စုံစီနဖာ မောင်ပေလာ

မောင် ပေJune 12, 20121min63533

မင်္ဂလာပါ ရွာသူားတို ့နဲ ့၊ စာဖတ်သူ ချစ်မိတ်ဆွေအပေါင်းတို ့…
ထုံးစံအတိုင်း ကျုပ် မောင်ပေ တစ်ယောက် အရေမရ အဖတ်မရ ကွမ်းပို ့စ် တစ်ပုဒ်အဖြစ် အပျင်းပြေ ဖတ်စရာတစ်ပုဒ် ရေးတင်လိုက်ပါပြီ ။
ကျုပ်တို ့ရွာအတွင်း အခုရက်တွင်း ၊ ရခိုင်သတင်းများကြောင့် ၊ ဖတ်ရသူအပေါင်း ဝမ်းနည်း ဒေါသဖြစ် ၊ စိတ်မကောင်းဖြစ်နေကြရမှာပါ ။ ကျုပ်တောင် စာရေးမလို ့လာတိုင်း ၊ ဆိုက်ထဲက ပို ့စ်တွေဖတ် ၊ ပြီးရင် ခံစားချက်တွေဖြစ်ပြီး ၊ စာမရေးဖြစ်ဘဲ ဖတ်ရုံ ကွန်မင့်ရုံနဲ ့ပြန်သွားခဲ့ရတာ တော်တော်ကြာခဲ့ပါဘီ ။
အခုတော့ တစ်ပုဒ်လောက်တော့ ရေးတင်ဦးမယ်ဗျာ ။
…………………
အခုရက်ပိုင်းအတွင်း ပို ့စ်တော်တော်များများမှာ … ၊ ပို ့စ်ပိုင်ရှင် ရဲ ့ကွန်မင့်တွေဟာ best comment အဖြစ် စိမ်းနေတာ ကို ထူးဆန်းအံ့ဩဖွယ်ရာ တွေ ့နေရတယ်ဗျ ။ ကျုပ်ကတော့ သဂျီး ဆာဗာ ချွတ်ယွင်းချက်ကြောင့်မို ့ဘဲ ထင်မိပါတယ် ။
ပထမဆုံးအနေနဲ ့၊ အခုကန်နေတဲ့ ယူရို ၂၀၁၂ ပွဲများအကြောင်းကနေ စပြောမယ်ဗျာ
ပထမဆုံးအဖွင့်ပွဲနေ ့မှာ ကန်ခဲ့ကြတော့
ပိုလန် ၁-၁ ဂရိ ( ပိုလန် က ပူးတွဲအိမ်ရှင် )
ရုရှား ၄-၁ ချက် ( ရုရှား က မထင်မှတ်ဘဲ ခြေစွမ်းတော်တော်ပြနိုင်ခဲ့တာကိုတွေ ့ရတယ် )
ဒုတိယနေ ့မှာတော့ ဂျာမနီ နဲ ့ပေါ်တူဂီ တို ့ရဲ ့တစ်ကယ်ကြည့်လို ့ကောင်းတဲ့ ပွဲ ကို တွေ ့ရပြီး ၊ ဗိုလ်စွဲဖို ့ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါတဲ့ ဟော်လန် အသင်းကတော့ မထင်မှတ်ဘဲ ဒိန်းမတ် အသင်း ကို ရှုံးခဲ့တယ်ဗျာ ။
ဟော်လန် ဝ-၁ ဒိန်းမတ်
ဂျာမနီ ၁-ဝ ပေါ်တူဂီ
တတိယနေ ့မှာတော့ ဗိုလ်စွဲဖို ့ရေပန်းအစားဆုံး စပိန်အသင်းဟာ အီတလီ အသင်း ကို နောက်ကနေ ခြေပဂိုးသွင်းရင်းနဲ ့သရေကျခဲ့ပြီး ၊ ခရိုအေးရှား အသင်းကတော့ အိုင်ယာလန်အသင်း ကို ဂိုးပြတ်နဲ ့နှိပ်ကွက်သွားပါတယ် ။
စပိန် ၁-၁ အီတလီ
ခရိုအေးရှား ၃-၁ အိုင်ယာလန်
