၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုမှ စောစီးစွာ ထွက်ခွာသွားတဲ့ ပြင်သစ်

khinmintatthuJune 22, 20101min621

တောင်အာဖရိကနိုင်ငံတွင် လက်ရှိကျင်းပဆဲပြိုင်ပွဲဖြစ်တဲ့ ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များအဖြစ် ယနေ့ ယှဉ်ပြိုင်ကစားကြရာတွင် ပြင်သစ်အသင်းက အိမ်ရှင်တောင်အာဖရိကအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်လိုက်သည့်အတွက် အုပ်စုတွင်းမှ စောစီးစွာ ထွက်လိုက်ရသော အသင်းကြီးတစ်သင်းမှာ ပြင်သစ်အသင်းပင်ဖြစ်လေသည်။

ပြင်သစ်အသင်းသည် အုပ်စု (အေ)တွင် ကျရောက်လျက်ရှိပြီး ပွဲဦးထွက်အဖြစ် ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး သရေကျခဲ့ပြီး အဖွင့်ပွဲစဉ်တွင်ပင် ရမှတ် ၁ မှတ်သာရရှိခဲ့သည်။ ဒုတိယပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း ၂-ဝ ဂိုးဖြင့် ထပ်မံရှုံးနိမ့်လိုက်သောကြောင့် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်တောင်အာဖရိကအသင်းကို အနိုင်ရမှ အုပ်စုတက်ခွင့်ရှိမှာဖြစ်တာကြောင့် နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် အိမ်ရှင်တောင်အာဖရိကအသင်းကို ၂-၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်လိုက်သောကြောင့် နာမည်ကြီးပြင်သစ်အသင်းသည် ၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုမှအစောဆုုံးထွက်ရသော အသင်းဖြစ်လာခဲ့သည်။ ပြင်သစ်အသင်းသည် ပရိသတ်အများအပြားမျှော်လင့်ထားသော ရေပန်းစားမှုရှိသောအသင်းလည်း ဖြစ်သည်။ အုပ်စုအတွင်း ယှဉ်ပြိုင်မှုတွေကလည်း တစ်သင်းနဲ့တစ်သင်း သူ့ထက်ငါ အလုအယက် အုပ်စုတက်ခွင့်ရရေးကို မျှော်မှန်းထားပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပြင်သစ်အသင်းသည် တောင်အာဖရိကအသင်း ကို အနိုင်ကစားပြီး မက္ကဆီကိုနဲ့ ဥရုဂွေးအသင်းတစ်သင်းသင်းကသာ အနိုင်အရှုံး ပေါ်ပေါက်ခဲ့မယ် ဆိုရင် ပြင်သစ်အသင်းအတွက် အများကြီးမျှော်လင့်လို့ ရပါတယ်။ မက္ကဆီကိုနဲ့ ဥရုဂွေးအသင်းနှစ်သင်းကသာ သရေကစားခဲ့ပါက အလိုလိုနေရင်း အုပ်စုမှထွက်ခွာပေးရမယ့် ပြင်သစ်အသင်းဟာ အခုတော့ မက္ကဆီကိုနဲ့ ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ဥရုဂွေးအသင်းက ၁-ဝ ဂိုးဖြင့် အနိုင်ရရှိလိုက်ပေမယ့် ပြင်သစ်အသင်းကလည်း အိမ်ရှင်တောင်အာဖရိကအသင်းကို အနိုင်ရရှိအောင် ကစားခဲ့ပေမယ့်လည်း ကံဆိုးမှုတွေများဖြစ်ပြီလားလို့ ဆိုရမလိုပင် ပြင်သစ်အသင်းမှ ဂေါ်ကတ် ပွဲအစ ၂၅ မိနစ်မှာပင် တိုက်ရိုက်အနီကဒ်ပြသခံရမှုကြောင့် တောင်အာဖရိကအသင်းအတွက် မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ရခြင်းပင်ဖြစ်သည်။ ဥရုဂွေးအသင်းကတော့ ခြေစွမ်းပိုင်းအသာစီးနဲ့ အသင်းပရိသတ်တွေကို အားပေးရကျိုးနပ်အောင် အုပ်စုလွတ်လွတ်ကျွတ်ကျွတ်တက်ရောက် နိုင်အောင် ကြိုးစားပြခဲ့သည်။ သုံးပွဲကစားရာတွင် ၂ ပွဲနိုင် ၁ ပွဲသရေဖြင့် အုပ်စုပထမဖြင့် တက်ရောက်သွားခဲ့သည်။ တောင်အာဖရိကအသင်းနှင့် မက္ကဆီကိုအသင်းနှစ်သင်းတို့မှာ ဂိုးကွာခြားချက်ဖြင့် မက္ကဆီကိုအသင်းက အိမ်ရှင်တောင်အာဖရိကကို ကျော်ဖြတ်ပြီး အုပ်စုဒုတိယဖြင့် တက်ရောက်သွားနိုင်ခဲ့သည်။ ပြင်သစ်အသင်းကတော့ ပရိသတ်အများအပြား  မျှော်လင့်ထားပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာတာကတော့ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ပြင်သစ်အသင်းသည် နိုင်ပွဲမရရှိပဲ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးဖြင့် အုပ်စုမှထွက်လိုက်ရခြင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ကိုယ်တိုင်ကိုယ်က ရရှိလာတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခြင်းကြောင့် ယခုလို အဖြစ်ဆိုုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရခြင်းဖြစ်ပါတယ်။ သူတို့အတွက်မျှော်လင့်စရာ ၂၀၁၄ ကမ္ဘာ့ဖလားသာ ရှိပါတော့တယ်။

One comment

  • yannaingech

    June 23, 2010 at 6:52 am

    ဥရုဂွေးကို သရေကျတုန်းက မျှော်လင့်လို့ရသေးပေမယ့် မက္ကဆီကိုကို ပက်ပက်စက်စက်ရှုံးကတည်းက မဟန်တော့ဘူး။ အိမ်ရှင်ကိုနိုင်ဖို့ဆိုတာက သိပ်သေချာတာမှမဟုတ်တာ။ ကဲ…ခုတော့..သွားရှာပြီ..

Leave a Reply