ကွတ်ခိုင်သို့အရောက်……………..(သူတိုဆီအသွား အပိုင်းလေး)

1 ကိုယ်လာခဲ့တဲ့လမ်းကို အပေါ်စီးကပြန်အကြည့်
2 စိမ်းလန်းသော လယ်ကွင်းတွေကြားက လမ်းကွေ့ကွေ့
3 တိမ်ပြာရောင်ကောင်းကင် ဖြူလွင်သောတိမ် စိမ်းမှောင်သော တောအုပ်
3ခ တောင်စောင်းစောင်း လမ်းကွေ့ကွေ့ တိမ်တွေက လေထဲမှာဝေ့............
 

 

4 အပေါ်က စီးမြင်နေရတဲ့ လမ်းကလေးနဲ့ကျောက်ဆောင်တန်း
5 တောင်စောင်းကို ကွေ့ပါတ်ပြီးဖောက်ထားတဲ့လမ်းကလေး
6 တောင်တွေကို ကွေ့ပါတ်ပြီးဖောက်ထားတဲ့ လမ်းကလေး
7 အဝေးက တောင်တန်းနဲ့ တိမ်
 

 

8 ယာစည်းရိုးလေးအနောက်မှာလှပသောတောင်တန်းအထပ်ထပ်
9 လှပသော တောင်တန်းနဲ့ ယာခင်းကလေး
10 လွိုင်ဆမ်ဆစ် ဆိုတဲ့နာမယ်နဲ့လို်ကအောင် တောင်စွယ်တွေအထပ်ထပ်
11 ထင်းရူးတောအုပ်နဲ့ တောင်တန်းအလှပြိုင်
 

12 လမ်းရဲ့သယ်ဆောင်ရာ ဟို အဝေးကို..........................(ခင်ဝမ်း)
13 အုံ့မိူင်းလာတဲ့ ကောင်းကင် နဲ့တောင်တန်းအထပ်ထပ်
14 ကွတ်ခို်င် က ထမင်းဆိုင်ရှေ့က လေချုသီးသည်ကလေး
15 ကျွတ်ကျွတ်အိတ်ထဲက အာလူးသီးတွေပါတဲ့
16 ပဲသီး ဂျူးမြစ် သံပုရာသီးနဲ့ ဘုရားတင်ဘို့ ပန်း
17 လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ လန်းဆန်းတဲ့ ဈေးသယ်
18 အချောင်းအချောင်းတွေက မျှစ်စိမ်းတဲ့ ချက်ထားတာ စားလို့ကောင်းတယ်
19 ဝယ်ချင်စရာလေးတွေပါ....................
 

20 အဝေးကို လှမ်းမြင်ရတဲ့ ကွတ်ခိုင်မြို့ကအလှ

 

“ကွတ်ခိုင်ကိုအရောက်…………..(သူတို့ဆီအသွား အပိုင်းလေး)ံ”

 

သိန်းနီနဲ့ကွတ်ခို်င်အကြားရောက်တဲ့အခါအင်မတန်မှလှပသောမြင်ကွင်းတွေကိုတွေ့ရပါတော့တယ်။

တောင်တန်းများက ပါတ်ပါတ်လည်ဝိုင်းရံထားတဲ့အလည်မှာတော့ မြေပြန့်လွင်ပြင်။

အိမ်ကလေးတွေက အစီအရီနဲ့ လှပသော “သိန်းနီမြို့”

တောင်ပေါ်တက်တဲ့လမ်းကလေးက တောင်ခြေက တစ်ဆင့် ကွေ့လိုက်ကောက်လိုက် ဝိုက်လိုက်ဝန်းလိုက်နဲ့

တောင်ပေါ်ကိုတဖြည ်းဖြည်းတက်သွားပါတယ်။

တောင်ပေါ်ကိုမော့ကြည့်လိုက်ရင် အစိမ်းရောင်သစ်ပင်တွေအောက်မှာအဖြူရောင်ကျောက်ဆောင်ကြီး။

ကားလေးက တဖြည်းဖြည်းရုန်းရင်း အပေါ်ကိုအရောက် အောက်ကိုလှမ်းကြည့်တဲ့အခါ ကိုယ်တက်လာရာ