မနေ ့ညတုန်းကတော့ ကျုပ်တို ့မြန်မာဘောလုံးဝါသနာရှင်များ ရဲ ့အချစ်တော် အင်္ဂလန် အသင်းဟာ ပြင်သစ်အသင်းကို နောက်ခံလူ လက်စကော့ ရဲ ့ခေါင်းတိုက်ဂိုးနဲ ့ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ပြင်သစ်တိုက်စစ် ကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် သရေ နဲ ့ဘဲ ကျေနပ်ခဲ့ရပြီး ၊ ပူးတွဲအိမ်ရှင် ယူကရိန်း အသင်းကတော့ ဆွီဒင် အသင်းကို နောက်ကျဂိုးများနဲ ့အနိုင်ရရှိခဲ့ပါတယ် ။
ပြင်သစ် ၁-၁ အင်္ဂလန်
ယူကရိန်း ၂-၁ ဆွီဒင်
မနေ ့ညကအထိ ပြီးခဲ့တဲ့ လေးရက် မှာ ဘောလုံးဝါသနာရှင်များဟာ ဘာကို သတိထားမိသလဲ ဆိုရင် ၊ ဖော်မြူလာ တစ်ခု ထုတ်လို ့ရတဲ့အထိ ဖြစ်ခဲ့ရတာကတော့ ၊ ၁ဝနာရီခွဲ မှာ ကန်တဲ့ ပွဲဆိုရင် အောက်အသင်းဖြစ်သတ်မှတ်ခံရတဲ့ အသင်းက ကြေးစားခဲ့ပြီး ၊ ညမိုးချုပ်ပွဲတွေမှာတော့ အထက်အသင်းတွေ ကြေးစား ခဲ့တာ ကို ဆက်တိုက်တွေ ့ခဲ့ရပါတယ် ။
အစောပိုင်းကန်ခဲ့တဲ့ ပွဲတွေမှာ
“ ဂရိ ၊ ဒိန်းမတ် ၊ အီတလီ နဲ ့အင်္ဂလန် ” အသင်းတွေဟာ အောက်အသင်းတွေအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၊ သူတို ့ကို အားပေးသူများကို ပျော်ရွှင်စေခဲ့ပါတယ် ။
ညမိုးချုပ်ကန်ခဲ့တဲ့ ပွဲတွေမှာ
“ ရုရှား ၊ ဂျာမနီ ၊ ခရိုအေးရှား ၊ ယူကရိန်း ” အသင်းတွေဟာ အထက်အသင်းတွေ ဖြစ်ခဲ့ပြီး ၊ သူတို ့ကို အားပေးသူများကို အပြည့်အဝ ပျော်ရွှင်စေခဲ့ပါတယ် ။
သည်ကနေ ့12.6.2012 မှာ ကန်ကြမှာကတော့
၁၀.၃ဝ ချက် – ဂရိ
၁.၁၅ ပိုလန် – ရုရှား
ချက် နဲ ့ဂရိ ပွဲမှာ ချက်အသင်း က အထက်အသင်းအဖြစ် သက်မှတ်ထားပြီး ၊ ချက်အသင်းဟာ သရေ ဆိုရင် ၅၀% ဆုံးရှုံးမယ်လို ့ဖွင့်ထားပါတယ် ။
ပိုလန် နဲ ့ရုရှား ပွဲမှာတော့ ရုရှားအသင်းက အထက်အသင်းအဖြစ် သတ်မှတ်ထားပြီး ၊ ရုရှား ဟာ သရေ ဆိုရင် ၃၀% ဆုံးရှုံးမယ် လို ့ဖွင့်ထားပါတယ် ။
ရှေ ့လေးရက်မှာ ဆက်တိုက်ဖြစ်ခဲ့သလို
“ ပထမပွဲ အောက်အသင်းစား ၊ ဒုတိယပွဲ အထက်အသင်းစား ” တဲ ့ဖော်မြူလာ ဟာ သည်ကနေ ့ညမှာ ဆက်မှန်ဦးမလား ဆိုတာကိုတော့ ကျွန်တော်လဲ စောင့်ကြည့်ရမှာပါ ။
ကျွန်တော့် အကြိုက် ရွေးခြယ်ရမယ်ဆိုရင်တော့ ၊ အိမ်ရှင်ပိုလန် ဟာ နှစ်ပွဲဆက်တိုက် အခြေအနေမဆိုးနိုင်ဘူးလို ့မျှော်လင့်ကြမယ့် အချက် ကို ဆန် ့ကျင်ပြီး ၊ “““ ရုရှား ””” အသင်းဘက်ကနေ အားပေးပါမယ် ။ ရုရှား အနိမ့်ဆုံး သရေ ကန်နိုင်ပါတယ် ။
007 ရဲ ့ From russia with love ဇါတ်ကားကို သတိရနေမိပါတယ် ။
…………………

