Microsoft Windows 7 SP1 ကို ဇူလိုင်လတွင်ဖြန့်ချိမည်

khinmintatthuJune 22, 20101min872

Microsoft rS Windows 7 Service Pack 1 (SP1) ကို လူထုထံသို့ ဇူလိုင်လတွင်တင်ပို့မည်ဖြစ်ပြီး ရက်အတိအကျမသတ်မှတ်ရသေးကြောင်း ပြောကြားလိုက်သည်။

ကုမ္ပဏီအနေဖြင့် ထိုသတင်းကို TechED မှတဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။ Microsoft အနေဖြင့် Windows 7 SP1 တွင် feature သစ်များပါဝင်မည်မဟုတ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ SP1 မှာ သုံးစွဲသူများ၏ ဝေဖန်ချက်များအပေါ်အခြေခံပြီး Windows 7 အတွက် update နှင့် အခြား hotfixe များသာ ထပ်မံထည့်သွင်းထားခြင်းဖြစ်ကြောင်း Gavriella Schuster ကပြောကြားခဲ့သည်။ SP1 မှာ RemoteFX ပါဝင်လာပြီး Remote Desktop Client ကို update ပြုလုပ်နိုင်မည်ဖြစ်ကာ Windows Server 2008 R2 အတွက် SP1 ကိုလည်း မကြာမီဖြန့်ချိမည်ဖြစ်သည်။ Windows Server 2008 R2 SP1 တွင် virtual machine အသုံးပြုထားသည့် memory ကိုသိရှိနိုင်မည့် Dynamic memory ပါဝင်လာမည်ဖြစ်သည်။ Microsoft အနေဖြင့် Windows 7 SP1 ကိုမူလက ၂၂ လသာ သတ်မှတ်ထားသော်လည်း တင်ပို့ရန်ရက်ကိုမူ ၂၀၁ဝ အတွင်းသို့ ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။ Gillen ကမူ Windows 7 SP1 ကို အရေးကြီးသည့်မှတ်ကျောက်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် Windows client operating system သစ်၏ service pack ကိုလည်း ထိထိရောက်ရောက်အသုံးပြုနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ Windows 7 ကို ပိုမိုတွင်ကျယ်စွာအသုံးပြုလာခြင်းဖြင့် SP1 သည်လည်း ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်နေရာယူနိုင်မည်ဖြစ်ကြောင်းကိုလည်း Gillen ကပြောခဲ့သည်။ ဆက်လက်၍ Windows XP မှ 7 သို့ ၂၀၁၁ ဧပြီလအတွင်း (သို့) Windows 7 SP1 ဖြန့်ချိပြီးမကြာမီအတွင်း ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ Microsoft မှ Exchange server 2010 SP1 ကိုစတင်ဖြန့်ဖြူးနေပြီး mail server software ကိုလည်း နှစ်မကုန်မီဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြောကြားလာသည်။ Exchange Server 2010 SP1 ကို Microsoft site တွင် download ပြုလုပ်နိုင်မည်ဖြစ်သည်။

မှတ်ချက်။ အင်တာနက်ဂျာနယ်မှ တစ်ဆင့်ပြန်လည် ဝေမျှလိုက်သည်။

2 comments

  • ghost

    June 22, 2010 at 4:28 pm

    windows 8 ဘဲမြှော်တော့မယ် ၂၀၁၂တဲ့

  • myomaung

    July 19, 2010 at 11:13 am

    တကယ်အဟုတ်လားဒါဆိုရင် ဝင်းဒိုး၈ ကိုပဲစောင်ရင်ကောင်းမှာပေါ့

Leave a Reply