်

      • etone

        June 12, 2012 at 4:56 pm

        မှတ်ချက်ထဲမှာ ထည့်ရေးဖို့ မေ့သွားတယ် … ဟိဟိ
        ဟဲဗီးဝိတ် ကြောင်များကို မဆိုလိုပါဆိုတာလေ ………. ဖြည့်စွက်ပါတယ် :mrgreen:

      • Thel Nu Aye

        June 12, 2012 at 6:30 pm

        ဘယ်လောက်ကြာကြာငုတ်မှာတုန်း။ တနာရီ နှစ်နာရီ ?????????????????? ရေငုတ်စံချိန် တင်မယ်မှတ်တယ်။ ဂင်းနစ်စာအုပ်မှာတော့ ဟိုနေ့က ၂၂ မိနစ်နဲ့ ၂၂ စက်ကန့်ဆိုလား။

    • Thel Nu Aye

      June 12, 2012 at 6:26 pm

      ဟုတ်ပါတယ်။ စောင့်ပေးရမှာပေါ့။ အပြုသဘောဆောင်တဲ့ဖြေရှင်းနည်းမျိုးနဲ့ဖြေရှင်းနိုင်ဖို့ အမတို့ စိတ်ရှည်ရမှာပေါ့။ အဘဖောလဲပြောထားတာပဲ။ ဒါကိုပဲသူတို့က မပစ်လို့ ဘာဖြစ်သလေးညာဖြစ် သလေးနဲ့။ အမတို့က အနီးကပ်ဆုံးခံစားရသူတွေပါ။ သူတို့ထက်ပိုပြီးပစ်စေချင်သေးတာပေါ့။ ဒါဆိုရင်တော့သူတို့အကြိုက်ပဲဖြစ်သွားမှာပဲ။ ပစ်ကုန်ပြီ နှိပ်စက်ကုန်ပြီဆိုပြီးပိုတောင်ကြိုက် သွားအုံးမယ်။ ဒါကိုသဘောမပေါက်ပဲ အရင်တုန်းကလိုပဲမြင်နေတော့ခက်ကုန်တာပေါ့။

  • မွန်မွန်

    June 12, 2012 at 4:02 pm

    တစ်ခုပဲ ပြန်မေးလိုက်လေ… အဲဒီရိုဟင်ဂျာကို တိုင်းရင်းသားအနေနဲ့ မြေပုံထဲ ထည့်ခဲ့တဲ့ အဲဒီ BBC ဆိုတာကို ယုံနေတာလားလို့… သိပ်မှန်တယ်ထင်နေရင် အခုချက်ချင်း မြန်မာနိုင်ငံကို ပြန်လာခဲ့ပါလို့…မြန်မာတွေ မှားနေတယ်ဆိုရင် ကိုယ်တိုင်ပြန်လာပြီး အမှန်ဖြစ်အောင် လာခေါင်းဆောင်ပါလို့…

    • shwe kyi

      June 12, 2012 at 4:13 pm

      ကောင်းလိုက်တဲ့ ချေပမေးခွန်း။ ထောက်ခံတယ်မမွန်မွန်။

    • Thel Nu Aye

      June 12, 2012 at 8:25 pm

      ဟုတ်တယ်အဲလိုပြန်မေးရမယ်။ အကြံပေးတာကျေးဇူးပါ။ အဲမေးခွန်းမှန်တယ်။

  • may flowers

    June 12, 2012 at 4:06 pm

    မြန်မာပြည်သာ ပြုပြင်ပြောင်းလဲမှုများနဲ့ လမ်းမှန်ပေါ်ရောက်သွားရင် ဒီသတင်းဌာနတွေလဲ ရေးစရာမရှိ

    ပဲ အလုပ်ပြုတ်၊ ထမင်းငတ်မှာ ကြောက်နေကြရှာတယ် ထင်ပါရဲ့မသဲနုအေးရယ်။

    ပြည်ပကလူတွေလဲ ပြည်ပသတင်းဌာနတွေပဲဖတ်နေ၊ ကြည့်နေကြဆိုတော့ ပြည်ပသတင်းကိုပဲ

    ယုံကြည်ကြတာမဆန်းဘူးပေါ့…………။

    အချိန်က စကားပြောပါလိမ့်မယ်အမရယ်……………ခုတော့…ခွေးလွှတ်လိုက်ပါ……….ခွေးလွှတ်လိုက်ပါ။။