လမ်းကလေး ကွေ့ကွေ့ဝိုက်ဝိုက်နဲ့လှမ်းမြင်ရပြန်ပါတယ်.။

အပေါ်မော့ကြည့်လို်က်ရင်တော့

တောင်တန်းတွေရဲ့အပေါ်မှာ  က စိမ်းလန်းသောသစ်ပင်များ ။

အစိမ်းရောင်အပေါ်မှာတော့ အဖြူရောင်တိမ်တောင်ထု။

တိမ်တောင်ထုနောက်မှာတော့ ပြာလွင်သောကောင်းကင် ကြည့်မဝသောမြင်ကွင်းများပါဘဲ။

 

ဒီနေရာလေးက လွိုင်ဆမ်ဆစ် လို့အမည်တွင်တဲ့ မြောက်ပိုင်းရှမ်းပြည်ရဲ့အလှဆုံးသောနေရာလဲဖြစ်ပါတယ်။

လွိုင်ဆမ်ဆစ် ဆိုတာကတော့ရှမ်းဘာသာစကားလို့သိရပါတယ်။

လွိုင်=တောင်။ဆမ်ဆစ်=သုံးဆယ်။

ဒါကြောင့်လွိုင်ဆမ်ဆစ်ဆိုတာ တောင်အလုံးသုံးဆယ်လို့ပြောပါတယ်။

ပြောပါတယ်ဆိုလို့ ဘယ်သူပြောလဲ လို့သိချင်ရင်ဖြေပေးပါမယ်၊

ရွာသူ “ညလေး “ပြောတာပါ။

 

သိန်းနီနဲ့ကွတ်ခိုင်အကြားမှာတော့ တောင်တန်းများကြားကနေ လာရတဲ့လမ်းပါဘဲ။

အနောက်ဘက်မှာလဲတောင်တန်း အရှေ့ဘက်မှာလဲတောင်တန်း။

အစိမ်းရောင်လွှမ်းလို့ ငြိမ်းချမ်းသောနယ်မြေလေးလဲဖြစ်ပြန်ပါတယ်။

ကွတ်ခိုင်ရောက်ခါနီးမှာတော့ အလှတွေထဲက အလှဆုံးလို့ဆိုတဲ့ ထင်းရူးတောတန်းနဲ့ တောင်တန်းတွေကို

တွဲလျက် အရှေ့ဘက်မှာမြင်ရပါတယ်။

အဲဒီနေ့က မိုးငွေ့တွေရှိနေတော့ အစိမ်းမိူုင်းမိူင်း လွမ်းချင်မယ်ဆိုလွမ်းစရာ။

 

လမ်းမှာတွေ့ရတာကတော့ ဆိုင်ကယ် ကယ်ရီသမားလေးများပါဘဲ။

ဆိုင်ကယ်တစ်စီးကို လေးစီးစာလောက်တင်ထားတော့  ဆိုင်ကယ်မောင်းတဲ့လူက ခုံပေါ်မှာဖင်တင်တယ်ဆိုရုံလေးတင်ပြီး စီးရပါတယ်။

ဆိုင်ကယ်ပေါ်မှာ ပစ္စည်းတွေတင်ထားတာက လူတစ်ရပ်စာအမြင့်မက။

စီးပြန်တော့ ယိုင်ထိုးယိုင်ထိုး၊

ရပ်ထားမယ်ဆိုရင် ဘေးဘက်ကနေ ဝါးလုံးလေးနဲ့ထောက်လို့ရပ်။

စစ်ဆေးရေးဂိတ်ရှိရင်တောလမ်းက မောင်းပြေး။

အင်မတန်မှခက်ခဲ့တဲ့ အသက်နဲ့ရင်းရတဲ့ ဝမ်းတထွာအတွက်ရှာဖွေရေးလို့ဆိုချင်ပါတယ်။

သိပ်မကြာခင်မှာ ဈေးတန်းလေးတစ်ခုအရောက်မှာကားလေးထိုးရပ်လိုက်ပါတယ်။

ထမင်းစားနားမယ်လို့ ဆိုပါတယ်။

ကျနော်တို့ရပ်တဲ့နေရာကတော့ ကွတ်ခိုင်က ထမင်းဆို်င်လေးပါဘဲ။

ရှမ်းထမင်းဆိုင်လို့ပြောပါတယ်။

ပုံစား တစ်ခါပြင် တစ်ထောင့်ငါးရာလို့ဆိုပါတယ်။

ထမင်းစားမယ်ဆိုတော့ ပုဂံလေးထဲကို ထမင်းပုံပြီးပေးပါတယ်။

ဟင်းရောလို့မေးတော့….”ကြိုက်တဲ့ဟင်း ကြိုက်သလောက်ထည့်စားလို့ရတယ်”လို့ဆိုင်အကူ မိန်းကလေးကဖြေပေးပါတယ်။