လမ်းဘက်သို ့လှမ်းအကြည့်
လမ်းဘက်သို ့လှမ်းအကြည့်

နောက်ထပ်အကြောင်းအရာအနေနဲ ့ကတော့ ၊ အခုလက်ရှိဖြစ်နေတဲ့ မြေရောင်းမြေဝယ် ကိတ်စများနဲ ့ပတ်သက်ပြီး ကျွန်တော့် အတွေ ့အကြုံလေး ကို ပြောပြချင်ပါတယ် ။ ပိုက်ဆံပိုလျှံလို ့မြေဝယ်ချင်တဲ့ သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ် ။
ကျွန်တော် မောင်ပေ ပြီးခဲ့တဲ့ ၂လပိုင်းကစလို ့၊ ပလုံပလုံ နဲ ့စီးပွားကျဆင်းခဲ့ရာမှာ ၊ ယနေ ့လက်ရှိအချိန်မှာ ၊ ဘာမှကို ရင်းနှီးစရာ မရှိလောက်အောင် ကို ချွတ်ခြုံကြ ကြွေးဘလဗျစ် နဲ ့ဖြစ်နေရပါတယ် ။ မထင်မှတ်ထားတဲ့ အပေါင်းအသင်းကောင်းများရဲ ့မစမှုများကြောင့်သာ ဟန်မပျက်လေး မခို ့တရို ့လေး ပြုံးနေနိုင်ပါတယ် ။
ူလူက ပိုက်ဆံမရှိလို ့ဘာမှ မလှုပ်နိုင် မတတ်နိုင်တော့တဲ့ အချိန်ခါကြမှဘဲ ၊ ငွေရင်းနှီး နဲနဲ နဲ ့အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ တစ်ပုံကြီး တွေ ့မြင်ရပါတယ် ။
မိတ်ဆွေတစ်ယောက်က သူနဲ ့အတူ ရင်းနှီးမြှပ်နှံဖို ့ရာ စကားခေါ်လာပါတယ် ။
ဘာလဲ ဆိုတော့ ၊ မြေကွက်ဝယ်ထားဖို ့ပါဘဲ ။ ကျွန်တော့်အခြေအနေအထား ကို ပြောပြလိုက်တော့ ၊ မိတ်ဆွေက ဘယ်လို ကူညီပေးသလဲ ဆိုရင် ၊ သူ မြေကွက် သွားဝယ်ပါတယ် ။ သူဝယ်ခဲ့တဲ့ မြေကွက်ထဲကနေ ၃ ကွက် အတွက် အကျိုးအမြတ် ကို ကျွန်တော့် ကို ပေးမယ် လို ့ပြောပါတယ် ။
ဘယ်နေရာမှာလဲ ဆိုရင်တော့ ၊ မန်းတလေး မူဆယ် လမ်းပေါ်ရှိ ၊ နောင်ချို မြို ့ကနေ ရပ်စောက်-ဗထူး အထိ ကို ကားလမ်းအသစ်ကြီး ဖောက်နေပါတယ် ။ အေးရှားဝေါ ကုမ်ပဏီကနေ ဖောက်နေတာပါ ။ လမ်းမကြီးဟာ ၇၀%ခန် ့ပြီးနေပါပြီ ။ အချောသတ်ဖို ့ဘဲ ကျန်ပါတော့တယ် ။ အဆိုပါ လမ်းသစ်ကြီးရဲ ့ဘေးတစ်ဘက်စီရှိ လယ်ကွက် ၊ မြေကွက်များ ကို လဲ အကွက်တွေရိုက်ပြီးသွားပါပြီ ။ ပြီးခဲ့တဲ့ ၂ပတ်ကျော်ခန် ့က ၊ ကျွန်တော့်မိတ်ဆွေ သွားဝယ်ခဲ့တာ “ ပေ၆ဝ x ပေ၆ဝ ” တစ်ကွက် ကို ၂သိန်းခွဲကျပ် ဈေးနဲ ့ပါ ။ အဲ့ဘက်က လယ်မြေ ၊ မြေရိုင်းတွေဆိုတော့ တစ်ကွက်ချင်းတော့ ဝယ်လို ့မရပါဘူး ၊ ဘယ်သူမှလဲ ပေးမရောင်းပါဘူး ။ “ ပေ၆ဝ x ပေ၆ဝ ” အကွက်ပေါင်း ၄ဝ ၊ ခန် ့မှန်းခြေ လေးဧက ခန် ့၊ မျိုး ကို ဝယ်ရတာပါ ။ လယ်မြေဆိုလို ့၊ လယ်စိုက်ရမယ်တို ့ဘာတို ့ပြဿနာ ရှိမှာပေါ့ လို ့ပြောလို ့ရပါတယ် ။ ဒါပေမယ့် နိုးပရော်ဘလန်ပါ ။ အခုဟာ က နောင်ချိုမြို ့ကနေ ရပ်စောက်-ဗထူး အထိ လမ်းအသစ်ဖောက်မှာ ဖြစ်တဲ့ အတွက် ၊ လယ်မစိုက်လဲ ရတဲ့ အနေအထား ၊ သီးနှံစားတဲ့ မြေကွက်ဆိုပြီး အရင်ပြောင်းပြီး နောက်တစ်ဆင့် ပုံစံ၂၂ / လူနေထိုင်ခွင့် ကို ချက်ချင်းပြောင်းလို ့ရပါတယ် ။ စာရွက်စာတမ်းကိတ်စ က တစ်လအတွင်း ရနိုင်ပါတယ် ။ အကွက်၄ဝစာ ကို စာရွက်စာတမ်း ရုံးစရိတ် အပြီးအစီး ကို ၆ သိန်းကျပ်ခန် ့ကုန်ကြပါတယ် ။ ဝမ်းသာစရာကောင်းတဲ့ သတင်းတစ်ခုကတော့ ၊ ကျွန်တော့်မိတ်ဆွေ ဝယ်ခဲ့တဲ့ မြေကွက် ဟာ မနေ ့တုန်းကဆိုရင် တစ်ကွက် ကို ၅သိန်းကျပ်ဈေး လာပေးနေပါပြီ ။ သူကတော့ ဆက်စောင့်ကြည့်ဦးမယ်လို ့ပြောပါတယ် ။
အကြာကြီးတော့ မစောင့်ပါဘူးတဲ့ ။ ရောင်းရတာနဲ ့သုံးကွက်စာ အကျိုးအမြတ် ကို ကျွန်တော့် ကို ပေးပါမယ်တဲ့ဗျာ ။
ဆိုတော့ဗျာ… မြန်မာနိုင်ငံ အရပ်ရပ် က ပိုက်ဆံပိုလျှံနေလို ့၊ မြေဝယ်ထားချင်သူများအတွက် ၊ နောင်ချို မြို ့က ရပ်စောက်-ဗထူး လမ်းသစ်ပိုင်း အနေအထားဟာ လက်ရှိမှာ လူသိပ်မသိသေးတဲ့ ၊ ရင်းနှီးဖို ့သင့်လျော်သော ပွိုင့် တစ်ခု ဖြစ်တဲ့အကြောင်း ၊ ကျွန်တော် မောင်ပေ က စေတနာ နဲ ့အသိပေးလိုက်ပါတယ် ခင်ဗျား ။
………………..
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

