( ၁ )
မြေကြီးကို တူးမကြည့်နိုင်သောအခါ ..ရန်ကုန် သမိုင်း အုတ်မြစ်ကိုသာ တူးရတော့သည် ။ ရွှေတိဂုံစေတီတော် သမိုင်းက ဆိုသည် ။

ရန်ကုန်သည် ရှေးနှစ်ပေါင်း ၂၅၀ဝကျော် အထက်က ပင် ရှိနေခဲ့သည် ။ ဥက္ကလာပ ဟု အမည် တွင်ခဲ့သည် ။ ဇမ္ဗူဒီပါ ဦးဆောင်း ကျမ်းကလည်း. ပုဂံပြည်ကြိး၏ အပိုင်းခြားကို ပြခဲ့သည် ။

“အရှေ့တောင်သို ့ လားသော်.. ဂျွမ်းပြည်အကုန်း ဒဂုံပြည်မြေအဆုံး ” ဟု တွေ့ရသည် ။

အနော်ရထာ၏ ပုဂံနှငင့် ခေတ်ပြိုင် ဒဂုံသည် တံငါရွာကလေး အဖြစ်လောက်သာ ရှိပေဦးမည် ။ ပင်းယ ခေတ် ၊ အင်းဝခေတ်တွင် ဒဂုံသည် အတော်အသင့် ထင်ရှားလာခဲ့သည် ။

သို့၏ရာတွင် ကုန်းဘောင် ခေတ်ဦး အထိ သိသိသာသာ မပေါ်လွင်သေး။ ဘုရား ဖူး စခန်းဘဝတွင် သာရှိသေးသည် ။

နောင်တွင် အလောင်းဘုရား အရေးအခင်း များနှင့် အတူ ဒဂုံသည် ကျော်ကြားလာခဲ့သည် ။ ခရစ် ၁၇၅၅ ခုနှစ်တွင်. အလောင်းဘုရားသည် ဒဂုံတွင် သစ် တပ်မြို ့ တစ်မြို ့ တည်သည် ။

ရန်ကုန် ဟု သမုတ်သည် ။

( ၂ ) အလောင်ဘုရား၏ရန်ကုန်သည် နှစ်မိုင် သာသာ ခန့်သာ ကျယ်ဝန်းသည် ။ မြောက်ဘက်တွင် ဆူးလေစေတီ တည်ရှိသည် ။ တောင် ဘက်တွင်.ရန်ကုန်မြစ်ကြီး.စီးနေသည် ။

အရှေ ့ဘက်တွင် ယခု သိမ်ဖြူလမ်းနေရာမှ အနောက်ဘက်တွင် ယခု လမ်း ၃ဝ နေရာလောက် အထိသာ ရောက် သည် ။

မြိ်ု ့တွင်း၌ လမ်း သုံးလမ်းသည် အရှေ့မှ အနောက်သို ့ တန်းနေခဲ့သည် ။ တစ်လမ်းမှာ နိုင်ငံခြာသားများနေထိုင်ရာ ကုလားတန်း ( ယခု ကုန်သည်လမ်း ) ဖြစ်သည် ။

နောက်တစ်လမ်းမှာ ဟံသာဝတီမြျို ့ ဝန် အ်မ်နှင့် ရုံးရှိရာ ပဲခူးလမ်း ( ကုန်သည်လမ်းတောင်ဘက်နား ) ဖြစ်သည် ။

အခြားလမ်းမှာ.. မင်္ဂလာဈေးလမ်း ( ကုန်သည်လမ်းမြောက် ဘက်နား ) ဟုခါ်သည် ။ တောင်မှ မြောက်သို ့ တန်းနေသော.လမ်းနှစ်လမ်းလည်း ရှိသေးသည်။ ယခု ဗန္ဓုလ ပန်းခြံလမ်း ( ဘားလမ်း)
နှင့် ဆိပ်ကမ်းသာ လမ်း ( လွစ္စ လမ်း ) နေရာ တစ်ဝိုက်ဖြစ်သည် ။

ထိုစဉ်က ဆူးလေစေတီ၏ တောင်ဘက် ၊ အရှေ့ဘက် ၊ အနောက်ဘက် မျက်နှာများတွင် အင်းကြီးများ ဝိုင်းနေသည် ။