    • Thel Nu Aye

      June 12, 2012 at 8:39 pm

      ဟုတ်ပါတယ်။ သူတို့က သဂျီးပြောသလိုပဲ ရှေးစွန်းစွဲတွေဖြစ်နေတာ။ အရင်က ယုံကြည်ခဲ့အားကိုးခဲ့တာကို အခုထိစွဲကိုင်ထားကြတုန်းဖြစ်နေတာ။ အချိန်ကတော့သေချာပေါက်စကားပြောတော့မှာပါ။

  • kai

    June 12, 2012 at 4:11 pm

    ဒေါ်အောင်ဆန်းကြည်ရှိရာအရပ်ကို မျက်နှာမူပါ..
    နားထောင်ပါ..

    အသံတွေ… ကြားပါစေ..။ :mrgreen:

    • မောင်ပေ

      June 12, 2012 at 7:23 pm

      အမေစုဘာပြောလာမလဲ စောင့်နေတာပါ ။
      အမေစု ကိုယ်တိုင်လဲ ဘီဘီစီ / ဗီအိုအေ အခုလို ေxာချဉ် / ေxာက်ပေါ လုပ်ရပ်တွေ ကို မှားကြောင်းပြောဖို ့““ အားနာ ””” နေတာများလား လို ့၊ တွေးမိတယ်ဗျာ ။

    • Thel Nu Aye

      June 12, 2012 at 8:52 pm

      အမေစုရဲ့ပညာသားပါပါနဲ့ အစွန်းလွတ်အောင်ဘယ်လိုဖြေမလဲဆိုတာစိတ်ဝင်စားနေမိပါတယ်။ မနက်ဖြန်ခရီးစဉ်အတွက် ကျွန်မတို့စိတ်လှုပ်ရှားနေသလို အမေလဲ စိတ်လှုပ်ရှားနေမှာပါ။ မေး မဲ့မေးခွန်းတွေကလဲသေချာသိနေလေတော့ သေချာပြင်ဆင်သွားမှာပါ။ ကျွန်မတို့ မျှော်လင့်ချက် ယုံကြည်ချက်တွေကို အမေရိုက်မချိုးလောက်ပါဘူး။

    • ရွာစားကျော်

      June 12, 2012 at 9:48 pm

      သကျိုင်ခီးခင်ည.. ဒေါ်စုနှာခေါင်းပေါက်နဲ့ပဲ အူမရှီးပါနဲ့ဗျို့..
      ဘယ်သူလိမ်တယ်ဆိုတာ သဲသဲမေးနေတယ်နော်..
      ထရန်စပေရန်စီ ရှိပါဗျို့…

      ဝှီး… ဝှစ် ဝှစ်

  • mayjuly

    June 12, 2012 at 4:12 pm

    အမဲစက်တစ်ခုပေါ်ကို အဖြူ လေး တစ်စက်ချကြည့်ရုံနဲ့ ပြန်မဖြူနိုင်တဲ့သဘောပါ .. ..
    အဖြူရောင်ဖြစ်ဖို့က တော်တော် ကြိုးစားယူရမယ့်အဖြစ်ပါ …
    ဒါပေမယ့် အမြဲတမ်းတော့ မမဲနိုင်ဘူးထင်ပါတယ် …

    • Thel Nu Aye

      June 12, 2012 at 9:35 pm

      ဟုတ်ပါတယ်။ ဖြူတာမြန်အောင်ကူညီဖို့ကတော့နိုင်ငံသားတိုင်းတာဝန်ရှိတယ်လို့ ထင်ပါတယ်။

  • ကြည်ဆောင်း

    June 12, 2012 at 4:25 pm

    နိုင်ငံရေးကျားကွက်တွေကိုတော့နားမလည်ပါဘူး။
    မြန်မာပြည်အားလုံးကိုတော့အေးချမ်းစေချင်၊စိတ်ချမ်းသာစေချင်ပါတယ်။
    မီဒီယာတွေက နိုင်ငံရေးပေါ် အခြေခံတာ ထုတ်လွှင့်တာလား. . . . .
    နိုင်ငံသားတွေ အေးချမ်းဘို့အတွက် ထုတ်လွှင့်တာလား. . . . ဆိုတာဉာဏ်မမီတော့ပါဘူးရှင်။

