ကမာ္ဘကျော် အဆိုအမိန့်များ နှင့် ပေါက်ကရ အတွေးများ ….

khinmintatthuJune 22, 20102min1375

ကဲ သူငယ်ချင်းတို့အတွက် အပျင်းပြေရယ်မောနိုင်ပါစေ
ကမာ္ဘကျော် ပုဂိ္ဂုလ်ကြီးများရဲ ့ အတွေး အရေး အဆို အမိန် ့များ ကို ဖတ်ကြည့် မိရင်း ၊ကမာ္ဘ မကျော် ဖွားကိ က ပေါက်ကရ တွေးကြည့်မိတယ် ၊ သူတို ့မှန်သလား ကိုယ်မှားသလား လို ့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် လိုရာဆွဲတွေးလေ့ရှိတဲ့ အကျင့် ၊ ခေါင်းမာတတ်တဲ့ အကျင့် က သေရာပါ ဖျောက်မရ ဆိုသလို ရှိနေတာ မို ့ တွေးမိတွေးရာ တွေကို ရေးမိရေးရာ ရေးချလိုက်မိတယ် ။ အမှားပါက ပြင်ဖတ်ကြပါ ။ ( ကိုယ်မှန်တယ်ထင်လို ့ရေးထားတာတွေ ဖြစ်တဲ့ အတွက် ၊ ကိုယ့်အမှားတွေကို ထောက်ပြရန် မလိုပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ် ) ။


အဒေါဖ့်ဟစ်တလာ က ပြောခဲ ့တယ် “သင်ဟာ တကယ်လို ့နိုင်ခဲ ့ရင် ဘာမှ ရှင်းပြနေစရာ မလိုဘူး ။ ဒါပေမဲ ့ ရှုံးသွားခဲ ့ရင် တော့ ရှင်းပြဖို ့တောင် ဒီနေရာမှာ ရှိမနေသင့် တော့ဘူး ” တဲ ့ ။
ဒါကြောင့်ပဲနေမှာ ..သူ ့တပည့်ကျော် ကိုယ်တို ့ရဲ ့ ဘဘကြီး က ဘယ်လိုမှ အရှုံးမပေးတာ ၊ ဘာကိုမှ လည်းရှင်းမပြတော့တာပေါ့ ။ အပြိုင် အဆိုင်မဲ ့ အနိုင်တွေနဲ ့ချည်းပါပဲလေ။

အီဗရာဟင် လင်ကွန်းက ပြောခဲ့တယ် ။ “လူတိုင်းကို ယုံကြည်ရင် အန ္တရာယ်များတယ် ။ ဘယ်သူ ့ကိုမှ မယုံကြည်ရင် အလွန် အန ္တရာယ်များ တယ်” တဲ့ ။
ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မှ မယုံရ လို ့ ရှေးလူကြီးများကလည်း ပြောခဲ့ကြသေးတယ် ။
အင်း ဒီလိုသာဆို ခက်ချေပြီ ။ တလောကလုံး ဘယ်သူမှ မယုံကြည်ရပါလား ။
ဒါကြောင့် ဒီလူကြီး ဒီလို လုပ်တာ နေမှာ ပဲ ။ ကျော် နှစ်ကျော် တို ့ဒုက္ခ နဲ ့လှလှ တွေ ့ရရှာပြီ။

ဤနေရာမှ ရယူသော ပုံလေးပါ ။ ကိုဟန်လေး ရေးဆွဲ ထားတာပါ


“ကမာ္ဘကြီးကို ပြောင်းလဲပစ်ဖို ့ လူတိုင်းစဉ်းစားကြတယ် ။ ဒါပေမဲ့ ဘယ်သူမှ ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်ဖို ့ မစဉ်းစား ကြဘူး ” တဲ ့ လီယို တောစတွိုင်း က ပြောခဲ့ တာပဲ ။
ဒို ့ ဘဘကြီး လည်း ဒီစကားကို မှတ်သား လိုက်နာ ပုံရတယ် ။ သူ ့ကိုယ်သူ ဘယ်တော့ မှ ပြောင်းလဲ မှာ မဟုတ်ဖူး ။


အိုင်းစတိန်းကပြောခဲ့တာ “ အကယ်၍ လူတယောက်ဟာ သူ ့ဘဝ တလျှောက်လုံးမှာ ဘယ်သောအခါမျှ အမှား တခု မလုပ်ခဲ့ ဟူထင်ပါက ထိုသူမှာ သူ ့ဘဝတလျှောက်လုံး၊ မည်သည့် အရာ အသစ် ကိုမျှ ကြိုးပန်းလုပ်ဆောင် ခဲ့ခြင်း မရှိ ဟု မည်၏ ”
မမှားသော ရှေ ့နေ ၊ မသေသောဆေးသမား ။ လူဆိုတာ မှားကြမှာပဲလေ ။ များများလုပ်သူ များများ မှားမယ်ပေါ့ ။ဘာမှမလုပ်သူ ဘာမှ မမှားဘူးပေါ့ ။
အမှားတွေချည်း ရွေးလုပ်နေသူဆို အမှားတရံ များစွာ နဲ ့ အမှန်တရားဆိုတာ မရှိတော့ ပေဘူးပေါ့ ။ သူလည်းလေ လောကီသားပေမို ့ ၊ များများကြီးလုပ်နေလို ့ များများပဲ မှားရတာပါ ။ ခွင့်လွှတ်သင့်ပါတယ် ။