33 comments

  • MaMa

    June 12, 2012 at 8:57 pm

    မောင်ပေက- ရတနာပုံကို လက်တို့ ပြထားတာပဲ။ 🙂

    • မောင်ပေ

      June 12, 2012 at 9:11 pm

      ရတနာပုံအထိလောက်တော့ မကြီးကျယ်ပါဘူး ခင်ဗျာ ။
      သို ့ပေသည့်… စာဖတ်သူအတွက် အကျိုးအမြတ် တစ်စုံတစ်ရာ တစ်ခု ရဖို ့ရာ စေတနာထားပြီး ရေးလိုက်တာပါ ။

  • pooch

    June 12, 2012 at 10:00 pm

    ကပေ တယောက် မြန်မြန်အဆင်ပြေနိုင်ပါစေလို့။ 🙂

  • surmi

    June 12, 2012 at 11:00 pm

    ကြိုက်တယ် ….ဘယ်လိုဘယ်လို ဆက်လုပ်ရမယ် ဘယ်မှာရောင်းဝယ်ရမယ်ဆိုတာလေး
    ဆက်ရေးပေးဦး ။ ရန်ကုန်မှာလဲ ကားတိုက်လိုက် မြေမြိုလိုက်နဲ.ဆိုတော. ဒီတစ်ခါတောင်စောင်း
    ပေါ်ကလိမ်.ကျဖို.ဘဲကျန်တော.တယ် ။ ခု ချက်ကနေထားတာ …နောက်ပွဲ အောက်ကြိုက်တယ် ။

  • ahnyartamar

    June 13, 2012 at 12:42 am

    “ ပထမပွဲ အောက်အသင်းစား ၊ ဒုတိယပွဲ အထက်အသင်းစား ” တဲ ့ဖော်မြူလာ ဟာ သည်ကနေ ့ညမှာ ဆက်မှန်ဦးမလား ဆိုတာကိုတော့ ကျွန်တော်လဲ စောင့်ကြည့်ရမှာပါ ။

    ပထမပွဲတော့ ဂွင်ပျက်သွားပြီ ကိုပေရေ ချက်က ဂရိကို ၂ ဂိုး ၁ ဂိုးနဲ့ သမသွားပါကြောင်း…….

  • အရီး Khin Latt

    June 13, 2012 at 2:51 am

    ဒုတိယ က သရေဆိုတော့ မှန်သည်လို့ ဆိုရမည်လော။
    တော်ချက်က။ 😀

    ကပေ ရဲ့ မြေဈေး ကတော့ ဘယ်တော့မှ အရှုံးမရှိပါဘူး။
    အဓမ္မသိမ်း မခံရရင်ပေါ့။
    ဓာတ်ပုံထဲက မြေကွက်တွေတွေလား။
    ဘာသီးနှံပင်တွေ စိုက်ထားတာလဲ။

  • ဇောက် ထိုး

    June 13, 2012 at 6:41 am

    ဇောတိက… ဇတိလ.. မေဏ္ဍက.. ကာကဝလိ.. အစရှိသည့်.. နှံ့သိကျော်ဟိုး.. ရှေးကောင်းကျိုးကြောင့်.. မညိုးသတင်း.. ဂုဏ်မျိုးလင်းလှသည့် သူဋ္ဌေးမင်းတိုရဲ့ စီးစိမ်ကြီးနဲ့ ကာရာအိုကေ.. မာဆတ်.. နိုက်ကလပ်ပါမကျန် မြန်မြန်ကြီးကို စံစား ခံစားနိုင်ပါစေဗျာ။