ရွှေတိဂုံစေတီတော် ကြီးမှာလည်း မြို့ပြင် တောကြီး ခေါင်ခေါင်ထဲ ရောက်နေသည် ။ ကြည့်မြင်တိုင်နှင် ့ ပုစွန်တောင် တို ့သည် ရန်ကုန် သစ်တပ် အပြင်ဘက်တွင် ရှိနေနှင့်ပြီ .။ ရွာကြီးများ ဖြစ်နေခဲ့ပြီ။

နိုင်ငံခြားသား မှတ်တမ်းများအရ အလောင်းဘုရား၏ရန်ကုန်မြို ့ ပတ်လည်တွင် အုတ်မြို ့ရိုးများမရှိ ။ သစ်တပ်မြို ့ရိုးသာရှိခဲ့သည် ။

ဆယ်ပေမှ ဆယ် ့နှစ်ပေ ထိ မြင့်သည်။ အချို ့နေရာတွင် ပေနှစ်ဆယ် ထ်ိမြင့်သည် ။

သစ်တပ်မြို ့ရိုးတွင် တံခါးရှစ်ပေါက်ထားသည် ။ မြင့်ကမ်းနှင့် နီးသည် ။

ခရစ်နှစ် ၁၈၄၁ – ၄၂ ခုနှစ်များတွင်…သာယာဝတီမင်းသည် ရွှေ တိဂုံစေင်္တီအနီးသို ့…မြို ့တော်ရွှေ ့ပြောင်းသည်။ ရနကုန်မြို ့သစ် ( အောင်မြေရန်နှင်..ခေါ် ဥက္ကလာပ )သည်

တာဝန်း ၁၈၀ဝ ကျယ်သည် ။

မြေမြို ့ဖြစ်သည် ။ နန်းတော်ကို ” မြတ်နန်းအောင်ချာ ” သမုတ်သည် ။ သာယာဝတီမင်း၏ အောင်မြေရန်နှင်..ရန်ကုန်မြို ့သစ်သည် ဂျူဗလီဟော.. ( ယခု စစ်သမိုင်းပြတိုက် )အနီ း
ကျားကူးကျောင်းတိုက် ဝန်းကျင်မှ ဗားကရာ တောရကျောင်းလမ်း မြေနီကုန်းရပ်ကွက်အတွင်း တည်ရှိခဲ့သည် ။

ယခင် မြို ့မ အမျိုးသားကျောင်းနှင့် ဂျူဗလီဟော အကြား..ပထမ မြင်းပြိုင်ကွင်းဟောင်း..မြောက်ဘက်နားရှိ အင်္ဂလိပ်ဘုရားကျောင် နေရာ တဝိုက်သည်

“မြတ်နန်းအောင်ချာ ” နန်းတော်ရာ ဖြစ်သည် ။ ယင်းမြို ့သစ်၏ အရှေ့ဘက် မြို ့ရိုးသည်..တပ်မတော် မှတ်တမ်းရုံးရှေ ့လောက်တွင် ရှိခဲ့သည် ။

ဆယ်နှစ်မျှသာ..သက်တမ်းရှည်ခဲ့သော တောင်ဘက် မြို ့ရိုးသည်.. ဂျူဗလီဟော နှင့် ကျားကူးသိမ် အကြား..၊ အနောက်မြျို ့ရိုးသည် ယခင် မစ်ရှင်လမ်း အနီး..၊

မြောက်မြို့ရိုးသည်..ရှေးက ရှင်စောပုမြို့ရိုးအတိုင်း အသီးသီး ကျရောက်ခဲ့သည်။

မင်း လက်ဝဲ ဘုရား ( အလံပြ ဘုရား ) သည် ယခု သမ္မတ ရုံအနီး မြို့တွင်း၌ တည်ရှိသည် ။

ခရစ်နှစ် ၁၈၂၄ ခု နှစ် ၊ ပထမ အင်္ဂလိပ် မြန်မာ စစ်အတွင်.း.ရန်ကုန်မြျို ့သည် စစ်မြေပြင်အတွင်း..ကျရောက် နေခဲ့ရသည် ။ အင်္ဂလိပ် လက်အောက်တွင်..နှစ် နှစ်မျှ နေခဲ့ရသေးသည်။

