မြို ့လယ်ခေါင်သောင်ထွန်း အိမ်သာပျက်တဲ့ ကျွန်း

moonpoemJune 12, 20121min1476

ကျွန်မလည်း အခုတော်တော်ကြာပြီ ပိုစ့်တွေမတင်ဖြစ်တာ။ မတင်ဖြစ်ဆို ရုံးက ကျွန်မဒီ ဝက်ဘ်ဆိုက်မှာ စာတင်နေတာမိသွားလို ့ ဒီဆိုက်ကိုရော၊ Facebook ရော g-talkရော အကုန် ပိတ်ထားခြင်းခံလိုက်ရတယ်လေ။
ကဲထားပါတော့ ကျွန်မဒီနေ ့တော့ အားတုန်းအားခိုက် ဝါသနာအရ လမ်းထိပ်က အင်တာနက်ဆိုင်လာပြီး
ဘလော့ဂ်လာတင်တာပါ။

ကျွန်မအရင်တစ်ခေါက်ကလည်း ကျွန်မအခုနေနေတဲ့ ၂၈လမ်းနောက်ဖေးလမ်းကြားကအမှိုက်ပြသနာနှင့်ပတ်သတ်ပြီး
စာတင်ဘူးပါတယ်။ အခုကတော့ အမှိုက်ထက်ဆိုးတာတွေ ဖြစ်နေလို့ မခံစားနိုင်တော့လို ့လာပြီးရင်ဖွင့်တာပါ။
အားလုံးသိကြတဲ့အတိုင်း ဇွန်လမတိုင်ခင်ကအထိ ရန်ကုန်မှာ မီးတွေပျက်ပါတယ်။ မီးပျက်တော့ ရေတင်လို ့
မရပါဘူး။ မိုးတွင်းဆိုတော့ ထုံးစံအတိုင်း အမှိုက်မရှင်းတဲ့ နောက်ဖေးလမ်းကြားက ရေမြောင်းတွေပိတ်လာပါတယ်။
ရိုးရိုးရေမြောင်းတင်မဟုတ်ဘဲ အိမ်သာပိုက်လိုင်းတွေပါ ပိတ်ပြီး ရေဆိုးတွေ ထွက်လာတော့ တော်တော်
စိတ်ညစ်ဖို ့ကောင်းပါတယ်။

ဒါနဲ ့ပဲ လမ်းထဲကပြသနာရှင်းဖို ့ ရပ်ကွက်လူကြီး ကို ပြောတော့အထက်ကို တင်ပြပေးပါမယ်ဆိုတာ အထက်က သိကြားမင်းထိများသွား ပြောသလားတော့ မသိအခုထိကို ဘာမှ မထူးသေးပါဘူး။ အဲဒီတော့ မနေနိုင်တဲ့ မြေညီထပ်က အိမ်နီးချင်းတွေစုပြီး ရှင်းကြလင်းကြမယ်လုပ်တော့ အိမ်သာကျင်းပြင်တဲ့သူက ညဆိုရင်မှောင်လို ့နေ ့ခင်းဘက်လာပါမယ်တဲ့။
အလုပ်သမားတွေလည်းနေ ့ခင်းဘက် လာရော အိမ်သာကျင်းတွေ မြောင်းတွေဆင်းဖို ့မီးလေးထွန်းပေးပါတဲ့။ တရုတ်မီးအိမ်လေးတွေကျတော့ အဆင်မပြေလို့ ဖြစ်နိုင်ရင် မီးအားကောင်းကောင်း မီးချောင်းလေးဆင်ပေးပါလို ့
ပြောလာပါတယ်။ ဒါနဲ့မီးထွန်းပေမယ် လုပ်တော့ မီးကမလာပါဘူး။

မီးမလာ ရေပျက်၊ ရေပျက် မြောင်းပိတ်၊ မြောင်းပိတ် အိမ်သာပိတ်၊ အိမ်သာပြင်ဖို ့မီးမလာ ၊ စိတ်ညစ်နေတာ
ဟောဒီမှာ လို ့သီချင်းစပ်ထားပါတယ်။

ကျွန်မပြောတဲ့ ပြသနာတွေက စဉ်းစားကြည့်ရင် ဘာမှ မဆိုင်ဘူးလို ့ထင်ရပေမယ့် ဆက်စပ်ပြီး စဉ်းစားကြည့်ရင်
ဂျာအေး သူ ့အမေရိုက်ဖြစ်နေတာ သိသာပါတယ်။ အခု မီးမှန်သွားပေမယ့် အိမ်သာနဲ့ရေပြသနာ လမ်းဆိုးတာတွေ
ကျန်နေပါသေးတယ်။
မီးပျက်တုန်းက ဖယောင်းတိုင် ထွန်းပြီး တောင်းဆိုကြသလို ကျွန်မလည်း အိမ်သာအိုးကိုင်ပြီး တောင်းဆိုရင်
ကောင်းမလားလို ့လည်း စဉ်းစားနေပါတယ်။ ဒီစာကို ဖတ်မိကုန်ကြသော လူသားအပေါင်းတို ့ကျွန်ုပ်တို့
အား အကြံပေးကြပါကုန်။

6 comments

  • မောင်ပေ

    June 12, 2012 at 9:14 pm

    ဒီကိတ်စ ကို လွှတ်တော် တက်ဖို ့အစီအစဉ်လုပ်နေတဲ့ အူးကြောင်ကြီး နဲ ့သေချာတိုင်ပင်ပြီး အရေးယူခိုင်းရမယ်ဗျာ ။ လောလောဆယ်တော့ ၊ ငွေယားလေး ပိုခဲ့ရင် အလုပ်သမားငှားပြီး မြောင်းဆယ်ခိုင်းထားတာ အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်ဗျို ့။

  • ko win

    June 12, 2012 at 10:19 pm

    ကြံကြီးစီရာဗျာ။ အိမ်သာအိုးကိုင်ပြီးတော့ဘဲ တောင်းဆိုရမယ်လို့ မလကဗျာရယ်။ ဒီလိုလုပ်ကြည့်ပါလား။ အခု ရန်ကုန်မှာစသုံးနေတဲ့ mobilအိမ်သာတွေနဲ့ မြို့တော်ခန်းမရှေ့မှာ တောင်းဆိုကြည့်ရင်ကောဗျာ။
    အဲလောက်ဆို မဆိုးလောက်ဘူးဗျ။ ဟဲ……ဟဲ

  • htoosan

    June 12, 2012 at 11:51 pm

    အိမ်သာအိုးတွေ ကိုင်ရမှာ အလေးကြီး ။ မြို့တော်ခန်းမရှေ့မှာ တန်းစီပြီး အီးအီးပါကြပြီ ဆန္ဒပြပေါ့ဗျာ ။ အိမ်မှာ အိမ်သာပိတ်နေလို့ ဒီလာကြတာပါလို့ ..ထွက်တာမထွက်တာတော့ ကိုယ့်တာဝန်နော် .. 😀

  • မွန်မွန်

    June 13, 2012 at 10:10 am

    ဟီး..အဲဒီလိုလုပ်မယ်ဆိုရင်တော့ ဦးဘကံဆေးကို ဘူးလိုက် လှူပါမည်…

  • moonpoem

    June 14, 2012 at 12:30 pm

    Good idea to read ko htoo san’s comment. I also think about it but we r so shy to do it. So, if somebody have
    other idea please advice me.

Leave a Reply