  • Foreign Resident

    June 13, 2012 at 8:17 am

    ” ကျွန်တော် မောင်ပေ ပြီးခဲ့တဲ့ ၂လပိုင်းကစလို ့၊
    ပလုံပလုံ နဲ ့စီးပွားကျဆင်းခဲ့ရာမှာ ၊ ယနေ ့လက်ရှိအချိန်မှာ ၊
    ဘာမှကို ရင်းနှီးစရာ မရှိလောက်အောင် ကို
    ချွတ်ခြုံကြ ကြွေးဘလဗျစ် နဲ ့ဖြစ်နေရပါတယ် ”

    စိတ်မကောင်းပါဘူး ကိုပေ ရယ် ။
    ပြန်လည် အောင်မြင် လာပါစေ ။

    • မောင်ပေ

      June 13, 2012 at 8:45 am

      အဘဖော ဆုတောင်းပေးသလို အမြန်ဆုံး ဖြစ်လာပါစေဗျား
      စကားမစပ် တဲ့ စကားချိုလေး ပြောခွင့်ရင်
      ဆွေမျိုး ထက် မိတ်ဆွေအပေါင်း အသင်း က ကိုယ့် စီးပွားကို မ စ နိုင်၏။
      သို့သော် အလိုက်ကန်းဆိုး မသိတတ်သူများ ကိုတော့ အထူးသတိထား ဆင်ခြင် ရှောင်ရမည် ဖြစ်ပါသည်။
      ထိုသူများကြောင့် စီးပွားတင် မက ဘဝပါ ပျက်နိုင်ပါသည်။
      အဘဖောတို့ မိသားစု စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ။

  • Ma Ei

    June 13, 2012 at 9:14 am

    ဖြစ်မှဖြစ်ရလေ ကိုပေရယ်…
    တစ်လုံးကြောင့်မို့လား…
    ပြောသားဘဲ အဲ့ဒါတွေမလုပ်ပါနဲ့ဆို…

    • မောင်ပေ

      June 13, 2012 at 12:26 pm

      အော်..မအိရယ် ၊ အတွေ ့နောက်ကြလိုက်ရလေခြင်းနော…
      ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့
      အခုလို မအိရဲ ့ကရုဏာလေးကို ဖတ်လိုက်ရလို ့၊ ဘဝမောတွေပြေရတယ်..
      မအိ သိပါလေစ..
      ဟီဟိ

  • may flowers

    June 13, 2012 at 9:39 am

    ဘောလုံးပွဲအကြောင်းတွေတော့ စိတ်မဝင်စားလို့သိပ်မသိဘူးရယ်။ ဒါပေမဲ့ အားပေးဖတ်ရှုသွားပါတယ်

    ကိုပေရေ။ ကိုပေတစ်ယောက် ပြန်လည်အောင်မြင်တိုးတက်လာပါစေလို့ ဆုတောင်းပေးပါတယ်နော်။

    အော်………မြေကွက်ကလေးတွေရောင်းထွက်ရင်..မုန့်ဝယ်ကျွေးရမယ်နော်။

    • မောင်ပေ

      June 13, 2012 at 12:30 pm

      တစ်ကယ် အဆင်ပြေသွားလို ့
      တစ်ကယ် ကျွေးမယ့်နေ ့ကြရင်သာ
      မေလေး ရှိနေပါစေကွယ် ။

  • ရွာစားကျော်

    June 13, 2012 at 11:44 am

    “ ပေ၆ဝ x ပေ၆ဝ ” တစ်ကွက် ကို ၂သိန်းခွဲကျပ် ဈေးနဲ ့ပါ ။ အဲ့ဘက်က လယ်မြေ ၊ မြေရိုင်းတွေဆိုတော့ တစ်ကွက်ချင်းတော့ ဝယ်လို ့မရပါဘူး ၊ ဘယ်သူမှလဲ ပေးမရောင်းပါဘူး ။ “ ပေ၆ဝ x ပေ၆ဝ ” အကွက်ပေါင်း ၄ဝ ၊ ခန် ့မှန်းခြေ လေးဧက ခန် ့၊ မျိုး ကို ဝယ်ရတာပါ ။ ….
    …အကွက်၄ဝစာ ကို စာရွက်စာတမ်း ရုံးစရိတ် အပြီးအစီး ကို ၆ သိန်းကျပ်ခန် ့ကုန်ကြပါတယ် ။

    ..
    ၄ဝ x ၂.၅ သိန်း = ၁၀၀
    ၆ သိန်းထပ်ပေါင်း ၁၀၆ သိန်း လောက် ရင်းရမှာပေါ့..
    စိတ်ဝင်စားသော်လည်း အကွက် ၄ဝ စာထိ မလိုက်နိုင်သေးဘူးဗျာ..ဟူးးး