ချားလ်စ်ဒစ်ကင် ကပြော ခဲ့တယ် ။ “ ယုံကြည်မှု ၊ခင်မင်ဆက်ဆံမှု ၊ ကတိ ၊ အသည်းနှလုံး ၊ ဒီ ၄ မျိ်ုးကို မကွဲပျက်စေ နဲ ့ ၊ ဘာလို ့လည်းဆိုတော့ ဒီ အရာ ၄ မျိ်ုး ကွဲပျက်တဲ့အခါ မှာ ဘာ အသံမှ မမြည်ပေမဲ ့ အတော်လေးနာကျင်စေလို့ ပါ ” တဲ့ ။
အို ၊ ကိုယ်မနာ ရင် ပီးတာပဲလေ ။ သူ ့ဟာ သူ ဘာသံ မြည် မြည်ပေါ့ ။ ဒီအရာ ၄ ခုက ဗိုက်ပြည့်စေတာမှ မဟုတ်တာ ၊
ဒီတော့ ဒီတော့ ကိုယ့်ဆွေမျိ်ုးသားချင်းတတွေ စားရ ဝါးရ ဝတ်ဆင်ရရင် ဘယ် ယုံကြည်မှု ၊ ခင်မင်ဆက်ဆံမှု ၊ ကတိ ၊ အသည်းနှလုံး တွေမှ အရေးမကြီးလှပေဘူး ။ ( ချားလ်စ် အတွေးက နုပါသေးတယ် ။ တို ့တတွေ ဘဘကြီး အိပ်နေသလောက်တောင် မရှိပါလား ကွယ် )


ဝီလီယံ ရှိတ်စပီးယား ပြောခဲ့ တဲ ့ အောင်မြင်မှု အတွက် အချက် ၃ ချက် ..“ သူများထက် ပိုသိရမည် ။ သူများထက် ပိုလုပ်ရမည် ။ သူများလောက် မျှော်လင့်မှု မထားရ ” တဲ့ ။
ဘဘကြီးလည်း သူများတွေထက် ပိုသိပါတယ် ။ သူများတွေထက် ပို(ဖိ) လုပ် ပါတယ် ။ သူ နဲ့ သူ ့လူတွေ စားဖို ့ ဝါး ဖို့။ ့သိပ်မျှော်လင့် မထားပါဘူး ။ နေရာ ဖယ်ပေးဖို ့ ။


မာသာထရီဆာ က ပြောခဲ ့တယ် “ အကယ်၍သင်ဟာ လူများအတွက် တရားမျှတရေးကိုသာ လုပ်ဆောင်နေရလျှင် ထိုသူများအား ချစ်ရန် အချိန်ရှိမည် မဟုတ်ပါ” တဲ့ ။
ဒါကြောင့်ဖြစ်မယ် ဘဘကြီးခမြာ သူ ့ ပြည်သူတွေကို ချစ်ရန် အချိန်လုံးဝ မရှိခဲ့တာပေါ့ ။ဒါသူ ့အပြစ်မဟုတ်ရှာပါဘုူး ။ ရှေ ့ကလူတွေပြောသွားခဲ့ကြတဲ့ အတိုင်း လုပ်နေရှာသားပဲ လေ ။

မှတ်ချက်။ မေးလ်ထဲမှ ပြန်လည်ဝေမျှပေးလိုက်ပါသည်။

5 comments

  • snow

    June 23, 2010 at 4:26 am

    မှန်လိုက်လေခြင်း

  • yannaingech

    June 23, 2010 at 4:53 am

    ဟစ်တလာက သေသွားပြီ။ သူ့ဆရာအရင်းက ကင်ဂျုံအီလ်…

  • winkhant

    October 10, 2010 at 9:28 am

    သန်းရွှေ သေသွားပီ…သူ့အဖေအရင်းက ဂုတ်ကျားကြီးဟ

  • winkhant

    October 10, 2010 at 9:29 am

    မှတ်ရော

  • leohero

    October 10, 2010 at 10:18 am

    တစ်ခုတော့ပြောချင်တယ် ကမာ္ဘကြီးကိုသင်မပြောင်းလဲနိုင်ဘူးဆို သင့်အတွေးကိုသင် ပြောင်လဲဖို့လိုလိမ့်မယ် လို့တော့ကြားဖူးတယ် ….. ကျွန်တော်က ဒီအတွေကိုပိုကြိုက်တယ် … သန်းရွှေ မြန်မာပြည်ကိုမပြောင်းလဲနိုင်ဘူးဆို သင်၏လူလိမ်လူညာအတွေးများကို ပြောင်းလဲဖိုလိုလိမ့်မယ် …… ဟိဟိ သားပြောတာမှန်ဝူးလား ….

Leave a Reply