အဲဒါနဲ့မဒမ်ပေါက်ကလဲ သူကြိုက်တာသူထည့်။

ကျနော်ကလည်းကျနော်ကြိုက်တာ ကျနော်ထည့်ပြီးစားဖြစ်ပါတယ်။

အဖြူရောင်အဖတ်လေးတွေနဲ့အစပ်ချက်ထားတာလေး စားကောင်းလို့ ဘာလဲလို့ မေးကြည့်တော့ မျှစ်စိ်မ်း ကိုချက်ထားတာလို့ဖြေပါတယ်။

ရေနွေးကြမ်းကလဲ မွှေးမွှေးလေးနဲ့သောက်လို့ကောင်းပါတယ်.။

ထမင်းစားပြီး တော့ ဆိုင်ရှေ့မှာခင်းထားတဲ့ အသီးအနှံဆိုင်လေးတွေကို လို်က်လက်ဆော့ပါတယ်။

မဒမ်ပေါက်က တော့ လေချူသီးတွေကို တန်လို့ဆိုပြီး ဝယ်ပါတယ်။

ဆိုင်လေးတွေမှာ မက်မွန်သီး လေချုသီး ကချက်ခြင်းစားလို့ရတာတွေ။

ပဲသီး၊မိူ၊ခရမ်းချဉ်သီး၊ဂျူးမြစ်၊အာလူးသီး(ပုံစံဆန်းဆန်းလေးနဲ့) ၊မျှစ်စိမ်းအစရှိတဲ့အသီးအနှံတွေက လတ်လတ်ဆတ်ဆတ်.။

မြင်ရတာနဲ့ဝယ်ချင်စရာ။

ကြက်ဥပေါက်စနလေးတွေတွေ့လို့မေးကြည့်တော့ သဘာဝဥလို့ပြောပါတယ်။

ငေးနေရင်းက အဝေးကတောင်တန်းတွေကိုလှမ်းကြည့်ရင်း သဘာဝအလှကိုခံစား။

ခဏနေတော့ ကားဆရာက ဆက်သွားဘို့အချက်ပေးတော့ မကြာမီမူဆယ်ရောက်မယ်ဆိုတော့ ကျယ်ဂေါင်ထဲဝင်တဲ့အခါ ပါလာတဲ့အထုပ်တွေကူဆွဲဘို့အတွက် ကျယ်ဂေါင်ရုံးကိုလှမ်းဖုံးဆက်။

 

ကျနော်ကွတ်ခိုင်ကထွက်တော့ နှစ်နာရီ။

မူဆယ်ကိုဆက်သွားဘို့ ကားကလေးကမြောက်ဘက်ကို ဦးတည်လိုက်ပါတယ်။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်ကအလှတရားများ

(12-6-2012)

 

 

 

 

 

 

 

 

13 comments

  • ညလေး

    June 13, 2012 at 9:09 am

    ဝယ်စရာတွေအစုံပါလားနော်…….
    လေးပေါက်ရယ်….ဒီနေ.မိုးကလဲရွှာနေတော့ဈေးသွားရမှာပျင်းလို………
    လေးပေါက်ရဲ. ပုံထဲက……စမုံစပါးမျှစ်လေး ဆွဲသွားပြီနော်…..
    ဝက်နံရိုးနဲ….စွတ်ပြုတ်ပြုတ်သောက်ရင် အရမ်းကောင်းတယ်…..
    စမုံမျှစ်က ဆေးဖက်ဝင် အမျှစ်လေ သက်လုံကောင်းအားဆေးပေါ့……..