၁၈၂၆ ခုနှစ်တွင်..မြန်မာတို ့ လက်သိ ု့ ပြန်ရောက် သည် ။ ပုဂံမင်း လက် ထက် ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီးတွင် ရန်ကုန်မြို ့သည်.. ဗြိတိသျှမဟာ ဝန်ရှင်တော်မင်းကြီး ( ကော်မရှင်နာ )

ရုံးစိုက်ရာ မြို ့တော် ဖြစ်သွားရသည် ။

တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ အပြီးတွင်မူ..ရန်ကုန်မြို ့သည်.. ဒုတိယ ဘုရင်ခံရုံးစိုက်ရာ မြန်မာ တစ်နိုင်ငံလုံး၏ မြိ်ု ့တော် ဖြစ်ရပြန်သည် ။ ဒိုင်အာင်္ခီ အုပ်ချုပ်ရေး ခေတ် တွင် ဘုရင်ခံ အုပ်ချုပ်ရာ

ဘုရင်ခံ ရုံးစိုက်မြို ့ကြီး အဖြစ်သိ ု့..ရောက်ခဲ ့ရသည် ။

( ၃ ) အင်္ဂလိပ်များ..မြန်မာ တစ်နိုင်ငံ လုံးကို သိမ်းယူလိုက် ချိန်တွင် အလောင်းဘုရား၏ ရန်ကုန်မြျို ့ဟောင်းသည် လုံးဝ ပျ့က်စီးလျက်ရှိသည် ။ သာယာဝတီမင်း ၏ ရန်ကုန်မြျို ့ သစ်မှာ လည်း..ဒုတိယ
အင်္ဂလိပ် မြန်မာ စစ်ပွဲ အတွင်း.အမြောက်ဆံများ ထိမှန် ပျ့က်စီးသွားရသည် ။

အင်္ဂလိပ်တို ့သည်. .ရန်ကုန်မြို ့ကို ခရစ်နှစ် ၁၈၅၃ မှ စ၍ အသစ် ပြန်လည် မြို ့ကွက် ချခဲ့သည် ။ အင်ဂျင်နီယာ တပ် ဗိုလ်ဖရေဇာ သည် ဒေါက်တာ ဝီလျှံမောင် ဂိုမာရီ ၏ အကြံပေးချက်အရ

လူဦးရေ..၃၆၀၀ဝ အခြေတည် နေထိုင်နိုင်မည် ့ မြို ့သစ် ပုံစံကို ရေးဆွဲ တည်ဆောက်ခဲ့သည် ။

ဖရေဇာသည် ရန်ကုန်မြို ့လယ် တွင် အရှေ ့နှင့် အနောက် လမ်းမ ကြီး.ငါးသွယ် စတင် ဖောက်လုပ်သည် ။ ယင်း လမ်းမကြီးများကို ဖြတ်ကာ ဖြတ်လမ်း. လမ်းသွယ်များဖောက်သည် ။

ဂဏန် းအမှတ်ထိုးသော..ပေအစိတ် လမ်း နှစ်လမ်း သို့မဟုတ် ဘေးလမ်းကြားတွင်..လူ အမည် ၊ လမ်း အမည် တပ်ပေး ထားသော ပေ ငါးဆယ် လမ်းအကျယ် တစ်ခုစီ ကြားညှပ်ထားသည်။

ဥပမာ တစ်လမ်း ၊ နှစ်လမ်း ၊ သုံး လမ်း ၊ လေးလမ်း ပြီးလျှင် ကီလီလမ်း..ထို ့နောက် ငါးလမ်း ( ရှေးအခါ…ငှက်ပျော တံတားလမ် း) ခြောက်လမ်း ၊ ပြီးလျှင် ကိုင်းတန်း…။ ရ လမ်း၊ ၈ လမ်း ။( ရှေးအခေါ် ကျွဲပုတ်တန်း )

ပြျီးလျှင် မော်တင်လမ်း ။ … ၉လမ် း၊ ၁ဝ လမ်း ..ရှေးအခေါ် ငါးပိတန်းး ပြီးလျှင်..စတီဗင်ဆင်လမ်း ( လှည်းတန် ) ၁၁ လမ်း ..(.ရှေးအခေါ် အထက်ပိုင်း ဖက်တန်း အလယ်ပိုင်း ပိုက်တန်း )

၁၂ လမ်း..(.ရှေးအခေါ် ဖိနပ်တန်း ) ပြီးလျှင် ဘုန်းကြီးလမ်း..(.ရှေးအခေါ် ဘုရားငုတ်တိုလမ်း ) ၊ ၁၃ လမ်း..( ရှေး အခေါ် ခေါင်ချုပ်တန်း ၊ ငါးရှဉ် ့ တန် း..)