    • Thel Nu Aye

      June 12, 2012 at 10:03 pm

      မီဒီယာဆိုတာ မျိုးချစ်စိတ်ပြင်းထန်ပြီး ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်ဆိုတဲ့မီဒီယာရှိပေမဲ့ အများစုကတော့ သူတို့စီးပွားအတွက်ပါပဲ။

  • Shwe Ei

    June 12, 2012 at 5:08 pm

    အမသဲနုအေးရဲ့ ဦးယေး လိမ်နေတာပါဗျို့။ 😀
    ပြေးဘီ ဒက်ဂလောက် ဒက်ဂလောက်……

    • Thel Nu Aye

      June 12, 2012 at 10:08 pm

      သူကလိမ်နေတာမဟုတ်ဘူး။ အမှန်မမြင်နိုင်ဘူးဖြစ်နေတာ။ တခါတခါသူ့ကိုတောင်သနားသေး။ ကျွန်မတို့အခုခံစားနေရတဲ့ ပီတိတွေ အပျော်တွေသူမခံစားနိုင်လို့လေ။

  • captainamerica

    June 12, 2012 at 5:55 pm

    ဖြစ်မှ ဖြစ်ရလေနော် ဒီလောက်ဖြစ်နေတာတောင် နားမလည်းဘဲနဲ.။အစိုးရ မုန်းတာကမုန်း
    ဂျပါဗျာ။မသဲနုအေးရဲ့ဦးလေးကိုမျက်မှန်စိ်မ်းကြီးချွတ်ခိုင်းလိုက်ပါ။အင်တာနက်ဆိုင်ခေါ်သာွး
    ပီးရခို်င်မှာဖြစ်နေတဲ့ပုံတွေပြလိုက်………….လိမ်နေတာတွေလားတကယ်ဖြစ်နေတာလား
    သိသာွးအောင်…………

    • Thel Nu Aye

      June 12, 2012 at 10:10 pm

      အစိုးရကိုမုန်းတယ်ဆိုတာအတိုင်းအတာတခုထိပဲရှိသင့်တာ။ သူကတော့အစွန်းရောက်နေတာ။

  • အရီး Khin Latt

    June 12, 2012 at 5:55 pm

    သဲနု ရေ

    အရမ်းကောင်း တဲ့ မေးခွန်းလေးပါဘဲ။
    တစ်ချို့အကြောင်းတွေ ကို ပြည်တွင်းမှာ တုန်းက မသိခဲ့ဘူး။

    သတင်းဌာန တွေက ပြောတိုင်း အမှန်အကန် မဟုတ်တာတော့ သေချာပါတယ်။
    အခု ကိစ္စမှာ အသားထဲက လောက်ထွက် ပြီး ဝှက်ဖဲကိုင်ထားသူ တွေ အများကြီးပါ။
    တကယ်က သူတို့ က မြှောက်ထိုးပင့်ကော်လုပ်ပါတယ်။

    ဒီသတင်းဌာန တွေဟာ မြန်မာ ပြည် ကိုမှ မဟုတ်ပါဘူး။
    သူတို့ အစိုး ရနဲ့ သူတို့ ပြည်တွင်းမှာလဲ လုပ်ပါတယ်။
    ဒါကြောင့် မကြာခဏ တောင်းပန်ခြင်းတွေ လုပ်ရပါတယ်။
    ဒါက သူတို့ အလုပ်သဘောပါ။

    ဒါကို နားလည် လိုက်ရင် သူတို့ ကို အဖျက်အမှောက်ရန်သူ လို့ တွေးလို့ မရပါဘူး။
    သူတို့ က လဲ အရီး တို့ ပြည်တွင်းအရေးမှာ ဘာကို မှ ဝင်စွက်ဖက် လို့ မရပါဘူး။
    ပြည်ပနိုင်ငံ တွေက သာ ပြည်တွင်းရေး ကို လိုသလို စွက်ဖက်နိုင်ရင် ဒီအစိုးရပြုတ် တာကြာပါပေါ့။
    တကယ်တော့ ကိုယ့်ပြည်တွင်းရေး ကို ကိုယ့်ဖာသာ ရှင်းကြဖို့ ရှိပါတယ်။
    သူတို့ ကို ကိုယ့်လူတွေ က မီးတိုက် ပေးနေတာပါ။