    • မောင်ပေ

      June 13, 2012 at 12:28 pm

      အကွက်၂ဝ လိုက် ၊ အကွက်၂ဝကျော်ရှိတာမျိုး ၊ အကွက်၄ဝထက် ပိုတဲ့ အကွက်များ လဲ ရှိပါတယ် ကိုရွာစားရေ..
      တစ်ယောက်နဲ ့မနိုင်
      အများနဲ ့ကိုင်ဗျာ
      စိတ်ဝင်စားသပဆိုရင်ပေါ့ ။
      ကျေးဇူးပါဘဲ ဗျာ ။

  • မောင်ပေ

    June 13, 2012 at 12:24 pm

    “pooch” = အမ ပေးတဲ့ဆုနဲ ့ပြည့်ဝရစေသား….
    “ကိုဆာမိ” နဲ ့“ကိုအညှာတမာ” တို ့ရေ ၊ ၄ ရက်တိတိ မှန်ခဲ့တဲ့ “ အောက် ၊ အပေါ် ”ဟာ ၊ မနေ ့ညကတော့ “ အပေါ် ၊ အောက် ” ဖြစ်ခဲ့သွားတာဗျ ။ ရုရှားက ၃၀%ဘဲ ပါသွားလို ့နဲနဲတော့ ဖြေသာချင်စရာ ။
    “အရီး Khin Latt” ခင်ဗျား ၊ စပါးဘဲဖြစ်မှာပါ ခင်ဗျ။ ဒီတစ်ပတ် မော်ဒန်ဂျာနယ်ထဲက အိမ်ခြံမြေ လုပ်ငန်းရှင် တစ်ဦးကတော့ ဒီလိုပြောထားပါတယ် ။ “မြေဝယ်မကျ” တဲ့
    “အူးဘဇင်းဇောက်” ဖလာ့ ၊ အခုလို ကြွရောက်လာပြီး ကွန်မင့်ချီးမြှင့်ပြီး သကာလ ၊ ဆုမွန်ကောင်းများ တောင်းပေးတော်မူဒဲ့အတွက် ကျေးဇူးပါ ဖလာ့

  • ဦးဦးပါလေရာ

    June 13, 2012 at 12:27 pm

    တကယ်တော့ ကိုပေမှာ အရင်းအနှီး ၂ မျိုးရှိပါတယ်…။
    ပထမတမျိုးက ငွေ ဆိုပါတော့..။ အဲဒါက လောလောဆယ် နည်းသွားတယ်ပေါ့..။ ဟုတ်ပါပြီ..။

    ဒါပေမယ့် နောက်အရင်းအနှီးတမျိုးက မိတ်ဆွေ အပေါင်းအသင်း အဆက်အသွယ်ပါ..။ အဲဒါကနည်းမသွားဘူးလေ..။
    နည်းမသွားအောင်လဲထိန်းထားပါကိုပေရေ…။

    ဘဝမှာ ဆင်း တဲ့အခါ အဖေါ်မလိုဘူး…။ အဖေါ်လဲ သိပ်မရှိတတ်ဘူး..။
    ဘဝမှာ တက် တဲ့အခါတော့ အတူဆွဲခေါ်မယ့် အဖေါ်က အရေးကြီးတတ်ပါတယ်။

    • မောင်ပေ

      June 13, 2012 at 12:31 pm

      အင်မတန်ကောင်းမွန်
      အင်အားဖြစ်စေသော ကွန်မင့်လေးပါ ခင်ဗျာ
      ဦးဦးပါလေရာ says:
      “ ဘဝမှာ ဆင်း တဲ့အခါ အဖေါ်မလိုဘူး…။ အဖေါ်လဲ သိပ်မရှိတတ်ဘူး..။
      ဘဝမှာ တက် တဲ့အခါတော့ အတူဆွဲခေါ်မယ့် အဖေါ်က အရေးကြီးတတ်ပါတယ်။ ”
      ဘက်စ်ကွန်မင့်အဖြစ် ရွေးခြယ်ခွင့်ပြုပါ ခင်ဗျ ။

      • စိန်ဗိုက်ဗိုက်

        June 13, 2012 at 6:32 pm

        တားကိုလဲ ရွေးဦးလေ..
        တားတားမှာ ခြံနှစ်ကွက်ရှိတယ်..အုပေကိုတစ်ခြံပေးမယ်.
        နော်.နော်..