၁၄ လမ်း ..( ရှေးအခေါ် ကြောင် တစ်ရာ တန် း၊ ဦးဘိုးရိပ်လမ်း.. )

အော်လီဖင့် လမ်း( ရွှေတောင်တန်း ) .. ၁၅ လမ်း.( ရှေးအခေါ်..ဘိန်းတန်း ၊ အုန်းပင်တန်း ) ..၁၆ လမ်း..( ရှေးအခေါ်..ထန်းပင်တန်း..၊ ကြက်သွန်တန်း )

ဂေါါ်ဒဝင်လမ်း ..(ယခု လမ်းမတော်လမ် း) ။ ၁ရ လမ်း.( ရှေးအခေါ်..အရာကြိးလမ် း)

၁၈ လမ်း( ရှေးအခေါ် ေရေနံတန်း..၊ )ခရစ်လမ်း..( စဉ့်အိုးတန်းလမ်း )

၁၉ လမ်.( ရှေးအခေါ် ..မကျည်းတန်းလမ်း ၊ လိပ်ဥတန်း )

လမ်း ၂ဝ ..( ရှေးအခေါ်..ဦးဒိန်းတန်း ) လက်တာလမ်း ( လသာ လမ် း)

၂၁ လမ်း..( ရှေးအခေါ်..ဘယဆေးတန်း ၊ တွင်းညီနောင်လမ်း )

၂၂ လမ်း ( ရှေးအခေါ်..ပန်းထိမ်တန်း…၊ ဝါးတန်းလမ်း )

စစ်ကဲမောင်ခိုင် လမ်း ၊

၂၃ လမ် း…( ရှေးအခေါ် ..ဘိန်းရုံတန် း)

၂၄ လမ်း ( ရှေး။အခေါ်…အဓမ္မလက်ကြားလမ်း )

၂၅ လမ်း..( ရှေးအခေါ်..စာဆိုလမ်း )

၂၆ လမ်း..( ရှေးအခေါ်.ကျောက်တံတားလမ်း..)

အက်ဒွပ် လမ်း ( ကုန်ဈေးတန်းလမ် း)

၂ရ လမ်း ( ရှေးအခေါ်. ပုဆိုးတန်း )

၂၈ လမ်း .( ရှေးအခေါ်. .သံဖြူလမ်း )

မဂိုလမ်း ..။ ( ရွှေဘုံသာလမ် း)

၂၉ လမ်း ၊ လမ်း ၃ဝ .. စစ်ကဲ မောင်ထော်လေး လမ်း ။

၃၁ လမ် း.၊ ၃၂ လမ်း ..ဆူးလေ ဘုရားလမ်း ၊ ၃၃ လမ်း ၊ ၃၄ လမ်း ၊ ဘားလမ်း ၊ ၃၅ လမ်း ၊ ၃၆ လမ်း ၊ ဖယ်ယာ လမ်း ၊ ( ပန်းဆိုးတန် း ) စသည် ဖြင့် ဖောက်လုပ်ခဲ့သည်။

( ၄ )
ရန်ကုန်မြို ့သစ် ပြန်လည် အကွက် ချရာတွင် အင်္ဂလိပ် အစိုးရသည် လမ်းမကြးီး ငါးသွယ် ကို ကော်မရှင်နာ လမ်း.၊ မောင် ဂိုမာရီ လမ်း ၊ ဖရေဇာ လမ်း ၊ ဒါလ် ဟိုဇီလမ်း.၊ ကုန်သည် လမ်း ၊ ကမ်းနားလမ်း…