    ဒီအချိန်မှာတော့ ပြီးခဲ့တာတွေ ကို ခဏ ထားပြီး လက်ရှိ အစိုးရ နဲ့ ပြည်သူ တွေ တကဲ့ တစ်သားထည်း ဖြစ်အောင် လုပ်ရမှာပါ။
    ဘာလို့ လဲ ဆိုတော့ အဓိက အဖျက်တွေက
    – ပြည်တွင်းက ကိုယ်ကျိုးရှာ တစ်ဘို့ထဲ အာဏာမလွှတ်ချင်သူ တစ်ချို့ရယ်၊
    – ပြည်ပက အာဏာရူး နေသူ တွေရယ်။
    – ပြည်တွင်း/ ပြည်ပ အတွေးအခေါ် အစွန်းရောက် သမားတွေရယ်။
    သူတို့ က ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းတိုးတက်ရေးကို ဖျက်စီးနေတာပါ။

    ကျန်တာတွေ က ဘေးက ဝေလေလေတွေပါဘဲ။
    အဲဒီ ဝေလေလေ တွေ ကို ရန်သူ လို့ သွားမြင်ပြီး တာကက် လုပ်ရင် တကဲ့ ရန်သူ တွေ လွတ်သွားမှာ စိုးရပါတယ်။
    ဒီတော့ ကြားသမျှ ကို စိတ်အေးအေး နဲ့ ရှုမြင်တတ်ဖို့၊ စကားပေါင်းစုံ ကို ရှုဒေါင့်ပေါင်စုံမြင်ကြည့်နိုင်ဖို့ ကြိုးစားကြရမှာ။

    အဲဒါလေးကို အခွင့်ရရင် ဆက်ပြီး ရှင်းပြချင်ပါသေးတယ်။ 🙂

    ခင်မင်စွာဖြင့်
    အရီးလတ်

    • Thel Nu Aye

      June 12, 2012 at 11:20 pm

      အင်မတန်ကောင်းတဲ့ရှင်းပြချက်ကလေးပါအရီးရေ့။ မှတ်သားထားပါတယ်။ နောက်ထပ်လဲ အချိန်ရရင်ဆက်ပြီးရှင်းပြပါအုံး။ မျှော်နေပါ့မယ်။
      ”သူတို့ က လဲ အရီး တို့ ပြည်တွင်းအရေးမှာ ဘာကို မှ ဝင်စွက်ဖက် လို့ မရပါဘူး။” မှန်တော့မှန်ပါတယ်အရီးရေ။ ဒါပေမဲ့လဲ သူတို့ကဘေး ကနေ အောက်ကလိအာနေတာကို ခံရခက်တာတော့အမှန်ပါပဲ။ အခုတလောအပြောများနေသလိုပဲ အချိန်ပေးပြီးစောင့်နေရတော့ မှာပါပဲ။ ဇာတ်သိမ်းခါနီးပြီလို့တော့ယူဆရတာပဲ။ ဇာတ်သိမ်းမှ အမှန်တရားပေါ်တာလေ။ ရုပ်ရှင် ထဲမှာပြောပါတယ်။

  • အရီး Khin Latt

    June 12, 2012 at 5:55 pm

    မှတ်ချက် – သူကြီး ကို စာမေးပွဲ စစ်နေသည်။ 😀

    • Thel Nu Aye

      June 12, 2012 at 10:13 pm

      သူကြီး အမှတ်ပြည့်ရအောင်ဖြေပေးပါ။

  • aye.kk

    June 12, 2012 at 6:51 pm

    နိုင်ငံရေးနဲ ့ကျား..
    မယုံစားနဲ ့တဲ့..
    နိုင်ငံရေးလှည့်ကွက်..
    ပဉ္စလက်အပြင်…
    လိုက်လို ့မမှီ..တိမ်ပန်းချီတဲ့။။
    (သိတာကိုသာချရေးလိုက်ပါ၏)