        • မောင်ပေ

          June 13, 2012 at 8:43 pm

          နင်ပေးမယ့်ဟာ ငါသိပါအိ
          ဝက်ခြံ မို ့လား
          ယူဘူး ယူဘူး

  • ဦးဦးပါလေရာ

    June 13, 2012 at 12:31 pm

    တကယ်တော့ တတိယ အရင်းအနှီးလဲရှိသေးတယ်… 🙂
    အပျိုကြီး ၂ ယောက်လေ…။
    သူတို့ကို မောင်းတောကဓါတ်ပုံတွေပြပြီး
    သံသရာကိုငြီးငွေ့အောင်ဟောပြောပြီး သီလရှင်မြန်မြန်ဝတ်ခိုင်းလိုက်… 😀

    (ဒီနေ့ ဘယ်သူ့ကိုမှ မနောက်ရသေးလို့… 😀 )

    • မောင်ပေ

      June 13, 2012 at 12:33 pm

      ဦးဦးပါလေရာ က
      ဟိုတစ်ခါ ကျုပ်ပြောကတဲက ကျုပ် ကို တူတော်ချင်နေတာပေါ့.. ဟားဟား
      အိမ်က မဒမ်ပါလေရာ နဲ ့အရင် ညှိဗျာ ။

  • water-melon

    June 13, 2012 at 1:49 pm

    အူးလေး ရှဲရှဲတော့
    တားတားနဲ့ ပါးပါးကိုပြောပြီးလုပ်ထားမယ်
    အခုလောလောဆယ်တော့ လားရှိုးဘက်က လေချူသီး စိုက်ခင်းတွေ ဈေးပေါလို့ဝယ်ထားပါတယ်ချင့်
    မေမြို့အထွက်နားကလား မသိ မြေကွက်တွေ ဈေးပေါပါကြောင်း
    ၁ဧကမှ ၃ဝဘဲရှိပါကြောင်း
    နောက်ထပ်သိရင်ပြန်လာပြောမည်ဖြစ်ကြောင်း

    ခင်တဲ့ မန်းလေးက ဘိန်းစားဖရဲ

    • ရွာစားကျော်

      June 13, 2012 at 4:01 pm

      မေမြို့ အထွက်မှာ ၃ဝ လောက် အကွက်ဆိုစိတ်ဝင်စားသွားဘီ
      အကျယ်လေးပြောပါအုံး မိဖြဲရေ

      • မောင်ပေ

        June 13, 2012 at 8:46 pm

        မိုးကြိုးပစ်နားဆိုရင်တော့ တစ်ဧက သုံးဆယ် ဆိုတာ လမ်းမကြီးဘေး မရလောက်ဘူး ။ လမ်းမကြီး ရဲ ့ဘေး ၃ ၊ ၄ကွက် ငုတ်လောက် ဖြစ်နိုင်မယ် ထင်တယ် ။

  • komingalar

    June 13, 2012 at 2:06 pm

    ကိုပေရေ
    ကျုပ်စိတ်ဝင်စားတယ်ဗျာ
    ဘာစိုက်ရမှာလဲ ဘာအကွက်အကွင်းရှိလို့လဲ
    ဘယ်လိုဆက်သွယ်ရမလဲ

    • မောင်ပေ

      June 13, 2012 at 9:06 pm

      ကိုမင်ဂလာအနေနဲ ့စိတ်ဝင်စားတယ်ဆိုရင်တော့
      windtalker9@gmail.com ကို မေးလ်ပို ့ပြီး သိချင်တာ ကို မေးနိုင်ပါတယ် ။ ကျွန်တော် ပြန်ဖြေပေးပါမယ် ။ ဂျီတော့ ကတော့ မသုံးတော့ပါဘူး ။

  • Crystalline

    June 13, 2012 at 2:16 pm

    ိဘောလုံးပွဲကတော့စပိန်ကိုပဲ အားပေးတယ်..လောင်းတာကိုတော့လုံးဝစိတ်မဝင်စားပါ.. ကိုယ်ကြိုက်တဲ့ စပိန်ဖက်ကလောင်းပါပြီတဲ့..သူရှုံးရင် ကိုယ်ကနှစ်ခါနာ…. ဦးပေရယ်….မတည်မြဲသောအရာတွေအတွက်ကိုတော့ တရားနဲ့သာဖြေပါ… အဲဒီလိုတွေဖြစ်လာနိုင်တဲ့အခြေအနေမျိုးကို သိရက်နဲ့ကိုယ်တိုင်ဖန်တီးခဲ့တာ ဆိုရင်တော့ နောင်တရပါ…နောက်မကျသေးပါ… 😀 အမြန်ဆုံးပြန်လည်အဆင်ပြေပါစေ… အဒေါ်အပျိုကြီးတွေလည်း အမှတ်မရှိပဲ အရင်းအနှီးတွေထပ်ပေးပါစေ…
    မြေကွက်ကိုတော့တော်တော်လေးစိတ်ဝင်စားတယ်…ဝယ်ပြီး စာရွက်စာတမ်းကိစတွေပြီးရင် ဒီတိုင်းထားလို့ရရဲ့လား..အစောင့်တွေထားရမှာတွေ..အပင်စိုက်ပြရမှာတွေ..အိမ်ဆောက်ပြရမှာတွေဆိုရင် တော့နည်းနည်းခက်မယ်နော်..ကိုယ်နဲ့က တော်တော်လေး အလှမ်းဝေးတဲ့နေရာမှာဆိုတော့လေ..