    • မောင်ပေ

      June 13, 2012 at 9:25 am

      ညလေး ကွန်မင့်ကို ဖတ်ရတော့ ကိုပေ အားတွေရှိသွားမိတယ် ကွဲ့။ 🙂
      တိမ်ပြာပြာဆန်းဒေးနေ့တစ်နေ့ မှ
      ကိုပေါက် ကို ဘီယာတိုက်ခိုင်းမယ်ဗျို့…

    • water-melon

      June 13, 2012 at 7:15 pm

      ညလေးရယ်
      ကိုပေဆိုတဲ့လူက နဖူးပြောင်သလောက် သိပ်ယုံရတာမဟုတ်ဘူး
      တိုတိုဖရဲကိုဘဲ စိတ်ချပြီးယုံလိုက်နော်
      ညလေးအတွက် အမြဲတမ်း open ပါကွယ် 😆

  • Ma Ei

    June 13, 2012 at 9:38 am

    ကိုပေါက်တင်တဲ့ ဓါတ်ပုံတွေကြည့်ပြီး
    ရှမ်းမြောက်ခရီးသွားချင်မိပြီ…
    ခုလောလောဆယ်တော့ ဓါတ်ပုံထဲမှာဘဲ
    မက်မွန်သီး၊လိုင်ချီးသီး တွေဝယ်…
    18 ပုံမှာ ကြက်ဥလေးတစ်လုံး အောက်ကျနေတယ်…
    ကောက်ပေးလိုက်ပါဦးနော်…

  • blackchaw

    June 13, 2012 at 12:16 pm

    အော်ဟစ်ငြင်းခုန် နေရတဲ့
    စိတ်ညစ်ညူးငြီးငွေ့စရာအချိန်တွေကြားမှာ
    ဓါတ်ပုံတွေနဲ့ ဝင်ရောက် အမောအပန်းဖြေသွားပါတယ် ကိုပေါက်ရေ။
    STRESS တော့ နည်းနည်းလျော့သွားသလိုပါပဲဗျာ…။
    ကျေးဇူးပါ။
    :mrgreen:

  • ကျနော်လဲ အခုရက် ဓါတ်ပုံဘဲတင်မယ်ဗျာ။
    စိတ်ကြည်နူးစရာလေးတွေ နက်ဖြန် တစ်ခုတက်လာမယ်။
    ပိုလှတယ်နော်…………………………….

  • water-melon

    June 13, 2012 at 7:16 pm

    လေးပေါက် အဲမှာ လိုက်ချီးသီးတွေ ၁ပိသာမ ၈၀ဝ ဘဲရှိတာ
    သားအတွက်ဘာဝယ်လာလဲဟင်

  • တစ်ပိဿာ1500ပါကွာ။
    မင်းအတွက်ဆိုဝယ်လာသေးတယ် လမ်းမှာကောင်မလေးတွေ့တော့ သူ့ပေးလိုက်မိတယ်
    ဆောဒီး………………………….

  • pan pan

    June 13, 2012 at 11:42 pm

    အသီးအနှံတွေ ပေါမယ်ထင်တယ်နော်
    လိုင်ချိသီးတွေက စားချင်စရာကြီးတွေ
    ဘေးပတ်ပတ်လည်ကြည့်လိုက်ရင် တောင်တန်းတွေချည်းပဲ
    အဲ…တောင်တွေက ဘုချွန်ပုံတွေဖြစ်နေသလားလို့ 🙄

  • aye.kk

    June 14, 2012 at 7:53 am

    ကိုပေါက်ရေ…
    ဝင်လယ်သွားပါတယ်..။
    တကယ်ရောက်သွားသလိုခံစားရပါတယ်..။
    လက်ရာတွေကကြည့်လို့မဝ၊ရှူမဝနိုင်အောင်ပါ..။
    ရှမ်းအရှေ့ မှာက..
    တာချီလိတ်-မိုင်းဆတ်သွားတဲ့အခါ “လွယ်ဆမ်ဆုံ”ဆိုတဲ့တောင်ရှိပါတယ်..။
    အရမ်းလှပါတယ်…။
    တောင်သုံးလုံးထဲကအမြင့်ဆုံးတောင်လို ့ဆိုပါတယ်…။
    ဒီဖက်ကိုလည်းအရောက်သာလာခဲ့ပါဦးနော်..။။

  • ပန်ပန်ရေ အသီးအနှံကတော့ ပေါမှပေါ လတ်လဲလတ်ဆတ်တယ်။
    နောက်ပြီးဒီနေရာက ရှမ်းမြောက်ရဲ့တောင်အလှဆုံးနေရာထဲမှာပါတယ်။
    မမအေးရေ ကျိုင်းတုံ-တာချီလိတ် က ကြုံမလိုလိုနဲ့မဆုံနိုင်သေးဘူးဖြစ်နေတယ်.။
    သွားချင်ပါ၏။
    ကိုချော မမောရအောင် အမောပြေလေးထပ်တင်ထားပါတယ်။

Leave a Reply