    • Thel Nu Aye

      June 12, 2012 at 11:22 pm

      ဟုတ်ပါတယ်။ နိုင်ငံရေးဆိုတာတော့ ကျွန်မတို့လူပိန်းတွေနားမလည် လိုက်မမှီနိုင်အောင်ကို လှည့်ကွက်တွေများပါတယ်။ ကောင်းသောလှည့်ကွက်ကိုသာလိုချင်ပါတော့တယ်အမအေးရေ။

  • chityimhtoo

    June 12, 2012 at 9:00 pm

    အဲ့ဒီ့ဦးလေးဆိုတာကို ဘူးသီးတောင်မောင်တော ပို့လိုက်…ဘယ်သူလိမ်လည်းဆိုတာသိလိမ့်မယ်..
    အသိခေါက်ခက်အဝင်နက်တဲ့ ဦးလေး..မင်းဦးလေးနဲ့ပတ်သတ်ပြီးမင်းနဲ့ ငါခဏခဏစကားများတာမကောင်း
    ဘူးသဲရယ်။ဒါဗျဲ

    • ရွာစားကျော်

      June 12, 2012 at 9:21 pm

      ဝယ်မစားဘဲနဲ့ နှိုက်မြီးသွားတယ် လူဆိုးကြီး… 😛

      အစိုးရလည်းမလိမ်ဘူး.. မီဒီယာလည်းမလိမ်ဘူး

      သဲသဲပဲ တို့ကို ညာသွားတာ အဟင့်

      • Thel Nu Aye

        June 12, 2012 at 10:26 pm

        အောင်မြတ်ငေး ကယ်တော်မူဂျဘာ။ ကယ်တော်မူဂျဘာ။

  • surmi

    June 12, 2012 at 11:05 pm

    အတော်ဂွကျတဲ.ဘိုးတော်ပဲ …..
    ပြောလိုက် …နောက်နှစ်ရက်လောက်စောင်.ကြည်. ကျုပ်တို.အားလုံးသေတော.မှ သဘောပေါက်လိမ်.မယ် ။

    • Thel Nu Aye

      June 12, 2012 at 11:34 pm

      ကိုဆာမိရေ ကွန်မန့်အတွက်ကျေးဇူးပါ။ ဒါပေမဲ့ သူသဘောပေါက်ဖို့တော့ သများတို့သေရဲဘူး။ အီးးးးးးးးးးး

  • ရဲစည်

    June 13, 2012 at 11:52 am

    အိမ်း အဘတို့လဲ နည်းနည်းတော့ ညာထားပါတယ် ပြည်သူ့မေတ္တာကို လိမ်ယူချင်လို့
    အိမ်း သူတို့လဲ နည်းနည်းတော့ ညာကျတယ် အဖြစ်မှန်ကို အလိမ်မပါဘဲ ပြောမပြချင်ဘူး
    ဆိုတော့ အသံကျယ်အောင် လက်ခုပ်နှစ်ဖက်လုံး အားပါးတရ တီးနေကြပါတယ်…. ဒါလေးပါ

    အဂ္ဂသေနာပတိတပ်ဦး ဗိုလ်ချုပ်ဗိုက်ရွှဲ

    • Thel Nu Aye

      June 13, 2012 at 12:21 pm

      အေးချမ်းစေလိုလို့ လိမ်ထားတာက အဖြူရောင်မုသားပါ။ ရခိုင်အရေးကို အစိုးရက လျော့ပြော ထားတာက မလိုလားအပ်တဲ့ ရန်လိုမှု့တွေ၊ အကျယ်ချဲ့လိုတဲ့ တောကြောင်တွေရန်ကကြောက် လို့ပါ။
      သူတို့ညာတာကတော့ သူတို့ကိုယ်ကျိုးအတွက်၊ မြန်မာနိုင်ငံမအေးချမ်းသေးဘူးဆိုပြီး နိုင်ငံရေး ခိုလှုံထားသူတွေနဲ့ လုပ်စားလိုတဲ့ သူတို့စီးပွားအတွက်မို့ ခွင့်မလွှတ်နိုင်ပါ။

      တိုင်းပြည်တိုးတက်မှု့ကိုလိုလားသော အမှန်တရားကိုသိမြင်သော
      မြန်မာနိုင်ငံသားပြည်သူစစ်စစ်များ

Leave a Reply