စသည် ဖြင့် အမည် ပေး ခဲ ့သည် ။ ထိုစဉ် လမ်းများအတွက်..အင်္ဂလိပ် ဘုရင် ခံချုပ်..ဘုရင်ခံ၊ တရားသူကြီး..အင်ဂျင်နီယာ…ဆရာဝန် မြုူနီစပယ်မင်းကြီးနှင် ့..ဗြိတိသျှအစိုးရ အကျျိုးကို..သယ်ပိုးခဲ့ကြသည် ့

အရပ်ဘက် ဂုဏ်သရေရှိ…ပုဂ္ဂိုလ်ကြီးများ၏ အမည်များ.. ဂုဏ်ပြု မည့်ခေါ် ပေးခဲ့သည် ။

( ၅ )

လွတ်လပ်သော..အချုပ်အခြာ အာဏာပိုင် ခေ တ်သို ့ ပြန်လည် ရောက်ရှိလာပြီး..နောက်ပိုင်းတွင်မူ..ကျွန်ဘဝက ကြွင်းကျန်ရ်ခဲ့သည် ့ လမ်း အမည် ဟောင်းတို ့ ဘဝ ချုပ် ငြိမ်းသွားကြသည်။

ရန်ကုန် အရှေ ့ပိုင်း ..ပုစွန်တောင် ရှိ ကရ်ိလမ်းသည် ဗိုလ်မြတ်ထွန်းလမ်း

ဘီဂင် ဒက်လမ်းသည်..အနော်ရထာလမ်း ဖြစစ်လာသည် ။

မင်္ဂလာ တောင် ညွန် ့ရှိကနေဒီလမ်းသည်..ဦးအောင် မြတ်လမ်း ..

လစ်တဲဝစ္စတားလမ်းသည် ဒေါ်သိန်းတင်လမ်း…

ဘိုးလိန်လမ်း..ဗညားဒလလမ်း.

စိန်အန်ထော်နီ လမ်းသည် …ဦးဖိုးကျားလမ်း

နီကိုးလမ်းသည် ငမိုးရိပ်လမ်း..

မက္ကရီလမ်းကာ လမ်းသည်…သစ္စာလမ်း

အီဗင်ဆင်လမ်းသည် မြယာကုန်းလမ်း ဖြစ်လာသည် ။

ဗိုလ်တစ်ထောင် ဘက်ရှိ လင်းစဒေါင်းလမ်းသည် ..ရာဇဓိရာဇ်လမ်း

စတော့ကိတ်လမ်း ၊ ဂျူတာ အီဇီကယ်လမ်းသည်.. သိမ်ဖြူလမ်း

တင်ပယ်လမ်းသည်..ဝတ်ကျောင်းလမ်း

ဒပ်ဖရင်လမ်းသည် စန္ဒာကူးလမ်း

မေယိုးလမ်းသည်..မေယုလမ်း…

ကလပ်လမ်းသည်.. ၅၅ လမ်းသို ့ အသီသီ ပြောင်းလဲ သွားကြဘည် ။

( ၆ )

ကျောက်တံတားမြို ့နယ်ရှိ ကော်ပိုရေးရှင်းလမ်း ၊ ရှန်ဖရက်လမ်း ၊ လွစ္စ လမ်း ၊ ဖရေဇာလမ်း..၊ ဘားလမ်း တို ့သည်…

စည်ပင်လမ်း ၊ ဘဏ်လမ် း၊ ဆိပ်ကမ်းသာ လမ်း ၊ အနော်ရထာလမ်း ၊ ဗန္ဓုလ ပန်းခြ့ လမ်းတို ့ အင်္သီးသီး ဖြစ်လာကြသည် ။

ပန်းပဲတန်း မြို ့နယ် တွင် လည်း.. ကဲနယ် လမ်းကို.. အနော် ရထာ လမ်း အဖြစ် အသအမှတ် ပြုခဲ ့ကြသည် ။

လမ်းမတော် မြို ့နယ် အတွင်း လေ့လာကြည့်လျှင်လည်း ကီလီ ( ဝါးတန်းလမ် း) စိန်ဂျွန်းလမ်း ၊ မစ်ရှင်လမ်း..( မင်းရဲကျော်စွာလမ်း )