  • manawphyulay

    June 13, 2012 at 4:14 pm

    မောင်ပေ ခုချိန်မှာ ငွေနည်းပေမယ့် အပေါင်းအသင်းမနည်းသလို မိတ်ဆွေကောင်းဆိုတာ ဘယ်လိုဆိုတာ ခုချိန်မှာ ပိုပြီး တွေ့ရှိရတာပေါ့နော်။ ငွေနည်းတယ်ဆိုတာ ဘီယာသောက်ဖို့ နည်းတာလောက်ပဲဖြစ်မှာပါ။ ဟုတ်တယ်ဟုတ်…. ခုလို အကြံဉာဏ်ပေးလိုက်တော့လည်း ခုရန်ကုန်မှာ အိမ်ခြံမြေ သင်တန်းလေးတွေ ဖွင့်နေတယ်။ ပြေးတက်ထားရင် ကောင်းမလားမသိဘူး။ အရင်းအနှီးမရှိလည်း ပွဲစားလေး ဘာလေး လုပ်လို့ရတာပေါ့။ ကျေးကျေးပါ…

  • etone

    June 13, 2012 at 4:40 pm

    ကိုပေရေ … စားကျက်ပြတဲ့ အတွက်ကျေးဇူးတင်ပါတယ် ။
    ကြားဖူးနားဝရှိတာကတော့ .. တချို့သော မြေနေရာတွေ ၊ ဝယ်ပြီး သွားသွားမကြည့်နိုင်တဲ့အခါ ကျူးကျော်တဲလေးတွေ စုံပလုံစိအောင် လာထိုးနေတတ်ကြသတဲ့ …….. ။ ပြန်နှင်လျှင်လည်း အတော်နဲ့ မသွားသလို … ရုံးရောက်ဂတ်ရောက်တွေ ဖြစ်ပြီးမှ …… နောက်ဆုံး လစ်သွာတာ ဆိုပဲ ……..။
    တစ်ချို့ဆို … အရင်ဆုံးရောက်တဲ့လူက .. နောက်လူတွေကို အခကြေးငွေယူပြီး ပြန်ငှားစားတာလည်း မြင်ဖူးတယ် … ။ မြေကွက်တခုမှာ တဲသုံးလေးလုံးဆောက်ကြပြီး … ပိုက်ဆံပေးနေတာမျိုးပေါ့ … ရန်ကုန်က ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ….. အဲ့လို ပြသနာတွေခဏခဏဖြစ်လေ့ရှိတယ် …. ။
    ပစ်မထားတဲ့ အကွက်မျိုးဆိုလျှင်တော့ ဝယ်ထားတာ အကျိုးများမှာပါ .. 🙂

  • မိုး မင်းသား

    June 13, 2012 at 7:50 pm

    ချွက်ခြုံကြ ကြွေးဗရဗျစ်နဲ ့ဖြစ်နေရပါတယ်…..တဲ ့

    ကိုပေ…သနားပါတယ်..ဖရဲရယ်…..

    ရင်ထဲကလာတဲ ့စကားပါ………

    ကိုပေမြန်မြန်…အစဉ်ပြေပါစေနော်……

  • မောင်ပေ

    June 13, 2012 at 9:03 pm

    “ ခရစ်စတယ်လိုင်း ” နဲ ့ “အိတုန်” ရေ
    ယဉ်ကျေးမှု ရှိတဲ့ နယ်မြေတစ်ခုပါ ။ ကိုယ့်မှာ ငွေမပေါသေးလို ့ခြံမခတ်နိုင်သေးရင်တောင် ဘယ်သူမှ လာမကျူးကြပါဘူး ။ ဝယ်မယ်ဆိုရင် ကျူးခံရမယ့် ဘေးလွတ်ပါတယ် ။
    “ မိုးမင်းသား ” ရေ .. ဆုမွန်ကောင်း ပို ့သတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။

  • ကိုရင်စည်သူ

    June 13, 2012 at 9:32 pm

    ကိုပေရေ.. အမြန်ဆုံး စီးပွားရေးတွေ တိုးတက်အောင်မြင်ပါစေဗျာ…
    ကျွန်တော်လည်း ကိုပေနည်းတူ ထူလဗြစ်တွေ ဖြစ်နေပါတယ်… 🙁 🙁
    ဘုရားဟော မိတ်ဆွေစစ်တို့ရဲ့ အင်္ဂါကို ပြောပြချင်သေးတယ်ဗေျာ..
    (၁) မကောင်းမှုမှ တားမြစ်တတ်၏
    (၂) ကောင်မှုကို သက်ဝင်စေ၏ တိုက်တွန်တတ်၏
    (၃) မကြားဖူးသော တရားစကားကို ပြောကြားတတ်၏
    (၄) နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်၏

    ကိုပေလည်း မိတ်ဆွေစစ်မျာများနဲ့ တွေ့ပြီး အဆင်ပြေပါစေ
    ကျွန်တော်လည်း ထိုနည်းတူစွာဖြစ်ပါစေ။ 🙂 🙂

Leave a Reply