ဟုူ၍ အမည်သစ်များ ထိုက်ထိုက်တန်တန် မှည့်ခေါ် ခဲ့ကြသည်။

ဒဂုံမြို့နယ် နှင့် အလုံ မြို့နယ်များအတွင်း၌လည်း ဂေါ်ဒွင်လမ်း..၊ ဆင်ကနယ်လမ်း မဂိုဒါးလမ်း ၊ ဘောင်ဒရီလမ်း..များ.မရှိတော့ ပြိီ ။

မြို ့မ ကျောင်းလမ်း.. ၊ အလုံပြ ဘုရားလမ်း ၊ ဓမ္မစေင်္တီလမ်းများကိုသာ တွေ ့ရလိမ့်မည် .။

ထို ့အတူ စတီးဝပ်လမ်းသည် မော်ကွန်းတိုက်လမ် း..၊

ဆင်းဒဝစ်လမ်းသည်.. ဗိုလ်ရာညွန့် လမ်း..။

တင့်လမ်းသည်.. သံတမန်လမ်း ..။

ထရန်စဖို ့လမ်းသည်..အာဇာနီလမ်းများ အဖြစ်..ထင်ရှားလာခဲ့သည်။

စကားဝါလမ်း( နယူလင်းလမ်း )

ယောမင်းင်္ကြီးဦးဘိုးလှိုင်လမ်း..( ယောက်လမ်း ) ၊ နဝဒေလမ်း ..လန်ကပ်စတာလမ်း ..၊ခရေပင်လမ်း ၊( လိဒ်စ်လမ်း )

ချင်းတွင်းလမ်း..( ဝင်ဒါမီယာ အောက်လမ်း )

သံလွင်လမ်း…( ဝင်ဒါမီယာ လမ်း ) ။ ရွှေလီလမ်း …( ဝင်ဒါမီယာ ကုတ် ) ၊ ဥယျဉ်လမ် း…( ဝင်ဒါမီယာ ဂါးဒင်းလမ်း .)

ဇော်ဂျီလမ်း .. ( ဝင်ဒါမီယာ ပက် ့ )
ပန်းဝါလမ်း ( ဝင်ဒါမီယာ ခရဲစင့် ) ၊စမုံလမ် း ( လင့်ခ်လမ်း )

အိမ်တော်ရာလမ် း ( ချပ် လမ်း ) ၊။ ဇီဝက လမ်း ( ဇဖားရှာလမ်း ) ။ နံ့သာလမ်း ( နော်မန်ကျောင်းလမ်း )
တော်ဝင်လမ်း ( ဖရီဇာလမ် း)

ကင်းဝန်မင်းကြီးလမ်း .( ဖောဆိုက်လမ်း )

ပဒုမ္မာလမ်း ..( ဘက်ဒ်လမ်း )

ရန်ပိုင်လမ်း …( ဖိုွုင်း လမ်း..)

သီတာလမ်း..( ဘင်တန်လမ်း )

သခင်မြ ပန်းခြံလမ်း..( ကောလိပ်လမ်း )

အောင်ရတနာလမ်း ( ကူရှင်လမ်း )

ငုဝါလမ်း ..( စုူပါ ပင်လမ်း )

စကားစိမ်းလမ်း ..( ဖူးကားလမ် း )

ရှမ်းလမ်း ..( ဖိုက်ခွန်လမ်း )

နှင်းဆီလမ်း..( ချန်မာဖီလမ်း..)

နွယ်သာကီလမ်း ( စတားရပ်လမ်း )

ဟူ၍……မင်္ဂလာရှီသော..မြန်မာ အမည်များ..ပေါ်ထွက် လာခဲ့သည် ။
……………………………………………………………………………………………..

________________________________________
ဝန်ခံချက် ။ ။ စာရေးဆရာ မောင်ကြည်သန် ့၏ မြန်မာ့မြို ့ရွာဒေသ ဝေါဟာရ ၂၀ဝ မှ တင်ပြပါသည် ။ မြို့တော်ရန်ကုန်အကြောင်း .. ကျန်ရှိနေသော.အပိုင်းကို..

အလျဉ်းသင့်သလို..ရေး ပြပါဦးမည် ။

စာအုပ် ပေး ဖတ်ပါသော သူငယ်ချင်း..သန်းဇော်အောင် အား..ကျေးဇူး အထူးတင်ပါသည်။

ချစ်ခြင်း မေတ္တာဖြင့်

မိုးမင်းသား

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။